Eleven Sports

Eleven Sports THE MOST RELIABLE PARTNER BY THE PEOPLE FOR THE PEOPLE

"Visit us: www.news-eleven.com

■ Telegram ~ https://t.me/elevensports11

Eleven Media Group was established on June, 2000.
• First Eleven Sports Journal was established on 8th June, 2000.
• Premier Eleven Sports Journal was established on 31st August, 2003.
www.first-11.com sport news website was established in 2004.
• Weekly Eleven News Journal was established on 12th October, 2005.
• Biweekly Eleven News Journal was established on 14th March, 2008.
www.news-elev

en.com news website was established in 2009.
www.facebook.com/ElevenMediaGroup was established in 2010.
• Web Printing Factory has been started the operation in 2011.
• Eleven Media Group was awarded the 2011 press freedom prize by
Reporters without Borders (RSF).
• Daily Eleven SMS service was established in 2012.
• English edition news website (www.elevenmyanmar.com ) was established
in 2012.
• The Eleven Web TV was established on 1st January, 2013.
• The Daily Eleven Newspaper was established on 3rd May, 2013.

 လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရထားတဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး အီကီတိုက်ဟာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ...
22/07/2025



လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူ
ညီမှုရထားတဲ့ ပြင်သစ်လူငယ်တိုက်စစ်မှူး အီကီတိုက်ဟာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ လီဗာပူးလ်
မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

အီကီတိုက်ရဲ့ပြောင်းရွှေ့ကြေးက Add-ons ကြေး
အပါအဝင် ယူရို ၉၅ သန်းအထိရှိနိုင်ပြီး ခြောက်နှစ်
စာချုပ် ချုပ်ဆိုမှာဖြစ်တယ်။

အီကီတိုက်အနေနဲ့ ယနေ့မှာ ဆေးစစ်မှု ပထမပိုင်းကို
ပြုလုပ်ပါလိမ့်မယ်။

■ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်တဲ့အသင်း ကိုးသင်းလောက်ရှိတယ်လို့ အာတေတာ သုံးသပ်အာဆင်နယ်အသင်းနည်းပြ အာတေတာက လာမယ့်ရာသ...
22/07/2025

■ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်တဲ့အသင်း ကိုးသင်းလောက်ရှိတယ်လို့ အာတေတာ သုံးသပ်

အာဆင်နယ်အသင်းနည်းပြ အာတေတာက လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိနိုင်တဲ့အသင်း ကိုးသင်းလောက်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့သုံးရာသီဆက်တိုက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဒုတိယရခဲ့တာပါ။

လက်ရှိမှာ ဇူဘီမန်ဒီ၊ မာဒူအေကေ၊ နော်ဂေါ့၊ ကယ်ပါစတဲ့ ကစားသမားသစ်တွေ ခေါ်ယူထားပြီး
ပေါင် သန်း ၁၂၀ လောက် အသုံးပြုထားပါတယ်။

ဒါ့အပြင် စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ဗလင်စီယာနောက်ခံလူ မော်စကေရာတို့ကိုလည်း ခေါ်ယူဖို့ သေချာနေပါတယ်။

အာဆင်နယ်အသင်းနည်းတူ လီဗာပူးလ်၊ မန်စီးတီး၊ ချယ်လ်ဆီးစတဲ့အသင်းတွေလည်း အခုနွေရာသီမှာ သိသာထင်ရှားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ထားပါတယ်။

''နှစ်တိုင်း ကျွန်တော်တို့ တိုးတက်လာတာကို မြင်ရတယ်။ ရင့်ကျက်မှု၊ အတွေ့အကြုံ၊ ငယ်ရွယ်မှုနဲ့ ဆာလောင်မှုစတဲ့ ဟန်ချက်ညီတာမျိုး လည်း ရှိပါတယ်။ အဲဒါအရာတွေအားလုံး ဒီမှာရှိပါတယ်။ အမှတ်ပေးပြိုင်ပွဲမှာ အခြား ခြောက်သင်း၊ ခုနစ်သင်း၊ ရှစ်သင်းလောက်က ဗိုလ်စွဲ နိုင်မယ့် စုဖွဲ့မျိုး ရှိနေတယ်။ ဒီထဲက တစ်သင်းသာ ဗိုလ်စွဲမှာပါ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အရာအတော်များများ အာရုံစိုက်ထားရပါမယ်။ ရာသီကုန်မှာ အောင်မြင်မှုရနိုင်ဖို့ ကျွန်တော်တို့ ကြီးကြပ်ထိန်းချုပ်နိုင်သလို၊ လုပ်လည်း လုပ်နိုင်ပါတယ်''လို့ အာတေတာက ပြောခဲ့ပါတယ်။

