Women Tips Myanmar

Women Tips Myanmar Health Care, Beauty, Fitness, Nutrition, Law

09/11/2020

(၉-၁၁-၂၀၂၀)ည (၈:၀၀)နာရီ
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၅၉၈) ဦး တွေ့ရှိရပါသည်။🥰🥰

06/11/2020

(၆-၁၁-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁,၃၄၂)ဦး တွေ့ရှိရပါသည်။😭😭😭

04/11/2020

(၄-၁၁-၂၀၂၀)ည (၈:၀၀) နာရီ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်(၁,၁၃၆)ဦး တွေ့ရှိရပါသည်။😷😭

အမျိုးသမီးမွေးလမ်းကြောင်းကျယ်လာခြင်း၊လျော့ရဲလာခြင်း💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜အမျိုးသမီးကျန်းမာရေးအကြောင်းသိကောင်းစရာအစီအစဉ်💜(အမေး...
03/11/2020

အမျိုးသမီးမွေးလမ်းကြောင်းကျယ်လာခြင်း၊လျော့ရဲလာခြင်း
💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜

အမျိုးသမီးကျန်းမာရေးအကြောင်းသိကောင်းစရာအစီအစဉ်
💜(အမေး၊အဖြေ အစီအစဉ်)
💜ည (၈) နာရီ ( ၆.၁၁.၂၀၂၀)
💜သားဖွားမီးယပ်ဆရာဝန်ကြီးကိုုယ်တိုုင် အမျိုးသမီးကျန်းမာရေးနှင့်ပါတ်သက်ပြီး ကျန်းမာရေးဗဟုုသုုတများကိုု ဝေမျှပေးသွားမှာဖြစ်ပါတယ်။

မေးလိုုသည့်မေးခွန်းများကိုု ယခုုPost ၏ Message Box မှနေပြီး ပေးပိုု့မေးမြန်းထားနိုုင်ပါတယ်။ အဆိုုပါမေးခွန်းများကိုု ၆.၁၁.၂၀၂၀ ရက်နေ့ ည ၈ နာရီ Facebook Live အစီအစဉ်တွင် ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
ထိုု့အပြင် ထပ်မံမေးလိုုသည်များရှိပါကလည်း အဆိုုပါ Facebook Live အစီအစဉ်တွင်လည်းမေးမြန်းနိုုင်ပါတယ်

💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜💜

💜(အမေး၊အဖြေ အစီအစဉ်)
💜ည (၈) နာရီ ( ၆.၁၁.၂၀၂၀)
💜သားဖွားမီးယပ်ဆရာဝန်ကြီးကိုယ်တိုင် အမျိုးသမီးကျန်းမာရေးနှင့်ပါတ်သက်ပြီး ကျန်းမာရေးဗဟုသုတများကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

မေးလိုသည့်မေးခွန်းများကို ယခုPost ၏ Message Box မှနေပြီး ပေးပို့မေးမြန်းထားနိုင်ပါတယ်။ အဆိုပါမေးခွန်းများကို ၆.၁၁.၂၀၂၀ ရက်နေ့ ည ၈ နာ၇ီ Facebook Live အစီအစဉ်တွင် ဖြေကြားပေးသွားမှာဖြစ်ပါတယ်။
ထို့အပြင် ထပ်မံမေးလိုသည်များရှိပါကလည်း အဆိုပါ Facebook Live အစီအစဉ်တွင်လည်းမေးမြန်းနိုင်ပါတယ်။



03/11/2020

(၃-၁၁-၂၀၂၀) ည (၈:၀၀) COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၁၉၇)ဦး တွေ့ရှိရပါသည်။😭😭😭

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း)အဓိပ္ပါယ်ဖွင့်ဆိုချက်Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကဘာလဲ။မိန်းမကိုယ် ...
02/11/2020

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကဘာလဲ။
မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများဟာ တင်ပါးဆုံ အစိတ်အပိုင်းများကို ထောက်ပံ့ပေးပါတယ်။ ထိုထဲတွင် fascia အပေါ်ယံလွှာ လည်းပါဝင်ပါတယ်။ ထိုထောက်ပံ့ပေးနေသော မိန်းမကိုယ် အတွင်းနှင့် ဝန်းကျင်ရှိ ကြွက်သားများ၊ အရွတ်များ နှင့် အရေပြားများ အားနည်းလာပါက မိန်းမကိုယ် ကျွံခြင်း vaginal prolapse ကိုဖြစ်စေပါတယ်။

Vaginal prolapse ဆိုသည်မှာ သားအိမ်၊ ဝမ်းအိမ်၊ ဆီးအိမ်၊ ဆီးလမ်းကြောင်း၊ အူသိမ်၊ သို့မဟုတ် မိန်းမကိုယ် ကိုယ်တိုင်ဟာ ကျွံထွက်လာခြင်းဖြစ်ပါတယ်။ ကုသမှုမလုပ်ပါက တဖြည်းဖြည်း ပိုကျွံလာနိုင်ပါတယ်။

