Myanmar's Signatures

Myanmar's Signatures vlogger

အဂ်လန်နိုင်ငံက ပြန်လည်လွှဲပြောင်း ပေးခဲ့တဲ့ နန်းစဥ် အသုံးအဆောင် ပစ္စည်းများ စာရင်းနဲ့လက်ရှိ လန်ဒန်က Victoria and Albert ...
28/06/2023

အဂ်လန်နိုင်ငံက ပြန်လည်လွှဲပြောင်း
ပေးခဲ့တဲ့ နန်းစဥ် အသုံးအဆောင်
ပစ္စည်းများ စာရင်းနဲ့

လက်ရှိ လန်ဒန်က Victoria and Albert
ပြတိုက်မှာ ထားသော မြန်မာ့ အမွေအနှစ်
အဖိုးတန်ပစ္စည်းများ ဓါတ်ပုံ ။

ရန်ကုန် မင်္ဂလာဒုံမှာတင်တောင်ကြီးနားက ပအိုဝ်းဒေသကမွေတော်ကက္ကူလို ဘုရား ဖူးလို့ရနေပါပြီနော်🙏မင်္ဂလာဒုံ_ပုလဲလမ်းဆုံ ကနေဆို...
27/09/2022

ရန်ကုန် မင်္ဂလာဒုံမှာတင်
တောင်ကြီးနားက ပအိုဝ်းဒေသက
မွေတော်ကက္ကူလို ဘုရား ဖူးလို့ရနေပါပြီနော်🙏
မင်္ဂလာဒုံ_ပုလဲလမ်းဆုံ ကနေဆိုရင်
6 minutes drive ပါပဲ
လမ်းကောင်းတယ်
(ကွန်ကရိလမ်းနဲ့ ကတ္တရာလမ်းပါပဲ)
ကားလေးဝင်လို့ရတယ် အေးဆေးပါပဲ
လိုင်းကားနဲ့ဆိုရင် ပုလဲလမ်းဆုံမှာဆင်းပါ
အနားက ဆိုင်ကယ်အကိုတွေကိုမေးရင်
လူတိုင်းသိပါတယ်
ဓါတ်ပုံရိုက်လို့ တအားလှတာ
ဘုရားစေတီစီစီရီရီလေးတွေနဲ့
အရမ်းကိုသပ္ပယ်တာ
အစွန်အဖျားဒေသမို့ လယ်ကွင်းစိမ်းစိမ်းတွေလည်း
တွေ့ရဦးမယ်
တံခွန်တိုင်အပါအဝင်ဘုရားစေတီ ၁၃၇ ဆူရှိတယ်
ဘုရားထီးတွေကလည်း
ရှမ်းထီးတော်လိုမျိုးရှည်ရှည်လေးတွေ
အနားမှာရေကန်ကြီး ၂ ကန်လည်းရှိတယ်
တကန်ကကြည်တယ်_တကန်ကနောက်တယ်
ကြည်တဲ့ကန်ကကန်အောက်ခြေကိုတောင်မြင်နေရတာ
တည်ဆောက်ရေးတွေကတော့လုပ်နေဆဲပါပဲ
သဒ္ဓါပေါက်ရင်ဝင်လှူလို့ရပါသေးတယ်
ပတ္တမြားကျောင်းတော်ရာ
#ဓါတ်တော်မွေတော်ကံကူစေတီတော် တဲ့

Edit-🚗YBS နဲ့သွားမယ်ဆိုရင် 35, 32, 116အနီ, 97, 92 စီး ပုလဲလမ်းဆုံမှာဆင်းပြီး ဆိုင်ကယ်ကယ်ရီနဲ့သွားလို့ရပါတယ် အသွားအပြန် (၂)ယောက် ၃၀၀၀ကျပ်ပါ စနေ့ တင်္ဂနွေနေ့တွေမှာသွားရင်လူပိုစည်တယ်

ln lnfinity

ကြေးသွန်းရှေးဟောင်းပစ္စည်းများ ….ရှေးဟောင်းပစ္စည်းတွေက အလှဆင်ဖို့သက်သက်ပဲလားလက်တွေ့မှာရော် အသုံးပြုမယ်ဆိုရင်ဘယ်လိုအသုံးဝ...
12/09/2022

ကြေးသွန်းရှေးဟောင်းပစ္စည်းများ ….

