Japanese Gallery

  • Home
  • Japanese Gallery

Japanese Gallery ဂျပန်နိူင်ငံ🇯🇵ရဲ့ယဉ်ကျေးမှု့၊ ဘာသာစကား၊ နေ့စဉ်ဘဝနဲ့သတင်းတွေကို မျှဝေပေးမယ့် Japanese Page

16/06/2026

ဒီနေရာကတော့... ထူးခြားတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဂျပန်နိူင်ငံ Chiba စီရင်စုမှာရှိတဲ့ နှစ်
ပေါင်း၁၃၀၀ကျော်ကြာသက်တမ်းရှိတဲ့ NihonJiလို့ခေါ်တဲ့ တောင်ပေါ်ဘုရားကျောင်းကြီးတစ်ခုပဲ ဖြစ်ပါတယ်။

ဒီဘုရားကျောင်း တည်ရှိတဲ့တောင်ဟာ အဝေးကနေကြည့်ရင် လွှသွားတွေအတိုင်း အချွန်အတက်တွေနဲ့မို့လို့ ဒေသခံတွေက ‘鋸山’ (Nokogiri-yama) ‘လွှသွားတောင်’ လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။
ဒီတောင်ဟာ အဝေးကကြည့်ရင်
သာမန်တောင်တစ်လုံးလို့ ထင်ရပေမယ့်...
ဒီတောင်ထဲမှာ နက်ရှိုင်းလှတဲ့ တောအုပ်တွေ၊ မှောင်မည်းနေတဲ့ ကျောက်လိုဏ်ဂူတွေတည်ရှိနေသလို တောင်ပေါ်မှာလဲနှစ်ပေါင်း ၁၃၀၀ ကျော်ကြာပြီဖြစ်တဲ့ လျှို့ဝှက်ဆန်းကြယ်သမိုင်းဝင် ဘုရားကျောင်းကြီးတစ်ခုလဲ ရှိနေပါတယ်။

ဒါ့ပြင် ကျောက်တောင်ကြီးတစ်ခုလုံးကို ဗုဒ္ဓဘာသာရဲ့ နတ်ဘုံနတ်နန်း ဖြစ်လာအောင် ၁၇၈၃နှစ်Edoခေတ်မှာ ၃နှစ်တိုင်
တိုင် နေ့မနားညမနား လက်နဲ့ ထွင်းထုခဲ့ရတဲ့
ရှေးဟောင်းရုပ်ပွါးတော်ကြီးတည်ရှိနေသလို
တောင်တက်လမ်းပတ်လည်မှာလဲ မျက်နှာအမူအရာအမျိုးစုံနဲ့ ထူးခြားတဲ့ ရဟန်းရုပ်ထုပေါင်း ၁,၅၀၀ ကျော်လဲ ရှိနေပါတယ်။
ဒါ့ပြင် တောင်ထိပ်မှာတော့ ခရီးသွားတွေ အသည်းတယားယားနဲ့ လာလည်ပတ်ကြည့်ရှု့လေ့ရှိတဲ့ 'ငရဲချောက်' ဆိုတဲ့ထူးခြားတဲ့ နေရာလဲရှိနေပါပါတယ်။

ဒီနေ့ Vedio မှာတော့ နှစ်ပေါင်း၁၃၀၀ကျော်ကြာက ရှေးဟောင်းဘုရားကျောင်းတည်ရှိရာ Nokogiri-yamaတောင်ပေါ်က တောင်နံရံမှာ ထွင်းထုထားတဲ့ ရုပ်ပွါးတော်ကြီးရဲ့သမိုင်းကြောင်းနဲ့ တောင်တက်လမ်းတလျောက်မှာမြင်တွေ့ရတဲ့ မျက်နှာအမူအရာ အမျိုးမျိုးနဲ့ ရဟန်းရုပ်ထုပေါင်း ၁၅၀၀ကျော် ရဲ့ လျို့ဝှက်ချက်တွေအပြင် ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာရောက် ကြည့်ရှု့လေ့ရှိတဲ့ ‘ငရဲချောက်’ လို့ခေါ်တဲ့ ရင်သက်ရှု့မောစရာနေရာ အကြောင်းကိုပြောပြပေးထားပါတယ်။
#ဂျပန်သမိုင်း #日本寺

