
18/07/2025
II. (1). (ii). (b). (ii) Air Side
(D) Ducting & Insulation
( 1 ) Ducting အကြောင်းကိုလေ့လာရင် အပိုင်းတွေခွဲပြီးမှ လေ့လာတာပိုပြီး ရှင်းမယ်။
လေကိုသယ်ယူပေးရတဲ့ Ducting အဖြစ်သုံးတဲ့ materials အနေနဲ့ကြည့်ရင်
( i ) GI sheet
( ii ) Steel sheet
( iii ) PID
( iv ) flexible တွေအနေနဲ့ အသုံးများပြီး၊
( v ) Masonary Duct ကိုလည်း အထပ်မြင့်အဆောက်အအုံတွေမှာ staircase pressurization , FFL and SSL အတွက် duct riser အနေနဲ့အသုံးများလာကြတယ်။
ဈေးပေါပေါနဲ့ budgetary လုပ်ငန်းတွေမှာတော့ အဆင်ပြေသလို PVC pipe တွေနဲ့ပါသုံးကြတယ် ( ရှားရှားပါးပါး ဖြစ်လို့ တွေရခဲ့တယ်)။
အမျိုးအစား အလိုက် အခေါ်အဝေါ်တွေအနေနဲ့
SAD - Supply Air Duct
RAD - Return Air Duct
FAD - Fresh Air Duct
EAD - Exhaust Air Duct
SED - Smoke Extract Duct
PAD - Pre-cool Air Duct က fresh air ( တခါတလေ Purging Air Duct အနေနဲ့ သုံး ကြတော့ Exhause Air ဖြစ်လို့ project အလိုက် ကွဲပြားနိုင်တယ်။
FR ဆိုတာကတော့ Fire Rated ကိုရည်ညွှန်းပြီး Fire code လိုအပ်ချက်အရတပ်ဆင်ရတာဖြစ်တယိ။
Ducting လုပ်ငန်းအတွက် လိုက်နာရတဲ့ Construction Standard တွေတော့
- SMACNA,
- DW144 ,
- ASHRAE တို့ဖြစ်တယ်။
သုံးတဲ့ Pressure အလိုက် Class ခွဲရင်
Low , Medium , High ဆိုပြီးရှိမယ်။
- Low Pressure ( 0 to 500 Pa ) ~ Class 0
- Medium Pressure ( 501 to 1000 Pa ) ~ Class 1
- High Pressure ( Above 1000 Pa ) ~ Class 2 /3
Ducting Shape အနေနဲ့ဆိုရင် rectangle duct, round duct, oval duct, spiral duct, flexible duct, etc ရှိမယ်။ Round duct က air leakage နည်းတယ်၊ friction loss အနည်းဆုံး ဆိုပေမဲ့ နေရာ ယူတာများတဲ့အတွက် rectangle duct ကိုအသုံးများကြတယ်၊ aspect ratio ( = width / hight ) ကို maximun 4 အထိထားသုံးလို့ရတယ်။ နေရာအရမ်းခက်ခဲ့တဲ့ carpark တွေမှာတော့ တခါတရံ aspect ratio 4 ထက်ပိုသုံးတယ်( losses တော့များတယ်) ။
Duct Area ကိုတွက်ရန် ( W+H ) x 2 x L ။ ဒါက အတွင်းပိုင်း Inner Area ကိုတွက်တာဖြစ်တယ်။
Installation အသေးစိတ်ကတော့ project အလိုက် Standard details ကိုလိုက်နာတာပိုကောင်းတယ်။ ယေဘုယအားဖြင့် Duct ရဲ့ thickness , joining method ( TDF or Sclip ), support bracket size, insulation thickness, Fire rated thickness, etc. စတာတွေစဉ်းစားရတယ်။
ထည့်ထားတဲ့ပုံတွေကတော့ အများဆုံးအသုံးပြုကြတဲ့ Standard , specification တွေပါ။ Project လိုက်ပြီး မတူတာတွေရှိနိုင်ပါတယ်။
ဆက်ရန်
HVAC & ACMV Notes