A မီဒီယာ

  • Home
  • A မီဒီယာ

A မီဒီယာ Sharing Knowledge. Sharing is Caring.

ခွေးများ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရပြီး ခွေးကဲ့သို့ ဟောင်သံပြုပြီးသာ ဆက်သွယ်နိုင်သည့် အသက် ရှစ်နှစ်အရွယ် ကလေးငယ...
05/07/2025

ခွေးများ၏ စောင့်ရှောက်မှုဖြင့် ကြီးပြင်းခဲ့ရပြီး ခွေးကဲ့သို့ ဟောင်သံပြုပြီးသာ ဆက်သွယ်နိုင်သည့် အသက် ရှစ်နှစ်အရွယ် ကလေးငယ်တဦးကို ရှာတွေ့ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့သည် ။ အမည်ဖော်ပြထားခြင်းမရှိသည့် အဆိုပါကလေးငယ်အား ‘မူးယစ်ဆေးဝါးများ အမြောက်အမြား ရှိနေသော’ တဲအိမ်တလုံးမှ ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

“ဒီကလေးက စကားမပြောတတ်ဘူး၊ ခွေးလိုပဲ ဟောင်တတ်တယ်။ မြင်ရတာ သနားစရာပါ” ဟု ဒေသခံရဲတပ်ဖွဲ့နှင့်အတူ ကယ်ဆယ်ရေးကို ဦးဆောင်ခဲ့သည့် တက်ကြွလှုပ်ရှားသူများဖောင်ဒေးရှင်း ဥက္ကဋ္ဌ ပါဗီနာ ဟောင်စကူးလ်က ပြောကြားခဲ့သည်။ ၎င်း၏ မိခင်သည် ကလေးငယ်အတွက် ပညာသင်ထောက်ပံ့ကြေး ဘတ် ၄၀၀ ဝန်းကျင် ရရှိနေသော်လည်း ကလေးငယ်မှာ တကြိမ်သာ ကျောင်းတက်ဖူးသည်ဟု Khaosod သတင်းတွင် ဖော်ပြထားသည်။

#

25/06/2025

ဖုန်းအစိမ်းတစ်လုံးးဝင်လာပြီး
သမီးကျောင်းကဆရာမပါ
သမီးကအူအတက်ပေါက်လို့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ဌာနကို သွားနေတယ် မေမေကို အကြောင်းကြားပေးတာပါဆိုပြီး ပြောပါတယ်
ကိုယ်ကလည်း သားသမီးဇောမို့ ထင်ပါတယ် ဘာမှတောင် ထပ်မမေးနိုင်ပဲ ခုချက်ချင်း ဆေးရုံကို လိုက်ခဲ့ပါမယ် ပြောလိုက်ပါတယ်
ချက်ချင်း သူ့အပါးဆီလည်း ဆက်သွယ်ပြီး ကလေးဆီလိုက်လာဖို့ ပြောလိုက်ပါတယ်
ဆရာမဆိုသူက ထပ်ခါ ထပ်ခါ ဖုန်းဆက်ပြီး ကလေး အ‌ခြေအနေက စိတ်ပူရတယ် ချက်ချင်း ခွဲခန်းဝင်ရမယ် ဆေးဝယ်ဖို့ ဆေးဖိုးငါးသိန်း လိုနေတယ် ပြောပါတယ်
ကိုယ်ကလည်း ဆရာမ ခဏ စိုက်ထားပေးပါ ကျွန်မ ခုရောက်တော့မယ် ပြောတာတောင် မရပဲ ချက်ချင်း လွှဲပါအရေးပေါ်အခြေအနေလို့ ပြောပါတယ်

ဆရာမကို မယုံလို့လား ကလေးက နာနေလို့ မပြောနိုင်ပေမယ့် ဖြေပေးနိုင်လောက်တယ် ဖုန်းပြောမလား
ကလေးက အရေးကြီးနေပါတယ် ထပ်ခါ ထပ်ခါ ပြောပါတယ်

ကိုယ်ကလည်း ဆေးရုံကြီးဆိုတာ မစိမ်းခဲ့တဲ့အပြင် အကူအညီတောင်းလို့ရမယ့် သူငယ်ချင်းလည်းရှိနေတာမို့ အရေးပေါ်ကို သွားပြီး ကြည့်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်

