Twin Twin Online Pet Supply Store

Twin Twin Online Pet Supply Store Pet Food & Accessories

မင်္ဂလာပါ Twin Twin Online Pet Supply Store မှ ကြိုဆိုပါတယ်၊

မင်မင် တို့ Twin Twin Page လေးက ဆိုင်ခွဲလုံးဝမရှိပါ၊ ဒီPage တစ်ခုဘဲရှိလို့ Page မမှားရအောင် ပြောပြခြင်း ဖြစ်ပါတယ်၊

Tik Tok Account နာမည်ကတော့ Tay Than ဖြစ်ပါတယ်၊

မျက်နှာပုံခြူလေးတွေ ထပ်ရောက်ပါတယ်၊ အရောင်စုံတုန်း ကြိုက်တဲ့အရောင်ရွေးလို့ရအောင် chat box မှာ အော်ဒါတင်လိုက်တော့နော်........
14/01/2026

မျက်နှာပုံခြူလေးတွေ ထပ်ရောက်ပါတယ်၊ အရောင်စုံတုန်း ကြိုက်တဲ့အရောင်ရွေးလို့ရအောင် chat box မှာ အော်ဒါတင်လိုက်တော့နော်........

ထိုင်း ဘက်က အများကြီးမှာရင် စျေးထပ်လျော့ပေးလို့ မင်မင် အများကြီးမှာလိုက်တာ အရင် 2500 yaung နေတာ အခု 2000 နဲ့ ရပြီနော် 😁😁😁

တစ်ခု - 2000ကျပ်

မင်မင် ပစ္စည်းလေးတွေက မရောင်းခင် တော်တော်များများ အိမ်က ကလေးတွေ စမ်းသုံးကြည့်ပြီး ရောင်းပါတယ်၊ ကိုယ်တိုင်မကြိုက်ရင် မရော...
13/01/2026

မင်မင် ပစ္စည်းလေးတွေက မရောင်းခင် တော်တော်များများ အိမ်က ကလေးတွေ စမ်းသုံးကြည့်ပြီး ရောင်းပါတယ်၊ ကိုယ်တိုင်မကြိုက်ရင် မရောင်းဖြစ်တာများပါတယ်......

ကျောက်တန်းကိုလည်း ဒီpage စလုပ်ခါစ က တရုတ် နဲ့ ယိုးဒယား 2ခုလုံးအိမ်မှာ သုံးကြည့်ခဲ့တာပါ၊ တရုတ်ကျောက်တန်း(ဒုတိယပုံ) က အလယ်က သစ်သားတန်းကို ကော်ပတ်လို အသားမျိုး ပတ်ထားပြီး အသားကလည်း ကြမ်းပါတယ်၊

ထိုင်း က ကျောက်တန်းမှာ ကျောက်သား2မျိုး ရှိပါတယ်၊ ကျောက်သားအနု (တတိယပုံ) နဲ့ ကျောက်သား အကြမ်း ဆိုပြီး 2မျိုး ရှိပါတယ်၊ ထိုင်း က ထုတ်တဲ့ ကျောက်သား2မျိုးလုံး က တန်းတစ်ခုလုံး ကျောက်သားအပြည့်တန်းဖြစ်တဲ့အတွက် ကလေးတွေ လုံးဝ ကိုက်လို့ မရပါဘူး၊ မင်မင် ကတော့ ကလေးတွေ လက်ဖဝါးပွန်းမှာစိုးလို့ ကျောက်သား အနုတန်း တစ်မျိုးထဲကိုဘဲ သုံးတယ် ရောင်းပါတယ်၊ လွန်ခဲ့တဲ့ 4နှစ်ကျော်ကတည်း က ဒီကျောက်သားအနုတန်း တစ်မျိုးထဲဘဲ ရောင်းလာတာအခုဆို အချောင်းရာနဲ့ချီပါပြီ ၊

အချို့လူတွေက မင်မင် ဆီက မဝယ်ဖူးဘဲ မင်မင် ကျောက်တန်းpost တင်ရင် ကျောက်တန်း က ကလေးလက်တွေ ပွန်းတတ်တယ် အနာဖြစ်တတ်တယ် မသုံးနဲ့ ဆိုပြီး Comment မှာ လာရေးပါတယ်၊ အချို့က ကြတော့ ကျောက်တန်း က သူတို့ ကိုက်ရင် ကုန်သွားမှာဆိုပြီး စိတ်ထဲမှာ ထင်တတ်ကြပါတယ်၊

