MLC Plus

MLC Plus Support Myanmar Lethwei Sport...

မားကတ်တင်းဆိုတာ
04/07/2025

မားကတ်တင်းဆိုတာ

Thai Fight ကို အားပေးကြရအောင်။
04/07/2025

Thai Fight ကို အားပေးကြရအောင်။

Congratulations ပါ ဗန်။ဂျောရှူဝါဗန် ဟာ အနိုင်ရရှိသွားပြီ ဖြစ်လို့  ချန်ပီယံကို စိန်ခေါ်ခွင့်ရရှိပါပြီ။ နိုင်လည်းနိုင် ၊ ...
29/06/2025

Congratulations ပါ ဗန်။
ဂျောရှူဝါဗန် ဟာ အနိုင်ရရှိသွားပြီ ဖြစ်လို့ ချန်ပီယံကို စိန်ခေါ်ခွင့်ရရှိပါပြီ။ နိုင်လည်းနိုင် ၊ အကောင်းဆုံးပွဲအဖြစ်လည်း ဘောနပ်ရ၊ ချန်ပီယံခါးပတ်နားကိုလည်း ရောက်ရှိလာခဲ့ပါပြီ။ ဗန်ဟာ အခုဆိုရင် UFC မှာ ပထမဦးဆုံးသော အောင်မြင်​သော မြန်မာပြည်ဖွား ဖိုက်တာ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ မျက်စိရှေ့မှာ ဗန်ဟာ အားကစားကို အခြေခံပြီး သန်းကြွယ်သူဌေး တစ်ယောက် အဖြစ် မြင်လာရတော့မှာ ဖြစ်ပါတယ်။

Photo Credit - UFC


မွေထိုင်းရဲ့ သက်တမ်းရှည်ဖိုက်တာကြီး ဆန်ချိုင်းနဲ့  မြန်မာဖိုက်တာ ကိုလှဝင်း တို့ကို ခေါင်ပွဲအဖြစ် Thai Fight တနာက်လ ဇူလို...
27/06/2025

မွေထိုင်းရဲ့ သက်တမ်းရှည်ဖိုက်တာကြီး ဆန်ချိုင်းနဲ့ မြန်မာဖိုက်တာ ကိုလှဝင်း တို့ကို ခေါင်ပွဲအဖြစ် Thai Fight တနာက်လ ဇူလိုင် ၆ ရက်​နေ့မှာ ပွဲတည်ထားပါတယ်။ ကိုလှဝင်းဟာ ဆန်ချိုင်းနဲ့ ထိုးတဲ့မြန်မာဖိုက်တာတွေထဲမှာ ဒုတိယမြောက်ကစားခွင့်ရထားတဲ့သူဖြစ်ပါတယ်။ ပထမဆုံးကစားဖူးတာတော့ မင်းရဲကျော်စွာဖြစ်ပါတယ်။ ရှုံးရှုံးနိုင်နိုင် အားပေးကြရမှာ ကျတော်တို့ တာဝန်ပါ။ နိုင်ရင်တော့ အမြတ် အများကြီး ထွက်မှာပါ။


ဗန် ကတော့ UFC မှာ ထွန်းတောက်နေပါပြီ။ ယခုပွဲ နိုင်ခဲ့လျှင်တော့ တော်တော်လေး ခရီးပေါက်ပါပြီ။ အားပေးကြပါစို့။
26/06/2025

ဗန် ကတော့ UFC မှာ ထွန်းတောက်နေပါပြီ။ ယခုပွဲ နိုင်ခဲ့လျှင်တော့ တော်တော်လေး ခရီးပေါက်ပါပြီ။ အားပေးကြပါစို့။

မြန်မာတွေပျော်တဲ့ One Friday Fight 112-ယနေ့ ဇွန် ၁၃ One Friday Fight 112 မှာ မြန်မာလက်ဝှေ့သမား ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ပြီ...
13/06/2025

မြန်မာတွေပျော်တဲ့ One Friday Fight 112
-
ယနေ့ ဇွန် ၁၃ One Friday Fight 112 မှာ မြန်မာလက်ဝှေ့သမား ၃ ဦးဝင်ရောက်ယှဉ်ပြိုင်ပြီး နှစ်ဦးက အလဲထိုးနဲ့နိုင်ပြီး တဦးကတော့ အမှတ်နဲ့ ရှုံးတာက ရှုံးပွဲဆက်နေတဲ့ လက်ဝှေ့ပရိသတ်တွေအတွက် ဒီညဟာ စိတ်သက်သာရာ ရစေမှာပါ ၊ မာဂုဏ်လို့ခေါ်တဲ့ခံနိုင်ရည်တခုတည်းရှိတာမဟုတ်ဘဲ လက်ဝှေ့အရည်အသွေးပြည့်ဝသူ သွေးလင်းထက်နှင့် စောမင်းမင်းတို့ ဝမ်းစင်မြင့်ကိုရောက်လာခြင်းက လာခြင်းကောင်းခဲ့ပါပြီ။ မိုးထက်အောင်ကတော့ မြင်းကောင်းခွါလိပ်လို့ပဲ ဆိုရမှာပါ။ စောမင်းမင်းက ဩစတေးလျသား ပြိုင်ဘက်ကို သုံးချီမြောက်မှာ ခက်ခက်ခဲခဲအလဲထိုးလိုက်ရပြီး၊ သွေးလင်းထက်ကတော့ ပြိုင်ဘက် ခရစ်ပတ်ကို နောက်ပြန်တံတောင်ရိုက်ပြပြီး အမှောက်သိပ်လိုက်နိုင်ခြင်းက ဂုဏ်ရှိလွန်းခဲ့ပါတယ်၊ ဒါကြောင့်လည်း ဘောနပ်စ်ဆုကြေးကိုလည်း ဘတ်သုံးသိန်းခွဲပိုက်သွားပါတယ်။ မိုးထက်အောင်ကတော့ ပြိုင်ဘက် ခွန်ပွန်နွိုင်းကို အမှတ်နဲ့ရှုံးနိမ့်သွားရပါတယ်။

