Taste Window Food Magazine

Taste Window Food Magazine Food, Cooking, Lifestyle and Health
Monthly Magazine, Issued on every 27th of a month
(333)

27/07/2025

ဒီတစ်ပတ်မှာတော့ ဝဥခေါက်ဆွဲကို ဒီလိုချဉ်ချဉ်စပ်စပ်နဲ့မလေးရှားစတိုင်လ်ခေါက်ဆွဲအနေနဲ့လည်း ချက်ပြုတ်ပေးထားပါတယ်။ ပိတ်ရက်မိုးအေးအေးလေးမှာ မလေးရှားစတိုင်လ်ဝဥအုန်းနို့ခေါက်ဆွဲလေး ချက်စားဖို့ Video လေးကို ကြည့်လိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
ဝဥခေါက်ဆွဲ - ၄၀၀ ဂရမ်
ပဲပြား - ၄၀ ဂရမ် (လေးထောင့်အတုံးလေးတွေတုံးပါ)
ပုစွန်ခေါင်းပြုတ်ရည် - ၇၀၀ မီလီလီတာ
ပုစွန် - ၂၀၀ ဂရမ်
အုန်းနို့ - ၁၆၅ မီလီလီတာ
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၂ ဇွန်း
သံပရာသီး - ၁ လုံး (တွဲဖက်စားရန်)
ပဲပင်ပေါက် - အနည်းငယ် (တွဲဖက်စားရန်)
ငရုတ်သီးအကျက်မှုန့် - အနည်းငယ် (တွဲဖက်စားရန်)
ဟင်းချက်နှစ်အတွက်ပါဝင်ပစ္စည်းများ
စပါးလင် - ၃၀ ဂရမ်
ပတဲကော - ၁၅ ဂရမ်
မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နံနံစေ့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်နီ - ၁ လုံး
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်သီးမှုန့် - စားပွဲဇွန်း ၂ ဇွန်း
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း
ဆီ - စားပွဲဇွန်း ၂ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - အနည်းငယ်



#ဝဥ
#နေခြည်

#မလေးရှားစတိုင်လ်ဝဥအုန်းနို့ခေါက်ဆွဲ

26/07/2025

မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ ချဉ်ချဉ်စပ်စပ် ထိုင်းစတိုင်လ်ပဲကြာဆံသုပ် လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆီပြန်ဟင်းတွေမစားချင်တဲ့အခါ ဒီလိုမျိုးလေး သုပ်စားကြည့်ပါနော်။
ထိုင်းစတိုင်လ်ပဲကြာဆံသုပ်
ပါဝင်ပစ္စည်းများ
ကြက်ကြိတ်သား - ၂၀၀ ဂရမ် (ပြုတ်ရန်)
စပါးလင် - ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ) (ကြက်သားပြုတ်ရန်)
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း (ကြက်သားပြုတ်ရန်)
အသုပ်သုပ်ရန်ပါဝင်ပစ္စည်းများ
မွှေးပဲကြာဆံ - ၉၀ ဂရမ် (ရေစိမ်ထားပါ)
ခရမ်းချဉ်သီး - ၁ လုံး (အနေတော်လှီးပါ)
ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးပါ)
ရှမ်းနံနံ - ၁၀ ဂရမ် (အနေတော်ပိုင်းဖြတ်ပါ)
နံနံပင် - ၁၀ ဂရမ် (အနေတော်ပိုင်းဖြတ်ပါ)
အချဉ်အတွက်ပါဝင်ပစ္စည်းများ
ထန်းလျက် - ၄ လုံး
ကြက်သွန်ဖြူ - ၃ မြွှာ
ငရုတ်သီးအနီ - ၄ တောင့်
နံနံပင်အရိုး - ၁၀ ဂရမ်
သံပရာသီး - ၁ လုံး
ငါးငံပြာရည် - စားပွဲဇွန်း ၁ ဇွန်း



#မွှေးစားသောက်ကုန်လုပ်ငန်းHMWE
#နေခြည်
#ထိုင်းစတိုင်လ်ပဲကြာဆံသုပ်

ဘဲပေါင်းဆီချက်ခေါက်ဆွဲ      ဆီချက်ခေါက်ဆွဲကြိုက်သူများကို ဘဲပေါင်းနဲ့ တွဲဖက်စားတာလေး မျှဝေလိုက်ပါတယ်။ ပါဝင်ပစ္စည်းများ က...
25/07/2025

ဘဲပေါင်းဆီချက်ခေါက်ဆွဲ
ဆီချက်ခေါက်ဆွဲကြိုက်သူများကို ဘဲပေါင်းနဲ့ တွဲဖက်စားတာလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥခေါက်ဆွဲ - ၁ ထုပ် (ပြုတ်ထားပြီး ရေစစ်ထားပါ)
ကြက်သွန်မြိတ် - ၃ ပင်
ငံပြာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီချက်လုပ်ရန်ပါဝင်ပစ္စည်းများ
ကြက်သွန်ဖြူ - ၇ - ၈ မြွှာ (နုပ်နုပ်လှီးထားပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
နေကြာဆီ - စားပွဲဇွန်း ၅ ၁/၂ ဇွန်း
ဘဲသားပေါင်းရန်ပါဝင်ပစ္စည်းများ
ဘဲရင်အုပ်သား - ၂- ၃ ခြမ်း
အသားမှုန့် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အငန် - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပဲငံပြာရည်အချို - လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
သစ်ကြံပိုးခေါက် - ၁ ခေါက်
ကရဝေးရွက် - ၂ ရွက်
နာနတ်ပွင့် - ၂ ပွင့်
ပြုလုပ်နည်း
၁။ ဖန်ဇလုံအကြီးထဲ ဘဲသားပေါင်းရန် ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး လက်ဖြင့် သေချာနှံ့အောင် နယ်နှပ်ပါ။ ပြီးလျှင် ပေါင်းအိုးထဲ အသားတုံး ရေမြုပ်အောင် ထည့်ပြီး ၂၅ - ၃၀ မိနစ်ခန့် ထည့်ပေါင်းပါ။ ဘဲသားနူးအိလာလျှင် အိုးထဲမှ ဆယ်ပြီး အအေးခံပါ။ ခပ်ပါးပါးအပြားများ လှီးထားပါ။
၂။ မကပ်သော ဒယ်အိုးထဲ ဆီပူအောင်တည်ပြီး ကြက်သွန်ဖြူနှင့် နနွင်းမှုန့်များထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူအနည်းငယ် ကြွပ်ရွနေလျှင် ရပါပြီ။
၃။ ခေါက်ဆွဲကို ငံပြာရည်ဖြင့် နယ်ထားပါ။ ပြီးလျှင် ဆီချက်များ ဆမ်းပါ။ သေချာနှံ့အောင် နယ်ပါ။
၄။ သုံးဆောင်ရန် ပန်းကန်ထဲ ခေါက်ဆွဲကို လိုသလောက်ထည့်ပါ။ ပြီးလျှင် ဘဲသားပြားများ တင်ပြီး ကြက်သွန်မြိတ်ဖြူးပြီး ချက်ချင်းသုံးဆောင်ပါ။




