Rich Hands

Rich Hands Online Service

15/07/2024

Fortune TV Channel မှ တင်ဆက်ပြသမည့်
“ပဝါပါးပါး သနပ်ခါး” ရုပ်သံဇာတ်လမ်းတွဲအတွက်
လူတွေ့ လာရောက် ယှဉ်ပြိုင်ရန် နေရာ အချိန် နေ့ရက် 🤍

မှတ်ချက် >> လူတွေ့ လာရောက်ယှဉ်ပြိုင်ကြသည့်
ဝါသနာရှင်များအတွက် ယှဉ်ပြိုင်ရမည့် Dialogue များကို Production မှ စီစဉ်ပီးသားဖြစ်ပါသည် ။
အခြားသိရှိလိုသည့်အချက်အလက်များကို Page Messanger မှ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Yee Mon Aung Film Production
#ပဝါပါးပါးသနပ်ခါး
#ဒါရိုက်တာသိုးဆောင်း
#ဇာတ်ညွှန်းမယ်ခိုင်

15/07/2024
နေ့တိုင်းလိုလို လာအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ဒီထက်မက ပိုပြီးပိုပြီး အောင်မြင်ပါစေ။
08/07/2024

နေ့တိုင်းလိုလို လာအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

ဒီထက်မက ပိုပြီးပိုပြီး အောင်မြင်ပါစေ။

With Yee Mon Aung – I just got recognized as one of their top fans! 🎉
08/07/2024

With Yee Mon Aung – I just got recognized as one of their top fans! 🎉

04/07/2024

မကြာမီ ပရိတ်သတ်ရှေ့အရောက်လှမ်းလာမဲ့
“ပုဂ္ဂလစံအိမ် ရုပ်ရှင်ကားကြီး” ကို
“ပဝါပါးပါး သနပ်ခါး” ဇာတ်လမ်းတွဲ နဲ့
အမောပြေလေး စောင့်မျှော်ကြရအောင်ရှင် …… 💛

Next Series……..
Coming soon………. 💛

Yee Mon Aung Film Production
#ပုဝါပါးပါးသနပ်ခါး
#ရုပ်သံဇာတ်လမ်းတွဲ
#ဒါရိုက်တာသိုးဆောင်း
#ဇာတ်ညွှန်းမယ်ခိုင်

ဆိုင်မှာ အမြဲတမ်းလာအားပေးတဲ့  Ma Yee Mon Aung  ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
03/07/2024

ဆိုင်မှာ အမြဲတမ်းလာအားပေးတဲ့ Ma Yee Mon Aung ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။

27/05/2024

#အပိုင်း (၁)
"ကိုကျော်ဝင်း...ကျွန်မတို့ ပွင့်လင်းရာသီရောက်ရင် သားလေးကို ရှင်ပြုပေးရအောင်လေ..."
မနှစ်ကလည်း ဒေါ်ချစ်တို့ အလှူမှာ သားလေးကို ရှင်ပြုပေးမယ်ဆိုပြီး ရှင်ပဲကိုယ့်အလှူငွေမရှိဘဲ မလှူချင်ဘူးဆိုလို့ မပြုပေးဖြစ်ဘူးလေ...

အဲဒါ ဒီနှစ်တော့ ကျွန်မသားလေးကို

"တော်စမ်းပါ မိအေးရာ"
ကျော်ဝင်းမှ စကားဖြတ်၍ အော်လိုက်ရာ
မိအေးမှာ အနည်းငယ်ထူပူသွားပြီး
"ဟမ်... ဘာလို့လဲကိုကျော်ဝင်းရဲ့
ကျွမ်မသားလေးက နောက် ၄ လဆို ၁၃ နှစ်ထဲဝင်ပြီရှင့်
ကျွန်မတော့ ကိုယ့်သားလေးကို ရှင်ပြုပေးချင်လှပြီ
ဗုဒ္ဓဘာသာဝင်ပီပီ အနည်းဆုံးတော့ မိဘရဲ့ ပီတိလေးဖြစ်ချင်လိုက်တာ ကိုကျော်ဝင်းရဲ့။

ကျော်ဝင်းမှ သောက်လက်စအရက်ခွက်ကို တစ်ကြိုက်တည်းမော့ချလိုက်ရင်း
အေ... နင့်သား အကောင်က
ဟိုဟာလုပ် လက်ကြောကမတင်း၊ ဒီဟာလုပ်လည်းလက်ကြောကမတင်း
ရွာဦးဘုန်းကြီးက ဗျစ်တောက်တောက်နဲ့ အဆင်ပြေမယ်မထင်ပေါင်...