ရှေးဟောင်းပစ္စည်းတွေက အလှဆင်ဖို့သက်သက်ပဲလား

လက်တွေ့မှာရော် အသုံးပြုမယ်ဆိုရင်ဘယ်လိုအသုံးဝင်

လဲဆိုတာကိုတစ်ပုံချင်းစီမှာဝင်ရောက်ကြည်ရူနိုင်ပါတယ်။


#ကြေးသွန်းလုပ်ငန်း
#ရှေးဟောင်းပစ္စည်းများ

နေပြည်တော်မှာ သွားရောက်လည်ပတ်ဖူးမျှော်သင့်သောအထင်ကရစေတီတော် ရုပ်ပွားတော်များ(၁) ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၂) သံဝေဇနိယ...
10/09/2022

နေပြည်တော်မှာ သွားရောက်လည်ပတ်ဖူးမျှော်သင့်သော
အထင်ကရစေတီတော် ရုပ်ပွားတော်များ

(၁) ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး
(၂) သံဝေဇနိယလေးဌာနနှင့်
သတ္တသတ္တာဟတရားစခန်း (ဖွား၊ပွင့်၊ဟော၊စံ)
(ဗုဒ္ဓဂါယာပုံစံတူဘုရားများ)
(၃) မဟာသကျရံသီ ရုပ်ရှင်တော်မြတ်ကြီး
(၄)နေရောင်ပြအင်းဘုရား
(၅)ရန်အောင်မြင် ရွှေလက်လှစေတီ
(၆)ရန်အောင်ချမ်းသာဘုရားကြီး
(၇)ထာဝရငြိမ်းချမ်းရေးစေတီ
(၈)ညောင်ပင်ကြီးစုဘုရားများ ( နေပြည်တော်ပုဂံ)

နေပြည်တော်ရှိ တောင် (၅)တောင်

(က) လက်လုပ်တောင်
(ခ) ရွှေလွမ်းတောင်
(ဂ) လှေခွင်းတောင်
(ဃ) စမတောင်
(င) ဆင်ဖြူတောင်

#နေပြည်တာ်
#ဖူးမျှော်နိုင်ရန်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
to original writer & Photographer



တော်သလင်းလမှာဆင်နွှဲမနူဟာဘုရားပွဲတော်သလင်းလမှာကျင်းပတဲ့ပုဂံကထင်ရှားတဲ့ဘုရားပွဲကတော့မနူဟာဘုရားပွဲပဲဖြစ်ပါတယ်။ ဒီမနူဟာဘုရာ...
09/09/2022

တော်သလင်းလမှာဆင်နွှဲမနူဟာဘုရားပွဲ

တော်သလင်းလမှာကျင်းပတဲ့ပုဂံကထင်ရှားတဲ့ဘုရားပွဲကတော့မနူဟာဘုရားပွဲပဲဖြစ်ပါတယ်။ ဒီမနူဟာဘုရားပွဲကိုတော့ တော်သလင်းလဆန်း၁၄ ရက် နဲ့တော်သလင်းလပြည့်တို့မှာ ကျင်းပကြတာဖြစ်ပါတယ်။

မနူဟာဘုရား
ပုဂံမြင်းကပါရွာဟာပုဂံခေတ်ဦးတည်းကတည်ရှိတဲ့ရွာတစ်ရွာဖြစ်ပြီး အနော်ရထာနဲ့ စုက္ကတေး စီးချင်းထိုးရာမှာ နောက်ဆုံးစုက္ကတေးရဲ့မြင်းကသာပါသွားလို့မြင်းကပါလို့အမည်တွင်​တဲ့ရွာတစ်ရွာဖြစ်ပါတယ်။ဒီလိုထင်ရှားတဲ့မြင်းကပါရွာရဲ့အထဂ်ကရဘုရားကတော့မနူဟာဘုရားဖြစ်ပြီး ဒီဘုရားဟာလည်းအနော်ရထာမင်းနဲ့ဆက်နွှယ်မှူရှိနေပြန်ပါတယ်။