#ဘဲပေါင်းဆီချက်ခေါက်ဆွဲ

လေးညှင်းပွင့်လက်တင်ဘာသာစကား Clove မှ ဆင်းသက်လာပြီး "လက်သည်း" ဟု အဓိပ္ပာယ်ရသည်။ သံမှိုသဏ္ဌာန်ရှိ လေးညှင်းပွင့်သည် ပန်းအိပ...
24/07/2025

လေးညှင်းပွင့်
လက်တင်ဘာသာစကား Clove မှ ဆင်းသက်လာပြီး "လက်သည်း" ဟု အဓိပ္ပာယ်ရသည်။ သံမှိုသဏ္ဌာန်ရှိ လေးညှင်းပွင့်သည် ပန်းအိပင်မျိုးနွယ်ဝင် အပင်တစ်မျိုးမှ သေချာရွေးထုတ်ထားသော အဖူးလေးများကို အခြောက်ခံထားခြင်းဖြစ်သည်။
အရွယ်သေးငယ်သော်လည်း အနံ့မွှေးကြိုင်သော လေးညှင်းပွင့်ကို ချက်ပြုတ်နည်းတိုင်းလိုလိုတွင် ထည့်သွင်းအသုံးပြုကြပြီး ချိုသောဟင်းလျာများနှင့် အရသာကဲသော ဟင်းလျာများတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ တရုတ်မဆလာ၊ ပြင်သစ် ဟင်းခတ်အမွှေးအကြိုင်၊ အိန္ဒိယမဆလာ၊ မော်ရိုကိုဟင်းခတ်အမွှေးအကြိုင်အရော၊ ဗြိတိသျှသုံး အပူပေး ဝိုင်ဟင်းခတ်နှင့် အမေရိကန် ရွှေဖရုံဟင်းခတ်တို့ အပါအဝင် ကမ္ဘာတစ်လွှားရှိ ချက်ပြုတ်နည်းများ၊ ဟင်းအနှစ်များနှင့် အဖျော်ယမကာများတွင်ပါ ပါဝင်ပစ္စည်းတစ်ခုအဖြစ် သုံးစွဲလာပြီဖြစ်သည်။
အကောင်းဆုံး လေးညှင်းပွင့်များကို မလေးရှားနိုင်ငံ ပီနန်ဒေသမှ ရရှိသည်။ အဖူးများ ပကတိအတိုင်း ရှိနေသေးသော လေးညှင်းပွင့်ကို ရှာယူပါ။ အရိပ်ရပြီး အေးမြသော မီးဖိုဆောင်နှင့် ဆိုင်များတွင် အလုံပိတ်သိမ်းဆည်းထားသည့် လေးညှင်းပွင့်များကို အသားစတူး၊ ဆော့စ်၊ သစ်သီးယိုနှင့် ခရစ္စမတ်ဝက်ပေါင်ခြောက်များ ချက်ပြုတ်ရာတွင် သုံးနိုင်သည်။ သို့သော် ဟင်းလျာတည်ခင်းခါနီးတွင် လေးညှင်းပွင့်များဖယ်ရှားရန် မမေ့ပါနှင့်။
အင်ဒိုနီးရှားနိုင်ငံ မာလူကူကျွန်းဟု လူသိများသော အရောင်အသွေးစုံလင်လှသည့် ဟင်းခတ်အမွှေးအကြိုင်များရှိရာ ယခင် Moluccas ကျွန်းတွင် လေးညှင်းပွင့်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ဇာတိပ္ဖိုလ်သီး၊ ဇာတိပ္ဖိုလ်ပွင့်နှင့် ငရုတ်ကောင်းတို့ ရှင်သန်ပေါက်ဖွားပြီး သီရိလင်္ကာ၊ ဘရာဇီး၊ တန်ဇန်နီးယား၊ မော်ရေးရှပ်စ်နှင့် မဒါဂတ်စကာတို့တွင် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ပြောင်လက်၍ အမြဲစိမ်းစိုနေသော အရွက်များနှင့် စွဲမက်ဖွယ် လေးညှင်းပင်များသည် ပန်းရောင်သန်းသောအဖူးကလေးများနှင့် စူးရှသော ရနံ့မွှေးမွှေး ရှိသည့် အပူပိုင်းဒေသပေါက် အပင်များဖြစ်ကြသည်။ အပင်တစ်ပင် ရှင်သန်ကြီးထွားရန် အနည်းဆုံး အချိန် ၈ နှစ်ခန့် ကြာမြင့်သည်။ အပွင့် မပွင့်ခင် အဖူးကလေးများကို လက်ဖြင့် ခူးဆွတ်ပြီးမှသာ တောက်ပသောပန်းရောင်သို့ ပြောင်းလဲသွားကြသည်။
ဤမျှရှေးကျသော ဟင်းခတ်အမွှေးအကြိုင်မျိုးသည် ဥရောပမီးဖိုချောင်များထဲသို့ အလယ်ခေတ်လောက်မှစ၍ ရောက်ရှိလာခဲ့သည်။ အဆိုပါ လေးညှင်းပွင့်ခြောက်လေးများ၏ ဆေးဖက်ဆိုင်ရာနှင့် အချက်အပြုတ်ဆိုင်ရာ အသုံးဝင်ပုံတို့ကို သိရှိသွားကြပြီး ဘုရင်နှင့် အရပ်သူ၊ အရပ်သားများပါ ကြိုက်နှစ်သက်ခဲ့ကြသည်။ အဆိုပါ အဖိုးတန် ဟင်းခတ်အမွှေးအကြိုင်ကို ဝယ်ယူလိုသူ ပေါများလာခြင်းကြောင့် ပင်လယ်ပျော် စူးစမ်းရှာဖွေသူများလည်း ငွေကြေးကြွယ်ဝချမ်းသာသွားပြီး နောက်ပိုင်းတွင် အရေးပါသော ကုန်သွယ်မှုတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။
လေးညှင်းပွင့်ကို ဆေးဝါးအဖြစ်အတွက်သာမက အစားအသောက်များ တာရှည်ခံစေရန်အတွက် အသုံးပြုခဲ့ကြသည်မှာ နှစ်အတော်ကြာပြီဖြစ်သည်။ တတိယရာစုနှစ်အတွင်းက တရုတ်တိုင်းရင်းဆေးများတွင် လေးညှင်းပွင့်ကို အစာမကြေခြင်း၊ အော့အန်ခြင်းနှင့် သွားကိုက်ခြင်း ဝေဒနာတို့အတွက် ထည့်သွင်းအသုံးပြုခဲ့ကြသည်။ လေးညှင်းပွင့်တွင် ပါဝင်သော eugenol ဓာတ်ပစ္စည်းတစ်မျိုးတွင် ဓာတ်တိုးတားဆီးမှုသတ္တိ (anti-oxidant)၊ ဗက်တီးရီးယားသေစေသော အာနိသင် (antibacterial) နှင့် မှိုကြောင့် ဖြစ်ပွားစေနိုင်သောရောဂါများ ကာကွယ်ပေးနိုင်သည့် အာနိသင် (antifungal) စသည့် ဂုဏ်သတ္တိများ ပါဝင်နေသည်။ ယနေ့ခေတ် ပဋိဇီဝဆေးများကို ခုခံအားရှိသော ဗက်တီးရီးယားပိုးများ တိုးပွားလာခြင်းကြောင့် ခုခံအားမဲ့ ဗက်တီးရီးယားပိုးများ သေစေနိုင်သည့် လေးညှင်းဆီကို အဆိုပါပြဿနာရပ်အတွက် အဖြေတစ်ခုထွက်လာစေရန် ဆက်လက်လေ့လာမှုများ ပြုလုပ်နေကြသည်။