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
Vaginal prolapse ရဲ့ ရောဂါလက္ခဏာတွေက vaginal prolapse အမျိုးအစားပေါ် မူတည်ပါတယ်။

အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့-

မိန်းမကိုယ်ဝန်းကျင်တွင် ခိုးလိုးခုလုခံစားရခြင်း။ တစ်ခုခု ကျလာသလို ခံစားရခြင်း။

ရောဂါ ပိုရင့်လာပါက ရောဂါလက္ခဏာများလည်း ပိုဆိုးလာပါတယ်။

အောက်ပါတို့မှာ vaginal prolapse မည်သည့်အမျိုးအစားတွင်မဆို တွေ့နိုင်ပါတယ်။

-မိန်းမကိုယ် သို့မဟုတ် တင်ပါးစုံ ဝန်းကျင်တွင် တစ်ခုခု ဖိအားများလာသလို ခံစားရခြင်း

-လိင်ဆက်ဆံလျှင် နာကျင်ခြင်း

-မိန်းမကိုယ် အဝတွင် အလုံးတွေ့ခြင်း

-လှဲအိပ်လိုက်ပါက နာကျင်မှု နှင့် ခိုးလိုးခုလု ဖြစ်ခြင်း သက်သာခြင်း

-မကြာခဏ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

အောက်ပါတို့မှာ vaginal prolapse အချို့အမျိုးအစားများတွင်သာ တွေ့နိုင်ပါသည်။

-ဝမ်းသွားရခက်ခြင်း- ထိုလက္ခဏာမှာ အူ သို့မဟုတ် ဝမ်းအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဝမ်းအကုန်သွား ရန် မိန်းမကိုယ် အနောက်ဘက်နံရံကို လက်ချောင်းဖြင့် ဖိရတတ်ပါတယ်။ Splinting ဟုခေါ်ပါတယ်။

-ဆီးသွားရခက်ခြင်း- ထိုလက္ခဏာမှာဆီးအိမ်/ အူ /ဝမ်းအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

-ဝမ်းချုပ်ခြင်း- ဝမ်းအိမ် ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။

-ဆီးအောင့်/ဆီးကျန်ခြင်း- ဆီးအိမ် ရော ဝမ်းအိမ်ပါ တစ်ပြိုင်တည်း ကျွံပါက တွေ့ရသော လက္ခဏာဖြစ်ပါတယ်။

-မတ်တပ် အကြာကြီးရပ်ပြီး နာကျင်မှု ပိုဆိုးခြင်း- ထိုလက္ခဏာမှာ အူ / သားအိမ် သို့မဟုတ် မိန်းကိုယ်နံရံ ကျွံခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

-မိန်းမကိုယ် အနောက်ဘက် နံရံတွင် အလုံးထွက်ခြင်း- ဝမ်းအိမ် ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။

– မိန်းမကိုယ် အရှေ့ဘက် နံရံတွင် အလုံးထွက်ခြင်း- ဆီးအိမ်/ဆီးလမ်းကြောင်း ကျွံခြင်းရဲ့ အဖြစ်များဆုံး လက္ခဏာဖြစ်ပါတယ်။

-မိန်းမကိုယ် အဝကျယ်လာခြင်း- မိန်းမကိုယ်နံရံပါ ကျွံကျပါက တွေ့ရသော လက္ခဏာဖြစ်သည်။

-အချို့အမျိုးသမီးများတွင် မည်သည့်လက္ခဏာမှ မပြချေ။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကိုဘာတွေကဖြစ်စေသလဲ
မီးဖွားခြင်း(အထူးသဖြင့် ကလေးကြီးပါက)- မီးဖွားခြင်းဟာ မိန်းမကိုယ်အတွင်းနဲ့ ဝန်းကျင်ရှိ ကြွက်သား၊ အရွတ်နှင့် တစ်ရှူးများ ကို ပျက်ဆီးစေသည်။ မီးဖွားချိန်ကြာခြင်း၊ ခက်ခဲစွာမွေးရခြင်း တို့တွင် ပိုဆိုးပါတယ်။ မီးဖွားခြင်းဟာ ဆီးအိမ်ကို မိန်းမကိုယ်ထဲသို့ လည်းကျွံစေပါတယ်။ ဆီးအိမ်ကျွံခြင်း နှင့် ဆီးလမ်းကြောင်းကျွံခြင်း တို့ဟာ တွဲဖြစ်တတ်ပါတယ်။ ထိုအခြေအနေကို cystourethrocele ဟုခေါ်ပါတယ်။

-သွေးဆုံးခြင်း- Estrogen ခေါ် အမျိုးသမီး ဟော်မုန်းသည် တင်ပါးဆုံဝန်းကျင် အစိတ်အပိုင်းများ ကို ထောက်ပံ့ပေးသော ကြွက်သားများသန်မာစေရန် ကူညီပေးပါတယ်။ သွေးဆုံးပြီးပါက ထိုဟော်မုန်းနည်းသွားပြီး ကြွက်သားများလည်း အားနည်းလာပါတယ်။