မြတ်စွာဘုရားရှင်လက်ထက်က
တစ်ဆယ့်ငါးနှစ် ပြည့်မှ ရှင်ပြုပေးဖို့ ဝိနည်းမဟာဝါ ပါဠိတော်မှာ ဘုရားရှင်က မိန့်ဆိုဖူးတယ်။
နင့်သားက အခုမှ ၁၃ လောက်ရှိသေးတာ။ သောက်ချိုးကလည်း မပြေဘူး။ ဒီကြားထဲ လက်ကြောကမတင်း။

ရှင်က စာပေဗဟုသုတရှိတယ်ဆိုပြီး မပြောပါနဲ့ရှင်
ရှင်ကလည်း ရွာဦးဘုန်းကြီးဟောတဲ့တရားထဲမှာပါတယ်၊
မိဘမရှိဘဲ ခိုကိုးရာမဲ့နေတဲ့ ကလေးငယ်နှစ်ဦးကို သာသနာ့ဘောင်အတွင်း သွတ်သွင်းချင်လို့
ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့ လျှောက်တဲ့အခါ
အသက်တစ်ဆယ့် ငါးနှစ် မပြည့်ပေမယ့် သူ့ရှေ့မှာ ချထားသောဆွမ်းကို
ကျီးတွေမလာအောင် ခြောက်လှန့်နိုင်ရင် အဲ့ကလေးတွေကို
ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော်မူခဲ့တယ်လို့နာရပါတယ်။
ပြီးတော့ သူများတွေလည်း ၄ နှစ်တောင်မပြည့်သေးဘူး ရှင်ပြုနေကြပြီလေ။

မိဘနှစ်ပါး ပြောနေသောစကားများကို မောင်လူအေးမှ ဘုရားသောက်တော်ရေလဲနေရင်း နွားစွင့်ကာ
ရှင်ပြုချင်စိတ်တဖွားဖွားပေါ်လာကာ အတွေးထဲသို့ ရွက်လွှင့်နေချိန်...

ဟေ့ကောင် မင်းကိုငါ နွားချေးကျုံးခိုင်းထားတာ ခုထိမကျုံးရသေးဘူးလား

ကျော်ဝင်း၏ စကားကိုကြား၍ လူအေး အတွေးများရပ်တန့်ကာ
လန့်ဖြန့်၍ လက်ထဲမှ ဘုရားသောက်တော်ရေခွက်လွတ်ကျသွားလေသည်။

"ခွမ်း...."

အေး သောက်သုံးမကျတဲ့ကောင် မင်းယောက်ျားမဟုတ်ဘူးလား
လက်ကြောမတင်းတဲ့ကောင်။ မင်း ဘယ်လိုလူဖြစ်လာတာလဲ။
ဟိုဘက်အိမ်က ကလေးတွေဆို ငါးရှာ ကြွက်လိုက် ဈေးထဲသွားရောင်းတာ
တစ်ရက်ကို ရှစ်ထောင်ကျော်ရတယ်ကွ။
မင်းက ဘာမှ သောက်သုံးမကျဘူး
ဝင်ငွေမရှာပေးနိုင်တဲ့ကောင်
အခုချက်ချင်း မင်း နွားချေးသွားကျုံးလိုက်
လက်ကြောမင်းတင်းတဲ့ကောင်...

မိအေးမှ သက်ပြင်းချရင်း
ပြောလက်စကားကို ဖြတ်လိုက်ကာ ထမင်းအိုးတည်ထားသည်ကိုသတိရရင်း
မီးဖိုဆောင်ဘက်သို့ ခပ်သုတ်သုတ် ထွက်သွားလေတော့သည်။

* * * * *

#အပိုင်း(၂)
နေဝင်ရီတရောအချိန်ဖြစ်၏။
ဥယျာဉ်တော်ကျေးရွာမှ လယ်ထဲရှိ လုပ်ငန်းခွင်များပြီးစီး၍
ပြန်ကြသည့်အချိန်ဖြစ်၍

ဟေး.... ကျော်ဝင်းရေ
ညခင်း ငါတို့အရက်နဲ့မြည်းဖို့
ငါးရှာသွားရအောင်ကွာ ကျော်ဝင်း...

