Gonhnyinseik Village Group

Gonhnyinseik Village Group မအလ ဂြိုဟ်မွှေတဲ့ခေတ်မှာ မွေးဖွားတ?

17/03/2025

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကို CAE က တက္ကသိုလ်ဝင်တန်း ကျောင်းသူလေးတစ်ယောက် မေးတဲ့ မေးခွန်းလေး-

(အမေး)
လောကမှာ လူလိမ္မာနဲ့ လူမိုက်ဆိုရင် ဘာကြောင့် လူမိုက်က ပိုပြီး များပြားနေရတာပါလဲ။ ဘာကြောင့် လူမိုက်ကို ရှောင်ရှားသင့်ပါသလဲ အရှင်ဘုရား။

(အဖြေ)
လောကမှာ လူမိုက်တွေက လူလိမ္မာတွေထက် ဘာကြောင့် ပိုပြီး များပြားနေရသလဲ၊ ဘာကြောင့် လူမိုက်ကို ရှောင်ရှားသင့်ပါသလဲဆိုတာကို ဥပမာတစ်ခုနဲ့ ဘုန်းဘုန်းပြောပြမယ်။

ဥပမာ- သရက်သီး ၁၀လုံးမှာ ၁လုံးက ပိုးကိုက်နေတယ်။ အဲဒီ ပိုးကိုက်နေတဲ့ သရက်သီးကို အလယ်မှာထားပြီး ပိုးမကိုက်တဲ့ သရက်သီး ၉လုံးကို ဘေးကနေ ဝန်းရံထားမယ်ဆိုရင် အဲဒီပိုးကိုက်နေတဲ့ သရက်သီးကို ပိုးမကိုက်တော့အောင်၊ ပကတိ ပြန်လည်ကောင်းမွန်လာအောင် ကျန်တဲ့ ၉လုံးက မကုစားပေးနိုင်ဘူး။ ကျန်တဲ့ ၉လုံးကပဲ ပိုးကိုက်ခံရပြီး ပျက်စီးသွားတတ်တယ်။

အဲဒီလိုပဲ။ လူကောင်း ၉ယောက်က လူမိုက် ၁ယောက်ကို ကောင်းအောင်ပြုပြင်ပေးဖို့ဆိုတာ မတတ်နိုင်ဘူး။ ခက်ခဲလွန်းတယ်။ မကောင်းတဲ့ လူမိုက်ကြောင့်ပဲ လူကောင်း ၉ယောက်ဟာ ပျက်စီးခြင်းသို့ ရောက်နိုင်တယ်။

အဖွဲ့အစည်းတစ်ခုမှာ၊ နေရာတစ်ခုမှာ၊ လူမိုက်တစ်ယောက်ပါရင် အဲဒီအဖွဲ့အစည်း အသိုင်းအဝိုင်းဟာ ပျက်စီးသွားကြတာ များတယ်။ ပုထုဇဉ်ဆိုတဲ့ သဘောအရ ကောင်းတာနဲ့ မကောင်းတာဆို မကောင်းတဲ့ဘက်မှာ သာယာကြတာ များတယ်။ ထို့ကြောင့် လူမိုက်တွေဟာ လူကောင်းတွေထက် ပိုပြီး များပြားလာရတယ်။

ဗုဒ္ဓဘာသာဝင်အများစု သိကြတဲ့ မင်္ဂလာတရား ၃၈ ပါး တရားတော်ထဲမှာ အရေးကြီးဆုံးအချက်ဖြစ်လို့ မြတ်စွာဘုရားက "လူမိုက်ဆိုရင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုပြီး ပထမဆုံးအချက်မှာ ထည့်သွင်းမိန့်ကြားခဲ့တာ ဖြစ်တယ်။

လူမိုက်တစ်ယောက်ကြောင့် ပျက်စီးသွားတဲ့ လူလိမ္မာ များစွာရှိတယ်။ ဒါကြောင့် လူမိုက်ကို ရှောင်ရှားသင့်တယ်လို့ မြတ်စွာဘုရားက ဟောကြားတော်မူခဲ့ပါတယ်။

(ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ)

Credit to စာပေဥယျာဉ်

01/04/2023

ပိုက်ဆံအကြွေ ဆယ်ပြား တစ်မတ်နဲ့
အရသာရှိတဲ့မုန့်ကို စိတ်ချလက်ချ စားလို့ရတဲ့ခေတ်ကို
မှီခဲ့ဘူးတယ်....