-သားအိမ်ထုတ်ခြင်း- သားအိမ်ဟာလည်း မိန်းမကိုယ် ဝန်းကျင် အစိတ်အပိုင်းများ ကို ထောက်ပံ့ပေးပါတယ်။ သားအိမ်ထုတ် လိုက်ပါက မိန်းမကိုယ် ဝန်းကျင် အစိတ်အပိုင်းများသည် မိန်းမကိုယ်အဝဆီသို့ ကျွံကျလာပါတယ်။ vaginal vault prolapse

လို့ခေါ်ပါတယ်။ ထိုအခါ ဘေးရှိ အရွတ်များကိုလည်း ထိခိုက်စေပါတယ်။ သားအိမ်ထုတ်ခြင်းဟာ အူကျွံခြင်းနှင့် တွဲတွေ့ရတတ်ပါတယ်။

ဖြစ်နိုင်ခြေများ
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
vaginal prolapse ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

-အသက်အရွယ်ကြီးခြင်း

-အဝလွန်ခြင်း

-အာရုံကြောများ ပုံမမှန်ခြင်း

-တွယ်ဆက်ကြွက်သားများ ပုံမမှန်ခြင်း

-အလွန်ပြင်းထန်သော လှုပ်ရှားမှုများ လုပ်ခြင်း

-တင်ပါးဆုံဝန်းကျင် ခွဲစိပ်မှု မလုပ်ခင်

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ့vaginal prolapse မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
ရောဂါ လက္ခဏာမပြသော အမျိုးသမီးများတွင် ပုံမှန် အမျိုးသမီး ရောဂါစမ်းသပ် စစ်ဆေးမှုပြုလုပ်ရင်း vaginal prolapse ရှိမှန်း သတိထားမိကြပါတယ်။ အမျိုးသမီးရောဂါ ဆရာဝန်များက ဒီရောဂါကို ရောဂါရာဇဝင်မေးမြန်းခြင်း နှင့် စမ်းသပ်မှုများပြုလုပ်ခြင်းဖြင့် အတည်ပြုနိုင်ပါတယ်။ ဓါတ်ခွဲစမ်းသပ်မှုများနှင့် ဓါတ်မှန်ရိုက်ခြင်းတို့ မလိုသလောက်ရှားပါတယ်။

ဆီးအိမ်လုပ်ငန်း စမ်းသပ်မှု နှင့် တင်ပါးဆုံဝန်းကျင် သန်စွမ်းမှု စမ်းသပ်မှု များပြုလုပ်နိုင်ပါတယ်။

Pelvic floor strength test; ဒီစမ်းသပ်မှုဟာ တင်ပါးဆုံဝန်းကျင် ကြွက်သားများ နှင့် အရွတ်များ သန်စွမ်းမှုကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ ထိုစမ်းသပ်မှု ပုံမမှန်ပါက vaginal prolapse ရောဂါ အတည်ပြုရာတွင် အထောက်အကူပြုနိုင်ပါတယ်။

ဆီးအိမ်လုပ်ငန်း စမ်းသပ်မှု; urodynamics ဟုလည်းခေါ်ပါတယ်။ ဆီးအိမ်၏ ဆီးသိုလှောင်ထားနိုင်မှု နှင့် ဆီးစွန့်ပေးနိုင်မှုစွမ်းရည်ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။ နည်းလမ်းနှစ်ခုဖြင့် စမ်းသပ်နိုင်ပါတယ်။

Uroflowmetry – ဆီးသွား သောပမာဏနှင့် ဆီးသွားနှုန်းကို စမ်းသပ်ခြင်းဖြစ်ပါတယ်။
Cystometrogram- ဆီးအိမ်ကို ဆီးပိုက်မှ တစ်ဆင့် ရေဖြည့်ကာ ထို့နောက် ဆီးသွားပါက ဆီးပမာဏကို တိုင်းတာခြင်းဖြစ်ပါတယ်။
Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) ကို ဘယ်လိုကုသပါသလဲ
ခါးအောက်ပိုင်းလေ့ကျင့်ခန်းများ လုပ်ခြင်းဖြင့် ကြွက်သားများကို သန်မာစေပါတယ်။
Pessary, a vinyl ring ကိရိယာလေးကို မိန်းမကိုယ်ထဲထည့်ခြင်းဖြင့် မိန်းမကိုယ် နံရံ ကျွံကျမလာစေရန် ထိန်းပေးနိုင်ပါတယ်။
ခွဲစိပ် ကုသမှုများ

