Linnspiration Studio

  • Home
  • Linnspiration Studio

Linnspiration Studio Contact Us: 09683846154�

21/06/2025

☁မိုးရွာနေလို့ မိုးအုံ့နေလို့ဆို​ပြီး Sunscreen မလိမ်းဘဲ မနေပါနဲ့❌

တိမ်ထူထပ်တဲ့ နေ့မျိုးမှာတောင် UVA ရောင်ခြည်က အရေပြားအတွင်းနက်နက်ထိထိုးဖောက်နိုင်ပါတယ်✔🔆

☀ဘယ်လို Sunscreen မျိုးလိမ်းသင့်လဲ ❓

🔸SPF 50 + ပါတာကိုရွေးပါ
🔸UVA+ UVB ကာကွယ်နိုင်တာမျိုးရွေးပါ

ဘယ်လိုရှာဝယ်ရမလဲမသိရင်
🔸B.Me Sunscreen ကိုရွေးပါ

ဘာ​ကြောင့်လဲဆိုရင် B.Me Sunscreenက

✅Brightening Effect
- အရေပြားမှ ဆဲလ်သေများကို ဖယ်ရှားပေးခြင်း
- အရောင်ညီညာစေပြီး မှိုင်းနေသောအသားအရေကို လင်းစေခြင်း

✅ Protection
- UVA & UVBနှစ်မျိုးလုံးမှ ကာကွယ်ပေးခြင်း (အိုမင်းရင့်ရော်မှုနှင့် နေလောင်ဒဏ်ကို လျှော့ချ)

✅ Oil-Free
- ဝက်ခြံအဆီပြန်အသားအရေအတွက် သင့်တော်ခြင်းတို့ကြောင့်ဖြစ်ပါတယ်

ဘယ်မှာဝယ်ယူရမလဲ❓

အမြို့မြို့အနယ်နယ်ရှိ အရောင်းကိုယ်စားလှယ်နှင့် စတိုးဆိုင်များတွင်သော်လည်းကောင်း၊

📩Send Message

m.me/BMeMMSkincareAndCosmetics

☎ 09 444 238 599 or Viber

☎ 09 689 669 990 or Viber

☎ 09 795 706 806 or Viber

မှာလည်း အသေးစိတ်မေးမြန်းမှာယူနိုင်ပါတယ်



13/03/2025

Homemade Korean Black Bean Noodles 🫠



#ပဲခေါက်ဆွဲ

✍
05/03/2025

Content Service Fess နည်းနည်းတက်မယ့် Linnspiration Studio 🫠
28/02/2025

Content Service Fess နည်းနည်းတက်မယ့် Linnspiration Studio 🫠




𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫 အဖြစ်ရပ်တည်ဖို့ ကျွန်မ တည်ဆောက်ခဲ့တဲ့ 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨📝ကျွန်မအနေနဲ့ Content Writing ပညာရပ်ကို  𝐓𝐡𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐋𝐚𝐛 B...
21/02/2025

𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐖𝐫𝐢𝐭𝐞𝐫 အဖြစ်ရပ်တည်ဖို့ ကျွန်မ တည်ဆောက်ခဲ့တဲ့ 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨📝
ကျွန်မအနေနဲ့ Content Writing ပညာရပ်ကို 𝐓𝐡𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐋𝐚𝐛 Batch-3 မှာ သင်ကြားခဲ့ပြီး တခြားသောသင်ဆရာ၊မြင်ဆရာများဆီကနေလည်း လေ့လာနေဆဲပါရှင့်၊ဒီကြားထဲ 𝐓𝐡𝐞 𝐂𝐨𝐧𝐭𝐞𝐧𝐭 𝐋𝐚𝐛 မှ ဆရာ 𝐇𝐞𝐢𝐧 𝐓𝐡𝐚𝐧𝐭 ရဲ့ ယုံကြည်အားကိုးမှုနဲ့ ကျွန်မ ဒီလို Content အမျိုးအစားတွေ ရေးသားခဲ့ပါတယ်...

