Myeik Speaker.

  • Home
  • Myeik Speaker.

Myeik Speaker. သတင်းများကို တင်ဆက်ပေးသွားမဲ့ Myeik Speaker

03/10/2024
03/10/2024

Myeik Speaker ကို
အားပေးကြသူ မိတ်ဆွေများ
အားလုံး ကျမ္မာချမ်းသာကြပါစေ။

03/10/2024

အခြေအနေအကြောင်းတရားကြောင့်
ခေတ္တခဏ သတင်းများတင်ပေးနေခြင်းများ
မပြုလုပ်ပေးနိုင်သေးသည်ကို နားလည် ခွင့်လွှတ်
ပေးကြပါရန် အနူးအညွတ် တောင်းပန်အပ်ပါသည်။

Myeik Speaker.
**

18/05/2024

အားလုံး ကျန်းမာကြပါစေ
အချိန်မတန်သေးလို့
မှေးအိပ်နေတုန်းမို့ပါ
ကျေးဇူးပါ ခင်ဗျားး

19/10/2023

မင်္ဂလာအပေါင်းနဲ့
ခညောင်းနိုင်ကြပါစေ
Myeik Speaker
တောင်းဆုချွေ

https://www.facebook.com/photo.php?fbid=627276759575784&set=a.535586058744855&type=3&mibextid=Nif5oz
07/10/2023

https://www.facebook.com/photo.php?fbid=627276759575784&set=a.535586058744855&type=3&mibextid=Nif5oz

ရှေ့တိုးလာတဲ့ မြထွန်းဦးနဲ့ နောက်တလှမ်းဆုတ် မင်းအောင်လှိုင်

DVB
·
October 5, 2023

မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်ခါစ အကြမ်းဖက်စစ်အုပ်စုကို ကောင်စီဝင် ၁၇ ဦးနဲ့ ဖွဲ့စည်းခဲ့တယ်။ အဲဒီကောင်စီဝင်တွေထဲ အရပ်ဘက်အနေနဲ့ ဩချရလောက်တဲ့ မန်းငြိမ်းမောင်၊ သိန်းညွန့်နဲ့ ခင်မောင်ဆွေ တို့တတွေ ပါဝင်ပေမဲ့ မင်းအောင်လှိုင်အလိုကျ ခေါင်းညိတ်၊ ခေါင်းခါ၊ ကြည့်နေ ကြည့်စား အဆင့်ပဲ ရှိတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်တယ်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ရောက်တော့ စစ်အုပ်စုကောင်စီဝင်တွေကို ပြင်ဆင်။ မင်းအောင်လှိုင်ခန့် ဗိုလ်ချုပ်ကြီးလို့ဆိုသူ မောင်မောင်ကျော် ဖယ်ရှားခံရ။ အရပ်ဘက်က မန်းငြိမ်းမောင်ကလွဲလို့ ၈ ဦးစလုံး ဖယ်ရှားခံရတယ်။ မင်းအောင်လှိုင်ပေးတဲ့ အာဏာမှာ သွားရူးမိတဲ့ သိန်းညွန့်နဲ့ ခင်မောင်ဆွေ ရန်ကုန်လည်း ပြန်မရ၊ နေပြည်တော်မှာလည်း လူတောတိုးလို့မရတဲ့ ဘဝနဲ့ ထောင်ထဲနေရတာနဲ့ မခြား။

ဒုတိယအကြိမ် ပြင်ဆင်ဖွဲ့စည်းချိန်မှာ မင်းအောင်လှိုင်ရဲ့ အရင်းအချာ စိုးထွဋ် ပါလာသလို မင်းအောင်လှိုင်လူ မဟုတ်တဲ့ ရာပြည့်လည်း ကောင်စီဝင်အဖြစ် ပါလာတယ်။

နောက်ထပ်တကြိမ် ဩဂုတ် ၂ ရက်နေ့ ထပ်မံပြင်ဆင်ဖွဲ့စည်းချိန်မှာတော့ အရပ်ဘက် ကောင်စီဝင်တွေကိုသာ ပြောင်းလဲပစ်တယ်။

