25/06/2022
When a narcissist can no longer control you ,they will instead try to control how others
see you.
( “ ငါလုပ်တာမှ အမှန်၊ ငါမှားမှားမှန်မှန် ငါ့ထောက်ခံကြ ငါ့ကိုဆန့်ကျင်ရင် သူပုန်ပဲ “ အဲလို narcissist သမားတွေက )
သင့်ကို မထိန်းချုပ်နိုင်တဲ့အခါ သင့်အပေါ်လူတွေ အမြင်ကို ထိန်းချုပ်ဖို့ကြိုးစားပါတယ်တဲ့။
ကံချင်း ဥာဏ်ချင်း ပြည်သူ့မေတ္တာရခြင်းတွေမှာ မယှဉ်နိုင်တာကြောင့် နာမည်ဖျက်ဖို့အကောက်ကြံခြင်းဟာ စကစအသုံးပြုနေကျ plan တွေထဲက တစ်ခုပေါ့။
III
ခရမ်းမြို့ အိုးဝကျေးရွာတွင် အကြမ်းဖက်စစ်တပ်က PDF အယောင်ဆောင်ကာ ပြည်သူတစ်ဦးနေအိမ်ကို ဓားပြတိုက်သွား၊ ငွေသိန်းခုနှစ်ဆယ်နှင့် ရွှေခြောက်ကျပ်သား ပါသွား
Khayan Channel (ဇွန် ၂၅)
ခရမ်းမြို့နယ် အိုးဝကျေးရွာတွင် ယနေ့မနက် ၁ နာရီခွဲခန့်က အကြမ်းဖက်စစ်တပ်က PDF အယောင်ဆောင်ကာ ပြည်သူတစ်ဦး၏ နေအိမ်ကို ဓားပြဝင်တိုက်သွားခဲ့ကြောင်းသိရပြီး ငွေကျပ်သိန်းခုနှစ်ဆယ်နှင့် ရွှေခြောက်ကျပ်သား ယူဆောင်သွားခဲ့ကြောင်း သိရပါသည်။
ဓားပြတိုက်ခံရသည့်နေအိမ်မှာ ကျေးရွာအတွင်းရှိ ဦးလှထွေးဆိုသူ၏ နေအိမ်ဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ည ၁ နာရီခွဲခန့်မှာ အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ကာ ဝင်ရောက်ဓားပြတိုက်သွားခဲ့ကြောင်း သိရပါသည်။
"အိုးဝကျေးရွာ ဦးလှထွေး+ဒေါ်အေးညိုအိမ်မှာ ည ၁ နာ ရီခွဲလောက်က အမည်မသိလူတစုလက်နက်ကိုယ်စီနဲ့ အိမ်ရှင်တွေကို ကျိုးတုပ်ပြီး ငွေကသိန်းခုနှစ်ဆယ် ရွေခြောက်ကျပ်သား ယူသွားပါတယ်။ ဓားပြမတိုက်ခင် နှစ်ရက်အလိုလောက်က အဲ့အိမ်ရှေ့ကို လူတစ်ဦး ဖြတ်သွားဖြတ်လာ ခဏခဏလုပ်နေတာတွေ့တယ်၊ အိမ်ကိုလည်း ကြည့်ကြည့်သွားတယ်။ သေချာပါတယ် ဒါစစ်တပ်က လုပ်တာပါ၊ သေနတ်တွေနဲ့ လာဓားပြတိုက်သွားတာ၊ PDF ကိုပုံဖျက်ဖို့ ကြိုးစားနေတာပါ" ဟု ရွာခံပြည်သူတစ်ဦးက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ခရမ်း-PDF တာဝန်ရှိသူတစ်ဦးက "စစ်တပ်က အရင်ဆုံး ကင်းထောက်ချထားတယ်၊ အိမ်မေးတယ်၊ ပြီးတော့ဝင်တိုက်သွားတယ်လို့ကြားတယ်။ PDF ဆိုတာ ပြည်သူကိုကာကွယ်ဖို့ပါ ပြည်သူ့ချွေးနည်းစာကို ဘယ်တော့မှမယူပါဘူး၊ ဒီလိုရုပ်ညံ့တဲ့လုပ်ရက်ဟာ စစ်ခွေးတွေရဲ့လုပ်ရက်ပဲ။ ပြည်သူတွေအနေနဲ့ သတိကြီးကြီးထားဖို့ လိုပါပြီ၊ စစ်ခွေးတွေက တဖြည်းဖြည်းနဲ့ ရုတ်မာလာပါပြီ။ ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ပြည်သူကိုထိခိုက်အောင် ဘယ်တော့မှမလုပ်ပါဘူး၊ PDF ဆိုတာ ပြည်သူကိုကာကွယ်ဖို့ပါပဲ" ဟု ပြောကြားခဲ့ပါသည်။