#နှင်းဦးဝေ
#လေးညှင်းပွင့်
#ဟင်းရွက်ဟင်းခတ်အမွှေးအကြိုင်

တူနာပေါင်မုန့် Tuna Buns         အရသာကောင်းလှတဲ့ တူနာပေါင်မုန့်လေးတွေကလည်း လုပ်စားဖူးပြီးသွားရင် အထပ်ထပ်အခါခါလုပ်စားမယ့်...
23/07/2025

တူနာပေါင်မုန့်
Tuna Buns
အရသာကောင်းလှတဲ့ တူနာပေါင်မုန့်လေးတွေကလည်း လုပ်စားဖူးပြီးသွားရင် အထပ်ထပ်အခါခါလုပ်စားမယ့် စာရင်းထဲပါမှာ အသေအချာပါပဲ။ မုန့်သားအရသာဘယ်လိုလဲဆိုတာသိချင်ရင်တော့ အိမ်မှာပဲ စမ်းကြည့်ဖို့ တူနာပေါင်မုန့်ပြုလုပ်နည်းလေးကို ကြည့်လိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
ပေါင်မုန့်အသေး ၅ ခုစာ၊ များများလုပ်ချင်ရင် ၂ ဆတိုးပါ)
အုပ်စု (၁)
ပေါင်မုန့်ဂျုံ - ၁၁၅ ဂရမ်
တဆေး(Yeast) - ၂.၅ ဂရမ်
ရေ - ၈၅ မီလီလီတာ
အုပ်စု (၂)
ကြက်ဥ - ၁၀ ဂရမ် (ခလောက်ပြီးသား)
သကြား - ၃၀ ဂရမ်
ဆား - ပါရုံမျှ
ရေအေး - ၁၂ ဂရမ်
တဆေး (Yeast) - ၂.၅ ဂရမ်
အုပ်စု (၃)
ထောပတ် - ၁၅ ဂရမ် (အခန်းအပူချိန်)
ပေါင်မုန့်ဂျုံ - ၅၀ ဂရမ်
တူနာအဆာသွတ်
တူနာ - ၅၀ ဂရမ်
ကြက်သွန်နီအသေး - ၁ လုံး (သေးသေးလှီး)
မရောနိစ် - စားပွဲဇွန်းမောက်မောက်
ပြုလုပ်နည်း
၁။ ပထမဆုံး အုပ်စု (၁) ကို ရောမွှေပြီး ၁ နာရီခွဲထားပေးပါ။
၂။ ထို့နောက် အုပ်စု (၂) နဲ့ အုပ်စု (၃) ရဲ့ ဂျုံကို ရောထည့်ပြီး ၇ မိနစ်လောက် မွှေပါ။
၃။ ထို့နောက် ထောပတ်ကိုပါထည့်ပြီး ဂျုံသားချောမွတ်အောင် နယ်ပေးပါ။ (မိနစ် ၂၀ ကနေ ၂၅ မိနစ်လောက် နယ်ရပါမယ်)
၄။ ၁၀ မိနစ်လောက် ဂျုံသားကို ဒီအတိုင်းထားပါ။
၅။ ထို့နောက် ၅ ပိုင်းအညီအမျှဖြတ်ပြီး တစ်ပိုင်းစီကို အင်္ဂလိပ်နံပတ် 8 ဂဏန်းရအောင် ပုံသွင်းပြီး ပွလာအောင် မိနစ် ၄၀ ထားပေးပါ။
၆။ ထို့နောက် ကြက်ဥရည်ကို ဘရပ်ရှ်(Brush) လေးနဲ့ သုတ်ပေးပြီး တူနာအဆာများထည့်ကာ ၁၇၀ ဒီဂရီအပူပေးထားသော အာဗင်မှာ ၁၅ မိနစ် ဖုတ်ပေးပါ။
၇။ လုံးဝအေးသွားမှ သုံးဆောင်ပါ။
၈။ ဆိုင်က ရောင်းတာထက်ပိုပြီး လတ်ဆတ်တဲ့ အိမ်လုပ်ပေါင်မုန့်လေး အသင့်ဖြစ်ပါပြီ။