လက်ဘက်ရည်တစ်ခွက်၊
ခေါက်ဆွဲကြော်တစ်ပွဲဆိုတာနေမကောင်းတဲ့
အခါမှစားရတဲ့ အလွန်အရသာရှိတဲ့
အစားအစာဖြစ်တဲ့ ခေတ်ကို မှီ ခဲ့ဘူးတယ်...

အယုတ် အလတ် အမြတ်မရွေး
ကျွေးတဲ့ စတုဒိသာကို ဘာရောဂါမှ မကြောက်ရဘဲ
အလုအယက် ပျော်ပျော်ရွှင်ရွှင်
စားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

မိုးရာသီ မိုးရေထဲမှာ
ဘယ်ကားအန္တရာယ်မှမရှိဘဲ
ရပ်ကွက်ထဲကလမ်းပေါ်မှာ လွတ်လွတ်လပ်လပ်
ပြေးလွှားဆော့လို့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

ဘာအကြောင်းကြောင့်
နေမကောင်းဖြစ်ခဲ့ဖြစ်ခဲ့ ကိုးပါးဆေးကို
ကွမ်းရွက်ပြုတ်ရည်နဲ့သောက်ရုံနဲ့ပျောက်တဲ့
ခေတ်ကိုမှီခဲ့ဘူးတယ်...

ကိုယ်ပိုင်ကားမပြောနဲ့စက်ဘီးတောင်
လူတိုင်း မစီးနိုင်အခြေအနေမှာ သူငယ်ချင်းတွေနဲ့ကျောင်းတက် ကျောင်းဆင်း လမ်းလျှောက်ရင်း
ပျော်ရွှင်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်...

ကျောင်းထမင်းချိုင့်ထဲမှာ ပဲပြုတ်သုတ်
ဒါမှမဟုတ် ဘဲဥပြုတ်တစ်လုံးပါရုံနဲ့
မိဘကို မညိုငြင်တဲ့ခေတ်ကို မှီခဲဘူးတယ်

(ခုခေတ်ကအာ့လိုမျိုးဆို
သေသွားမယ် ရှင်သွားမယ်
မသေမရှင်ဖြစ်သွားမယ်ဆိုတဲ့ခေတ်)

နွေရာသီကျောင်းပိတ်ရက်မှာ
ညစဉ်ညတိုင်း လမ်းပေါ်ထွက်ပြီး ကစားနည်းမျိုးစုံကို ပျော်ရွှင်စွာ
ကစားခဲ့ရတဲ့ခေတ်ကို မှီခဲ့ဘူးတယ်....

တစ်ဆွေလုံးတစ်မျိုးလုံးမှာမှ
တစ်လုံးထဲရှိတဲ့အမျိုးအိမ်ကTVကို
ဆွေမျိုးတစ်သိုက် စုပြီးကြည့်ခဲ့ရတဲ့ ခေတ်ကိုမှီခဲ့ဘူးတယ်

ဘုရားပွဲမှာကတဲ့ဇာတ်ကို
ကျား/မ မရွေး မိုးအလင်းကြည့်ပြီး
(အိပ်ပြီး)မနက်မိုးစင်စင်လင်းမှ
ထပြန်လည်း ဘာအကြောင်းကြီးငယ်မှ
မဖြစ်ခဲ့တဲ့ခေတ်ကို မှီခဲ့ဘူးတယ်...

