
30/07/2025
■ ရုရှား၏အရှေ့ဖျားဒေသတွင် ရစ်ချ်တာစကေး ၈ ဒသမ ၈ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီး ဆူနာမီလှိုင်းများဖြစ်ပွား
ရုရှားနိုင်ငံအရှေ့ဖျားရှိ ကမ်ချက်ကာကျွန်းဆွယ်၏ ကမ်းလွန်တွင် ဇူလိုင် ၃၀ ရက်က ရစ်ချ်တာစကေး ၈ ဒသမ ၈ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့ပြီးနောက် သုံးမီတာနှင့် လေးမီတာရှိ ဆူနာမီလှိုင်းများ ဖြစ်ပွားခဲ့သည်ဟု ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။
ပထမဆုံး ဆူနာမီလှိုင်းမှာ တစ်ပေကျော်အထိရှိခဲ့ပြီး ဂျပန်နိုင်ငံမြောက်ပိုင်းဟော့ကိုင်ဒိုးစီရင်စုနယ်၏ မြို့တစ်မြို့ကို ရိုက်ခတ်ခဲ့ကာ နောက်ထပ် ပိုမိုကြီးမားသည့် ဆူနာမီလှိုင်းလုံးများ ရိုက်ခတ်လာနိုင်ကြောင်း အာဏာပိုင်များက သတိပေးခဲ့သည်။
အမေရိကန်၏ ဟာဝိုင်အီပြည်နယ် အုပ်ချုပ်ရေးမှူး ဂျို့ရှ်ဂရင်းကလည်း ဒေသခံများကို ဘေးလွတ်ရာ တိမ်းရှောင်ရန်တိုက်တွန်းထားသည်။
ထို့ပြင် အမေရိကန်၏ ဂူအမ်ကျွန်းအပါအဝင် မြောက်အမေရိက၏ အနောက်ဘက်ကမ်းရိုးတန်းများတွင် ဆူနာမီလှိုင်းများရိုက်ခတ်နိုင်သည့် သတိပေးချက်များကိုလည်း ထုတ်ပြန်ထားသည်။
■ Read More - - - >>>https://news-eleven.com/article/304866
Ref: BBC
■ Eleven Website: https://news-eleven.com
■ Eleven Broadcasting YouTube: https://m.youtube.com/c/elevenwebtv11
■ Eleven Sports YouTube: https://m.youtube.com/c/ElevenSports11
■ Eleven Telegram Channel : https://t.me/elevenmediagroup
■ Eleven Viber : https://vb.me/elevenmediagroup