’sKitchen
#တူနာပေါင်မုန့်

Tom Yam Goong (ပုစွန်တုန်ယမ်းဟင်းချို)        ထိုင်းအစားအစာဖြစ်တဲ့ တုန်ယမ်းဟင်းချိုကို မြန်မာတွေကတော့ အသည်းစွဲပါပဲ။ အဲ့ဒ...
22/07/2025

Tom Yam Goong (ပုစွန်တုန်ယမ်းဟင်းချို)
ထိုင်းအစားအစာဖြစ်တဲ့ တုန်ယမ်းဟင်းချိုကို မြန်မာတွေကတော့ အသည်းစွဲပါပဲ။ အဲ့ဒါကြောင့် စားသောက်ဆိုင်တိုင်းမှာ ထည့်ပေးထားပါတယ်။ အခုလုပ်ပြမယ့် ပုံစံလေးကတော့ ကန်တော်ကြီးဟိုတယ်မှာ ကျွန်တော်လုပ်ခဲ့စဉ်က ထိုင်းစားဖိုမှူးကြီးတစ်ယောက် သင်ပေးခဲ့တဲ့နည်းပါ။ ဒီနေ့အချိန်အခါမှာ တုန်ယမ်းဆော့စ်ကို ကိုယ်တိုင်မချက်ကြတော့ဘဲ အသင့်လုပ်ပြီးသားကိုပဲ ဝယ်သုံးကြတော့လို့ မလုပ်ပြတော့ပါဘူး။
ပါဝင်ပစ္စည်းများ
အရိုးပြုတ်ရည် - ၅၀၀ မီလီလီတာ
စပါးလင် - ၁ ပင်
ရှောက်ခါးရွက် - ၂ ရွက်
ပတဲကော - အနည်းငယ်
သံပရာသီး - ၁ လုံး
ငါးငံပြာရည် - အနည်းငယ်
ငရုတ်သီး - ၅ တောင့်
ခရမ်းချဉ်သီး - ၂ လုံး
ကြက်သွန်နီ - ၂ လုံး
ကောက်ရိုးမှို - ၅၀ ဂရမ်
ဆား၊ ငရုတ်ကောင်း - သင့်တော်ရုံ
သကြား - စားပွဲဇွန်း ၁ ဇွန်း
တုန်ယမ်းဆော့စ် - စားပွဲဇွန်း ၂ ဇွန်း
ပုစွန် - ၅ ကောင်
အုန်းနို့ - ၂၀ ဂရမ်
ပြုလုပ်နည်း
၁။ ဦးစွာ ပါဝင်ပစ္စည်းများကို လှီးသင့်တာ လှီးပါ။ ပုစွန်ကို ကိုင်တွယ်သန့်ရှင်းထားပါ။
၂။ အရိုးပြုတ်ရည်ကို အိုးတစ်အိုးထဲ ထည့်ပြီး အပူပေးပါ။ ခရမ်းချဉ်သီးမှလွဲ၍ ကျန်သောပစ္စည်းအားလုံး ထည့်ပါ။ အရသာမြည်းပြီး အနေတော်လျှင် ကျန်သောပစ္စည်းအားလုံး ထည့်ပေးလို့ ရပါပြီ။ ပြီးလျှင် အပေါ်မှာ နံနံပင်လေး တင်ပေးလိုက်ပါ။




#ပုစွန်တုန်ယမ်းဟင်းချို
# #မီးဖိုချောင်သုံးဗဟုသုတများနှင့်ချက်ပြုတ်နည်းများ

ငါးကြင်းချဉ်ပေါင်နှပ်ပါဝင်ပစ္စည်းများငါကြင်း     - ၅၀၀ ဂရမ်ချဉ်ပေါင်ရွက်     - ၁ စည်းမျှစ်     - ၈၀ ဂရမ်ကြက်သွန်နီ     -...
21/07/2025