Photos: Arsenal

■ ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်အနေနဲ့ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ အာတေတာ ယုံကြည်အာဆင်နယ်အသင်းနည်...
22/07/2025

■ ပါတေးနဲ့ပတ်သက်ပြီး အာဆင်နယ်အနေနဲ့ မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်
ခဲ့တယ်လို့ အာတေတာ ယုံကြည်

အာဆင်နယ်အသင်းနည်းပြ အာတေတာက အာဆင်နယ်အသင်းအနေနဲ့ ပါတေး ကလပ်မှာကစားခဲ့ချိန် မှန်ကန်တဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခဲ့တယ်လို့ ရာနှုန်းပြည့်ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။

ဂါနာလက်ရွေးစင်ကွင်းလယ်လူ ပါတေးဟာ မုဒိမ်းမှု ငါးခု၊ လိင်အကြမ်းဖက်မှု တစ်ခုနဲ့ စွဲချက်တင်
ခံရတာဖြစ်တယ်။

ပါတေးဟာ အာဆင်နယ်အသင်းနဲ့ အခုလအစောပိုင်းက စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး လေးရက်
အကြာမှာ တရားစွဲဆိုခံခဲ့ရပါတယ်။

စွပ်စွဲချက်တွေဟာ အမျိုးသမီးသုံးဦးနဲ့ ဆပ်စပ်ပတ်သက်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အကြားမှာ ဖြစ်ခဲ့တာပါ။

ပါတေးကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။

ပါတေးအနေနဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လကလည်း မုဒိမ်းမှုသံသယနဲ့ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

22/07/2025

မာရာဒိုနာ ဘုရားပေးသောလက်နဲ့ ဂိုးသွင်းခဲ့စဉ်က ပီတာရှီလ်တန် ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံတင်မယ်
၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားဂန္ထဝင် မာရာဒိုနာ ဘုရားပေးသောလက် (Hand of God) နဲ့ ဂိုးသွင်းခဲ့ စဉ်က ပြိုင်ဘက် အင်္ဂလန်ဂိုးသမား ပီတာရှီလ်တန် ဝတ်ဆင်ခဲ့တဲ့ အင်္ကျီကို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

■ ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ မန်ယူနိုက်တက်အသင်း သတင်းထွက်လာပြန်မန်ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား အီမီမာတီနက်ဇ်နဲ့...
22/07/2025

■ ဗီလာဂိုးသမား မာတီနက်ဇ်နဲ့ မန်ယူနိုက်တက်အသင်း သတင်းထွက်လာပြန်

မန်ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာဂိုးသမား အီမီမာတီနက်ဇ်နဲ့ သတင်းတွေ ထပ်ထွက်လာခဲ့ပါတယ်။

မန်ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကို ခေါ်ယူနိုင်ရေး ချဉ်းကပ်ဖို့ အသင့်ရှိနေပြီလို့လည်း Daily Mail က ရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ မာတီနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် ဆွေးနွေးနေပြီလို့လည်း သိရပါတယ်။

မာတီနက်ဇ်ဟာ ပြီးခဲ့တဲ့နှစ်နွေရာသီကမှ အက်စတွန်ဗီလာအသင်းနဲ့ စာချုပ်သက်တမ်းတိုးထားပြီး ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိနေပါတယ်။

ဗီလာအသင်းဟာ ဒုတိယအသင်းခေါင်းဆောင် မာတီနက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ ဝန်းကျင်လောက် အလိုရှိနေပါတယ်။

ဒါပေမဲ့ ယင်းပမာဏထက် လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကြိုးပမ်းဖို့များပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဘယ်လ်ဂျီယံကလပ် အန့်ဝပ်အသင်းက လမ်မန်းစ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

■ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ လူးဝစ်ဒီယက်ဇ် ဆုံးဖြတ်ထားလီဗာပူးလ်အသင်းက တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ဘိုင...
22/07/2025

■ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ လူးဝစ်ဒီယက်ဇ် ဆုံးဖြတ်ထား

လီဗာပူးလ်အသင်းက တောင်ပံတိုက်စစ်ကစားသမား လူးဝစ်ဒီယက်ဇ်ဟာ ဘိုင်ယန်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဘိုင်ယန်ဘက်ကလည်း လူးဝစ်ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုအသစ် ထပ်မံပြုလုပ်ဖွယ် ရှိပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့အပတ်က ဘိုင်ယန်ရဲ့ ယူရို ၆၇.၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။

ဘိုင်ယန်အနေနဲ့ ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀+ Add-ons ကြေးနဲ့ ထပ်မံကမ်းလှမ်းဖို့ ရှိပါတယ်။

လူးဝစ်ဒီယက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရာမှာ ၁၇ ဂိုးသွင်းပြီး ကူညီပေးခဲ့ပါတယ်။

ဒီယက်ဇ်(၂၈ နှစ်)အနေနဲ့ အခုနွေရာသီမှာ အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ မကြာသေးခင်ကလည်း ဘာစီလိုနာအသင်းနဲ့ သတင်းထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ယူရို ၆၅ သန်းနဲ့ ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။

Photos: Luis Diaz Facebook

 ကော်စတာရီကာဝါရင့်ဂိုးသမား ကေလာနာဗတ်စ်ဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိင်းကနေမက္ကဆီကိုကလပ် ပူးမားစ်အသင်းကို တစ်နှစ်စာခ...
22/07/2025



ကော်စတာရီကာဝါရင့်ဂိုးသမား ကေလာနာဗတ်စ်ဟာ အာဂျင်တီးနားကလပ် နယူးဝဲလ်အိုးဘွိင်းကနေ
မက္ကဆီကိုကလပ် ပူးမားစ်အသင်းကို တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ပူးမားစ်အသင်းအနေနဲ့ နာဗတ်စ်အား ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး ဒေါ်လာ နှစ်သန်း ပေးချေ
ခဲ့ရပါတယ်။

Photos: Pumas

22/07/2025

မန်ချက်စတာယူနိုက်တက်အသင်းဂျာစီကို ဝတ်ဆင်ပြီး ကြီးပြင်းလာတယ်လို့ အမ်ဘူမို ပြောကြား
မန်ယူနိုက်တက်ကစားသမားသစ် အမ်ဘူမိုက အသင်းဂျာစီကို ဝတ်ဆင်ပြီး ကြီးပြင်းလာတယ်လို့ ပြောခဲ့ပါတယ်။

Zawgyi


22/07/2025

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီ ဘောလုံးသမိုင်းတွင် ပယ်နယ်တီမပါ သွင်းဂိုးအများဆုံးအဖြစ် မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုကို ကျော်ဖြတ် (ရုပ်သံ)

အင်တာမိုင်ယာမီအသင်းခေါင်းဆောင် မက်ဆီဟာ ဘောလုံးသမိုင်းမှာ ပယ်နယ်တီမပါ သွင်းဂိုးအများဆုံးအဖြစ် မဟာပြိုင်ဘက် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်။

22/07/2025

ခေတ်ပျက်နေတဲ့ မန်ယူက တန်းဆင်းဇုန်နား ရုန်းကန်ရဦးမလား

■ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဆိုင်မွန်စ်ကို ချယ်လ်ဆီး စိတ်ဝင်စားနေချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဒတ်ချ်တိုက်စစ်ကစားသမ...
22/07/2025

■ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ဆိုင်မွန်စ်ကို ချယ်လ်ဆီး စိတ်ဝင်စားနေ