သမိုင်းအကျဥ်း
အစဥ်အလာအရ အနော်ရထာမင်းဟာသထုံကိုသိမ်းပိုက်ပြီးသထုံဘုရင် မနူဟာမင်းနဲ့မိဖုရားကို ​ယခုမြင်းကပါအရပ်မှာထားရှိစေခဲ့ပါတယ်။ဒီလိုထားရှိရာမှာမနူဟာမင်းကသူ့ရဲ့နဝရတ်လက်စွပ်ကိုရောင်းကာရရှိတဲ့ ငွေလှည်း ၆စီးတိုက်နဲ့ယနေ့ဖူးမြော်နေရတဲ့မနူဟာဘုရားကြီးကိုတည်ထားတယ်လို့ဆိုပါတယ်။ဒါသာမကသေးဘဲတိုက်မထဲမှာကျဥ်းကျဥ်းကျပ်ကျပ် စံပါယ်နေရတဲ့ရုပ်ပွားတော်ကြီးကိုရည်ညွှန်းကာ မနူဟာမင်းကသူတစ်ပါးအောက်မှာ ၎င်းအနေအထိုင်ကျဥ်းကျပ်စွာနေရပုံကိုရည်ညွှန်းတာလို့ကွန့်ကြပါသေးတယ်။

မနူဟာမင်းရဲ့မနူဟာဘုရားကြီးဟာ ပဓာနထိုင်တော်မူတစ်ဆူနဲ့ အရံ၂ဆူ၊ လျောင်းတော်မူတစ်ဆူတို့ဖြစ်ကြပါတယ်။ဒီထဲကပဓာနဆင်းတုတော်ကြီးကိုသာလူအများသိရှိဖူးမြော်ကြတာဖြစ်ပါတယ်။ထိုင်တော်မူကြီးရဲ့နောက်ကျောမှလျောင်းတော်မူကြီးကတော့ပုဂံဒေသမှလျောင်းတော်မူတွေထဲမှာအကြီးဆုံးလည်းဖြစ်ပါတယ်။

မနူဟာဘုရားပွဲ
မနူဟာဘုရားပွဲတော်ကို နှစ်စဥ်တော်သလင်းလဆန်း၁၄ရက်ကနေ စတင်ကျင်းပကြပါတယ်။
မနူဟာဘုရားပွဲကိုတော့ ဆွမ်းတော်ကြီးပွဲလှည့်လည်ပွဲ၊အရုပ်သွင်းပွဲဆွမ်းတော်ကြီးနဲ့သပိတ်လုံးလောင်းလှူပွဲနဲ့ ငွေသွင်းလှည့်လည်ပွဲဆိုပြီး ကျင်းပပါတယ်။

ဆွမ်းတော်ကြီးပွဲလှည့်လည်ပွဲ
တော်သလင်းလဆန်း၁၄ရက်မနက်မှာတော့ မြင်းကပါရွာထဲ ဆွမ်းတော်ကြီးပွဲလှည့်ပွဲကျင်းပကြပါတယ်။ဒီလိုလှည့်လည်ရာမှာမြင်းကပါရွာကရပ်ကွက်များအလိုက်မနူဟာဘုရားကြီးကိုရည်မှန်းကာဆွမ်းများ၊မုန့်များပေးပို့ကာလှူဒါန်းကြပါတယ်။

အရုပ်သွင်းပွဲ
တော်သလင်းလဆန်း၁၄ရက်ညနေပိုင်းမှာတော့အရုပ်သွင်းပွဲကိုကျင်းပကြပါတယ်။ဒီပွဲကတော့မနူဟာဘုရားပွဲကိုထင်ရှားစေတဲ့ပွဲဖြစ်ပြီးပုဂံဒေသခံများသာမကဘဲနိုင်ငံတကာခရီးသွားများကပါစိတ်ဝင်စားစွာ လာရောက်လေ့လာကြပါတယ်။ အရုပ်သွင်းပွဲမှာတော့မြင်းကပါလူငယ်များကရပ်ကွက်အလိုက် အရုပ်ချိုးကာမနူဟာဘုရားပွဲမှာလှည့်လည်ပြသကြပါတယ်။ ဒီလိုအရုပ်သွင်းပွဲထည့်သွင်းကျင်းပတာအနှစ်၁၀၀ခန့်ရှိပြီသိရပြီး အရုပ်သွင်းပွဲကလည်းမနူဟာဘုရားပွဲရဲ့ အထင်ကရဖြစ်လာခဲ့ပါတယ်။ အရုပ်သွင်းပွဲအတွက်အရုပ်ချိုးကြရာမှာတော့ ခေတ်သစ်ဇာတ်ကောင်ရုပ်များ၊ရာဇဝင်လာဇာတ်ကောင်များ၊သမိုင်းဆိုင်ရာအရုပ်များအစရှိသဖြင့်စိတ်ကူးသန်ရာချိုးကြကာလှည့်လည်ရာမှာလည်းအရုပ်များနဲ့လိုက်ဖက်တဲ့အတီးအမှုတ်များပါထည့်သွင်းလှည့်လည်ပါတယ်။ ဒါကြောင့်လည်းမနူဟာအရုပ်သွင်းပွဲဟာနှစ်စဥ်တိုင်းမြင်းကပါရွာသားများအထူးအားခဲကြတဲ့ပွဲတော်တစ်ရပ်လည်းဖြစ်ပါတယ်။