သူငယ်ချင်း အကူအညီနဲ့ ကလေးက ဆေးရုံမှာ မရှိဖူးသိသိချင်း ကလေးကျောင်းကို ဆက်သွယ်ကြည့်တော့ ကလေးက ကျောင်းမှာရှိနေတာပါ ကျိန်းသေအောင် ကလေးအပါးကိုယ်တိုင် ကျောင်းကိုသွားကြည့်ပြီး ကျောင်းကိုလည်း ထပ်ပြီး သေချာပြောပြီး ကလေးကို အပ်ထားခဲ့ပါတယ်

# # # ခု ခေတ် အခြေအနေမှာ မေမေတွေ သတိထားနိုင်ဖို့ တင်ပေးတာပါရှင် # # #

မသဲစုမွန်facebookမှကူးယူဖော်ပြပေးလိုက်ပါတယ်အများသတိထားနိင်အောင်

22/06/2025

အမေရိကန်က အီရန်ကိုဗုံးစကြဲပြီ

အမေရိကန်B 2 ဗုံးကြဲလေယဉ်တွေနဲ့ အီရန်ကို
ဝင်ပြီး ဗုံးချခဲ့ပြီလို့ နိုင်ငံတကာ သတင်းတွေရ သိရပါတယ်

အီရန်ရဲ့ နယူးကလီးယားဆိုင်ရာ ပစ်မှတ်သုံးနေရာကို
ဗုံးကြဲခဲ့တာဖြစ်ပြီး

ဗုံကြဲလေယာဉ်အားလုံးက အောင်မြင်စွာ
ပြန်လာနိုင်ခဲ့ကြတယ်လို့ ဒေါ်နယ်ထရန့်က ဆိုပါတယ်

ဆေးခတ်မုဒိမ်းကျင့်ခဲ့သူအင်္ဂလန် မှာ Phd ဘွဲ့ ယူဖို့ ပညာသင်ကြားနေတဲ့ တရုတ်နိုင်ငံသား Zou Zhenhao အသက် 28 နှစ်ဟာ မိန်းကလေး...
20/06/2025

ဆေးခတ်မုဒိမ်းကျင့်ခဲ့သူ

အင်္ဂလန် မှာ Phd ဘွဲ့ ယူဖို့ ပညာသင်ကြားနေတဲ့ တရုတ်နိုင်ငံသား Zou Zhenhao အသက် 28 နှစ်ဟာ

မိန်းကလေးပေါင်းများစွာကို ဆေးခတ် မုဒိမ်းကျင့်ပြီး သူရဲ့ဖုန်းနဲ့ Video မှတ်တမ်းတင်ထားခဲ့ပါတယ်

လန်ဒန်ရဲတပ်ဖွဲ့က သူ့ကို မုဒိမ်းမူနဲ့ 2024 ကဖမ်းဆီးမိခဲ့ချိန်မှာ သက်သေအနေနဲ့ မိန်းကလေးပေါင်း အယောက် ၅၀ ခန့်ရဲ့ Video တွေကို သူ့ရဲ့ဖုန်းနဲ့အတူတွေ့ရှိခဲ့တာပါ

Zou ကျူးလွန်တဲ့တဲ့ ပြစ်မှုတွေကအရမ်းများတဲ့အတွက် ထောင်ဒဏ် တသက်တကျွန်းကျနိုင်ဖွယ်ရှိပါတယ်

အမျိုးသမီးတွေအနေနဲ့ ရပ်ချော ပညာတတ်တိုင်း လူကောင်းတယောက်မဟုတ်ဘူးဆိုတာ သတိထားသင့်ပါတယ်

မေခ + မလိခ flood ဖြစ်ရင် ..အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်-...
02/06/2025

မေခ + မလိခ flood ဖြစ်ရင် ..
အဲသည်နေ့ကို ၁၃ ရက် ထပ်ပေါင်းပါ

ဟင်္သာတ ကို ရေရောက်မယ့်နေ့ပါပဲ

- မေခ မလိခ မြစ်ဆုံ မှာ ရေကြီးရင်
- ဟုမ္မလင်းဘက်က ချင်းတွင်းရေ တပြိုင်တည်း ကြီးရင်
- လပြည့်ကျော် ၃ ရက်
သို့မဟုတ် လဆန်း ၃ ရက် မှာ ဟင်္သာတ ရောက်မယ်ဆိုရင်
ပင်လယ်ဒီရေနဲ့ ကချင်ကရေ ဆုံပါမယ်