ဟား...ဟား.. မင်းကတော့ လုပ်ပြီ
ငါဘယ်တုန်းက မင်းကို
သက်သက်လွတ်မြည်းခိုင်းဖူးလို့တုန်း ဖိုးဇော်ရ။

အေးပါ ငါသိပါတယ်ကွ
ငါတို့ ရွာပြင်က သုဿာန်နားက ချောင်းကျယ်မှာ
ရေနည်းနေတယ်ကွ
အဲ့ကိုသွားရအောင် မနေ့က ဇော်မိုးတို့ ငါးရံ့ပျံကြီးတစ်ကောင်ရလိုက်တယ်ပြောတယ်။

ကျော်ဝင်းမှ
"အေး ဟုတ်ပြီ" ဟုပြောရင်း
"ဟော့ကောင် မင်းလုပ်နေတာ လက်စသိမ်းတော့
ပြီးရင် ငါတို့နဲ့လိုက်ခဲ့၊ ရော့ ဒီပေါက်ပြားပါ ထမ်းခဲ့ လက်ကြောမတင်းတဲ့ကောင်"

မောင်လူအေးမှ
" ဟုတ် အဖေ"
အဖေ့ဆီမှ "သား" ဟု အခေါ်ခံချင်သော်လည်း
"ဟေ့ကောင်"ဟုခေါ်တိုင်း မျက်ရည်ဝဲမိသော
မောင်လူအေးမှ မျက်ရည်ကိုထိန်းရင်း
ပေါက်ပြား နှစ်လက်ကို ထမ်းရင်း
အဖေနှင့် ဦးဖိုးဇော်တို့နောက်သို့ လိုက်လာခဲ့လေ၏။

"ကလေးကို ပြန်ခိုင်းလိုက်ပါကွာ ငါတို့နဲ့လည်းဖြစ်ပါတယ်၊
မိုးလည်းချုပ်နေပြီဆိုတော့၊ ပြီးတော့ ငါတို့နဲ့ ရွှေရည်တို့လင်မယားလည်းပါတာပဲကွာ"

ကျော်ဝင်းမှ
"ဟာကွာ ဒီကောင်က လက်ကြောမင်းတဲ့ကောင် မင်းကို ငါးကူရှာပေးလည်းရမှာမဟုတ်ဘူး၊
ယောက်ျားမဟုတ်တဲ့ကောင်၊ ပါလာလည်း အလကားပါ၊ ငါးတော့ ကူသယ်ခိုင်းလို့ရတယ်လေကွာ ဟား... "

ဖိုးဇော်မှ
"အေးပါကွာ ငါလည်း မင်းကိုမပြောချင်တော့ဘူး၊ မင်းရဲ့သားကို မင်းက အမြဲအကောင်းမပြောဘူး၊
ငါ့တူလေးက အေးပါတယ်ကွာ။ မင်းက အကောင်းကိုမပြောဘူး"

"မင်းဘာသိလို့လဲ ဒီကောင်က သောက်သုံးမကျဘူးကွ"

"အေးပါကွာထားလိုက်ပါတော့၊ မြန်မြန်သွားရအောင် မိုးချုပ်နေပြီ"

အဖေဖြစ်သူနှင့် ဦးဖိုးဇော်တို့ပြောသောစကားများကိုကြားရင်း
မျက်ရည်တဲလျက် နောက်မှလိုက်ပါလာသူမှာ
မောင်လူအေးဖြစ်လေသည်။

ဆယ့်ငါးမိနစ်ခန့် လမ်းလျှောက်ရင်း
ချောင်းကျယ်ထဲသို့ရောက်ခဲ့၏။
ကျော်ဝင်းတို့အုပ်စုမှာ
ချောင်းရိုးတစ်လျှောက်
တွင်းထဲသို့ ငါးများနှိုက်ရင်း
ငါးရှာနေစဉ်...
မောင်လူအေးမှာ ဖခင်ဖြစ်သူကိုကြောက်သည်က တစ်ကြောင်း၊
ငါးမရှာတတ်သည်ကတစ်ကြောင်းမို့ ပေါင်းပြားနှစ်ခုကို ပုခုံးပေါ်မှ ချရင်း
ဆန့်ဆန့်ကြီးရပ်နေမိ၏။