အထက်ပါ နည်းလမ်းများ နှင့်မသက်သာပါက ဆရာဝန်က ခွဲစိပ်ကုသမှုကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ခွဲစိပ်ဆရာဝန်နှင့် တွေ့ပါက သင်၏ အသက်၊ ကျန်းမာရေးအခြေအနေ၊ အနာဂါတ် ကိုယ်ဝန်ယူရန် အစီအစဉ်များ၊ မိန်းမကိုယ် စွမ်းဆောင်ရည်ကို ပုံမှန်ထားချင်မှု ၊ မိန်းမကိုယ် ကျွံကျခြင်းပမာဏ တို့ပေါ်မူတည်၍ ခွဲစိပ်မှုကို ဆုံးဖြတ်ပါတယ်။

ဥပမာ သိသာထင်ရှားစွာ သားအိမ်ကျွံပါက သားအိမ်ထုတ်ခြင်း ကိုပြုလုပ်ရနိုင်ပါတယ်။ ထိုသို့သားအိမ်ထုတ်ရာတွင် နည်းလမ်းနှစ်ခု ရှိပါတယ်။ အများစုဟာ မိန်းမကိုယ်ကို ဖြတ်သန်း၍ ခွဲစိပ်ခြင်း ဖြစ်ပြီး အမာရွတ် မကျန်စေပါ။ ထိုနောက် laproscopy ကိုပြုလုပ်ရပါတယ်။

ဒီခွဲစိပ်နည်းများဟာ သေးငယ်သော ပြွန်လေးများကို သေးငယ်သော ခွဲစိပ်ရာ လေးထဲသို့ထည့်ကာ သားအိမ်ကို ပြင်ခြင်းဖြစ်ပါတယ်။ ထိုနည်းလမ်းများသည် အမာရွတ်ဖြစ်ခြင်း၊ သွေးဆုံးခြင်း၊ ဆေးရုံပေါ်နေရခြင်း တို့ကို လျော့နည်းစေပြီး လျင်မြန်စွာ ပြန်သက်သာစေပါတယ်။

Anterior colporrhaphy သည် မိန်းမကိုယ်၏ အရှေ့ဘက် နံရံကို သန်မာစေတဲ့ ခွဲစိပ်မှု ဖြစ်ပြီး Posterior colphrrhaphy သည် အနောက်ဘက် နံရံကို သန်မာစေတဲ့ ခွဲစိပ်မှု ဖြစ်ပါတယ်။ Laproscope သုံးသော ခွဲစိပ်မှုများကို ဆီးကျန်ခြင်း၊ အပေါ်ဘက် ကျွံကျခြင်းများနဲ့ သားအိမ်ထုတ်ပြီး မိန်းမကိုယ်ကို ထောက်ပံ့ ပေးလိုခြင်း တို့တွင်ပြုလုပ်လေ့ရှိပါတယ်။ ထိုနေရာတွင်အသင့် ပြုလုပ်ထားသော စကာကဲ့သို့ပစ္စည်း ကို ကျွံနေသော နေရာကို ထောက်ပံ့ပေးရန် ပစ္စည်းအဖြစ်အသုံးပြုနိုင်ပါသည်။

ဆေးရုံ ခဏသာတက်ရပါတယ်။ အများဆုံး နှစ်ရက်လောက်သာ ကြာနိုင်ပါတယ်။ ဆေးရုံဆင်းပါက အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေးများကို ဆက်သောက်ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက vaginal prolapse ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် vaginal prolapse ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

-Kegel လေ့ကျင့်ခန်း ကိုပုံမှန်ပြုလုပ်ခြင်းဖြင့် ခါးအောက်ပိုင်း ကြွက်သားများကို သန်မာစေပါတယ်။ မီးဖွားပြီး ပိုလုပ်သင့်ပါတယ်။

-ဝမ်းချုပ်မခံခြင်း- အရည်နှင့် အမျှင်ဓါတ်များများပါသော အသီးအရွက်၊ အစေ့အနှံများ စားသုံးခြင်း

-အလေးအပင်မခြင်းကို ရှောင်ကြဉ်ခြင်း။ မဖြစ်မနေ မ ရမည်ဆိုပါက ခါးနှင့် ကျောကို အားမပြုဘဲ ခြေထောက်ကို သာ အားပြုခြင်း

-ချောင်းဆိုးပါက ကုသခြင်း

-ဆေးလိပ်ရှောင်ခြင်း

-ကိုယ်အလေးချိန်ကို ပုံမှန်တွင် ထိန်းထားခြင်း

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဆေးပညာအချက်အလက်များကို Hello Sayarwon တွင်ရှာဖွေနိုင်ပြီး၊ Vaginal prolapse (မိန်းမကိုယ် ကျွံခြင်း) , ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ဖ...

