28/05/2025
“သိုလှောင်ထားတဲ့ဆန်တန် ၃သိန်းအနက် တန်၁သိန်းခွဲကို ကုမ္မဏီကြီးများက ဝယ်ယူဖို့ လျှောက်ထား”
🗓 ၂၀၂၅ မေလ ၂၇ ရက်
သိုလှောင်ထားသော ဆန်တန်ချိန် ၃၀၀,၀၀၀ ၏ ထက်ဝက်ကျော်ကို ဂျပန်နိုင်ငံမှ အဓိကလက်လီရောင်းချသူများနှင့် တိုက်ရိုက်ရောင်းချသည့် စာချုပ်များဖြင့် ရောင်းချပေးမည့်ဟု အစိုးရမှထုတ်ပြန်ခဲ့ပြီးနောက် ကုမ္ပဏီပေါင်း ၃၀ ကျော်က ဝယ်ယူရန် လျှောက်ထားခဲ့ကြောင်း လယ်ယာဝန်ကြီးဌာနက အင်္ဂါနေ့တွင် ပြောကြားခဲ့ပါသည်။
စူပါမားကတ်ကုမ္ပဏီကြီးဖြစ်တဲ့ Aeon ၊ လျှော့စျေးစတိုးဆိုင်ခွဲဖြစ်တဲ့ Don Quijote နှင့် e-commerce အော်ပရေတာ Rakuten Group တို့အပါအဝင် လျှောက်ထားသူများသည် ယခင်လေလံအခြေခံနည်းလမ်းနှင့် နှိုင်းယှဉ်ပါက 2021 နှင့် 2022 ခုနှစ်တွင် ထုတ်လုပ်ထားသော ဆန်သိုလှောင်ရုံများမှ ဆန်များကို ဝယ်ယူခွင့်ပေးမည်ဖြစ်ပါသည်။
မွန်းလွဲ ၂ နာရီအထိ အစိုးရမှသိုလှောင်ထားသော
ဆန် ၁၅၇,၀၇၃ တန်အတွက် ကုမ္ပဏီ ၃၃ခုမှ လက်မှတ်ရေးထိုးခဲ့ကြောင်း ဆန်အချို့မှာ ဇွန်လအစောပိုင်းတွင် လက်လီစင်ပေါ်သို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်းစိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနမှ ထုတိပြန်ကြေငြာခဲ့ပါသည်။
သို့ရာတွင် လယ်ယာဝန်ကြီးဌာနသည် ၂၀၂၂ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် ဆန်တန်ချိန် ၂၀၀,၀၀၀ နီးပါးကို ရောင်းချရန် အမိန့်ထုတ်ထားသော်လည်း လျှောက်လွှာများ ပြည့်လျှံနေသဖြင့် ထပ်မံတောင်းဆိုမှုများလက်ခံခြင်းကို ယာယီရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ပါသည်။
ယခင်က ဆန်ဈေးနူန်းလျော့ချရန် ဂျပန်အစိုးရမှကြိုးပမ်းအားထုတ်မှုခဲ့သော်လည်း လယ်ယာဝန်ကြီးဖြစ်သူ Shinjiro Koizumi က ဆန်စပါးနှင့်ပတ်သက်သည့် အလွဲအချော်တစ်ခုကြောင့် အစိုးရ၏ ကြိုးပမ်းမှုကိုခေတ္တရပ်နားပြီးနောက် 2021ခုနှစ် ရိတ်သိမ်းချိန်က လက်ကျန်ဆန်များကို ရရှိမည်ဖြစ်ကြောင်း လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။
လက်လီရောင်းချသူ ကုမ္မဏီ၃၃ခုအနက်မှ Aeon သည် အစိုးရ၏ လျာထားချက်နှင့်အညီ ဆန် ၅ ကီလိုဂရမ်လျှင် ယန်း ၂,၀၀၀ (၁၄ ဒေါ်လာ) နှုန်းဖြင့် ဆန်တန်ချိန် ၂၀,၀၀၀ ခန့် ရောင်းချရန် စီစဉ်ထားသည်ဟုပြောကြားခဲ့သော်လည်း
အခြားလျှော့ဈေးစတိုးအော်ပရေတာဖြစ်သည့် Mr Max Holdings Ltd. ကတော့ အခွန်အပါဝင် 5 ကီလိုဂရမ်လျှင် ယန်း 2,000 အောက် စျေးနှုန်းသတ်မှတ်ရန် စဉ်းစားနေသည်ဟု ဆိုပါတယ်။
စူပါမားကက်များတွင် အဓိက အစားအစာများ၏ ပျမ်းမျှစျေးနှုန်းကို မကြာသေးမီလများအတွင်း အစိုးရက ၎င်း၏ အရံဆန်များ ထုတ်ပေးခြင်းဖြင့် ဈေးနှုန်းလျှော့ချရန် ကြိုးပမ်းခဲ့သော်လည်း ယခုနှစ်အစောပိုင်းလများစပြီး နှစ်ဆမြင့်တက်ခဲ့ပါသည်။
ဂျပန်အစိုးရသည် သေးငယ်သော စူပါမားကတ်များနှင့် ဆန်ဆိုင်များသို့ ဖြန့်ဖြူးခွင့်ပြုရန် ယခုအချိန်အထိ ကန့်သတ်ထားသော တိုက်ရိုက်စာချုပ်များအတွက် လက်ရှိအရည်အချင်းပြည့်မီမှု စံနှုန်းများကို လျှော့ပေါ့စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင်လိုအပ်ပါက အစိုးရသည် ၎င်း၏ သိုလှောင်ရုံတစ်ခုလုံးကို ရောင်းချပေးနိုင်ရန် ပြင်ဆင်ထားပါကြောင်း မတ်လနှင့် ဧပြီလတွင် လေလံပွဲမှတစ်ဆင့် စုစုပေါင်းတန်ချိန် ၃၁၂,၀၀၀ ရောင်းချခဲ့ပြီး ကျန်တန်ချိန် ၆၀၀,၀၀၀ ကို တိုက်ရိုက်စာချုပ်များဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လယ်ယာဝန်ကြီးဌာနဝန်ကြီးဖြစ်တဲ့ Koizumi က ပြောကြားခဲ့သည်။
📌 ရင်းမြစ် – Kyodo News
📍 နေရာ – တိုကျို, ဂျပန်
#ဂျပန်နဲ့ငါ #ဂျပန်ဗဟုသုတ
#日本語勉強中 #ဂျပန်စာသင်နေသူများ
#ဂျပန်အစားအသောက်
#日本語勉強中 #ဂျပန်စာသင်နေသူများ #ဂျပန်အစားအသောက်