Thingangyun News

Thingangyun News The News of Thingangyun Township

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(သုဝဏ္ဏ))
26/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(သုဝဏ္ဏ))

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၁))
26/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၁))

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၄))
26/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း (သင်္ဃန်းကျွန်း အထက(၄))

26/07/2025

www.myanmarexam.org 2025
မေးမြန်းစုံစမ်းရန်- (၀၁-၆၅၃၅၀၉)
တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ရှုနိုင်ရန် တင်ပြအပ်ပါသည်။ဖြေဆိုထားသည့်သူအာလုံး အောင်မြင်ကြပါစေဟုလည်း ဆုပန်ပါသည်။မိုးအေးအေးနှင့် အိပ်ရေးပျက်ခံပြီး ကိုယ်တိုင်ကိုယ်ကျ အပြင်ထွက် သွားကြည့်ကြမည့်အစား အိမ်တွင် အေးအေးလူလူနေပြီး website ထဲ ဝင်ကြည့်ကြပါဟု အကြံပြုပါသည်။

၂၀၂၅ ပြည့်နှစ် - တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်း - Examinations Results 2025

23/07/2025

၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်း ဇူလိုင်(၂၇)ရက် (တနင်္ဂနွေနေ့)၊ နံနက်(၆)နာရီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရသည်။

23/07/2025

ကျောင်းမအပ်နှံခင် သားသမီးများအား မြန်မာ့သိုင်း၊ကရာတေး၊ဂျူဒို အစရှိသည့် ကိုယ်ခံပညာများ သင်ကြားပေးရန် လိုအပ်နေပြီလားဟု မေးခွန်းထုတ်စရာ ဖြစ်နေပြီဖြစ်သည်။
ကလေးချင်း ရန်ဖြစ်ကြခြင်း၊အနိုင်ကျင့်ကြခြင်းကို မိဘများ၊ဆွေမျိုးများက ကျောင်းထဲအထိ စာသင်ခန်းထဲအထိ ဝင်ရောက်ကာ ကိုယ်ထိလက်ရောက် ပြစ်မှုများ ကျူးလွန်နေကြသည့် ဖြစ်ရပ်များ မကြာခဏဆိုသလို တွေ့မြင်နေရပြီဖြစ်သည်။
သင်္ဃန်းကျွန်း အထက(၄)၌လည်း ၂၁-၇-၂၀၂၅ ရက်နေ့တွင် grade 6 ကျောင်းသားတဦးက ဆရာမတဦးကို လက်ဖြင့်ထိုးကြိတ်၍ ကျောင်းထုတ်အရေးယူခံရသည့်သတင်းကို စိတ်မချမ်းမြေ့စရာ ကြားသိရသည်။ဆရာမက စာလိုက်မလုပ်၍ သူ့ခေါင်းအား သုံးချက်ခန့်ထိုးရာမှ ပြန်ထိုးကြိတ်ခြင်းဖြစ်သည်ဟု ကျောင်းသားတချို့က ပြောသည်။