02/11/2020

(၂-၁၁-၂၀၂၀) ည (၈:၀၀) နာရီ
COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ်(၁,၂၀၂)ဦး တွေ့ရှိရပါသည်။😭😭

01/11/2020

Libiaplasty
အမျိုးသမီးလိင်အင်္ဂါအဝကိုု ဖုုံးအုုပ်ထားတဲ့ အရေပြားအဖက်ကြီးနေတာကိုု သေးအောင် ခွဲစိတ်ပြုပြင်ခြင်းကိုုခေါ်ပါတယ်။

ရာသီသွေးအရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာမိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေးအရောင်ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွာ...
01/11/2020

ရာသီသွေးအရောင် အနုအရင့်က ဖော်ပြနေတဲ့ လက္ခဏာ

မိန်းကလေးတစ်ယောက်ရဲ့ ကျန်းမာရေးကို ရာသီသွေးအရောင်ကနေ သိနိုင်တယ်ဆိုရင် အံ့ဩသွားမလား။ ဥပမာ ဝါညိုရောင်သွေးဆင်းတာဟာ မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖော်ပြနေတတ်ပါတယ်။

ရာသီသွေးဆင်းချိန်မှာ သားအိမ်အတွင်းက သွေးနဲ့တစ်ရှူးတွေကို မိန်းမကိုယ်ကတဆင့် ခန္ဓာကိုယ်က စွန့်ထုတ်ပါတယ်။ သွေးဆင်းတဲ့အခါ သူရဲ့သက်တမ်းကိုမူတည်ပြီး အနီရဲရဲကနေ အညိုရင့် သို့မဟုတ် အမည်းရောင်အထိ အရောင်အနုအရင့်အမျိုးမျိုးနဲ့ ကွဲပြားနိုင်ပါတယ်။

ဟော်မုန်းအပြောင်းအလဲနဲ့ ကျန်းမာရေးပြဿနာတွေကလည်း ရာသီသွေးရဲ့အရောင်နဲ့ အသွင်ပုံစံကို သက်ရောက်မှုရှိနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ရာသီသွေးအရောင်က ဘယ်လိုအခြေအနေမျိုးတွေ မှာ ကွဲပြားကြတာလဲ၊ ဘာအကြောင်းရင်းတွေရှိနေတာလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုတာလဲ ဆိုတာတွေ ဖတ်ရှုရမှာပါ။

အမည်းရောင်
အမည်းရောင်ရှိတဲ့ ရာသီသွေးဟာ ရာသီစလာခါစ သို့မဟုတ် ပြီးခါနီးရက်မှာ လာတတ်ပါတယ်။ သွေးက သားအိမ်ထဲမှာ ကျန်နေတာကြာနေပြီး အောက်စီဂျင်နဲ့ဓာတ်ပြုဖို့ အချိန်ရခဲ့တဲ့လက္ခဏာဖြစ်ပါတယ်။ ဒါမှမဟုတ် မိန်းမကိုယ်အတွင်းထဲမှာ ပိတ်ဆို့မှုတစ်ခုဖြစ်နေတာကို ဖော်ပြနေတာလည်း ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်တွင်းပိတ်ဆို့မှုရဲ့ တခြားလက္ခဏာတွေထဲမှာ –

အနံ့ဆိုးတဲ့ အရည်ဆင်းတာ၊
ကိုယ်ပူတာ၊
ဆီးသွားရခက်တာ၊
မိန်းမကိုယ်အတွင်းနဲ့ တဝိုက်မှာ ယားယံ၊ ရောင်ရမ်းလာတာ တို့ပါဝင်ပါတယ်။
နီညိုရောင်
အမည်းရောင်ရာသီသွေးလိုပါပဲ ဒီအရောင်ကလည်း သွေးအဟောင်းဖြစ်ပြီး ဓမ္မတာရက်ရဲ့ အစနဲ့ နောက်ဆုံးမှာ ဆင်းတတ်ပါတယ်။ နီညိုရောင်ရာသီသွေးဟာ အရည်၊ အကျိအချွဲ တို့လို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဆင်းတတ်ပါတယ်။

အညိုရောင်
အညိုဘက်သမ်းတဲ့သွေး အနည်းငယ် တချက်တချက်ဆင်းတာက ကိုယ်ဝန်ရှိကာစမှာ ဆင်းတတ်တဲ့ သွေးပါ။ ဒီလက္ခဏာက သန္ဓေတည်ကာစသွေးဆင်းခြင်းအဖြစ် ဆရာဝန်တွေက ယူဆသတ်မှတ်ထား ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ဒီလိုသွေးဆင်းတာက ကိုယ်ဝန်ပျက်ကျတာ၊ ဒါမှမဟုတ် သားအိမ်ပြင်ပသန္ဓေတည်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်အတွင်း သွေးဆင်းတယ်ဆို ဆရာဝန်နဲ့တိုင်ပင်ပြသတာ အကောင်းဆုံးပါပဲ။