🔹 Eduaction နှင့်ပတ်သက်ပြီး သင်တန်းကျောင်းတစ်ခုအတွက် Copy Writing
🔹 Knowledge Sharing Content
🔹 မျက်မှန်ဆိုင်အတွက် Knowledge Sharing Script
🔹DTF Sticker နဲ့ပတ်သတ်တဲ့ Knowledge Sharing Content
🔹စက်ယန္တရားအပိုပစ္စည်းနှင့် ပတ်သက်သည့် Knowledge Sharing Content
ဒါ့အပြင် Skincare & Cosmetics အတွက်လည်း Copywriting, Knowledge Sharing Content များစွာ ရေးသားခဲ့ဖူးပါတယ်✨✨

ရေးခဲ့ဖူးသော Content များစွာအတွက် ယုံကြည်ရေးသားခိုင်းသောဆရာကိုရော ၊ လုပ်ငန်းရှင်တိုင်းကိုရော ကျေးဇူးအထူးတင်ပါတယ်ရှင့်🙏
ပိုကောင်းတဲ့ Content တွေ ဖန်တီးနိုင်ဖို့ အတွေ့ကြုံကောင်းတွေ အများကြီးရရှိခဲ့ပါတယ်၊Content Writing နဲ့ပတ်သက်ရင် ကျွန်မကို သတိရနေဖို့ Marketing နဲ့ ပတ်သက်ပြီးလည်း အခြေခံကျကျ လေ့လာထားသူဖြစ်ပါတယ်၊Trending ရော၊ Branding ရော လုပ်ငန်းရှင်တို့လိုချင်တဲ့ Brand Awarness ရရှိစေမယ့် Creative Content တွေကိုဖန်တီးဖို့ လိုအပ်တဲ့အခါ ကျွန်မကို ဆက်သွယ်ချိတ်ဆက်နိုင်ပါတယ်✨✨

ကျွန်မရဲ့ Portfolio ဖြစ်တဲ့ ဒီအောက်ကပုံလေးတွေကို တစ်ပုံချင်းစီထောက်​ကြည့်ကာ လေ့လာအကဲခတ်နိုင်ပါတယ်ရှင့်📍





လတ်တလော အသက်(၂နှစ်-၁၂နှစ်)ကလေးငယ်များတွင်  ကူးစက်မှုများသော ပါးချိတ်ရောင်ရောဂါ(Parotitis) ❗အခုရက်ပိုင်းမှာ ကလေးငယ်တိုင်း...
21/02/2025

လတ်တလော အသက်(၂နှစ်-၁၂နှစ်)ကလေးငယ်များတွင် ကူးစက်မှုများသော ပါးချိတ်ရောင်ရောဂါ(Parotitis) ❗

အခုရက်ပိုင်းမှာ ကလေးငယ်တိုင်းလိုလို ပါးချိတ်ရောင်ရောဂါ ခံစားနေရကြတယ်၊ကျွန်မကိုယ်တိုင်လည်း အသက် ၁၁-၁၂ နှစ်အရွယ်တုန်းက ခံစားခဲ့ရဖူးပါတယ်၊အခုတော့ ကျွန်မမောင်ဖြစ်သူနဲ့ သူ့သူငယ်ချင်းဖြစ်တဲ့ တခြားကလေးတွေပါခံစားနေရတာတွေ့လာလို့ အကြောင်းအရင်းကိုရှာကြည့်ခဲ့ပါတယ် ၊ဘာကြောင့်ရှာရလဲဆိုရင် တခြားကလေးငယ်များ ထပ်မဖြစ်အောင် ကာကွယ်ရန်နှင့် ဖြစ်နေတဲ့ကလေးငယ်များ သက်သာအောင် ကုသရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ပါးချိတ်ရောင်ခြင်း
-----------------------------
ပါးချိတ်ကျိတ်(Parotid Gland)တွင် ဖြစ်ပွားတဲ့ ရောင်ရမ်းခြင်းဖြစ်ပြီး Mumps Virus လို့ခေါ်တဲ့ ပါးချိတ်ရောဂါ(Mumps Parotitis)ဖြစ်သေတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့်ဖြစ်ပါတယ်၊ဒီဗိုင်းရပ်စ်ဟာ Paramyxovirus Group မှာ ပါဝင်တယ့် ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး အမှုန်အမွှားမှတစ်ဆင့် လေထဲသို့ပျံ့နှံ့ကူးစက်နိုင်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။