မင်မင် အိမ်မှာ ကျောက်တန်း 5နှစ်အတွင်း ကိုယ့်ဖာသာသုံးတာ ဆယ်ချောင်းကျော်ပါပြီ၊ ဘာလို့လဲဆိုတော့ ကျောက်တန်း က ကျိုးသွား ပဲ့သွားလို့ မဟုတ်ဘဲ ကျောက်သားအနုလေးတွေက ကြာရင် ချောသွားတော့ လက်သည်း မတုံးတော့လို့ပါ၊ တေးသံဆို ကျောက်တန်းချောလို့ သူ့အသက် 4နှစ်အတွင်း ပြန်လဲပေးထားတာ 3ချောင်း ရှိပါပြီ၊

ကလေးတွေ ကို တကယ်ချစ်တဲ့ မီမီ ဖီဖီ တို့ ပစ္စည်းဝယ်ရင် စျေးသင့်တင့်ပြီး အရည်အသွေးကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာကို တွေးပြီးမှ ကလေးတွေအတွက် သေချာရွေးခြယ်ကြဖို့ အကြံပြုပါတယ် 🙄🙄🙄

သမီးလေး Tok Tok (ခေါ်) အာပြဲမလေး အကြောင်းကို မင်မင် လိုမျိုး သားသမီးလို ကလေးတွေကို မွေးထားတဲ့သူတွေအတွက် ဗဟုသုတရအောင်ပုံတ...
13/01/2026

သမီးလေး Tok Tok (ခေါ်) အာပြဲမလေး အကြောင်းကို မင်မင် လိုမျိုး သားသမီးလို ကလေးတွေကို မွေးထားတဲ့သူတွေအတွက် ဗဟုသုတရအောင်ပုံတွေနဲ့ အသေးစိတ် ရေးပေးသွားမှာမို့လို့ စာရှည်မှာဖြစ်တဲ့အတွက် Post 3ခု ခွဲပြီး ရေးပေးသွားပါမယ်........

အခု ပထမ Post မှာတော့ အတိုချုံ့ဘဲ သိချင်တဲ့ သူများအတွက် ဘာဖြစ်တယ်ဆိုတာကို လူတိုင်း နားလည်လွယ်အောင် အစအဆုံး မင်မင် ရေးပြပေးမှာဖြစ်ပြီး ကျေးဇူးတင်ထိုက်သူများကို ပြောချင်ပါတယ်😊😊😊

ပထမပုံက Tok Tok စဖြစ်ကာစက ပုံဖြစ်ပါတယ်😍

🌺သမီးလေး ဖြစ်စဥ်ကို လူတစ်ယောက်အနေနဲ့ ပုံဖော်ပြီး ပြောပြပေးရမယ်ဆိုရင် အမျိုးသမီးတစ်ယောက်(လူ) က ဗိုက်ထဲမှာ ကိုယ်ဝန်ရှိမှန်း လုံးဝမသိလို့ ကိုယ်ဝန်အားဆေးလည်း လုံးဝမသောက်ထားပါဘူး၊ လူကလည်း လန်းဆန်းနေပါတယ်၊

စအိုကလည်း ပိုးဝင်နေပြီး ယောင်ယမ်း နေပါတယ်၊ ဗိုက်ထဲက ကလေး Position အနေအထားက ရှိနေရမဲ့နေရာမှာ မရှိဘဲ အစာအိမ်ကို ဖိမိနေတော့ အစာလည်း လုံးဝမစားတော့ဘဲ ရုတ်တရက် ေ-သွးတွေဘဲ ဆင်းလာလို့ အရေးပေါ် လမစေ့ဘဲ ကလေးကိုခွဲ မွေးလိုက်ရသလိုမျိုး ဖြစ်သွားတာပါ၊ ဒါက လူတစ်ယောက်မှာ ဖြစ်တဲ့ဖြစ်စဥ်ပါ💭💭💭