ငါးကြင်းချဉ်ပေါင်နှပ်
ပါဝင်ပစ္စည်းများ
ငါကြင်း - ၅၀၀ ဂရမ်
ချဉ်ပေါင်ရွက် - ၁ စည်း
မျှစ် - ၈၀ ဂရမ်
ကြက်သွန်နီ - ၁ လုံး
ကြက်သွန်ဖြူ - ၁ လုံး
စပါးလင် - ၂ ချောင်း
ငရုတ်သီးအစိမ်း - ၈ တောင့်
ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မျှင်ငါးပိ - အနည်းငယ်
ဆီ - စားပွဲဇွန်း ၂ ဇွန်း
အရသာမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်
ရေ - ၆၀ မီလီလီတာ
ပြုလုပ်နည်း
ချဉ်ပေါင်ကို အိုးထဲသို့ ထည့်ပြီး ရေအနည်းငယ်ထည့်ကာ ချဉ်ပေါင်များ နူးအိသွားသည်အထိ မွှေပေးပါ။ ချဉ်ပေါင်များနူးအိလာလျှင် မျှင်ငါးပိအနည်းငယ်ထည့်ပြီး ၁ မိနစ်ခန့် ဆက်မွှေကာ အအေးခံထားပါ။
ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ငရုတ်သီးတို့ကို ကြေညက်အောင် ထောင်းပါ။ ဇလုံတစ်လုံးထဲသို့ ဆေးကြောသန့်စင်ထားသောငါးအသားများထည့်ပြီး ဆား၊ အရသာမှုန့်၊ နနွင်း၊ ဆီ၊ ထောင်းထားသော အဆာများအားထည့်ပြီး သမအောင်နယ်ကာ မိနစ် ၃၀ ခန့်နှပ်ထားပါ။ ချက်မည့်အိုးထဲသို့ နှပ်ထားသောငါးနှင့် ရေ ၂ ခွက်ခန့်ထည့်ကာ ၁၀ မနစ်ခန့် တည်ပေးပါ။ ရေ အနည်းငယ်ခန်းပြီး ငါးအသားများကျက်လာလျှင် ချက်ထားသော ချဉ်ပေါင်ရွက်နှင့် မျှစ်များ ထည့်ပေးပါ။ နောက်ထပ် ၅ မိနစ်ခန့်ဆက်ချက်ပြီး အရသာမြည်းကာ သုံးဆောင်နိုင်ပါပြီ။




#ငါးကြင်းချဉ်ပေါင်နှပ်

20/07/2025

မြေပဲကြက်တောင်ပံကြော်
ဒီတစ်ပတ်မှာတော့ အားလုံးကြိုက်ကြတဲ့ ကြက်တောင်ပံကို ကြွပ်ကြွပ်လေးကြော်ပြီး မြေပဲ၊ ဆော့စ်စပ်ထားတာလေးနဲ့ ပြန်ကြော်ထားတဲ့ မြေပဲကြက်တောင်ပံကြော်လုပ်နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်တောင်ပံ(Chicken Drumettes) - ၂၅၀ ဂရမ်
ဆား - အနည်းငယ် (ကြက်သားနယ်ရန်)
ငရုတ်ကောင်း - အနည်းငယ် (ကြက်သားနယ်ရန်)
အကြော်မှုန့် - စားပွဲဇွန်း ၅ ဇွန်း
ရေ - ၂၀၀ မီလီလီတာ
ဆီ - ကြော်ရန်အလုံအလောက်
မြေပဲ - စားပွဲဇွန်း ၃ ဇွန်း (မညက်တညက်ထောင်းထားပါ)
ကြက်သွန်မြိတ် - အနည်းငယ် (နုပ်နုပ်စဉ်းပါ)
ဆော့စ်စပ်ရန်
သကြား - စားပွဲဇွန်း ၂ ဇွန်း
ပဲငံပြာရည်အကြည် - စားပွဲဇွန်း ၃ ဇွန်း
ချင်း - အနည်းငယ် (ထောင်းထားပါ)
ကြက်သွန်ဖြူ - ၅ မြွှာ (ထောင်းထားပါ)
ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရှလကာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း



#ရွှေအုံမြေပဲဆီသန့်
#နေခြည်
#မြေပဲကြက်တောင်ပံကြော်

19/07/2025

Konjac Cubes Thai Green Curry
ဝဥထိုင်းအစိမ်းရောင်ကာရီဟင်း
ဟင်းအနှစ်လည်းစားချင်တယ်၊ ဆီပြန်တာလည်းမစားချင်တဲ့သူတွေအတွက် ဝဥနဲ့ ကြက်သားကို ထိုင်းစတိုင်လ်ဟင်းအနှစ်ပုံစံမျိုးလေး ချက်ပြပေးထားပါတယ်။ ကဲ Video လေးကို ကြည့်လိုက်ကြရအောင်နော်။
ပါဝင်ပစ္စည်းများ
ဝဥ - ၁၅၀ ဂရမ် (လေးထောင့်အတုံးလေးတွေလှီးထားပါ)
ကြက်ရင်အုံသား - ၃၀၀ ဂရမ် (အနေတော်အတုံးတုံးထားပါ)
ဆီ - စားပွဲဇွန်း ၃ ဇွန်း
ခရမ်းကဆော့သီး - ၅၀ ဂရမ် (နှစ်ခြမ်း ခြမ်းထားပါ)
ခရမ်းကြွပ်သီး - ၁၀၀ ဂရမ် (နှစ်ခြမ်း ခြမ်းထားပါ)
ငါးငံပြာရည် - စားပွဲဇွန်း ၂ ဇွန်း
အုန်းနို့ - ၈၀ မီလီလီတာ
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အစိမ်းရောင်အနှစ် - ၂၀၀ ဂရမ်
အစိမ်းရောင်အနှစ်အတွက် ပါဝင်ပစ္စည်းများ
ပင်စိမ်း - ၄၀ ဂရမ်
နံနံစေ့ - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း - ၃၅ ဂရမ်
ကြက်သွန်ဖြူ - ၃၅ ဂရမ်
ကြက်သွန်မြိတ် - ၁၅ ဂရမ်
စပါးလင် - ၃၀ ဂရမ်
ပတဲကော - ၂၀ ဂရမ်
နံနံမြစ် - ၁၅ ဂရမ်
မျှင်ငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ - ၁၅၀ မီလီလီတာ



#ဝဥ
#နေခြည်

#ဝဥထိုင်းအစိမ်းရောင်ကာရီဟင်း

ကင်းမွန်နှင့် ကိုင်းခရမ်းချဉ်သီးအစပ်ချက်       ပင်လယ်စာကို ရိုးရိုးရှင်းရှင်း ချက်စားရတာကြိုက်သူများအတွက် ကိုင်းခရမ်းချဉ...
18/07/2025