အနီရင့်ရောင်
ကလေးမီးဖွားပြီးနောက်ပိုင်း အနီရင့်ရောင်သွေး သို့မဟုတ် အကျိအချွဲနည်းနည်းဆင်းတာကို lochia လို့ခေါ်ပါတယ်။ ဒါကတော့ စိုးရိမ်စရာမဟုတ်သလို သားအိမ်ထဲက ပိုကျန်နေတဲ့သွေးနဲ့ တစ်ရှူးတွေကို ခန္ဓာကိုယ်က စွန့်ထုတ်လိုက်တာဖြစ်ပါတယ်။

Lochia ဟာ များသောအားဖြင့် အစပိုင်းမှာ အနီရဲရဲဖြစ်ပြီး နောက်ပိုင်းမှာ ဆင်းတာနည်းလာတာနဲ့အမျှ အရောင်လည်းရင့်လာတတ်ပါတယ်။

ဒီသွေးဆင်းတဲ့ကာလက လူတစ်ယောက်နဲ့တစ်ယောက် မတူကြပေမယ့် ပုံမှန်အားဖြင့် မွေးပြီး ပထမ လအနည်းငယ်အတွင်းမှာ ဆင်းလေ့ရှိပါတယ်။ ဒါပေမယ့် မီးဖွားပြီးနောက်ပိုင်း သွေးသွန်သလို အများကြီးဆင်းတယ်ဆို ဆရာဝန်ပြန်ပြသင့်ပါတယ်။

အနီရဲရဲ အရောင်
အနီရောင်ရဲရဲ ဆင်းတာက သွေးရဲ့သက်တမ်းလတ်ဆတ်ပြီး ပုံမှန်သွေးဆင်းမှုအလျင်ကို ညွှန်ပြတာပါ။ ရာသီသွေးဆင်းခြင်းမှာ အစပိုင်းတော့ အနီရဲရဲဆင်းပြီး ပြီးခါနီးရက်မှာ အရောင်ရင့်လာတာ သဘာဝပါ။

ပန်းရောင်သမ်းတဲ့ သွေးအဖျော့ရောင်
ပန်းရောင်သမ်းတဲ့ အရောင်ဖျော့သွေးဟာ သားအိမ်ခေါင်းအရည်ကြည်နဲ့ ရာသီသွေးရောနှောသွားတဲ့အခါ ဖြစ်လာနိုင်ပါတယ်။ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေက အက်စထရိုဂျင်ပမာဏကို လျော့ကျစေပြီး ရာသီလာချိန်မှာ သွေးအရောင်ကို ပိုဖျော့စေ၊ ပိုနည်းစေတတ်ပါတယ်။ အစာအာဟာရ ညီညွတ်မျှတအောင်မစားတာ၊ သွေးအားနည်းတာတို့ကြောင့်လည်း ပန်းရောင်ရာသီသွေးကို ဖြစ်စေနိုင်ပါတယ်။

လိမ္မော်နီရောင်
လိမ္မော်ရောင်သမ်းတဲ့ ရာသီသွေးအရောင်ဟာလည်း သားအိမ်ခေါင်းအရည်ကြည်နဲ့ရောနေတဲ့ သွေးဖြစ်နိုင်ပါတယ်။ တစ်ခါတရံ မိန်းမကိုယ်ပိုးဝင်တာရဲ့ လက္ခဏာလည်းဖြစ်နေတတ်ပါတယ်။ ဒီအရောင်နဲ့ ရာသီသွေးဆင်းတဲ့အပြင် မိန်းမကိုယ်ယားယံတာ၊ နေရခက်တာ၊ အနံ့အသက်ဆိုးတာ စတဲ့လက္ခဏာတွေ ပါ ဖြစ်လာရင်တော့ ဆရာဝန်ပြသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ
ဒီလက္ခဏာတွေ ဖြစ်လာရင် ဆရာဝန်ပြပြီး စစ်ဆေးကုသမှုခံယူသင့်ပါတယ် –

ရာသီလာတဲ့ရက်အပိုင်းအခြား ပြောင်းလဲမှုရှိလာပြီး နောက်တစ်လအထိ သွေးဆင်းတာမျိုး၊
သွေးဆုံးပြီးနောက်ပိုင်း သွေးဆင်းတာ၊
သုံးလထက်ကျော်ပြီး ရာသီထိန်တာ၊
မိန်းမကိုယ်အနံ့ဆိုးထွက်တာ၊
အဖြူရောင် သို့မဟုတ် ဖြူညစ်ညစ် အကျိအချွဲတွေဆင်းတာ၊
မိန်းမကိုယ်တဝိုက် နဲ့အတွင်းပိုင်း ယားယံတာ၊
ကိုယ်ပူတာ တို့ပါဝင်ပါတယ်။

ရာသီသွေး ရာသီသွေးအရောင် ဓမ္မတာ အမျိုးသမီးကျန်းမာရေး အရောင်အပြောင်းအလဲ နောက်ခံအကြောင်းရင်း သတိထားသင့်တဲ့အ...