ဒီနေ့ကျင်းပမယ့် One Friday Night 112 ပွဲမှာ သွေးလင်းထက် ၊ မိုးထက်အောင် နဲ့ စောမင်းမင်း တို့ ပါဝင်ကြပါတယ်။ သွေးလင်းထက် ကိ...
13/06/2025

ဒီနေ့ကျင်းပမယ့် One Friday Night 112 ပွဲမှာ သွေးလင်းထက် ၊ မိုးထက်အောင် နဲ့ စောမင်းမင်း တို့ ပါဝင်ကြပါတယ်။ သွေးလင်းထက် ကို ဒုခေါင်ပွဲ ပေးထားတာကို တွေ့ရပါတယ်။

တတိယအချီမှာ ဗန် (Joshua Van) TKO ဖြင့် အနိုင်ရက
08/06/2025

တတိယအချီမှာ ဗန် (Joshua Van) TKO ဖြင့် အနိုင်ရက

စူပါရေချမ်း ကိုတော့ အမှတ်ပေးဒိုင်များက အရှုံးပေးလိုက်ပါတယ်။
30/05/2025

စူပါရေချမ်း ကိုတော့ အမှတ်ပေးဒိုင်များက အရှုံးပေးလိုက်ပါတယ်။

ထွန်းမင်းအောင်က One Friday Fights 110 ပွဲစဉ်မှာ  ပြိုင်ဘက်မွေထိုင်းကို အလဲထိုးပြီး ဘောနပ်စ် ဘတ် ၃ သိန်းခွဲရရှိခဲ့ပါပြီ။ ...
30/05/2025

ထွန်းမင်းအောင်က One Friday Fights 110 ပွဲစဉ်မှာ ပြိုင်ဘက်မွေထိုင်းကို အလဲထိုးပြီး ဘောနပ်စ် ဘတ် ၃ သိန်းခွဲရရှိခဲ့ပါပြီ။

တစ်ချိန်က ရွှေခါးပတ်ချတ်ပီယံ ဦးနိုင်ဝမ်းလေး(ခ)ဦးမြင့်ကျော်ထွေး (၄၅)နှစ် ၃၀.၅.၂၀၂၅ မနက် ၄နာရီ၁၀မိနစ် တွင်ကွယ်လွန်သွားပါကြ...
30/05/2025

တစ်ချိန်က ရွှေခါးပတ်ချတ်ပီယံ ဦးနိုင်ဝမ်းလေး(ခ)ဦးမြင့်ကျော်ထွေး (၄၅)နှစ် ၃၀.၅.၂၀၂၅ မနက် ၄နာရီ၁၀မိနစ် တွင်ကွယ်လွန်သွားပါကြောင်း၊၁.၆.၂၀၂၅ တွံတေးမြို့၊အိုးဘိုသုဿန်သို့ နေ့လည့် ၁၂နာရီ ပို့ဆောင်သဂြိုလ်ပါမည်။ ရပ်နီးရပ်ဝေးမှာ ငယ်သူချင်း၊မိတ်‌ေဆွများအား ကျန်ရစ်သူမိသားစုများမှာဖိတ်ကြားအပ်ပါသည်။

credit - Ko Ka Yin

ယနေ့ည One Championship ပွဲစဉ်များတွင် မြန်မာ ကစားသမား စူပါရေချမ်း နဲ့ ထွန်းမင်းအောင် တို့ ပါဝင်ကြမှာဖြစ်ပါတယ်။ စူပါရေချမ...
30/05/2025

ယနေ့ည One Championship ပွဲစဉ်များတွင် မြန်မာ ကစားသမား စူပါရေချမ်း နဲ့ ထွန်းမင်းအောင် တို့ ပါဝင်ကြမှာဖြစ်ပါတယ်။ စူပါရေချမ်းက ဂျပန်ကစားသမား မူဂါ နဲ့ လည်းကောင်း ထွန်းမင်းအောင် က ထိုင်းကစားသမား Chatpet နဲ့လည်းကောင်း ထိုးသတ်ကြမှာ ဖြစ်ပါတယ်။ One Championship ရဲ့ Facebook နဲ့ YouTube တို့က တိုက်ရိုက်ထုတ်လွင့်မှာ ဖြစ်ပါတယ်။

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959883825323

Alerts

Be the first to know and let us send you an email when MLC Plus posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MLC Plus:

Share

Category