ချယ်လ်ဆီးအသင်းဟာ လိုက်ပ်ဇစ်အသင်းက ဒတ်ချ်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန်စ်ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ချယ်လ်ဆီးအနေနဲ့ အခုနွေရာသီကာလအတွင်း ဒယ်လပ်၊ ဂျော်အိုပတ်ဒရို၊ ဂစ်တန်စ်၊ အီစတယ်ဗိုစတဲ့ ကစားသမားတွေကို ခေါ်ယူထားပြီးဖြစ်ပေမဲ့ တိုက်စစ်ကို ထပ်မံအားဖြည့်ဖို့ ပြင်ဆင်နေတာပါ။

ဆိုင်မွန်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ကနဦး ပေါင် ၄၃ သန်း၊ Add-ons ကြေး ပေါင် ၂၆ သန်းနဲ့ လိုက်ပ်ဇစ်ကို အပြီးရောက်ရှိခဲ့ပါတယ်။

PSG ကစားသမားဟောင်း ဆိုင်မွန်စ်အဖို့ အစောပိုင်းနှစ်ရာသီမှာတော့ လိုက်ပ်ဇစ်မှာ အငှားကစားခဲ့ပါတယ်။

ဆိုင်မွန်စ်အနေနဲ့ လာမယ့်ရာသီ လိုက်ပ်ဇစ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရလို့ အသင်းက ထွက်ခွာဖို့
ရှိနေပါတယ်။

ချယ်လ်ဆီးနဲ့ လိုက်ပ်ဇစ်အသင်းအကြား ဆွေးနွေးမှုကို ယနေ့ကစတင်ပြီး ပြုလုပ်ဖွယ်ရှိပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဂျော်အိုပတ်ဒရိုအတွက် ပေါင် သန်း ၆၀၊ ဒယ်လပ်အတွက် ပေါင် သန်း ၃၀၊
ဂစ်တန်စ်အတွက် ပေါင် ၅၅ သန်း၊ အီစတယ်ဗိုအတွက် ပေါင် ၂၉ သန်း သုံးစွဲထားပြီးဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဆိုင်မွန်စ်ကို မခေါ်ယူခင် အသင်းကစားသမားတွေဖြစ်တဲ့ အန်ကွန်ကူ၊ ဂျော်အိုဖေးလစ်၊ စတာလင်၊ နီကိုးလက်စ် ဂျက်ဆင်တို့ကို ကနဦး ရောင်းချဖွယ်ရှိပါတယ်။

■ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုအောင်မြင်အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘာစီ...
22/07/2025

■ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ် ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုအောင်မြင်

အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းနဲ့ ဆေးစစ်မှုအောင်မြင်ခဲ့တယ်လို့
BBC Sport က ဖော်ပြခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်(၂၇ နှစ်)ဟာ မန်ယူနိုက်တက်ရဲ့ခွင့်ပြုချက်ရပြီးနောက် တနင်္ဂနွေညကတည်းက ဘာစီလိုနာကို ရောက်ရှိနေတာဖြစ်တယ်။

၎င်းအနေနဲ့ တနင်္လာနေ့မနက်က လေ့ကျင့်ရေးကွင်းမှာ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်၊ အားကစားဒါရိုက်တာ ဒေကိုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘာစီလိုနာနဲ့ မန်ယူနိုက်တက်အကြား ရပ်ရှ်ဖို့ဒ်အငှားအပြောင်းအရွှေ့အတွက် ဆွေးနွေးမှုမှာ ပြီးခဲ့တဲ့အပတ်ကတည်းက လျင်မြန်စွာတိုးတက်လာခဲ့တာဖြစ်တယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်မှာကာ နှစ်ဖက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ မန်ယူနိုက်တက်မှာ တစ်နှစ် ပေါင် ၁၄ သန်းရရှိခဲ့ပြီး ဘာစီလိုနာမှာတော့ ၂၅ ရာခိုင်နှုန်း လျှော့ချရယူမှာဖြစ်ပါတယ်။

စာချုပ်မှာ ယူရို ၃၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရှိတဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

ဘာစီလိုနာအသင်းဟာ ရပ်ရှ်ဖို့ဒ်အား တရားဝင်မိတ်ဆက်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ပါလိမ့်မယ်။

Address

Thingangyun

Alerts

Be the first to know and let us send you an email when Eleven Sports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleven Sports:

Share