- ချင်းတောင် ဘက် မိုးကောင်းရင် မုန်း မန်း စလင်း ချောင်းတွေက ဧရာဝတီထဲ တိုးဝင်လာပါမယ်

- ရှမ်းမြောက်နဲ့ ဆက်စပ်တဲ့
ဒုဌဝတီ ရေက မန်းလေး အောက်နားကနေ ဧရာဝတီထဲ ထပ်ဝင်ပါမယ်

- ပဲခူးရိုးမ အနောက်ခြမ်း မှာ မိုးများလို့ ဘော်ဘင် ၊ ဂမုန်း ၊ ဝဲကြီး ၊ နဝင်းချောင်း ၊ မင်းလှချောင်း ၊ သုံးဆယ်ချောင်း ရေကြီးရင် ၂-၃ ရက်အတွင်း
မြန်အောင် အောက်ဖက် ဧရာဝတီ ရေတိုးပါမယ်

- အောက်ဘက်မှာ ရခိုင်ရိုးမ အရှေ့ခြမ်း
မိုးကောင်းရင်

အပေါ်ကလို
မြစ်ကြီးနားရေ + ဟုမ္မလင်းရေ + ပဲခူးရိုးမ အနောက်ခြမ်းရေ+
ရခိုင်ရိုးမ အရှေ့ခြမ်းရေ +
ပင်လယ်ဒီရေ ဆုံရင်

ဧရာဝတီ အကြေအရပ်မှာ high flood ကြုံရပါမယ်

ဧရာဝတီ အထက်ပိုင်း ရေ ကို ၁၃ ရက် ကြိုသိနိုင်ပါတယ်

☝️မြန်မာပြည် မြေပုံရဲ့ ၃ပုံ မှာ ၂ ပုံ ရဲ့ ရေနုတ်မြောင်းကြီး ဧရာဝတီ ဟာ
လာသမျှရေ ကို မသယ်နိုင်တာ ကြာခဲ့ပါပြီ

သူ့ အထဲ ဝင်လာသမျှ ပင်လယ်ဆီ ယူဆောင်ပေးရတဲ့အခါ
သူ့ ဝန်ကို ကူထမ်းပေးတာ ( ဧရာဝတီရဲ့ ရေကြီးမှုကို လျှော့ချပေးနိုင်တဲ့ အကူမြစ် ) မြစ် ၂ ခု ပဲ ရှိပါတယ်

အနောက်ဘက် မှာ ငဝန်
အရှေ့ဘက်မှာ မြစ်မခ ( အောက်ဘက်ရောက်တဲ့အခါ လှိုင်မြစ် လို့ ခေါ် )

“အကြောင်းတွေ အားလုံးဆုံရင် “
ဧရာဝတီ တိုင်း + ပဲခူးအနောက် မုချ ရေကြီးပါမယ်

မြစ်ကြီးနား အခြေအနေ ကို တွက်ဆ ပြီး ဟင်္သာတ က ၁၃ ရက် ကြို ပြင်ချိန် ရပါတယ်

01/06/2025

ဧရာဝတီမြစ်ရေသည်
ဇွန်လ ၁၀ ရက်နေ့အထိ လက်ရှိရေအမှတ်ထက် ဆက်လက်မြင့်တက်လာနိုင်ပါတယ်

01/06/2025

ဧရာဝတီမြစ်အထက်ပိုင်း
ရေကြီးရေလျံနေပါပြီ။
မြစ်အောက်ပိုင်းမြို့များ ကြိုတင်ပြင်ဆင်ထားကြပါ။

ခေါင်လန်ဖူးမြို့နယ် ရီဒမ်ရွာမှ လူနေအိမ်တချို့ရေထဲမျောပါသွားပါပြီကျေးဇူးတော်ကြောင့်လူထိခိုက်မူတေ့ာလုံးဝမရှိပါဘူး
01/06/2025

ခေါင်လန်ဖူးမြို့နယ် ရီဒမ်ရွာမှ လူနေအိမ်တချို့ရေထဲမျောပါသွားပါပြီ
ကျေးဇူးတော်ကြောင့်လူထိခိုက်မူတေ့ာလုံးဝမရှိပါဘူး

ခိုင်နှင်းဝေဟာ ခုချိန်ထိ သူမကိုလာရောက်ဆက်သွယ်ခြင်း လုံးဝမရှိသေးဘူးလို့ ငွေမှားလွှဲခဲ့တဲ့ သျှားထက်နွယ်က ပြောဒါ့အပြင် မှား...
27/05/2025

