The Classic Rec

The Classic Rec Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Classic Rec, Record Label, Thingangyun.

15/06/2025
09/06/2025

Underground To Stage အစီအစဉ် မကြာခင် စတင်တော့မှာပါ ၊ သီချင်းပေးပို့ ယှဉ်ပြိုင်လိုသူများလည်း Underground To Stage ကို ဆက်သွယ်ပြီး သီချင်းပို့လို့ ရပါ‌သေးတယ် ခင်ဗျာ 💯✌️

19/05/2025

J Dilla ၊ Sampling လောကကိုတဆစ်ချိုးပြောင်းလဲခဲ့သူ

Detroit, Michigan က ပေါက်ဖွားလာသူ၊ 1990 ခုနှစ်များက စလို့ Undergorund လောကထဲ စကျင်လည်ခဲ့ပါတယ် ၊

Sample Revolution
================

J Dilla က Sampling လောကကို ပြောင်းလဲလိုက်တဲ့သူလို့
ပြောကြတယ် ၊ ဘာကြောင့်လဲဆိုတော့ Micro Chopping လို့ ခေါ်တဲ့ Sample ဖြတ်တောက်ပုံ
အယူအဆတွေကြောင့်ပါ၊ သူ့ရဲ့ Micro Chopping တွေက ယနေ့အချိန်ထိ Hip Hop Producer တိုင်းကိုလွှမ်းမိုးထားနိုင်ခဲ့တယ် ၊

နောက်တစ်ခုက Drum Quantization ကိုပိုင်နိုင်တဲ့ Sampler တစ်ယောက်ဆိုပြီး Quest Love တို့တောင် လေးစားရတဲ့သူ ၊
9th Wonder တို့လို Producer တွေတောင် သူရဲ့ Micro Chopping တွေကို ကျောင်းတွေမှာထည့်သွင်း သင်ကြားနေရတုန်း ၊

J Dilla က အနေအေးတယ် ၊ သူအောင်မြင်မှုကို သူကိုယ်တိုင် တိတ်တိတ်ကလေး စားသုံးတဲ့သူ ၊
သူ့ပုံတွေ TV Magazine မှာပါလာတာတောင် သူ့မိသားစုကိုအသိမပေးပဲ အေးဆေး လုပ်စရာရှိတာ လုပ်နေတဲ့သူမျိုး ၊

Donuts သို့မဟုတ် J Dilla
==================

Donuts လို့ အမည်ရတဲ့ Studio Album က သူ့ရဲ့ ၃၂ နှစ်ပြည့် မွေးနေ့မှာ ထွက်ရှိခဲ့တာ ၊
သူမကွယ်လွန်ခင် သုံးရက်မြောက်နေ့မှာ Boss က ထုတ်တဲ့ SP 303 နဲ့ ဆေးရုံထဲမှာ Sampling တွေလုပ်ခဲ့ပြီး ဒီအခွေထွက်ရှိလာတာပါ

Donut ဆိုတဲ့ ပုံစံအတိုင်း စက်ဝိုင်းသဏ္ဍာန် loop တစ်ခုလိုဖြစ်နေပြီး
အချိန်တိုင်းပြန်နားထောင်လို့ရစေမယ့် သဘောမျိုးနဲ့
Looping Concept အနေနဲ့ဒီအခွေနာမည်ကိုပေးခဲ့ခြင်းဖြစ်သလို

နောက်တစ်မျိုး အနေနဲ့
သူရဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ဒီအခွေကို အမြဲနားထောင်စေချင်တဲ့ ဆန္ဒတစ်ခုအနေနဲ့ ပေးခဲ့တာလည်းဖြစ်ပါတယ် ၊

J Dilla က Donuts ကို နှစ်ခြိုက်သဘောကျသူပါ
သူဆေးရုံတက်နေရတဲ့ အချိန်တွေမှာတောင် Donuts တွေ စားနေခဲ့တယ်လို့ သူ့ရဲ့ သူငယ်ချင်းတွေက ပြောပြပါသေးတယ်၊

ဒီအခွေထဲမှာ Sample Chopping အရသာကို သိသိသာသာ လုပ်ပြသွားတဲ့ အခွေပေါ့ ၊ နောက်ပိုင်း J Dilla ကွယ်လွန်ပြီးမှ ထွက်လာခဲ့တဲ့ အခွေတွေကတော့ နည်းနည်းနောနောပဲဗျ ၊ Youtube မှာ အေးဆေး ရှာနားထောင်လို့ရပါတယ် ၊