ကင်းမွန်နှင့် ကိုင်းခရမ်းချဉ်သီးအစပ်ချက်
ပင်လယ်စာကို ရိုးရိုးရှင်းရှင်း ချက်စားရတာကြိုက်သူများအတွက် ကိုင်းခရမ်းချဉ်သီးနှင့် ကင်းမွန်ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကိုင်းခရမ်းချဉ်သီး - ၈ လုံး (၆ ခြမ်းခြမ်းထားပါ)
ကင်းမွန် - ၂၅ ကျပ်သား (မျက်စိထုတ်ပြီး ခပ်ရှည်ရှည်ပါးပါးလှီးထားပါ)
နနွင်းမှုန့် - လက်ဖက်ဇွန်း ၁/၂ ဇွန်း
နံနံပင် - ၃ ပင် (အရွက်၊ အရိုးအကုန်ထည့်ပါ)
စပါးလင် - ၁ ချောင်း (တစောင်းပါးပါးလှီးထားပါ)
ကြက်သွန်နီ - ၁ လုံး (၄ ခြမ်းခြမ်းထားပါ)
ကြက်သွန်ဖြူ - ၅ မြွှာ (ဓားပြားရိုက်ထားပါ)
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နေကြာဆီ - စားပွဲဇွန်း ၁ ဇွန်း
ငရုတ်သီးစိမ်း - ၁၀ တောင့် (အညှာခြွေပြီး ပိုင်းထားပါ)
စိမ်းစားငါးပိ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
မကပ်သောအိုးထဲ နံနံပင်မှလွဲ၍ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ရေ ၂ ခွက်ခွဲ ထည့်ကာ ရေဆူအောင် တည်ပါ။ ရေဆူလာလျှင် မွှေပေးပါ။ ကင်းမွန်က ရေပူသည်နှင့် ကျက်တာကြောင့် ဆားမြည်းပြီး လိုတာထပ်ဖြည့်နိုင်ပါတယ်။ ရေအနည်းငယ် ခန်းလျှင် မီးပိတ်ပြီး နံနံပင်အုပ်ကာ အသင့်သုံးဆောင်နိုင်ပါပြီ။




#ကင်းမွန်နှင့်ကိုင်းခရမ်းချဉ်သီးအစပ်ချက်

Healthy Smoothie      Breakfast Time မှာ အထူးသင့်လျော်ပြီး ကိုယ်ခန္ဓာအတွက် အလွန်အထောက်အကူပြုတဲ့ Healthy Smoothie ကို တင်...
17/07/2025

Healthy Smoothie
Breakfast Time မှာ အထူးသင့်လျော်ပြီး ကိုယ်ခန္ဓာအတွက် အလွန်အထောက်အကူပြုတဲ့ Healthy Smoothie ကို တင်ဆက်ပေးချင်ပါတယ်။ မနက်ပိုင်းမှာ Healthy Smoothie တစ်ခွက်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာ လိုအပ်တဲ့ Energy ကို အပြည့်ဖြည့်တင်းပေးနိုင်ပြီး လုပ်ငန်းဆောင်တာအဝဝကို အားအင်အပြည့်နဲ့ လုပ်ဆောင်နိုင်စေမှာပါ။ Healthy Smoothie လေးကို ဘယ်လိုပြုလုပ်တယ်ဆိုတာ တစ်ချက်လောက် ကြည့်လိုက်ပါဦး။
ပါဝင်ပစ္စည်းများ
Banana Fruit - 1 Pcs
ငှက်ပျောသီး(သီးမွှေး) - ၁ လုံး
Papaya - 150 g
သင်္ဘောသီး - ၁၅၀ ဂရမ်
Vanilla Powder - 1 table spoon
ဗနီလာအမှုန့် - စားပွဲဇွန်း ၁ ဇွန်း
Corn Flake - 2 spoon
Corn Flake - စားပွဲဇွန်း ၂ ဇွန်း
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို အချိုးအစားအတိုင်း ကြိတ်စက်ထဲသို့ ထည့်သွင်း၍ ကြေညက်သမသည်အထိ မွှေပေးပါ။ ထို့နောက် ဖန်ခွက် အတွင်းသို့ လောင်းထည့်၍ အပေါ်မှနေ၍ (Corn Flake) များ အားဖြည့်လိုက်ပါ။ ဆန္ဒရှိလျှင် Whipping Cream ထည့်၍ အလှဆင်နိုင်သလို မထည့်ဘဲနှင့်လည်း Healthy Smoothie ရဲ့ အရသာကို ခံစားနိုင်ပါတယ်။





&Mocktail101

“ ဆိတ်ဖူးနှင့်မာလာဖူး ” မိုးဉီးလေဉီးကာလဟာ ဝမ်းဖော ဝမ်းရောင်ဖြစ်လေ့ ရှိကြတာမို့ ဝမ်းနူးစေတတ်တဲ့ အစားအစာများ၊ ယင်နားစာများ...
16/07/2025