ခိုင်နှင်းဝေဟာ ခုချိန်ထိ သူမကိုလာရောက်ဆက်သွယ်ခြင်း လုံးဝမရှိသေးဘူးလို့ ငွေမှားလွှဲခဲ့တဲ့ သျှားထက်နွယ်က ပြော

ဒါ့အပြင် မှားလွှဲမိခဲ့တဲ့ ငွေ ၂၉ သိန်း ၅ သောင်း ၅ ထောင်ကို ပြန်ပေးဖို့အတွက် အခက်အခဲဖြစ်နေသလားလို့ သူမက မေးခွန်းထုတ်ခဲ့ပါတယ်။ ခိုင်နှင်းဝေ ထောက်ပြခဲ့တဲ့ ငွေမှားလွှဲသူ 'ကိုဝေသူ' ဆိုတာ သူမရဲ့ အကိုအရင်းဖြစ်ပြီး သူမဟာ ထိုင်းဘက်ခြမ်းမှာ နေထိုင်သူဖြစ်ကာ အကိုဖြစ်သူက မဲဆောက်မှာနေထိုင်တယ်လို့ပြောပါတယ်။ ထို့ကြောင့် အကိုဖြစ်သူရဲ့ ဘဏ်အကောင့်ကို သူမက ယူသုံးနေခဲ့ပြီး ငွေမှားလွှဲမိချင်းမှာပဲ မမိုးဆိုတဲ့ မိတ်ဆွေကိုအကူညီတောင်းကာ ခိုင်နှင်းဝေထံသို့သွားရောက်စေခဲ့တာပါ။ မမိုးကိုရွေးချယ်သွားခိုင်းစေခဲ့တာကလည်း အရင် ငလျင်အလှူသွားလှူချိန်မှာလည်း မမိုးကို ရုံးသို့ကိုယ်တိုင်သွားလှူစေခဲ့တာကြောင့် ရုံးသို့သွားဖူးတဲ့သူဖြစ်တယ်လို့ သူမကပြောပါတယ်။ ဒါ့အပြင် ခိုင်နှင်းဝေရုံးကတောင်းဆိုတဲ့ အချက်အလက်တွေကို မမိုးက ကိုယ်စားသွားရောက်ကာ ပေးခဲ့ပြီး ကိုဝေသူကိုယ်တိုင်လာရောက်ဖို့ သို့မဟုတ် ကိုယ်စားလှယ်လွှဲစာနဲ့လာဖို့ကိုလည်း ရုံးဘက်က ဘယ်သူမှမပြောခဲ့ဘူးလို့ သျှားထက်နွယ်ကပြောပါတယ်။ ခိုင်နှင်းဝေတောင်းဆိုတဲ့ ရုံးကဝန်ထမ်းတွေရဲ့ မချေမငံဆက်ဆံပုံမှတိတမ်းတွေကိုတော့ ရုံးက CCTV Record မှာသာပြန်လည်ကြည့်ပေးဖို့ သူမက ပြောပါတယ်။ ဒါ့အပြင် မန်နေဂျာနဲ့ ဖုန်းပြောခဲ့တဲ့ အသံဖိုင်တွေကိုလည်း သူမက တင်ထားပါသေးတယ်။ ဒါ့အပြင် မန်နေဂျာက အလှူငွေတွေကို အချိန်နဲ့တပြေးညီလှူပြီးပြီမို့ ငွေမှားလွှဲတာသေချာရင်တောင် မခိုင်နှင်းဝေဘက်က စိုက်ပေးရမှာဖြစ်တယ်လို့ မန်နေဂျာက ပြောခဲ့ပါတယ်။ ယနေ့အချိန်ထိ ခိုင်နှင်းဝေဘက်က သူမထံဆက်သွယ်လာခြင်းမရှိသေးလို့ သူမဟာ လိုင်းပေါ်ကနေ ဆက်တင်နေရတယ်လို့ သျှားထက်နွယ်ကပြောပါသေးတယ်။

26/05/2025

"မွေးစားသားသမီး ၆၃ ယောက်ကို ဆရာဝန်တွေအဖြစ်မွေးထုတ်ပေးခဲ့တဲ့ ကုန်စိမ်းရောင်းပြီး ဆရာဝန်ဖြစ်လာသူ ဒေါက်တာကျော့သာစိန်"

Address


Telephone

+959952300232

Website

Alerts

Be the first to know and let us send you an email when A မီဒီယာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share