03/02/2018
ဒေါက်တာအေးချမ်းဖခင် ဦးစံထွန်းအောင်ရေးသားခဲ့သည့် "ကျွန်တော်သိသော မူဂျာဟစ်" စာအုပ်ထွက်ပြီ
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂
ကွယ်လွန်သွားခဲ့ပြီ ဖြစ်သော ဘူးသီးတောင်မြို့မှ တစ်ချိန်က အထင်ကရ နိုင်ငံရေး သမား တစ်ဦးဖြစ်သူ ဦးစံထွန်းအောင်ရေးသားခဲ့သည့် “ ကျွန်တော်သိသော မူဂျာဟစ်၊ ကိုယ်တွေ့ မေယုမြေနှင့်ရိုဟင်ဂျာ” စာအုပ်သည် ယနေ့ ထွက်ရှိလာပြီ ဖြစ်သည်။
ဦးစံထွန်း၏သားဖြစ်သူ ဒေါက်တာ အေးချမ်းမှ ၎င်းစာအုပ်ကို စီစဉ်ထုတ်ဝေခြင်း ဖြစ်ပြီး စာအုပ်နှင့် ပတ်သက်ပြီး ယခုလို ပြောသည်။
“ စစ်တကောင်းနယ်သား ဘင်္ဂလီတွေ ဘယ်လို ရခိုင်ပြည်ကို ၀င်ရောက်လာသလဲဆိုတာ သူက ဘူးသီးတောင်မြို့သား တစ်ဦးအနေနဲ့ ကိုယ်တွေ့မြင်ခဲ့ရတဲ့ အခြေအနေကို ရေးသားမှတ်တမ်းတင်ထားတဲ့ အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ မူဂျာဟစ် အကြမ်းဖက်သမားတွေ ရခိုင်ရွာတွေကို ဘယ်လို မီးရှို့ဖျက်ဆီးခဲ့တယ်။ ဘယ်လို ကျူးကျော် စော်ကားခဲ့တယ် ဆိုတာက အစ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ ရည်ရွယ်ချက်တွေကို သူ့ကိုယ်တွေ့ မှတ်တမ်းတင် ရေးသားထားခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ အေးချမ်းက ပြောသည်။
၎င်းပြင် ဘူးသီးတောင်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ် အနောက်ခြမ်း မယူကမ်း ဒေသတွင် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီနှင့် ရပြီးစနောက်ပိုင်း မူဂျာဟစ်များ သောင်းကျန်းခဲ့ပုံကို သမိုင်းဆိုင်းရာ အချက်အလက်များတကွ သူ့ကိုယ်တွေ့ ဖြစ်ရပ်မှန်များကို အပိုအလိုမရှိ တိတိကျကျ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ဦးစံထွန်းအောင်သည် ပါလီမန် ဒီမိုကရေစီခေတ်တွက် ဖဆပလခေတ် အမတ်တစ်ဦးဖြစ်ပြီး ရခိုင်အရေးကို ၎င်းအချိန်က အနီးကပ် လေ့လာ သိမြင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
“ ဒီစာအုပ်က တန်ဖိုးမဖြတ်နိုင်တဲ့ သမိုင်းမှတ်တမ်း တစ်စောင်လို့ ပြောလို့ရပါတယ်။ သူလို တစ်ယောက်မှလည်း ရေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူက ၇ နှစ်သား ကတည်းက ဘူးသီးတောင်ကိုရောက်နေတယ်။ တောက်လျောက် သူမြင်တွေ့ခဲ့ရတာတွေကို မှတ်တမ်းတင်ထားခဲ့တဲ့ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မှတ်တမ်းတစ်စောင်ပါ” ဟု ဒေါက်တာ အေးချမ်းက ပြောကြားသည်။
ကျွန်ုပ်သိသောမူဂျာဟစ် ကိုယ်တွေ့မေယုမြေ စာအုပ်ကို လွင်ဦးစာပေ (လှည်တန်း)မှ ထုတ်ဝေပြီး တန်ဘိုးမှာ ငါးထောင်ကျပ်ဖြစ်ကြောင်း သိရသည်။ စာအုပ်ဝယ်လိုသူများသည် ဖုန်း ၀၉ ၂၅၉၂၈၉၁၅၉ နှင့် ၀၉၃၁၀၂၉၆၂၃ ကိုဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရှိရသည်။
http://www.narinjara.com/burmese/%e1%80%b1%e1%80%92%e1%80%ab%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%a1%e1%80%b8%e1%80%81%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%96%e1%80%81%e1%80%84%e1%80%b9-%e1%80%a5%e1%80%ae%e1%80%b8/