သွေးသားမတော်စပ်ကြပေမယ့်
ဖြူစင်တဲ့ခင်မင်ခြင်းတွေနဲ့
မောင်နှမရင်းပမာ
ဆက်ဆံခြင်းတွေရှိတဲ့ခေတ်ကိုမှီခဲ့ဘူးတယ်

ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား
ငယ်သူကိုသနားရမယ်ဆိုတဲ့
မြတ်နိုးစရာလူ့ကျင့်ဝတ်တွေ ထွန်းကားတဲ့ခေတ်ကို
မှီခဲ့ဘူးတယ် ...

ပြန်တွေးလိုက်ရင် အရာရာဟာ
လွမ်းစရာတွေပါပဲလေ...?



အခုတော့.....အရာအားလုံး အိမ်မက်တွေပါပဲလား....

to onwer

07/07/2021

အားလုံးမှတ်မိကြဦးမယ် ထင်ပါတယ်

မနှစ်က Covid တွေစတွေ့တော့ အတိုင်ပင်ခံ facebook စသုံးတယ် လူတစ်စုကတော့လှောင်ရယ်ခဲ့ကြတယ် စောက်ပိုတွေဘာတွေဆိုပြီးပေါ့

ဟေား ပြည်တွင်းမှာ mask တွေအဝယ်များလို့
စျေးတွေအဆမတန်ကြီးပြီး ပြည်သူတွေကျပ်တည်းလာတဲ့အခါ mask ကို ကိုယ်တိုင်ချုပ်ပြတယ်။
mask ပြိုင်ပွဲကြီးတောင်ကျင်းပလိုက်လို့ ကမ္ဘာကျော်သွားသေးတယ်။ mask စျေးတွေထိုးကျသွားပြီး အချို့နေရာတွေမှာအလကားယူလို့ရတဲ့အထိ ပေါများသွားတယ်။ ဒါမယ့် လူတစ်ချို့အတွက်တော့ စောက်ပိုတွေဖြစ်နေတုန်းပေါ့။

Quarantine center တွေမှာ ပြည်သူတွေကိုစရိတ်ငြိမ်းပြုစုစောင့်ရှောက်တယ်။ စောင့်ကြည့်ခံပြည်သူတွေ မပျင်းရလေအောင် ဖျော်ဖြေရေးအစီအစဉ်တွေပါ ပါလိုက်သေး။ စောင့်ကြည့်ခံအချို့ ရင့်ရင့်သီးသီးပြေားဆိုဆက်ဆံခဲ့တာတောင် နဲနဲလေးတောင်မငြိုငြင်ဘဲ သည်းခံခွင့်လွတ်စောင့်ရှောက်ခဲ့ကြတယ်။ ဒါပေမယ့် လူတစ်ချိုအတွက်တော့ စောက်ပိုအလုပ်တွေပါပဲ။

အတိုင်ပင်ခံက MRTV ကနေ covid 19 လူနာတစ်ယောက်ကို နိုင်ငံတော်အနေနဲ ကျပ်သိန်း၂၀ ကနေ ၅၀ အထိ အကုန်ကျခံရပါတယ်လို့ပြေားတော့
လူတစ်ချို့ကလှောင်ရယ်နေတုန်းပဲ။ အကုန်ကျမခံနိုင်ရင် အစိုးရမလုပ်နဲပေါ့ တိုင်းပြည်ကိုမအုပ်ချုပ်နဲပေါ့ ဘာပေါ့ ညာပေါ့။ မေတ္တာတွေကို သူတို့မမြင်နိုင်ကြသေးဘူး။

ဟော... အလုပ်လက်မဲတွေနဲ အခြေခံလူတန်းစားတွေကို ဆန် ဆီ ဆား တွေနဲ ငွေကြေးတွေထောက်ပံ့ပြန်တော့လည်း ရွေးကောက်ပွဲနီးလို့မဲဆွယ်တာပေါ့။ စောက်ပိုတွေဖြစ်ပြန်ရောပေါ့။

