14/06/2025
ဒေးဗစ် ဘက်ခမ်း ဆာဘွဲ့ ချီးမြှင့်ခံရ
ဒေးဗစ် ဘက်ခမ်း ဆာဘွဲ့ ချီးမြှင့်ခံရ
**************************
အင်္ဂလန် နဲ့ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ ဆာဘွဲ့ (knighthood) ချီးမြှင့်ခံရပြီး "ဆာ ဒေးဗစ် ဘက်ခမ်း" ဖြစ်လာပြီလို့ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြ ဆာ အဲလက်စ် ဖာဂူဆန် (Sir Alex Ferguson) ရဲ့ နာမည်ကျော် ၁၉၉၂ အကယ်ဒမီမျိုးဆက်ကနေ ထွက်လာတဲ့ ဘောလုံးသမားတစ်ဦး ဆာဘွဲ့ ရတဲ့အထိ ပေါက်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒေးဗစ် ဘက်ခမ်းဟာ သူ့ရဲ့ ခမ်းနားတဲ့ ဘောလုံးသမားဘဝအတွက်တင်မကဘဲ သူ့ရဲ့ လူထုအကျိုးပြု စွမ်းဆောင်မှုတွေကြောင့် ဆာဘွဲ့နဲ့ သူကောင်းပြုခံရတာ ဖြစ်ပါတယ်။
ဒေးဗစ် ဘက်ခမ်းဟာ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။
ကစားသမားဘဝမှာ မန်ယူ၊ ရီးရဲလ်မက်ဒရစ် ၊ LA ဂလက်ဆီ ၊ ပီအက်စ်ဂျီ၊ အေစီမီလန် စတဲ့ ကလပ်တွေမှာ အောင်မြင်တဲ့ ကစားသမားဘဝကို ဖြတ်သန်းခဲ့သူပါ။
#ဒေးဗစ်ဘက်ခမ်း