ဆွမ်းတော်ကြီးနဲ့သပိတ်လုံးလောင်းလှူပွဲ
တော်သလင်းလပြည့်နေ့မနက်စောမှာတော့မနူဟာဘုရားကြီးကိုဆွမ်းတော်ကြီးဆက်ကပ်လှူဒါန်းကြပြီးအဲဒီနေ့မနက်မှာတော့မြင်းကပါရွာရပ်ကွက်များမှအိမ်ထောင်စုများကသပိတ်လုံးမျာပို့ဆောင်လှူဒါန်းကာ သံဃာတော်များကိုစာရေးတံမဲချ လောင်းလှူကြပါတယ်။

ငွေသွင်းလှည့်လည်ပွဲ
လပြည့်နေ့ညနေပိုင်းမှာတော့မနူဟာရွာမှ အမျိုးသမီးငယ်များက ငွေပဒေသာပင်များကိုလက်မှကိုင်ကာ မနူဟာဘုရားကြီးသို့ပို့ဆောင်လှူဒါန်းခြင်းပြုလုပ်ကြပါတယ်။ဒီလိုလှည့်လည်ရာမှရရှိတဲ့အလှူငွေများကိုတော့မနူဟာဘုရားကြီးပြုပြင်မွမ်းမံမှုနဲ့ ရွှေသင်္ကန်းတော်ကပ်လှူဖို့ရာမှာသုံးစွဲတာ်သိရပါတယ်။

ငချဥ်ကြော်
မနူဟာဘုရားပွဲရဲ့ရာသီစာကတော့ငချဥ်ကြော်ပဲဖြစ်ပါတယ်။ရှေးယခင်ကတော့ အောက်ပြည်ကကဲ့သို့ ငါးကိုငချဥ်သိပ်ကာငချဥ်ကြော်ကြပေမယ့်နောက်ပိုင်းမှာတော့ ကျောက်ဖရံသီးကိုနန်းဆွဲကာငချဥ်သိပ်ကြပါတော့တယ်။ငချဥ်သိပ်ရာမှာပထမဦးစွာကျောက်ဖရုံသီးကိုဆန်ကြမ်းနဲ့ရောကာစဥ့်အိုးထဲအချဥ်သိပ်ပြီးပွဲတော်ချိန်ရောက်ပါက ကျောက်ဖရုံချဥ်များကို ကောက်ညင်းနဲ့ရောကာ သမပြီးငချဥ်ကြော်ရပါတယ်။ ဒီလိုကြော်ပြီးရင်တော့မြင်းကပါရွာရဲ့မနူဟာဘုရားပွဲရာသီစာငချဥ်ကြော်ရရှိပြီဖြစ်ပါတယ်။ဘုရားပွဲရာသီချိန်ရောက်ပါက မြင်းကပါရွာ ကအိမ်များမှာငချဥ်ကြော်ကြော်လေ့ရှိပြီးမိသားစုဝင်များကော လာရောက်ကြတဲ့ဧည့်ပရိသတ်များကိုပါတည်ခင်းလေ့ရှိကြပါတယ်။

Aung Nyeinchan

Photo Credit Ko Weiza,Micheal Riyo and MRTV Travelouge

အာဇာနည်နေ့ သမိုင်းဝင်ဓာတ်ပုံများJ U L Y 1 9 💔 ’sSignature
18/07/2022

အာဇာနည်နေ့ သမိုင်းဝင်ဓာတ်ပုံများ

J U L Y 1 9 💔

’sSignature

ဖျာပုံမြို့ သမိုင်းအကျဉ်း****************************ဖျာပုံမြို့သည် ရှေး(မွန်)လူမျိုးများနေထိုင်ရာ ဒေသဖြစ်ပါသည်။ သက္ကရာဇ်...
13/07/2022