ရောဂါလက္ခဏာများ
--------------------------------

ပါးချိတ်ရောင် ရောဂါခံစားနေရသူတွေမှာ Mumps Virus ကြောင့် နားရွက်အရှေ့ဘက်နှင့် အောက်ဖက်များမှာ ပါးချိတ်ဂလင်းများ တစ်ဖက်တည်း(သို့) နှစ်ဖက်လုံးတွင် ရောင်ရမ်းနိုင်ပါတယ်၊ကျွန်မ မောင်လေးကတော့ တစ်ဖက်ခြင်းစီရောင်လာပါတယ်၊ ဒီလက္ခဏာကို virus ဝင်ရောက်ပြီး ၂ရက်မြောက်၊၃ရက်မြောက်မှာတွေ့ရတတ်ပါတယ်၊ရောင်ရမ်းခြင်းကြောင့် အစားစားရန် ဝင်ရခက်ခြင်း၊ဖျားခြင်း၊အာခြောက်ခြင်း၊ခေါင်းကိုလှည့်ရခက်ခဲခြင်း၊ကိုယ်လက်နာခြင်း၊တစ်ခါတစ်ရံ နားနာခြင်းတွေ ခံစားရနိုင်ပါတယ်၊ကလေးတွေဖြစ်တာမို့ လူကြီးတွေလို သက်သာအောင်မနေတတ်သလို နာကျင်မှုကိုမခံစားနိုင်ကြပါဘူး။ပါးချိတ်ရောင်ရမ်းခြင်းက ပုံမှန်အားဖြင့် (၇ရက်-၁၀ရက်)ခန့် ကြာနိုင်ပါတယ်

ကုသခြင်း
-------------------

Virus ကြောင့်ဖြစ်သော ကူးစက်ရောဂါဖြစ်သည့်အတွက် Antibiotics သောက်ခြင်းဖြင့် ပျောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါ၊ဗိုင်းရပ်စ်ပိုးဟာ ဗိုက်ထဲမှာမဟုတ်ဘဲ ကိုယ်တွင်းဆဲလ်ထဲမှာပဲ များပြားလာနိုင်တာကြောင့် ဗိုင်းရပ်စ်ပိုးကိုတိုက်ခိုက်ဖို့ သီးသန့်ကုသဆေးမရှိပါ၊ဒါကြောင့် ဖြစ်ပေါ်လာသော လက္ခဏာအတိုင်း ကုသပြီး ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပေးနိုင်ပါတယ်၊အဖျားတက်လာတဲ့အချိန်မှာ ပါရာစီတမောကဲ့သို့ အဖျားကျဆေးတိုက်ခြင်း၊ကလေးအား အိပ်စက်အနားယူစေခြင်း၊အရည်များများတိုက်ခြင်း၊နူးညံ့ပြီး အာဟာရရှိတဲ့ အစားအစာများကျွေးခြင်း၊ရောင်နေသော ပါးချိတ်အား ရေခဲကပ်ပေးခြင်းတို့ပြုလုပ်ပေးနိုင်ပါတယ်၊ကျွန်မမောင်လေးက နှစ်ဖက်လုံးရောင်တဲ့အတွက် အစားမဝါးနိုင်အောင်နာပါတယ်၊ဒါကြောင့် အရည်များများပါတဲ့ အစားအစာတွေကျွေးပေးပါတယ်၊ဓာတ်ဆားရည် တိုက်ပေးပါတယ်၊ရေခဲလည်းကပ်ပေးပါတယ်၊၅ရက်မြောက်နေ့မှာ သိသိသာသာ အရောင်ကျသွားပါတယ်။