“ ဆိတ်ဖူးနှင့်မာလာဖူး ”
မိုးဉီးလေဉီးကာလဟာ ဝမ်းဖော ဝမ်းရောင်ဖြစ်လေ့ ရှိကြတာမို့ ဝမ်းနူးစေတတ်တဲ့ အစားအစာများ၊ ယင်နားစာများကို သတိထားရှောင်ရှားလေ့ရှိကြပါတယ်။
ဒါကြောင့် အခုတစ်ခါမှာတော့ ဆရာမကြီးဒေါ်ဆန်းဆန်းဦး ရေးသားထားတဲ့ ဝမ်းဖော ဝမ်းရောင်ဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့ ရာသီစာ ဆိတ်ဖူးနဲ့မာလာဖူး တို့ချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဉီးစွာ ဆိတ်ဖူးကိုချက်ပြုတ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို ဖော်ပြမှာ ဖြစ်ပါ တယ်။ ဆိတ်ဖူးဆိုတာကတော့ အပင်က နနွင်းပင်ပေါက်လေးနဲ့ သဏ္ဍန်တူပြီး အနံ့သင်းသင်းလေးကတော့ ဂုံမင်းနံ့လေးနဲ့ ဆင်တူပါတယ်။
ဆိတ်ဖူးကိုအလွယ်ဆုံး စားသုံးကြတဲ့နည်းကတော့ ရေစင်အောင်ဆေးပြီး ကြက်သွန်ဖြူနိုင်နိုင် ငရုတ်သီး စိမ်းမီးသင်းလေးနဲ့ဖျော်ထားတဲ့ ငါးပိရည်ဖျော်ကောင်းကောင်းလေးနဲ့ တို့စရာ အဖြစ်စားသုံးတဲ့နည်း ဖြစ်ပါတယ်။
ဆိတ်ဖူးကို ငါးပိရည် တို့စရာအနေနဲ့သာမက ဟင်းချို ဟင်းခါးလည်းချက်သောက်နိုင်ပါတယ်။ ဆိတ်ဖူး ဟင်းခါးချက်သောက်မယ်ဆိုရင်တော့ ဆိတ်ဖူးလေးငါးပင် ငါးခူ၊ ငါးကျည်း၊ ငါးပနော် ကြိုက်ရာငါး တစ်မျိုးမျိုး (၅)ကျပ်သား ၊စိမ်းစားငါးပိအနည်းငယ်၊ ကြက်သွန်ဖြူ (၂) ဉ၊ ကြက်သွန်နီ (၁)ဉ နဲ့ဆားအနည်းငယ်လိုအပ်ပါ တယ်။
လိုအပ်တဲ့ဆားတွေစုံပြီဆိုရင်တော့ ပထမဆုံးရရာ ငါးတစ်မျိုးကို ရေစင်အောင်ဆေးကာ ဝါးညှပ်လေးနဲ့ ရဲနေအောင် မီးကင်ရပါမယ်။ ကင်ထားတဲ့ငါးကင်လေးကို အအေးခံကာ အသားနွှင်ထားရပါမယ်။
အဲဒီနောက် အိုးသန့်သန့်တစ်လုံးထဲမှာရေသင့်ရုံ ထည့်ပြီး တည်ထားရပါမယ်။ စိမ်းစားငါးပိ အနည်းငယ် ကိုလည်း ရေဖျော်ပြီး တစ်ခါထဲ ထည့်တည်ရပါမယ်။ ကြက်သွန်နီတစ်ဥကိုလည်း ပါးပါးလှီးကာ ထည့်ရပါမယ်။ တစ်ဆက်ထဲမှာပဲ စောစောကမီးကင်ပြီး အသားနွှင်ထားတဲ့ ငါးကင်တွေကိုပါ ထည့်ပြီး တည်ထားရပါမယ်။ ပွက်ပွက်ဆူပြီး ရေကျလောက်ပြီ ဆိုရင်‌တော့ ကြက်သွန်ဖြူနှစ်ဥ ဓားပြားရိုက်ပြီး ထည့်ရပါမယ်။ ဆိတ်ဖူးတွေကိုလည်း အပေါ်ကအခွံအရင့်ဖတ်တွေကိုခွာပြီး ဓားပြားရိုက်ကာ ထည့်ရပါမယ်။ အလေးအပေါ့အတွက် ဆားပြားသင့်အောင် ညှိပြီးအပွက်နာလို့ ရေကျလောက်ပြီဆိုရင်တော့ အနံ့အရသာ ပြည့်စုံကောင်းမွန်လှတဲ့ ဆိတ်ဖူးဟင်းခါး ပူပူလေးကိုရရှိနိုင်ကြပြီဖြစ်ပါတယ်။
ဆိတ်ဖူးဟင်းခါးပူပူလေးကိုတော့ ငါးပိထောင်းကို သံပရာရည်ညှစ်ထားတဲ့ ဟင်းအတွဲနဲ့ တွဲဖက်သုံးဆောင်လေ့ရှိကြပါတယ်။
ဆိတ်ဖူးဟင်းခါး ချက်တဲ့အခါ ငါးကင်အစား ပုစွန်စို ပုစွန်ခြောက်များကိုလည်း ဟင်းခတ်အဖြစ် အသုံးပြုပြီး ချက်ပြုတ်နိုင်ကြပါတယ်။ ငါးကင်နဲ့ချက်သလိုပဲ အရသာလေးလေးပင်ပင်ရှိပါတယ်။
ဆိတ်ဖူးကို သူ့ချည်းသက်သက်ဟင်းခါးချက်သောက်နိုင်သလို ကင်းပုံညွန့်၊ ပဲညွန့်၊ ဒန့်သလွန်ညွန့်၊ ပိုးဇာရွက်၊ ကြာဟင်းညွန့် စတဲ့ဟင်းရွက်စုံ ဟင်းချိုထဲမှာလည်း ဆိတ်ဖူးလေးကို ဓားပြားရိုက်ထည့် ပြီး အနံ့မွှေးအောင်ထည့်ချက်လေ့ ရှိပါတယ်။ ဆိတ်ဖူးရဲ့ အနံ့ သင်းသင်းလေးအပြင် အရသာပူစပ်စပ်လေးကြောင့် စားသုံးသူတိုင်း နှစ်ခြိုက်ကြပါတယ်။ ဆိတ်ဖူးကို တို့စရာအနေနဲ့ စားသုံးကြတဲ့အခါ တစ်ချို့ကဒီအတိုင်းရေစင် အောင်ဆေးပြီး အခွံရင့်တွေခွာကာ အတွင်းသား နုနုလေးကို တို့မြှုပ်စားကြသလို တချို့ကတော့ အခွံခွာထားတဲ့ ဆိတ်ဖူးအနုလေးတွေကို အပေါ် က သံပရာရည်ညှစ်ပြီးမှ ငါးပိရည်ဖျော်ကောင်းကောင်းလေးနဲ့ တို့မြှုပ်စားသောက် လေ့ရှိကြပါတယ်။ သံပရာရည်ညှစ်တို့တဲ့အခါ ဆိတ်ဖူးနံ့လေးအပြင်း သံပရာရည်နံ့လေးပါသင်းနေတာမို့ အချဉ်ကြိုက်သူများ အဆင်ပြေစေလှပါတယ်။
ဆိတ်ဖူးကို တို့စရာအဖြစ်နဲ့ သာမက ဟင်းချိုဟင်းခါးလည်း ချက်သောက်နိုင်တဲ့အပြင် ဆေးဖက်မှာ လည်း အသုံးဝင်တာ တွေ့ရပါတယ်။