ဖျာပုံမြို့ သမိုင်းအကျဉ်း
**************************

**ဖျာပုံမြို့သည် ရှေး(မွန်)လူမျိုးများနေထိုင်ရာ ဒေသ
ဖြစ်ပါသည်။ သက္ကရာဇ် ၈၉၉ ခု မွန်ဘုရင် သုရှင်တကာရွတ်ပီ၏ မိဖုရား တလပရော်မင်းသမီး နှင့်အဖွဲ့မှအစပြု၍
ဖျာပုံမြို့ကို ၁၁၄၀ ခုနှစ်ဝန်းကျင်လောက်တွင် ဗဒုံမင်း
တရားကြီး(ဘိုးတော်ဦးဝိုင်း)လက်ထက်တွင် ရွာအဖြစ်စတင်ခဲ့ပါသည်။
ရွာဟုဆိုသော်လည်းအိမ်ခြေ၃၀၀ကျော် ၄၀၀မျှရှိပါသည်။
ရွာသူကြီးအဖြစ် ဦးဖား ကအုပ်ချုပ်ခဲ့ပြီး
၁၂၆၄၊ (1902) ခုနှစ်တွင် အစိုးရရုံးစိုက်သော မြို့တစ်မြို့
ဖြစ်လာခဲ့ပါသည်။

(ဖျာပုံ)..ဟူသောပညတ်သည်...ဖျာပုင် ဟူသော
"မွန်"ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်၍ဖျာ=ဈေး၊ ပုင်=ထမင်း ဟုအဓိပ္ပာယ်ရပါသည်။
..ထို့ကြောင့်.. ""ဖျာပုင်""ကိုတိုက်ရိုက်အဓိပ္ပါယ်ပြန်ရလျှင်
{ထ္မင်းဈေး} ဟူ၍ဖြစ်ပါသည်။
ထမင်းဈေး ဟုအဓိပ္ပာယ်ပြန်ရသော်လည်း ထမင်းဆိုင်များ
ရှိသောကြောင့်မဟုတ်ပါ။
မွန် တို့၏ အယူအရ ထမင်းရောင်းလျှင်ထမင်းရှားသည်။
ပျိုးပင်ရောင်းလျင် စပါးရှားသည်ဟူ၍ အယူရှိကြပါသည်။
ထို့ကြောင့် ထမင်းဆိုင်တန်းများ မရှိပါ။
ရေတတ်ရေကျကို စောင့်ရင်း ထမင်းစုစားရာကို တင်စား
ပြီး ထမင်းဈေးဟုခေါ်ခြင်းသာဖြစ်ပါသည်။

ဖျာပုံမြို့ တည်ရာဒေသသည် မြစ်နှင့်..ချောင်းကြီး
ချောင်းငယ်များဆုံရာ၌ တည်ရှိပါသည်။
ချောင်းရိုးအတွင်းပိုင်းမှမြစ်ရိုးအထက်ပိုင်းသို့သွားလိုသော
ခရီးသည်များသည် ရေတက် ကိုစောင့်ရပါသည်။
ရေစောင့်ရင်း...ခရီးသွားတို့ပါသော ရိက္ခာများဖြင့်
ထမင်းဟင်းချက်ပြုတ်စားသောက်ကြရသော *စခန်း*
တခုဖြစ်လာကာ..(မွန်)ဘာသာဖြင့် ဖျာပုင်{ထ္မင်းဈေး}
မှ..."ဖျာပုံ"ဟူ၍ဖြစ်တည်လာကြောင်းကို လေ့လာ
မှတ်သားဖူးပါသည်။
_______________________________

ဖျာပုံမြို့တည်နေရာနှင့်အကျယ်အဝန်း

ဖျာပုံမြို့နယ်သည်.မြန်မာနိုင်ငံတောင်ပိုင်းမြစ်ဝကျွန်း
ပေါ်ဒေသ...တောင်ဘက်အကျဆုံး နေရာတွင်
တည်ရှိပါသည်။