သက်ကြီးရွယ်အိုတွေ ထောက်ပံ့တော့လည်း
ဒီအတိုင်း ဗိုက်ကြီးသည်တွေထောက်ပံ့တော့လည်း
ဒီအတိုင်း ဘာပဲလုပ်လုပ်စောက်ပိုအဆင့်က
မတက်ပါဘူး။

အဲတော့ အစိုးရက သည်းခံပေမဲ မနေနိုင်တဲ့ပြည်သူတွေကဒေါသထွက်ကြတယ်။ မင်းတို့ပထွေးလက်ထက်မှာသာ ဒီလိုရောဂါမျိုးဖြစ်ကြည့် အားလုံးခွေးသေဝက်သေ သေကုန်မှာ။ ဆန်ဆီဝေတဲ့အစိုးရကိုသဘောမကျရင် ကျည်ဆံဝေတဲ့အစိုးရကိုပဲရလိမ့်မယ်။ မေတ္တာနဲအုပ်ချုပ်နေတာကို မင်းတို့မစော်ကားကြနဲ ဆိုပြီးပေါ့။

အခုတော့ ဒါတွေဟာ လက်တွေ့ဖြစ်လာပြီ။

ပထွေးလက်ထက်မှာ ရောဂါထလာပြီ။

အရင်လို ကိုယ်ကျိုးမငှဲ့တဲ့ ဆရာဝန်တွေ
မရှိတော့ဘူး။

အရင်လို့ စေတနာပြည့်ဝတဲ့ nurseတွေ သူနာပြုတွေလည်း မရှိတော့ဘူး။

အရင်လို အများကျိုးသယ်ပိုးကြတဲ့ စေတနာ့ဝန်ထမ်းတွေလည်း မရှိတော့ဘူး။

နေမဝင်အလှူရှင်နိုင်ငံတော်ကြီးဆိုပြီး ငါတို့ခေါင်းဆောင်တင်စားခဲ့ပေမဲ့ အခုတော့ အလှူရှင်မဲ့ နိုင်ငံတော်ကြီးကိုဖြစ်လို့။

Quarantine center တွေဟာလည်း ခေတ်မှီလွန်းလို့ နေမယ့်လူကိုမရှိပါဘူး။ အရင်လိုဖျော်ဖြေရေးတွေလုပ်ဖို့နေသာသာ အဆိုတော်တွေလည်း
ထောင်ထဲမှာနေရတာနဲ ထွက်ပြေးနေရတာနဲဆိုတော့ ဆိုမအားပါဘူး။

အခုများတော့လေ တိုင်းပြည်ကြီးဟာ မသာချပေးမယ့် နာရေးကူညီသူတွေတောင် မရှိတော့ပါဘူး။

အခုချိန်ထိ မေတ္တာဆိုတာကို မခံစားမိကြသေးဘူးလား။

#ချစ်သဲဦး

04/07/2021

CDM ပညာရေးဝန်ထမ်းတွေကို အမြဲအပြစ်တင် ရန်ရှာပြီး ရွာကိုပါ .. ဒလန်ပြန်လုပ်တဲ့

ရွှေဘိုမြို့နယ်ရွာသာမူလတန်းကျောင်းအုပ် ကျော်ဦး(Non-CDM) ၄/၇/၂၀၂၁ညနေ၄နာရီဝန်းကျင်တွင် ဘဝတပါးသို့ စိတ်မပါလက်မပါ ထွက်ခွာသွားကြောင်း သိရ .. ။

အေးချမ်းကြပါစေ
03/07/2021

အေးချမ်းကြပါစေ

Address

Thayetchaung
00000

Website

Alerts

Be the first to know and let us send you an email when Gonhnyinseik Village Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category