ဆိတ်ဖူးနဲ့ပတ်သက်လို့ မြန်မာ့ဆေးကျမ်းများမှာ ဖော်ပြထားတာကို လေ့လာတဲ့အခါ ဓာတုရသ လေး စောင်တွဲကျမ်းမှာဆိတ်ဖူးသည်လေ၊ သလိပ်ကိုပယ်နိုင်၏၊ မြေကိုင်သောအနာကိုပယ်နိုင်၏ လို့ရေးသားထား ပါတယ်။
ဆိတ်ဖူးထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ “မြန်မာ့အစား၏ အာဟာရ” စာအုပ် အလိုအရ ဆိတ်ဖူးစားသုံးမှု ၁၀၀ ဂရမ်မှာ အင်အားဓာတ် ၁၈ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၄ ဂရမ်၊ ပရိုတင်းဓာတ် ၃ ဂရမ်နဲ့ ထုံးဓာတ်များ ပါဝင်တာတွေ့ရပါတယ်။
ဆိတ်ဖူးကို ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်း တင်ပြလို့ အပြီးမှာ “မာလာဖူး” စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို ဖော်ပြပါဦးမယ်။
“မာလာဖူး”ဆိုတာကတော့ ဗေဒါပန်းလေးနဲ့ အသွင်သဏ္ဍာန်တူပါတယ်။ အရောင်အနေနဲ့ကတော့ မာလာဖူးမှာ အစိမ်းရောင်၊ ဗေဒါရောင်အပြင် နီညိုရောင် သန်းသန်းအရောင်လေးတွေလည်း ရှိပါတယ်။ မာလာဖူးရဲ့ အနံ့လေးကလည်းသင်းသင်းလေးနဲ့မို့ အနံ့လေးရရုံနဲ့ ဆာလောင်မွတ်သိပ်မှုကို ဖြစ်စေပါတယ်။
မာလာဖူးကို များသောအားဖြင့် မြေကြီးထဲက ထွက်ပြူစ အဖူးလေးတွေကို ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ပြုတ်ကာ ငါးပိရည်ဖျော်ကောင်းကောင်းနဲ့ တို့စရာအဖြစ် စားသုံးကြပါတယ်။ အဖူးငုံငုံလေးတွေကို တွေ့ရတာ နူးနူးညံ့ညံ့လေးနဲ့မို့ အရသာ ရှိလှပါတယ်။ မာလာဖူးကို အဖူးလေးတွေသာမက ဖူးရာက ပွင့်လာတဲ့ မာလာဖူးအပွင့်လေးတွေကိုလည်း ရေစင်အောင်ဆေးပြီး ရေနွေးပွက်ပွက်ဆူထဲမှာ ပြုတ်ကာ တို့မြှုပ်စားသုံးနိုင်ကြပါတယ်။ မာလာဖူးကို ပြုတ်ပြီး တို့စရာအဖြစ် စားသုံးနိုင်သလို မကျည်းရွက်ချဉ်ရေဟင်း၊ ကင်ပွန်းချဉ်ရွက် ချဉ်ရည်ဟင်းများထဲမှာ ပဒတ်စာကို ရောချက်သလို ကန်စွန်းရွက်နဲ့အတူ မာလာဖူးကို ထည့်ချက်လို့လည်းရပါတယ်။
မာလာဖူးကို ရေနွေးဖျော၊ ပါးပါးလှီးပြီး ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ ငံပြာရည် ၊ ကြက်သွန်ကြော်နိုင်နိုင်နဲ့ ဆီချက်ဆမ်းပြီး သနပ်သုပ် လုပ်စားလို့လည်း ရပါတယ်။ တချို့ကတော့ မာလာဖူးကို ကြော်ချက်စားကြပါတယ်။
မာလာဖူးမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ မာလာဖူး စားသုံးမှု ၁၀၀ ဂရမ်မှာ အင်အားဓာတ် ၂၅ ကီလိုကယ်လိုရီ၊ ကစီဓာတ် ၆ ဂရမ်နဲ့ ထုံးဓာတ်များ ပါဝင်တာတွေ့ရပါတယ်။



#ဆိတ်ဖူးနဲ့မာလာဖူး

Address

Thingangyun

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

09254006049

Alerts

Be the first to know and let us send you an email when Taste Window Food Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taste Window Food Magazine:

Share

Our Story

The Food Magazine is the first monthly magazine published by Better Day Media of its kind in Myanmar language and one of the best selling magazines in Myanmar. The magazine has begun to be published since January 2012. Its aims at an active, happy and prosperouns family and everyone who is interested in foods and drinks. Food Magazine is packed full of recipes of Food Magazine’s stars. And Food Magazine includes ”Celebrites in the Kitchen”, ”Kids in the Kitchen”, ”Food and Health”, “Food and Travel”, “Eating Out (Restaurant Review)”, “Chef Feature” and a lot more. It is issued on the 27th of every month and is available wherever books are sold. Also available at Apple Store Newsstand, Wun Zin Book Store and Magzter Digital Newsstand.