12/06/2026

ဂျပန်နိူင်ငံမှာ ဆာမူရိုင်းတွေကြီးစိုးတဲ့ခေတ်ရဲ့ စစ်ရေး၊နိူင်ငံရေး အစရှိတဲ့အခန်းကဏ္ဍတွေမှာ အရေးပါခဲ့တဲ့ Matsumotoရဲတိုက်ကြီး….။
#ဂျပန်သမိုင်း

03/06/2026

ဂျပန်နိုင်ငံ၊ နာဂါနိုခရိုင်Matsushiroမြို့ရဲ့ တောင်တန်းတွေအောက်မှာရှိတဲ့ ဒုတိယကမ္ဘာစစ်
အတွင်းက တည်ဆောက်ထားတဲ့ လျို့ဝှက်
မြေအောက်ဘန်ကာ လှိုင်ခေါင်းကြီးအကြောင်းတင်ဆက်ပေးထားပါတယ်။

ဒီနေရာဟာ ဒုတိယကမ္ဘာစစ်တွင်းမဟာမိတ်တပ်တွေ ကျူးကျော်ဝင်ရောက်လာရင် ဂျပန်အင်ပါယာရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းနိုင်ဖို့ တည်ဆောက်ခဲ့တဲ့၊ ကီလိုမီတာ ၁၀ ကျော် ရှည်လျားပြီး ဝင်္ကပါလိုရှုပ်ထွေးစွာ တည်ဆောက်ဖောက်လုပ်ထားတဲ့ ဧရာမမြေအောက်လိုဏ်ဂူကွန်ရက်ကြီးပဲဖြစ်
ပါတယ်။

ဒီရှည်လျားကျယ်ဝန်းလှတဲ့ မြေအောက်
စစ်ဌာနချုပ်ကြီးကိုတည်ဆောက်ဖို့အတွက် အဲ့ဒီ့ခေတ်ကာလတန်ဖိုးငွေ ယန်းသန်းပေါင်း ၂၀၀ အထိ အကုန်အကျခံကာ ရင်းနှီးတည်ဆောက်ခဲ့တာဖြစ်သလို ကိုရီးယားလူမျိုး စစ်သုံ့ပန်း ၁၀,၀၀၀နီးပါးအထိအသုံးပြုခဲ့ပြီးတော့ ကြမ်းတမ်းလှတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် လူပေါင်း၁,၅၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ သမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

အပြည့်အစုံကို Vedioမှာ ဆက်လက်ကြည့်ရှု့ပေးကြပါဦးခင်ဗျာ။

https://youtu.be/H2o5wVsgkCM?si=dNqyXEvblkdD8Uxe
08/04/2026

https://youtu.be/H2o5wVsgkCM?si=dNqyXEvblkdD8Uxe

"ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်အင်ပါယာတပ်ဖွဲ့တွေဟာ အရှေ့တောင်အာရှတစ်ခွင်ကနေ သိမ်းကျုံးလုယက်ခဲ့တဲ့ ရတနာတွေ....

https://youtu.be/fUjdnn0QGTE?si=fxm0a8wNlwt7plVz
04/04/2026

https://youtu.be/fUjdnn0QGTE?si=fxm0a8wNlwt7plVz

တချိန်ကလူထောင်နဲ့ချီနေခဲ့ပေမယ့် ဒီနေ့ခေတ်မှာ တိတ်ဆိတ်ခြောက်ကပ်ပြီး အဟာင်းနွမ်း​နေတဲ့အဆောက်အအုံပျက်တွေန...

https://youtu.be/SMWliT78pF4?si=fctAIsLOyY6gvBAP
04/04/2026

https://youtu.be/SMWliT78pF4?si=fctAIsLOyY6gvBAP

ဂျပန်နိုင်ငံ 🇯🇵 ဟီရိုရှီးမားစီရင်စုမှာရှိတဲ့ Okunoshima ကျွန်းကို လူအများက “Rabbit Island” လို့ သိကြပါတယ်။ကျွန်းတစ်ခုလုံ...

https://youtu.be/BqnXQMI0D8U?si=tuK1ZJVhOyCes57h
04/04/2026

https://youtu.be/BqnXQMI0D8U?si=tuK1ZJVhOyCes57h

တစ်ချိန်က…မိန်းကလေး ၅၀ ကျော်ကိုအသက်ရှင်နေလျက်နဲ့ ချောက်ကမ်းပါးထဲ တွန်းချပြီးအစုလိုက် အပြုံလိုက် သတ်ပစ်ခံ...

Address


1680073

Alerts

Be the first to know and let us send you an email when Japanese Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Japanese Gallery:

Shortcuts

  • Want your business to be the top-listed media company?

Share