12/07/2025

နိုင်ငံသူနိုင်ငံသားအားလုံး အလုပ်မလုပ်ဘဲ ထမင်းစားနိုင်အောင်အထိ လုပ်ပေးရမည့်တာဝန်မှာ ထိုနိုင်ငံ၏ အုပ်ချုပ်ရေးအာဏာယူထားသည့်သူ၊အသင်းအဖွဲ့တို့၏ တာဝန်ဖြစ်သည်။
၁၂ ယောက်ဆန့် ကားထဲ ၃၅ထည့်ပြီး ယိုးဒယားထဲ ဝင်သည့်ကား အဖမ်းခံရသည်။ယိုးဒယားထဲ မြန်မာနိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရသည်။ မလေးရှားမှာ မြန်မာနိုင်ငံသား ၁၀၀ကျော် တရက်တည်း ဖမ်းခံရသည်။သတင်းများတွင် ဖတ်ရသလောက်ပဲ ရှိပါသေးသည်။ပြည်ပတွင် မြန်မာနိုင်ငံသားတွေ အဘယ်မျှ ဒုက္ခရောက်နေသလဲ မသိတော့ပေ။
တရုတ်တယောက် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတခုတွင် အလိမ်ခံရပြီး ကျွန်ဇာတ်သွင်းခံရသည်။တရုတ်ရှိ ခေါင်းဆောင်တို့က သူ့နိုင်ငံသား ယိုးဒယားကတဆင့် မြန်မာပြည်ထဲဝင်တာဖြစ်၍ ယိုးဒယားပါ ခေါင်းကိုက်အောင်လုပ်ပြီး သူ့နိုင်ငံသားတွေကို ရအောင်ကယ်ထုတ်သွားသည်။
ကိုယ့်နိုင်ငံသားတွေ နေရာအနှံ့ အတိဒုက္ခရောက်နေသည်ကို တာဝန်ရှိသူများ မသိကျိုးကျွံ ပြုလုပ်နေဖို့မသင့်ပေ။
တချိုနိုင်ငံတွေ မြန်မာကို သမိုင်းကြွေးဆပ်နေတယ်လို့ ပြောရလောက်သည်အထိ မြန်မာနိုင်ငံသားများကို ရက်ရက်စက်စက်ပြုမူဆက်ဆံနေချိန်ဖြစ်၍ ပြည်ပကို ရင်ကော့၍ ထွက်ခွာမည့်သူများလည်း အထူဂရုပြုသင့်ပါသည်။

04/07/2025

(DVB မှ ကူးယူတင်ပြခြင်းဖြစ်သည်။)
သင်္ဃန်းကျွန်းမှာ သိန်း၃၀၀နဲ့ ပြန်ပေးဆွဲခံရသည့် မူလတန်းကျောင်းသား (၆)ရက်ကြာမြင့်လာတဲ့အထိ ပြန်မလွတ်သေး...

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်ထဲက စာသင်ကျောင်းတကျောင်းမှာ ပြန်ပေးဆွဲခံရတဲ့ မူလတန်းကျောင်းသားလေးတယောက် ၆ ရက်ကြာတဲ့အထိ ပြန်မလွတ်သေးဘူးလို့ နီးစပ်တဲ့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားက သင်္ဃန်းကျွန်းမြို့နယ်က Grade -1 မူလတန်းကျောင်းသား ဖြစ်ပြီး ကျောင်းဆင်းချိန်မှာ အမည်မသိ လူတယောက်က ပြန်ပေးဆွဲခဲ့တာဖြစ်ကာ ဖမ်းဆီးပြီးနောက် ကျောင်းသားကို ကျပ် သိန်း ၃၀၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခရိုင်အဆင့် အစည်းအဝေးခေါ်ယူခဲ့ပြီး အခုထိ ပြန်မရွေးနိုင်သေးကာ တခြားကျောင်းတွေအနေနဲ့လည်း ကလေးတွေကို ဂရုစိုက်ဖို့နဲ့ မိဘတွေ လက်ထဲ သေသေချာချာအပ်ဖို့ ခရိုင်အစည်းဝေးမှာ ပြောကြားထားတယ်လို့ အစည်းဝေးတက်ရောက်ခဲ့တဲ့ မူလတန်း ကျောင်းအုပ် ဆရာမကြီးတယောက်က ပြောပါတယ်။