"ဟေ့သောက်သောက်သုံးမကျတဲ့ကောင် မင်းက ဘာလုပ်နေတာလဲကွ၊ ငါးလာရှာလေ၊
မြန်မြန်လာစမ်း"

ဖခင်ဖြစ်သူအသံကြောင့် ပြာယာခက်ကာ ချောင်းထဲသို့ဆင်းကာ
ငါးရှာရန် မောင်လူအေး ဆင်းလာလေ၏။

ဖခင်ဖြစ်သူတို့ တွင်းများနှိုက်သည်ကို မြင်၍
မောင်လူအေးလည်း ငါးများဝင်နေနိုင်သည့် တွင်းများကို လိုက်ရှာကာ
ဗေဒါပင်အချို့ရှိနေသည့်ကြားတွင်
တွင်းတစ်ခုရှိနေသည်ကို တွေ့လိုက်၏။

"ဦးဖိုးဇော်ရေ ဒီမှာ တွင်းတစ်ခုတွေ့တယ်။
ဘာလုပ်လိုက်ရမလဲဗျ။"

"အေးအေး ခနလေး ဦး‌လေးလာခဲ့မယ်။"
ထိုအခါ ကျော်ဝင်းမှ...
"တွင်းတွေ့ရင်နှိုက်လိုက်လေကွာ
မင်းနားမလည်ဘူးလား"

"ဟုတ်...ဖေဖေ"
မောင်လူအေးမှ ဖခင်ဖြစ်သူကို
ဝမ်းနည်းစွာဖြေရင်း တွင်းထဲသို့နှိုက်ရင် ပြင်ဆင်လိုက်၏။

တွင်းဝမှာ လက်နှင့်မဆန့်သော်လည်း နုန်းမြေများကြောင့် အနည်းငယ်ပျော့ပြောင်းလှ၏။
လက်တစ်ဝက်ခန့်သို့ရောက်သောအခါ လှုပ်ရှားမှု တစ်စုံတစ်ရာကို ခံစားမိလိုက်လေသည်။
"ငါးရံလားမသိဘူး... ငါသာ ဒီငါးကို ဖမ်းလိုက်နိုင်ရင် အဖေတော့ဝမ်းသာမှာ" ဟု စိတ်ထဲတွေးရင်း
အားရပါးရ လှမ်းဆွဲလိုက်လေသည်။

သူလှမ်းဆွဲလိုက်သောအရာကိုမိလိုက်သောအခါ ပျော်ရွှင်ပီတီဖြစ်ရလျက် အနည်းငယ်အပြင်သို့ ဆွဲလိုက်စဉ်
သူ၏လက်အား "ပူခနဲ" အရာတစ်ခုမှ ထိတွေ့လိုက်သည်ကို သတိထားမိလိုက်လေသည်။

မောင်လူအေးမှ လက်နာကာ ထုံကျင်သွားသည့်အတွက်
ကိုင်ထားသောအရာကိုလွှတ်၍ အပြင်သို့ လက်ကို ဆွဲထုတ်လိုက်လေသည်။

ဆွဲထုတ်လိုက်သောလက်မှ ဒဏ်ရာတွင် အပေါက်နှစ်ပေါက်ရှိကာ သွေများ စိမ့်ထွက်လာ၏။

"အား.... ဦးဖိုးဇော်ရေ တွင်းထဲကိုသားနှိုက်လိုက်တာ လက်နာသွားတယ် "

ဖိုးဇော်မှ လူအေးရှိရာသို့ တစ်ဖက်ကမ်းမှ ပေါင်ရင်းခန့်ရှိသောရေထုကိုဖြတ်လာချိန်။
ကျော်ဝင်းမှ
"ဟေ့ကောင် မင်းနှိုက်တဲ့တွင်းက ငါးခူတွင်းမို့နေမှာပေါ့၊ ဆက်နှိုက် ငါးခူဆိုတာက တစ်ကောင်တည်းမနေဘူးကွ၊
တစ်ကောင်မှမရရင် မင်းအိမ်မပြန်ရဘူး"

ဖိုးဇော်မှ လူအေးနားသို့ရောက်လာပြီး
သွား တူလေး အပေါ်က ကိုင်းခြုံနားမှာ ခနသွားနားနေလိုက်
မင်း ငါးကျည်းတွက်ခံလိုက်ရပြီထင်တယ်ကွ။
အဆိပ်တတ်တာထင်တယ်။