ဖျာပုံမြို့နယ်နှင့် အမာမြို့နယ်တခုဖွဲ့စည်းထားပြီး ဧရိယာစတုရန်းမိုင်[ ၅၈၇.၃၃ ].မိုင်နှင့် (၃၇၅၈၉၀)`
ဧကကျယ်ဝန်းပါသည်။ အရှေ့ နှင့် အနောက်
[၁၃.၀၆၈]မိုင်၊
တောင်.နှင့်.မြောက်.(၂၈.၉၇၇) မိုင် ရှိပါသည်။
အရှေ့ဘက်တွင်(ဖျာပုံမြစ်)ခြားလျက်*ဒေးဒရဲမြို့နယ်*
အနောက်ဘက်တွင်*ဘိုကလေးမြို့နယ်*၊တောင်ဘက်
တွင်"မုတ္တမ" ပင်လယ်ကွေ့ နှင့် မြောက်ဘက်တွင်..
ကျူံတာမြစ်...ခြားလျက်.. ကျိုက်လတ်မြို့နယ်
တည်ရှိပါသည်။
. ဖျာပုံမြို့တော်နယ်နိမိတ်သည်...ဧရိယာ ( ၂၆၇. ၇) စတုရန်းမိုင်ကျယ်ဝန်းပါသည်။..အရှေ့ မှ အနောက် သို့
(၁.၀ )မိုင် ၊ တောင် မှ မြောက်သို့ (၃.၅)မိုင် ရှိပြီး
ဧရိယာစတုရန်းမိုင်(၄.၅)မိုင် ကျယ်ဝန်းပါသည်။

မြေမျက်နှာသွင်ပြင်
[××××××××××××××]

မြေမျက်နှာသွင်ပြင်.မှာ မြစ်ဝကျွန်းပေါဒေသဖြစ်၍.တောင်တန်းများမရှိပါ.
နှုံးတင်မြေနုဒေသဖြစ်ပြီးပင်လယ်ရေပြင်အထက်)
၉.၃၅"ပေတွင်ရှိပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မြစ်ချောင်းများ
အလွန်ပေါများသည်။ အရှေ့ဘက်တွင် ဖျာပုံမြစ်
အနောက်ဘက်တွင် ကျုံကူချောင်း နှင့် မြောက်ဘက်တွင်
ချောင်းတွင်း ချောင်းတို့က ကာရံထားပါသည်။
________________________________

ရာသီဥတု
. . .ဖျာပုံမြို့နယ်သည် (ပူအိုက်စိုစွတ်သော
ရာသီဥတု).ရှိပြီး အမြင့်ဆုံးအပူချိန်မှာ..နွေရာသီတွင် - ၃၅°©_နှင့် ဆောင်းရာသီတွင် ၃၁°©`/ဖြစ်ပါသည်။ ဖျာပုံမြို့၏ အပူဆုံး.လမှာ(ဧပြီလ) ဖြစ်ပြီး/ အအေးဆုံး လများမှာ ဒီဇင်ဘာလ.နှင့် ဇန်နဝါရီလ တို့ဖြစ်ပါသည်။

================================

သဘာဝဘေးအန္တရာယ်ကျရောက်မှုများ
^^^^^^^^^^^^^^^^^^^^^^^
ဖျာပုံမြို့နယ်သည် ပင်လယ်နှင့်နီးစပ်သောမြို့တမြို့
ဖြစ်သည့်အတွက်..ရေကြီးခြင်း.ဆူနာမီနှင့်..မုန်တိုင်းများ..
ကျရောက်ပါသည်။ဖျာပုံမြို့သည်ငလျင်ပြင်းအားနှင့်.
အဆင့်သတ်မှတ်ချက်ဇုန်(၃)အတွင်းကျရောက်လျက်ရှိပါသည်။
ငလျင်.ဇုန်(၃)၏ဖော်ပြချက်မှာ.ပြင်းအားများ၍.ပျက်စီးမှူ့များခြင်းဖြစ်ပါသည်။သဘာဝဘေးအန္တရာယ်အနေဖြင့်
2.5.2008)-ခုနှစ်တွင်."နာဂစ်"(Nargis)မုန်တိုင်းနှင့် (၂၀၁၁)-ခုနှစ်တွင်.လေပြင်းတိုက်ခတ်မှုများကို
ခံစားခဲ့ရပါသည်။သဘာဝဘေးသဘာဝဘေးအန္တရာယ်
ကျရောက်ခဲ့ပါသည်။

