မြန်မာသတင်းစုံ

မြန်မာသတင်းစုံ Creative Videos & Imagine💯

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိ...
12/05/2025

ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်ဟုဆို

ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာကျောင်းကို စစ်ခွေးတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။

"စာသင်ကျောင်းပေါ် တည့်တည့်ကြဲသွားတာ။ ဆရာမ ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ၅၀ လောက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အလောင်းရှာမရတဲ့ ကလေးတွေလည်းရှိတယ်။ ကလေးတွေက မျက်လုံးကျွတ်ထွက်သူထွက်။ တချို့က ခေါင်းကို ထိခိုက်တယ်။ အခု ကားတွေနဲ့ သယ်ထုတ်နေတယ်။ အခြေအနေက ဆိုးပါတယ်" ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။

ဖက်ဆစ်ခွေးမိစ္ဆာတပ်က မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

01/04/2025

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ ဒီနေ့ မနက်ပိုင်း ငလျင်ဘေးအတွက် အလှူခံနေတဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) နဲ့ တအာင်းတပ်ဖွဲ့ (TNLA) တို့ နှစ်ဖက်တပ်အကြား အချင်းများနေတဲ့ ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်လာပါတယ်။

ကွတ်ခိုင်မြို့မဈေး နဲ့ မီးပွိုင့်နေရာတွေမှာ ငလျင်ဘေးအတွက် MNDAA က အလှူကောက်ခံနေချိန် ၎င်းတို့ထံ ခွင့်ပြုချက်မယူဘဲ အလှူငွေကောက်ခံတာကြောင့် TNLA တပ်ဖွဲ့တွေက ပိတ်သိမ်းဖို့ လာရောက်ချိန် အချင်းများခဲ့ကြတယ်လို့ သိရပါတယ်။

20/10/2024

ဒေါက်တာဇော်မြင့်မောင် ဈာပနကို လိုက်ပါပို့ဆောင်နေကြတဲ့ မန္တလေးမြို့သူ၊ မြို့သားများ

crd

20/10/2024

ဆဒုံး ဗျူဟာ တပ်စခန်း sold out🙏

07/07/2024

06/07/2024

မိသားစုတွေပဲကို😁

Address

Thongwa

Website

Alerts

Be the first to know and let us send you an email when မြန်မာသတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to မြန်မာသတင်းစုံ:

Share