ကာကွယ်ခြင်း
-----------------------

ဘယ်လိုရောဂါမျိုးမဆို မဖြစ်ခင်ကြိုတင်ပြီး ကာကွယ်ထားရင် အကောင်းဆုံးပါပဲ၊ပါးချိတ်ရောင်ရောဂါအတွက် ဝက်သက်၊ဂျိုက်သိုးတို့လို ကာကွယ်ဆေးထိုးနှံခြင်း ပြုလုပ်နိုင်ပါတယ်၊ Mumps Virus ကြောင့် ပါးချိတ်​ရောင်ဖြစ်တာ ဖြစ်တဲ့အတွက် Mumps Virus ကာကွယ်ဖို့ MMR Vaccine ထိုးထားတာက အကောင်းဆုံးနည်းလမ်း ပါ။Respiratory အသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါဖြစ်တဲ့အတွက် ရောဂါပိုးရှိသူနှင့် ထိတွေ့ခြင်းမှရှောင်ကြဥ်ပါ၊မတော်တဆ (သို့) မဖြစ်မနေ ထိတွေ့မိပါက လက်ကိုဆပ်ပြာဖြင့် စက္ကန့် (၂၀)ကြာ ဖြစ်စေ၊ Hand Gel ဖြင့် ဖြစ်စေ ဆေးကြောသန့်စင်ပေးပါ၊တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ၊ဒီနည်းလမ်းတချို့သိထားရင် ရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ပြီး ရောဂါဖြစ်နေသူကလေးငယ်များလည်း အမြန်ဆုံးသက်သာလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်✨✨✨


#ပါးချိတ်ရောင်

19/02/2025

အသက်ကြီးလာရင် လူတိုင်းနဲ့အဆင်ပြေဖို့ ဆင်ခြင်ရမယ့် အရာ‼

အဲ့ဒါမပြောခင်မှာ ကိုယ်နဲ့သိတဲ့ ဘဘကပြောဖူးတယ် အသက်ကြီးလာတဲ့အခါ "ဝ''သုံးလုံးဆောင်ထားရတယ်တဲ့
✨ ဝအောင်စား
✨ ဝေးဝေးနေ
✨ ဝင်မပါနဲ့တဲ့

"အသက်ကြီးရင်နေတတ်မှ မနေတတ်ရင် ကိုယ်က အားလုံးရဲ့ ရွံကြော-က်ကြီးဖြစ်မယ်။ တချို့အရာတွေကို မမေးရဘူး မသိချင်ရဘူး။ သူတို့မှာ သူတို့ပြဿနာနဲ့သူတို့ ရှိနေကြတယ်။ ကိုယ်ပါဖို့လိုအပ်ရင် သူတို့ပြောလိမ့်မယ်၊ မပြောရင် ကိုယ့်ကိုမလိုအပ်လို့ ။ တချို့ကိစ္စတွေကို မမေးဘဲနဲ့ မပြောရဘူး။ မတောင်းဘဲနဲ့ အကြံဉာဏ်တွေ မပေးရဘူး။ သင့်ခေတ်တုန်းက အတွေ့အကြုံတွေကို သူတို့ခေတ်မှာ ကိစ္စတိုင်းမှာ မလိုအပ်တော့ဘူး၊ အသုံးမဝင်တော့ဘူး တန်ဖိုးမထားတော့ဘူး။
နေရာတကာမပါရဘူး တချို့တွေကို မသိချင်ယောင်ဆောင်ပေးရတယ်။ငါက အဖေပဲ ငါက အမေပဲ ငါက ဦးလေးပဲ ငါက အဒေါ်ပဲ ငါက အဖိုးပဲ ငါက အဖွားပဲဆိုတဲ့၊ "အသက်အရွယ်ကြီးမှု" တခုတည်းနဲ့ နေရာတကာမှာ ဖျာဝင်ခင်းချင်နေလို့မရဘူး။
လူအများစုနဲ့ အဆင်ပြေအောင်နေရတယ်။ စုဆောင်းထားတဲ့ အထုပ်ရှိရင် ဥစ္စာစည်းစိမ်ကြောင့် လူရို‌ေ-သနေလိမ့်မယ်၊ စုဆောင်းထားတဲ့ အထုပ်မရှိရင် တရားရှိအောင်နေရတယ်၊ ဒါမှလူလေးစားမယ်။ တချို့ကိစ္စတွေမှာ အတွေးအခေါ်ဟောင်းတွေ မလိုအပ်တော့ဘူးဆိုတာ သိရမယ်။ အတွေ့အကြုံကောင်းတွေက ခေတ်မမီတော့ဘူးဆိုတာ သိရမယ်။