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။ မိန်းမကိုယ် ကျဉ်...
01/11/2020

မိန်းမကိုယ် ကျဉ်းဆေး နဲ့ နောက်ကွယ်က အန္တရာယ်

အွန်လိုင်းပေါ်မှာ အကြီးအကျယ်တွေ ကြော်ငြာနေကြတာ တွေ့မိမှာပါ။ မိန်းမကိုယ် ကျဉ်းဆေး၊ အပျိုပြန်ဖြစ်တဲ့ဆေးဆိုပြီး ရောင်းချနေကြတာတွေလေ။ မယုံပါနဲ့။ ထပ်ပြီး ပြောပါမယ်။ မယုံပါနဲ့။ ဒီဆေးတွေကို ဝယ်ရင်ကောင်းမလားလို့ တွေးနေရင် အဲဒီအတွေးတွေ ရပ်ပြီး ဒီဆောင်းပါးကို ဆက်ဖတ်ပါ။

တကယ်တော့ မိန်းမကိုယ်ဟာ အလိုလို ကျုံ့နိုင်၊ဆန့်နိုင်တဲ့ သဘာဝရှိပြီးသား ဖြစ်ပါတယ်။ ဘာဆေးမှ မလိုပါဘူး။ ဒါပေမဲ့ ကျဉ်းဆေးဆိုတာတွေက တကယ်ပဲ ကျဉ်းသွားတယ်၊ ပိုပြီး သာယာမှုရတယ်ဆိုပြီး ပြောလာကြတာတွေ ရှိတာမို့ ဒီဆေး ဘယ်လို အလုပ်လုပ်တယ်ဆိုတာ ကျွန်တော်တို့ လေ့လာကြည့်ရအောင်။

ကျဉ်းဆေးတချို့မှာ မိန်းမကိုယ် နံရံ နဲ့ မိန်းမကိုယ် အဝကို ကျဉ်းစေအောင် ဆောင်ရွက်ပေးနိုင်တဲ့ ပစ္စည်းတချို့ ပါဝင်ပါတယ်။ ဒါပေမဲ့ အများဆုံးကတော့ တကယ် မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လိုက်တာပါ။

ဒါက ပွတ်တိုက်မှုကို ပိုသိသာစေပြီး မိန်းမကိုယ်ကို ယာယီကျပ်သွားသလို ခံစားရစေပါတယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ သဘာဝအချွဲ မရှိတော့တဲ့အတွက် ချစ်တင်းနှောတိုင်းမှာ နာကျင်မှုကို ခံစားနေရမှာပါ။

ဆိုရင် ဒီလိုခြောက်သွေ့အောင် လုပ်လိုက်တာကြောင့် ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။

နာကျင်ခြင်း၊ နီရဲ ရောင်ရမ်းခြင်း။
ဘာလို့ နာကျင်တာလဲ။ အပေါ်မှာ ပြောခဲ့သလို အချွဲတွေ အကုန်လုံးကို ခြောက်သွားစေတယ်။ ဒါကြောင့် ပွတ်တိုက်မှုတွေ ဖြစ်တဲ့အခါမှာ နာကျင်ပြီး အနာတရ ဖြစ်ကျန်ခဲ့ပါတယ်။ ဒီလိုဆိုမှတော့ နီရဲရောင်ရမ်းနေတာက အဆန်းမဟုတ်တော့ဘူးပေါ့။ နောက်ပြီး ဒီဆေးတွေထဲ ပါဝင်တာတွေသည် အကုန်လုံးနီးပါး ဓာတုပစ္စည်းတွေ ဖြစ်တာကြောင့် အလွန်တရာ နုတဲ့ မိန်းမကိုယ်အတွက် အန္တရာယ်ကြီးပါ။ ဒါကြောင့် ဒီဆေးတွေ သုံးပြီးရင် ဆီးသွား၊ လမ်းသွားရင် နာတာ၊ ထိုင်မရ၊ ထမရ ဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဓာတ်မတည့်မှု လက္ခဏာတွေ ပေါ်လာခြင်း
ပါဝင်ပစ္စည်းတွေထဲ ဓာတ်မတည့်နိုင်တဲ့ အရာတစ်ခုခု ပါဝင်လာနိုင်ပါတယ်။ နီရဲတာ၊ ယားယံတာ၊ အကွက်တွေ ဖြစ်လာတာမျိုးတွေ အရေပြားပေါ်မှာ ဖြစ်ဖူးကြမယ် ထင်ပါတယ်။ အဲဒီအချိန်မျိုးတောင် အရမ်း နေရခက်တာနော်။ မိန်းမကိုယ်မှာ ဖြစ်ရင် ဘယ်လောက်တောင် အခြေအနေဆိုးမလဲ တွေးကြည့်။ အတော်ကို ခံရခက်မယ့် အရာမျိုးပါပဲ။