ဖျာပုံမြို့၏လက်ရှိလူဦးရေစာရင်း


ဖျာပုံမြို့ကို.မြို့နယ်ချုပ်အနေဖြင့်.ဖျာပုံမြို့နယ်နှင့်.
အမာ(မြို့)ရပ်ကွက်(၂၃)ခု၊ကျေးရွာ(အုပ်စု).၅၂၊စုနှင့်
ကျေးရွာပေါင်း(၂၁၂)ခုဖြင့်ဖွဲ့စည်းထားပါသည်။
မြို့ပေါ်ရပ်ကွက်(၁၉)ခုရှိပါသည်။

မြို့ပေါ်လူဦးရေမှာ...(၄၇၄၂၈)...ယောက်ဖြစ်ပြီး၊ကျေး
လက်နေလူဦးရေမှာ(၁၄၂၀၆၃)ယောက်ဖြစ်ပြီး၊
ဖျာပုံမြို့နယ်၏လူဦးရေမှာ.စုစုပေါင်း(၁၈၉၄၉၁)-ဦးဖြစ်ပါသည်။

ဖျာပုံမြို့၏ အထင်ကရများ
••••••••••••••••••••••••••••
ဖျာပုံမြို့တွင်
၁။ ။ပြည်လုံးချမ်းသာ သာစည်ဘုရားကြီး။(၁၂၄၉)ခု၊
၂။ ။သမိုင်းဝင်ကျိုက္ကမွန် လိပ်ဥကုန်းဘုရား။(၉၁၁)ခု၊
၃။ ။နန်းတည် မင်းကျောင်း ကျောင်းတိုက်ကြီး။(၁၂၀၈)ခု၊
၎။ ။ရွှေနက်ကူဘုရားကြီး။(၁၂၂၂)ခု၊
၅။ ။ယိမ်းကိုယ်တော်၊ (၁၂၅၁)ခု၊
ယိမ်းညွန့်ရုပ်ပွားတော်ဘုရား။(၁၂၆၆)ခု၊
၆။ ။ရွှေသာလျောင်းဘုရား။ (၁၂၈၇)ခု၊
၇။ ။ဆရာဇော်ဂျီ စာကြည့်တိုက်။

ဖျာပုံမြို့၏ ပွဲတော်များ
°°°°°°°°°°°°°°°°°°°°
၁။ ။တာဝတိံသာပွဲ (၁၂၇၇ ခုတွင်စတင်)
၂။ ။ဦးရှင်ကြီးပွဲ (၁၂၉၂ ခုတွင်စတင်)
၃။ ။နန်းတွင်းရာမဇာတ်ပွဲ (၁၂၄၀ ခုတွင်စတင်)
၎။ ။ဓမ္မိကဗလီနတ်စာပွဲ (၁၂၇၇ ခုတွင်စတင်)
၅။ ။နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ
၆။ ။မင်းညီနောင်လှည့်လည်ပွဲ
၇။ ။လွတ်လပ်ရေးပွဲတော်
မူရင်း​ရေးသားသူအား​လေးစားစွာဖြင့်​credit
ပေးပါသည်​။
'sSignatures

ဝါဆိုလပြည့်နေ့ 🌕ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော...
12/07/2022

ဝါဆိုလပြည့်နေ့ 🌕

ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။

ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်းဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့ဖြစ်သည်။ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်းဖြစ်သည်။

ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။

ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။

ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။
#ဝါဆိုလပြည့်နေ့
'sSignatures

ဗဟုသုတအနေနဲ့ ဖတ်ချင် သိချင်တဲ့သူတွေအတွက်❣ #ဇော်ဂျီအကြောင်း☘ #ကိုယ်စောင့်နတ်အကြောင်း☘ #သိကြားမင်းအကြောင်း☘ #ရုက္ခစိုးနတ်အ...
09/07/2022

ဗဟုသုတအနေနဲ့ ဖတ်ချင် သိချင်တဲ့သူတွေအတွက်❣

#ဇော်ဂျီအကြောင်း☘
#ကိုယ်စောင့်နတ်အကြောင်း☘
#သိကြားမင်းအကြောင်း☘
#ရုက္ခစိုးနတ်အကြောင်း☘
#ယမမင်းအကြောင်း☘