အသက်ကြီးလို့ လူကြီးဖြစ်လာတာဟာ ငယ်သူတွေအားလုံးက မဖြစ်မနေ ရိုသေနေရမယ်ဆိုတဲ့အတွေးကို ဆင်ခြင်ပါ။ ခေတ်ဟာ ပိုပြီးဆုတ်ယုတ်လာဖို့ပဲရှိတယ်၊ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာနဲ့အမျှ လူတွေဟာ ပိုပြီးရို-င်း-စို-င်းလာဖို့ပဲရှိတယ်။ ဒါ့ကြောင့် နောက် ဆယ်နှစ်/ အနှစ်၂၀/၃၀ မှာ အိုမင်းလာမယ့် သင့်အတွက် နေရာတိုင်းမှာ နေတတ်အောင်နေဖို့ပဲ ကြိုးစားပါ။ အခုကတည်းက အိုစာမင်းစာစုဆောင်းပါ။ ကိုယ့်ဝန်ထုပ်ဟာ သူများအပေါ်မပိအောင် ကျန်းမာရေးစတင်လိုက်စားပါ၊ မေတ္တာတရား (အမှန်တကယ်) ကိန်းအောင်းအောင်စိတ်ကို လေ့ကျင့်ပါ။
မာန်တွေရှိရင် တဖြေးဖြေးနဲ့လျှော့ချပါ။ သင့်ထက် ကြီးကျယ်ခမ်းနားခဲ့တဲ့လူတွေ သ-င်္ချို-င်းရဲ့ ကမ္ဗည်းမှာ အများကြီးဖတ်လို့ရပါတယ်။ "ဘယ်သူနဲ့မှ မနေဘူး ငါ့ရာထူး ငါ့စည်းစိမ်နဲ့ ငါ့ဖာသာငါ တယောက်တည်းနေမယ်" ဆိုတာ သင်မအိုသေးလို့ မနာသေးလို့ပြောတာပါ။ လူအိုရုံတို့ ဘိုးဘွားရိပ်သာတို့က လူတွေလည်း သန်တုန်းမြန်တုန်း ရှာနိုင်ဖွေနိုင်တုန်းငယ်စဉ်က အဲ့ဒီလိုကြွေးကြော်ခဲ့ဖူးတယ်ဆိုတာသင်မမေ့ပါနဲ့။ မေတ္တာဖြင့်သာ ရှင်သန်ပါ၊ သင့်နားမှာ လူတွေအမြဲတမ်းရှိနေမှာပါ''

Growing old နဲ့ Growing up ဟာ အဓိပ္ပါယ်မတူညီဘူး🌿ရုပ်သက်ချည်း ကြီးလာပြီး အသိဉာဏ်အား၊ စိတ်ဓာတ်အား မရင့်ကျက်လာရင် အသက်ကြီးပ...
19/01/2025