ဘက်တီးရီးယားပိုးဝင်ပြီး မိန်းမကိုယ် ရောင်ရမ်းခြင်း (Bacterial Vaginosis-BV) နဲ့ မှိုပိုးဝင်ခြင်း
ဘာမှန်းမသိတာတွေ မိန်းမကိုယ်ထဲ လျှောက်ထည့်၊ PH ပမာဏတွေ မညီမျှတော့ဘဲ ပျက်စီး၊ ဒီကနေတစ်ဆင့် မိန်းမကိုယ်မှာ ရှိနေပြီးသား ကောင်းကျိုးပြု ဘက်တီးရီးယား ထိန်းညှိမှုတွေ ပျက်စီး၊ အဲ့သလိုဖြစ်ရာကနေပြီး ရောဂါပိုးဝင်လွယ်စေပါတယ်။ မှိုပိုးဝင်တာကတော့ ပြောစရာကို မလိုတော့ဘူးပေါ့။ ဒါကြောင့်လေ ဖြစ်နိုင်ရင် မိန်းမကိုယ်ထဲ တွေ့ကရာတွေ လျှောက်လျှောက်မထည့်ဖို့ တစ်ခါတည်း မှာပါရစေနော်။

ဟော်မုန်း မညီမျှခြင်း
ဒီကျဉ်းဆေးတွေက endocrine လို့ ခေါ်တဲ့ သားဥအိမ်၊ သိုင်းရွိုက် နဲ့ pituitary ဂလင်းတွေ ပါတဲ့ ဟော်မုန်းစနစ်ကိုလည်း ကမောက်ကမ ဖြစ်စေပါတယ်။

STD (လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါ) တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ကို ဖြစ်စေပါတယ်။

အမှန်တော့လေ ဒီကျဉ်းဆေးတွေမှာက အနံ့အသက်ပျောက်ဆေးတွေပါ ပါတာပေါ့။ အနံ့အသက်ကင်းစေတဲ့ အာနိသင် ရှိတဲ့အခါမှာ STD ရဲ့ လက္ခဏာတွေဖြစ်တဲ့ အနံ့တွေကိုလည်း လျော့ကျစေတာကြောင့် တော်ရုံဆို လူက STD ရှိနေရင်တောင် မသိနိုင်တော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။

မသိတော့ ကုသမှုမခံယူဖြစ်ဘူး။ ကုသမှု မခံယူသရွေ့ ကိုယ့်မှာ ထိခိုက်ပျက်စီးတာတွေ များပြီး သူများကိုလည်း ရောဂါဖြန့်ပေးသလို ဖြစ်နေဦးမှာပါပဲ။

ဘယ်လိုပဲ ကြည့်ကြည့်၊ ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် ဒီကျဉ်းဆေးမှမဟုတ်ဘဲ ဘယ်ဆေး၊ ဘယ်ပစ္စည်းကိုမှ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိန်းမကိုယ်မှာ သုံးတာမျိုး လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။ ဒါပေမဲ့ ကျဉ်းချင်တာလေ ဘယ်လိုလုပ်ရမှာလဲ။

ယောက်ျားကလည်း ငြိုငြင်နေပြီဆိုရင်တော့ Kegel Exercise ကို စမ်းကြည့်ပါ။ Kegel Exercise ဆိုတာ မိန်းမကိုယ်နဲ့ တင်ပါးဆုံကွင်းကို ညှစ်ပေးတဲ့ လေ့ကျင့်ခန်းပါပဲ။

ဒါဟာ သဘာဝနည်းဖြစ်သလို အထိရောက်ဆုံး မိန်းမကိုယ်ကျဉ်းနည်းဖြစ်တဲ့အပြင် ဆီးမထိန်းနိုင်တာကို ပျောက်ကင်းသက်သာစေတာမျိုးတွေ၊ ကလေးမွေးတဲ့အခါ လွယ်ကူသက်သာစေတာမျိုးတွေစတဲ့ အခြားကောင်းကျိုးတွေကိုပါ ယူလာပေးနိုင်တဲ့အတွက် ဘာမှန်းမသိတာတွေ လျှောက်သုံးနေမယ့်အစား အန္တရာယ်ကင်းတဲ့ လေ့ကျင့်ခန်းလေး လုပ်ပြီး သာယာတဲ့ အိမ်ထောင်ရေးကို ဖန်တီးနိုင်ကြပါစေနော်။

မိန်းမကိုယ် ကျဉ်းဆေးက မိန်းမကိုယ်ကို ကျဉ်းစေတာ မဟုတ်ဘဲ မိန်းမကိုယ် နံရံပေါ်က အချွဲတွေကို ခြောက်အောင် လုပ်လ...

01/11/2020

ဒီနေ့ကူးစက်မှုလျော့ကျပါတယ်
၁-၁၁-၂၀၂၀ ည ၈ နာရီ
COVID-19
အတည်ပြုလူနာသစ်(၆၉၉)ဦး

Address

Thingangyun

Website

Alerts

Be the first to know and let us send you an email when Women Tips Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category