J Dilla က Soul နဲ့ Jazz ကို ပိုဦးစားပေး Sampling လုပ်တဲ့ Producer သူ့ရဲ့ Album တွေနားထောင်ရင်တော့ ပိုသိနိုင်ပါတယ် ၊ Timing တွေဖမ်းရသိပ်ခက်တဲ့ ဂီတကိုမှ ရွေးချယ် Sampling လုပ်တဲ့ သူတစ်ဦးဆိုလည်း မမှားနိုင်ပါ၊

National Museum of African American History and Culture ပြတိုက်မှာတော့ J Dilla ရဲ့ အမွေအနှစ်တွေဖြစ်တဲ့
Akai MPC 3000 နဲ့ Minimoog Voyager ကို ပြသထားခဲ့ပါတယ် ။

J Dilla ( 1974 -2006 )


The Classic Joint
06/05/2025

The Classic Joint

06/05/2025
05/05/2025

hit the classic rec 🏠

25/03/2025

✌️

https://www.facebook.com/share/p/1BTHkRzaHc/?mibextid=wwXIfr
09/02/2025

https://www.facebook.com/share/p/1BTHkRzaHc/?mibextid=wwXIfr

West Coast Hip Hop ရဲ့ အကြီးမားဆုံးပြောင်းလဲခဲ့တဲ့ 8th Note Piano လက်သံဟာ The Root ရဲ့ Member တစ်ယောက်ဖြစ်တဲ့ Scott Storch ဆီက ထွက်ပေါ်လာခဲ့တာပါ ၊

ကျွန်တော်အပါအဝင် Hip Hop Music Producer တော်တော်များဟာ Scott ရဲ့ Half Note နဲ့ 8th Note Piano Pattern အယူအဆတွေကို inspiration လုပ်ခဲ့ရတာ adopted လုပ်ခဲ့ရတာပါပဲ ၊

ဒီတီးခတ်မှု Style ဟာ Soul Piano Stuff တွေက
Origin အဖြစ်ဆင်းသက်လာတာလည်း လေ့လာတွေ့ရှိရပါတယ် ၊

Scott ရဲ့ Piano Stuff Variation , Pattern အယူအဆတွေက ခုချိန်ထိလေ့လာသင်စရာတွေ
မကုန်ခမ်းနိုင်ပါဘူး ၊

8th Note Piano နဲ့ Strumming ကိုအခြေခံပြီးဖန်တီးတဲ့ west coast hip hop လို့ပြောရင် Scott ကိုမေ့ထားလို့မရပါဘူး ၊ ဒီအချိုးအကွေ့ဟာ New York က ငနဲ တွေတောင် မျက်ခုံးလှုပ်စရာအဖြစ်တော်တော်ကြီးကိုပြောင်းလဲခဲ့တဲ့ Impact တစ်ခုအချိုးအကွေ့တစ်ခုပါ ၊

90’s Sampling တွေခေတ်ထနေချိန်မှာ Instrumentalist တစ်ယောက်ထကြမ်းတဲ့ ဂီတ တစ်ခုလို့တောင်ပြောလို့ရပါတယ် ၊ ဒါဟာလည်း Dr.Dre ရဲ့ Aftermath ရဲ့ label အောက်ကထွက်ရှိတဲ့ Music တွေဆိုလည်း မမှားနိုင်ပါ ၊ Dr.Dre ရဲ့ Still Dre , Xzibit ရဲ့ X , အစရှိသဖြင့် ၊

နောက်တစ်ခုက Pitch Bending လုပ်ပြီး ဖန်တီးတဲ့ Scott ရဲ့ Arabic Scale တွေဟာလည်း မေ့ထားလို့မရပါဘူး ၊

Fat Joe ရဲ့ lean Back , 50 Cent ရဲ့ candy shop စတဲ့ Middle East နဲ့ Hip Hop ရောသမခဲ့တဲ့
Scott Storch ရဲ့ Beat တွေ သီချင်းတွေ နားထောင်ရင် သိနိုင်ကြားနိုင်ပါတယ်ခင်ဗျ ၊

Scott Storch ရဲ့ Piano လက်သံတွေနားထောင်ရင်း
အတွေးတွေနယ်ချဲ့ရင်း ထုတ်နုတ်ရေးသားလိုက်ပါတယ် ။

08/02/2025

🎵

🎵💯
03/02/2025

🎵💯

BOZ aka Beginning of Zero

Address

Thingangyun

Alerts

Be the first to know and let us send you an email when The Classic Rec posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category