❣🌿

ပိဋကတ် သုံးပုံ ဆိုသည်မှာ 📒.....................................................................ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင...
30/06/2022

ပိဋကတ် သုံးပုံ ဆိုသည်မှာ 📒.....................................................................
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှား
ရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း
ဟောကြားခဲ့သော တရားတော်
(ဗုဒ္ဓဝစန) များကို ဗုဒ္ဓ ပရိနိဗ္ဗာန်
စံတော်မူပြီးနောက် ရေးသား
မှတ်တမ်းတင်ထားသော စာပေ
များကို ခေါ်ဆိုပေသည်။
ပိဋကတ်ဟူသည် ခြင်းတောင်းဟု
အနက်အဓိပ္ပာယ်ထွက်သည်။
အနောက်တိုင်း ပညာရှင်တို့ကမူ
ပိဋကတ်ဟူသော ပုဒ်ကို ဗုဒ္ဓ၏
တရားတော်များ သိုလောင်ရာ
ရတနာသိုက်ဟု အဓိပ္ပာယ်ကောက်
ယူဖွင့်ဆိုကြသည်။

မြတ်စွာဘုရား ခန္ဓပရိနိဗ္ဗာန်စံအပြီး
သုံးလအကျော် (ခရစ်တော်မပေါ်မီ
-ဘီစီ ၄၈၃) တွင် တတိယသာဝက
ရှင်မဟာကဿပ၊ ဝိနည်း ဧတဒ်ရ
အရှင်ဥပါလိနှင့် သတိမမေ့မလျော့
သည့်အရာ၊ ပညာလျင်သည့်အရာ
စသည့် ဧတဒဂ်ငါးဘွဲ့ရ ညီတော်
အာနန္ဒာအမှူးပြုသော ပဋိသမ္ပိဒ
ဆဠာဘိဉာရဟန္တာအရှင်မြတ်
အပါး ၅၀၀က ခုနှစ်လတိုင်တိုင်
အမျိုးအစားအလိုက်၊ အရွယ်အ
စားအလိုက် စနစ်တကျစုစည်းပြီး
စုပေါင်းရွတ်ဆိုမှတ်တမ်းတင်ခဲ့ပြီး
နောက် ပိဋကတ်သုံးပုံ စတင်ပေါ်
ပေါက်ခဲ့ပါတယ်။

ပိဋကတ်သုံးပုံ

ဝိနယ ပိဋကတ်၊
အဘိဓမ္မာ ပိဋကတ်နှင့်
သုတ္တန္တ ပိဋကတ်
ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဝိနည်းပိဋကတ် = ဝိနည်း (၅) ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ (၇) ကျမ်း
သုတ္တန္တပိဋကတ် = ထိုမှ ကြွင်းသော ဗုဒ္ဓ
စကားတော်များကို သုတ္တန္တ ပိဋကတ်၌ ထည့်သွင်းသည်။ (၃၇) ကျမ်းရှိသည်

ပိဋကတ်သုံးပုံစုစုပေါင်း (၄၉) ကျမ်း ဖြစ်သည်။

အကျယ်ကို သိလိုပါက
အောက်ပါ Linkတွင် Download
လုပ်ပြီး ဖတ်နိုင်ပါသည်

https://spsuygn.edu.mm/book/bdhhgen-22/detail

ငှက်ပစ်တောင် သမိုင်းဓမ္မရံကြီးဘုရား သမိုင်းဗူးဘုရား သမိုင်းမန်းရွှေစက်တော် သမိုင်းမိတ္ထိလာကန် သမိုင်းပုံကိုထောက်၍ ဖတ်ရှူ...
28/06/2022

ငှက်ပစ်တောင် သမိုင်း

ဓမ္မရံကြီးဘုရား သမိုင်း

ဗူးဘုရား သမိုင်း

မန်းရွှေစက်တော် သမိုင်း

မိတ္ထိလာကန် သမိုင်း

ပုံကိုထောက်၍ ဖတ်ရှူနိုင်ပါသည်📖

’sSignature

Address

Thingangyun

Telephone

+959404627057

Website

Alerts

Be the first to know and let us send you an email when Myanmar's Signatures posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar's Signatures:

Share

Category