ကလေးတွေကို ဂရုစိုက်ပေးနေရပြီး ကျောင်းကိုလည်း သေသေချာချာပို့ပေမဲ့ ဆရာမ အင်အားနည်းတော့ စိတ်မချမှုတွေရှိနေတယ်လို့ ကျောင်းသား မိဘတယောက်က ပြောပါတယ်။
ဇွန် ၁၀ ရက်ကလည်း တိုက်ကြီးမြို့နယ်ထဲမှာ အသက် ၁ နှစ်ခွဲအရွယ်ကလေးငယ်ကို ခိုးယူထွက်ပြေးခဲ့တာရှိသလို မေလပိုင်းတုန်းကလည်း ရွှေပြည်သာက ကလေးတယောက်ကို ဖမ်းဆီးပြီး မိဘတွေကို ကျပ် သိန်း ၁၀၀ နဲ့ ပြန်လာရွေးခိုင်းခဲ့ပေမဲ့ အချိန် အနည်းငယ် ကြာသွားလို့ ကလေးကိုသတ်လိုက်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ် ၂ ခုလုံးမှာတော့ ကျူးလွန်ခဲ့တဲ့သူတွေကို ဖမ်းဆီးရမိထားပြီး အခုဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်းကိုတော့ ပညာရေးဝန်ထမ်းတွေက ထုတ်ဖော်ပြောကြားတာ မရှိပါဘူး။

30/06/2025

ကျောင်းများတွင် အုပ်စုဖွဲ့ အနိုင်ကျင့်သည့်ဖြစ်စဉ်များ ရှိနေသကဲ့သို့ လူမိုက်စိတ်ဝင်ကာ ကိုယ့်ထက်အားနည်းသူများကို အနိုင်ကျင့်နေသည့် ကျောင်းသားများလည်း ရှိနေသည်။
၃၀-၆-၂၀၂၅ ရက်နေ့၌ အမက(၂၁) သင်္ဃန်းကျွန်း၌ ကျောင်းဆင်းချိန်အတွင်း ကျောင်းသားမိဘတဦးမှ ကျောင်းသားငယ်တဦးကို ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့ရာမှ ရန်ပွဲကြီးတခု ဖြစ်ပွားခဲ့သည်။
"သူ့သားက ကျောင်းမသွားချင်ဘူးလို့ ပြောတာ နေ့တိုင်းနီးပါးတဲ့။သူက ဘာဖြစ်လို့ ကျောင်းမတက်ချင်တာလဲလို့ မေးတဲ့အခါ ကျောင်းမှာ ကောင်လေးတယောက်က နေ့တိုင်း ဖင်ပုတ်ခေါင်းပုတ်နဲ့ အနိုင်ကျင့်နေတာ သိသွားတယ်။သူ့သားကို သွားကြိုချိန်မှာ အဲ့အနိုင်ကျင့်နေတဲ့ကောင်လေးမြင်ပြီး သူစိတ်လွတ်သွားပုံ ရတယ်။
ကလေးမိဘကို ပြောသင့်တယ်။ကျောင်းအုပ်ကို တိုင်သင့်တယ်။ဒီလိုမျိုးတော့ မကောင်းဘူးလို့ ထင်မိတယ်။
သူ့နေရာက ဝင်ကြည့်ပြီး ငါသာဆိုရင် အတွေးဝင်မိတယ်။ရပ်ကွက်ထဲ ရှိသမျှအပင်တက် ခိုး၊လောင်းကစားတွေလုပ် လူမိုက်စိတ်ဝင်နေတဲ့ ကလေးတွေကလည်း ကျောင်းထဲမှာ ဆွမ်း‌ဆန်ထဲ ကြက်ချေးရောသလို ရှိနေတာလေ။ခက်ပါတယ်ဗျာ"ဟု ကျောင်းသားမိဘတဦးက ပြောကြားသည်။

ယနေ့ ၁-၇-၂၀၂၅ ရက်နေ့မှစ၍ လေးနာရီခြား တခါ လျှပ်စစ်ဓာတ်အား ရရှိတော့မည်။Photo-internet
30/06/2025

ယနေ့ ၁-၇-၂၀၂၅ ရက်နေ့မှစ၍ လေးနာရီခြား တခါ လျှပ်စစ်ဓာတ်အား ရရှိတော့မည်။
Photo-internet

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thingangyun News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thingangyun News:

Share