🌺အိမ်က Tok Tok မလေး ဗိုက်ထဲဥရှိတာ မင်မင် မသိခဲ့လို့ အားဆေး နဲ့ Calcium တွေ သေချာမကျွေးထားခဲ့မိပါဘူး ၊ သူက အသိုက်လုပ်ဖို့ မှောင်တဲ့ စားပွဲအောက်တွေထဲ လျှောက်တိုးတော့ စအိုက ပိုးဝင်ပြီး ယောင်နေပါတယ်၊ ကလေး က အရမ်းလန်းပါတယ်၊

အစာလည်း လုံးဝမစားတော့ဘဲ အိမ်သာတက်တိုင်း သွေးတွေဘဲ ပါလာတာပါ၊ Ultrasound ရိုက်ကြည့်တော့ ဥက သူရှိရမဲ့နေရာမှာ မရှိဘဲ အစာအိမ်ပေါ်ပိနေတော့ စအိုဝက ကြည့်ရင် ဥမမြင်ရဘဲ အသားလုံးကြီးလိုမျိုး မြင်နေရလို့ အရေးပေါ်ခွဲပြီး ထုတ်လိုက်ရတာပါ၊

ဖြစ်စဥ်အစအဆုံးမှာ ကူညီပေးကြတဲ့သူများဖြစ်တဲ့ ပထမဆုံး ဖြစ်ဖြစ်ချင်း အိမ်ကို ချက််ချင်းလာကြည့်ပေးပြီး စအိုအယောင်ကျအောင် ကုသပေးခဲ့တဲ့ ဆရာ Herry Lin ၊ ကလေး ညဘက်ကြီး ဝမ်းထဲသွေးတွေပါတော့ ဘာလုပ်သင့်လဲ အကြံပေးစကားပြောပေးခဲ့တဲ့ Parrot Lovers - Myanmar ရဲ့ Admin Ko Si Thu Pe Myint ၊ မင်မင် စိတ်ပူပြီး မေးသမျှကို စိတ်ရှည်လက်ရှည် တစ်ခုချင်းဖြေပေးပြီး သမီးလေးကို အသက်ဆက်ရှင်ဖို့အတွက် ခွဲစိတ်ပေးခဲ့သော ဆရာဝန် Dr.Than Htet Zaw (https://www.facebook.com/DrTHz.vEt95) နဲ့ လက်ထောက် ဆရာ ဆရာမများအားလုံးနဲ့ ခွဲစိတ်ပြီးတော့ Calcivet တိုက်ဖို့လိုတော့ မင်မင် အိမ်မှာ ဆေးမရှိတော့လို့ အရေးပေါ်ဖြစ်တော့ မအားတဲ့ကြားထဲက ဆေးရောင်းပေးခဲ့တဲ့ MM Feather Friends က Admin Thae Nu San တို့ကို မင်မင် မှ အထူးကျေးဇူးတင်ရှိပါတယ် 🥰🥰🥰

ဖြစ်စဥ်အသေးစိတ်ကို နောက်ထပ် Post 2ခု မှာ ပုံနဲ့တကွ ထပ်ရေးပေးပါမယ်နော်၊

11/01/2026

ကလေးတွေ လက်သည်း အရမ်းစူးလို့ လက်ပေါ်မှာ ခြစ်ရာဖြစ်တယ်ဆိုရင် ထိုင်းနိုင်ငံ Bh-Farm က ထုတ်တဲ့ လက်သည်းတုံး ကျောက်တန်း အသားအနုလေး လှောင်အိမ်ထဲထည့်ပေးထားလိုက်ပါ.......

ကျောက်သားအနုဖြစ်လို့ လက်ဖဝါးပွန်းမှာ မစိုးရိမ်ရသလို တစ်ခုလုံးက ကျောက်သားချည်းဘဲမို့လို့ ကိုက်လို့ ကျိုးမှာလည်း ပူစရာ မလိုပါဘူး၊

မင်မင် ဒီPage လေး စခဲ့တဲ့ လွန်ခဲ့တဲ့4နှစ်ကျော်ကတည်းက စရောင်းခဲ့ပြီး ကိုယ်တိုင် အိမ်က ကလေး5ကောင် ကို တစ်ကောင်တစ်ချောင်းထည့်ပေးထားလို့ မင်မင် ကလေးတွေက လက်သည်းမစူးဘူးဆိုပြီး အိမ်လာတဲ့ Customer တွေ ပြောနေကြတာပါ၊