"ဟုတ် ဦးဖိုးဇော်" ဟုဖြေရင် လူအေး
ရီဝေ ရီဝေဖြစ်လျက်
ချောင်းပေါ်သို့တက်သွားလေ၏။

ဖိုးဇော်မှ လူအေးနှိုက်သွားသော တွင်းထဲသို့
နှိုက်မည်ဟု အသင့်ပြင်လိုက်စဉ် တွင်းထဲမှ
မြွေပွေးတစ်ကောင် အစွယ်ကို ပြူတစ်ပြူတစ်လုပ်ရင်း ထွက်လာလေသည်‌။

ထိုစဉ်ဖိုးဇော်မှ ပြာပြာသလဲ နောက်သို့ဆုတ်ရင်
ကိုကျော်ဝင်းရေ မင်းသား မြွေပွေးထိသွားပြီ
မြန်မြန်လာဦး။

ကျော်ဝင်းမှ
ဟာကွာ... ဒီကောင် တော်တော်ဂြိုလ်မွေတဲ့ကောင်ဟုပြောရင်း
သူတို့အုပ်စု လူအေးရှိရာသို့ ပြန်တက်လာ၏။

လူအေးကိုကြည့်လိုက်စဉ် ခန္ဓာကိုယ်တစ်ခုလုံး
ပြာနှမ်းနေ၏။ လူအေး.. လူအေး
မင်းပိုးထိတာကွာ လာလာ ဦးလေး ရွာဘက်ကို အမြန်ခေါ်သွားမယ်။ ဟုပြောရင်း ဖိုးဇော်မှ လူအေးကို ထူရင်း

လူအေးမှ
"ဦးလေး သားလက်တွေထုံနေပြီ သားမလှုပ်နိုင်တော့ဘူးဗျာ"
ထိုစဉ်ကျော်ဝင်းမှ

"ဟေ့ကောင် မင်းယောက်ျားမဟုတ်ဘူးလား
ခုချက်ချင်းထစမ်း"

လူအေးမှ ခန္ဓာကိုယ်ကို ထိန်း၍ မတ်တပ်ရပ်လိုက်ကာ
သူ၏မျက်ဝန်းမှ မျက်ရည်စများ လျှံထွက်လာကာ
"အဖေ သား‌က အဖေပြောသလို ယောက်ျားပါအဖေ
သားယောက်ျားပါ"
"သား... ယောက်ျားပါ" ဟုပြောရင်း

ဘုန်း... ခနဲ လဲကျသားလေတော့သည်။
.................

ဖိုးဇော်မှ -
ဟင်... ကျော်ဝင်း မင်းရဲ့သား ခြေနေ မဟန်ဘူးကွ
ရွာဘက်မြန်မြန်သယ်ရအောင်ဟုပြောလိုက်လေသည်။

ထိုချိန်မှ ကျော်ဝင်းမှ ပြာယာခတ်ကာ
သားဖြစ်သူကို ကျောပိုးကာ
လျင်မြန်စွာ ခေါ်ဆောင်သွားကြလေ၏။

လူအေးမှာ သူ၏ခန္ဓာကိုယ် ထုံနေသော်လည်း
ဖခင်ဖြစ်သူ ကျောပိုးထားသည်ကို ရီဝေတဝါးသိနေသည်။

ဖခင်ဖြစ်သူနှင့် ရင်းနှီးစွာ
နွေးထွေးစွာ ဂရုစိုက်ပေးမှုကို သူဝမ်းသာနေ၏။

လူအေးမှ ဖခင်ဖြစ်သူ၏အပေါမှ ပြုံးရင်း
"အဖေ သားထုံနေပြီ ဘာမှမသိတော့ဘူး
ဒါပေမယ့် အဖေရဲ့ နွေးထွေးမှုကိုတော့ သား...
ဒီတစ်ခါတော့ သိလိုက်ပါပြီ။ သားအရမ်းဝမ်းသာတယ်အဖေ။
သားယောက်ျားပါ... အဖေ" ဟောပြောရင်း
ငြိမ်သွားလေ၏။

ကျော်ဝင်းမှ
"သား.. မင်းဘာတွေပြောနေတာလဲ ငါတို့ရွာရောက်တော့မယ်" ဟာပြောရင်း
ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သုတ်သုတ်ပြာပြာ လူအေးအား သယ်သွားလေ၏။