Growing old နဲ့ Growing up ဟာ အဓိပ္ပါယ်မတူညီဘူး🌿
ရုပ်သက်ချည်း ကြီးလာပြီး အသိဉာဏ်အား၊ စိတ်ဓာတ်အား မရင့်ကျက်လာရင် အသက်ကြီးပြီး အချိန်မစီးတာလို့ ပြောလို့ရတယ်၊
လက်မ မကောင်းရင် လက်မအကြောင်းပဲ ပြောရမှာဖြစ်ပြီး လက်မ မကောင်းတာကို လက်ခံတတ်ရမယ် ၊ဒါကို သိမ်းကျုံးပြီး ''အကုန်လုံးပါပဲ'' အသုံးနှုန်းကိုမသုံးရဘူး❗

✍
26/12/2024

"​ဒဏ်ခံနိုင်တယ်''ဆိုတဲ့စကားရှိတယ်လေ ❕သက်ရှိမှာဖြစ်ဖြစ် သက်မဲ့မှာပဲ ဖြစ်ဖြစ်ပေါ့ဒဏ်မခံနိုင်တော့ရင်ဘာဖြစ်သွားလဲဆိုတာသိကြလာ...
13/12/2024

"​ဒဏ်ခံနိုင်တယ်''ဆိုတဲ့စကားရှိတယ်လေ ❕
သက်ရှိမှာဖြစ်ဖြစ် သက်မဲ့မှာပဲ ဖြစ်ဖြစ်ပေါ့

ဒဏ်မခံနိုင်တော့ရင်ဘာဖြစ်သွားလဲဆိုတာသိကြလား။အရာဝတ္ထုတစ်ခုနဲ့ ဥပမာပေးရရင် ဖုန်း Phone ဆိုပါစို့။
"ဒီဖုန်းလေ ခနခနပြုတ်ကျတယ် အခုထိသုံးလို့ရတယ် ဒဏ်အရမ်းခံတယ်" ဒီလိုပြောကြတယ်။လူဆိုလည်း ''သူကအပင်ပန်းခံနိုင်တယ် သူကသည်းခံနိုင်တယ်'' ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် capability မတူပါဘူး။

ကိုယ်ဆိုလည်း အလုပ်များတဲ့ဒဏ် အလုပ်ရှုပ်တဲ့ဒဏ်ကို ခံနိုင်တယ်။
ပိုလုပ်ရလေ အတွေ့ကြုံပိုရလေလို့ သတ်မှတ်ထားလို့ ဘာအလုပ်လာလာ အကောင်းဆုံးလုပ်နိုင်တယ် ။
စကားရှုပ်တာ နားငြီးတာတော့မခံနိုင်ဘူး။
တဗျစ်တောက်တောက် ပြောတာတွေများလာရင် စိတ်ကအလိုလိုရှုပ်လာရော၊တစ်ခုပဲ အလုပ်ရှုပ်ချင်ယောင်ဆောင်တာတော့မလုပ်တတ်ဘူး။
အဲ့ဒါနည်းနည်းခက်တယ်။

ဘယ်အရာမဆို ဒဏ်ခံတိုင်းလည်း ရေရှည်မှာတော့ ပျက်စီးခြင်းတရားကရှိလာမှာဘဲ။

ခနခနပြုတ်ကျတောင် မကွဲသွားတဲ့ ဖုန်းလေးက ချို့ယွင်းမှုဆိုတာရှိလာသလို
ခနခန ဒီလူချည်း ဒဏ်ခံနေရရင် အဲ့ဒဏ်ကို ခံနိုင်ရည်အားမရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ?
ကိုယ့်အမတို့၊အကိုတို့ ပြောခဲ့ကြပါဦး။


17/11/2024

Let’s cook with me 👩‍🍳
Just fun


#ကော်ရည်ခေါက်ဆွဲ

Address


Telephone

+959683846154

Website

Alerts

Be the first to know and let us send you an email when Linnspiration Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share