ပစ္စည်းလေး ပြတ်သွားတာအရမ်းကြာသွားပြီး အခုမှပြန်ရောက်လာတာမို့လို့ အရောင်စုံတုန်း လာရွေးလိုက်တော့နော်😁😁😁

သစ်ကိုင်းပုံစံ 4လက်မခွဲ အသေးဆုံးဆိုဒ်1ခု 10000
သစ်ကိုင်းပုံဂွတန်းရှည် 1ခု 16000
တစ်ဖြောင့်ထဲအလုံး အသေး 1ခု 18000
တစ်ဖြောင့်ထဲအလုံး အကြီး 1ခု 20000 (ကြက်တော,Amazon, Caique ဆိုဒ်)

အိမ်က ကလေးက ဒီအစာလေးအရမ်းကြိုက်လို့ preorder မှာထားတဲ့သူရှိလို့ လိုချင်တဲ့သူရှိသေးရင် အော်ဒါလာတင်လို့ရပါတယ်၊ Preorder တင...
11/01/2026

အိမ်က ကလေးက ဒီအစာလေးအရမ်းကြိုက်လို့ preorder မှာထားတဲ့သူရှိလို့ လိုချင်တဲ့သူရှိသေးရင် အော်ဒါလာတင်လို့ရပါတယ်၊ Preorder တင်ချင်တဲ့သူများ မနက်ဖြန် (တနင်္လာနေ့) ည7:00နာရီ ကို နောက်ဆုံး တင်ပေးကြပါနော် 😍😍😍

လိုချင်တာ ပုံပြပြီး လာမှာလို့ရပါတယ်၊ Preorder မှာရင် ပစ္စည်းဖိုး deposit 50% ယူပါတယ်၊

ဒီနေ့ကတော့ Harness ကြိုး နဲ့ ခြေကွင်းအလှလေး ထပ်တွေ ရောက်ပါတယ် 💙🩵💙
10/01/2026

ဒီနေ့ကတော့ Harness ကြိုး နဲ့ ခြေကွင်းအလှလေး ထပ်တွေ ရောက်ပါတယ် 💙🩵💙

Smartheart သာလိကာအစာ 400g အထုပ်လေးတွေရောက်ပါတယ် ❤️❤️❤️စျေး - 12500ကျပ်
10/01/2026

Smartheart သာလိကာအစာ 400g အထုပ်လေးတွေရောက်ပါတယ် ❤️❤️❤️
စျေး - 12500ကျပ်

10/01/2026

Tok Tok မလေး က အတွင်းချုပ်ရိုး4ချက် အပြင်ချုပ်ရိုး3ချက် ချုပ်ထားရတာကို ဒီနေ့ 8ရက်မြောက်နေ့မှာ အပြင်ချုပ်ရိုး 3ချက် ကို ဆရာဝန်ကို ပြန်ပြပြီး သွားဖြေတာပါ.......

ချုပ်ရိုးတစ်ချောင်းက သူ့ဖာသာကိုက်ထားလို့ ပြတ်နေပြီး ဆရာက တစ်ချောင်းကို ဖြေပေးပါတယ်၊ ကျန်ချုပ်ရိုးတစ်ချောင်းကတော့ ဖြေလို့မရသေးလို့ ဒီတိုင်းထားထား ရပါသေးတယ်၊

ဆေးခန်းက ကလေးကို ကုသတာတွေကို Video ရိုက်ခွင့် မပေးပါဘူး၊ မင်မင် ဆရာဝန် ဆီက ခွင့်ပြုချက်ယူပြီး အခြားသူတွေ ဗဟုသုတရအောင် Share ပေးခြင်း ဖြစ်ပါတယ်၊ Video ရိုက်ခွင့်ပေးတဲ့ ဆရာသန်း ကိုလည်း ကျေးဇူးအထူးတင်ပါတယ် 😊😊😊

ဆရာ လုပ်ပေးတာက 7မိနစ် လောက်ကြာပေမဲ့ မင်မင် Video ကို တိုအောင်ပြန်ပြီး edit လုပ်ထားတာပါ........

Address

Yagon

Telephone

+959780400387

Website

Alerts

Be the first to know and let us send you an email when Twin Twin Online Pet Supply Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category