ရွာဦးဘုန်းတော်ကြီးကျောင်းသို့ရောက်သောအခါ
လူအေးမှာ အသက်ပင်မရှိတော့။

ကျော်ဝင်းမှာ သားဖြစ်သူ၏အဖြစ်ကိုကြည့်ရင်း
ယူကျုံးမရဖြစ်နေ၏။

"သား....သားရေ၊ ငါ့သားလေး...."
ငါ့သားက ယောက်ျားကွာ
ငါ့သားကလေးက လောကဓံကိုခံနိုင်တဲ့ ယောက်ျားတစ်ယောက်ပါကွာ၊
သားလေး ထပါဦး"

ထိုစဉ် သားဖြစ်သူ သေဆုံးသွားသည်ကို ကြိုသိရင်း ပြေးလွှားရောက်လာသူ မိအေးမှ

"အမလေး... ကိုကျော်ဝင်းရယ်.. ရှင်အမြဲ နွေးထွေးမှုမပေးတဲ့
ရှင်အမြဲအော်နေတဲ့ ကျွန်မသားလေးက အခုတော့လေ..အခုတော့ ကျွန်မတောင်ရှင်မပြုပေးလိုက်ရဘူးတော်၊
ရှင်... ရှင်..." ဟုပြောကာ မိအေးမှာ ရှိုက်ကြီးတငင်ဖြစ်ကာ ဆို့နင့်၍ မေ့မြောသွားလေတော့သည်။

ရွာထဲမှ ရပ်မိရပ်ဖများမှ မိအေးကို ဝိုင်းနှိပ်နယ်ကာ
ပြုစုပေးရင်း ကျော်ဝင်းအား ကြည့်နေကြ၏။

ကျော်ဝင်းမှာ မျက်ရည်များစီးကျရင်း သူ၏သားနောက်ဆုံးပြောသွားသော စကားများကိုပြန်ကြားရောင်နေမိ၏။

၎င်းမှာ....
"သားက... ယောက်ျားပါအဖေ"

---------------------------

ပုံပြင်လေးကတော့ ဒီလောက်ပါပဲဗျာ။
ဒီဖြစ်ရပ်က ကျွန်တော်တို့ ပဲခူးတိုင်း၊ ဥယျာဉ်တော်ကျေးရွာမှာ
တစ်ကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပါ
ကျွန်တော့်သူငယ်ချင်း သူရိန်ဦး ပြောပြေပေးတာကို
ကျွန်တော် ပြန်လည်ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။

ဒီဖြစ်ရပ်မှာ ကျွန်တော်ပြောချင်တာတွေအများကြီးရှိပေမယ့်၊
မပြောတော့ပါဘူး၊ ဒီစာကိုဖတ်တဲ့သူတိုင်းကို တစ်ခုပဲ ပြောချင်တာက

ခင်ဗျားတို့ရဲ့သားသမီးတွေက အမြဲတမ်း
ခင်ဗျားတို့ရဲ့ နွေးထွေးမှုကို တောင်းတနေကြတာပါလို့။

(ဤစာကိုရေးရန်အတွက် မိနစ်သုံးဆယ်အချိန်ယူလိုက်ရ၏)
အမှားပါလျှင် ခွင့်လွှတ်ပါလို့....

26/05/2024

ယောက်ျားကောင်းတစ်ယောက်ဟာ တိုင်းပြည်တစ်ပြည်ကို ကယ်တင်နိုင်စွမ်းရှိတယ်။

မိန်းမတစ်ယောက်ဟာ တကမ္ဘာလုံးကို ဖျက်ဆီးနိုင်စွမ်းရှိတယ်။

18/02/2024
28/03/2023
28/03/2023
သဘောကောင်းတဲ့ အန်တီရေ အားပေးကြမ်းလို့ ကျေးဇူးတင်ပါတယ်။ Vinyl, Flyer, Label Sticker & Design
28/03/2023

သဘောကောင်းတဲ့ အန်တီရေ အားပေးကြမ်းလို့ ကျေးဇူးတင်ပါတယ်။
Vinyl, Flyer, Label Sticker & Design

Address

South Okkalapa
Thingangyun
11031

Telephone

+959965174492

Website

Alerts

Be the first to know and let us send you an email when Rich Hands posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rich Hands:

Share