အခု ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်၊ စတုတ္ထအကြိမ် ပြင်ဆင်တဲ့အခါကျတော့ လာဘ်စားတယ်ဆိုတဲ့ ဒုတိယဗိုလ်ချုပ်ကြီးလို့ဆိုသူ မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ ဖယ်ရှားခံလိုက်တယ်။ မိုးမြင့်ထွန်း ဆိုတာက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ စစ်ကောင်စီ စတင်ဖွဲ့စည်းစဉ်ကတည်းက ပါလာခဲ့တဲ့သူ။ မင်းအောင်လှိုင်ရဲ့ အရင်းအချာထဲက တယောက်။ စိုးထွဋ်က ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်ကောင်စီကို ပြင်ဆင်ဖွဲ့စည်းချိန်မှာ ကောင်စီဝင်အဖြစ် ပါလာခဲ့သူ။

စစ်ကောင်စီဖွဲ့စည်းမှုမှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းအပြင် အခုပြင်ဆင်ဖွဲ့စည်းမှု ၄ ကြိမ်ဆက်တိုက် မပြုတ် မထုတ်ဘဲ ပါဝင်လာသူတွေက ဗိုလ်ချုပ်ကြီးလို့ ဆိုသူ မြထွန်းဦး၊ တင်အောင်စန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီးလို့ ဆိုသူ အောင်လင်းဒွေးနဲ့ ရဲဝင်းဦးတို့ပဲ ဖြစ်တယ်။

အဲဒီ ၄ ဦးထဲမှာ ထူးခြားတာက မြထွန်းဦး ပါပဲ။ ပုံမှန် သွားရိုးသွားစဉ်အတိုင်းဆို ၂၀၂၁ ခုနှစ်၊ မင်းအောင်လှိုင် အငြိမ်းစားယူပြီးရင် တပ်ချုပ်နေရာ မြထွန်းဦး ရလိမ့်မယ်လို့ အပြောအဆိုတွေ ရှိခဲ့တယ်။ NLD ခေါင်းဆောင်တဦးက မြထွန်းဦးဟာ မင်းအောင်လှိုင်လို မဟုတ်ဘဲ ညှိရနှိုင်းရ အလုပ်လုပ်ရ အဆင်ပြေနိုင်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲပြီးခါစ အာဏာမသိမ်းခင်အချိန်မှာ မှတ်ချက်ပေးခဲ့ကြောင်း တဆင့်စကား ကြားခဲ့ဖူးတယ်။

ဒါပေမဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တော့ မြထွန်းဦးဟာ စစ်တပ်ရဲ့ ရုံးစာရေးချုပ်ရာထူး ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ချောင်ထိုးခံလိုက်ရတယ်။ ပြီးတော့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်မှာ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ထပ်ပြောင်းရွှေ့ခံရပြန်တော့ စစ်တပ်နဲ့ ဝေးသထက်ဝေးအောင် ဖယ်ကြဉ်ခံရခြင်းလို့ အကဲခတ်တချို့က မှတ်ချက်ပေးကြတယ်။ မြထွန်းဦးဟာ သန်းရွှေရဲ့လူရင်းမို့ မင်းအောင်လှိုင်နဲ့ သန်းရွှေကြား ဆက်ဆံရေးကိုလည်း မြထွန်းဦးရဲ့ ဘဝပေးက ဖော်ပြနေတယ်လို့ အကဲဖြတ်သူတွေလည်း ရှိတယ်။ အခု မိုးမြင့်ထွန်းကို အဂတိမှုနဲ့ ဖမ်းဆီးစစ်ဆေးချိန်မှာ မိုးမြင့်ထွန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ကုန်သွယ်မှုနှင့် ကုန်သွယ်စီးဆင်းမှု မြန်ဆန်ရေးကော်မတီနဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်ရေး ကော်မတီနေရာကို မြထွန်းဦး ရောက်လာခဲ့တယ်။ အဲဒီကော်မတီ ၃ ရပ်စလုံးဟာ အသက်ငင်နေတဲ့ စစ်ကောင်စီ စီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တာကြောင့် ချောင်ထိုးခံနေရတဲ့ မြထွန်းဦး ဘိုးဘိုးအောင် မ သလို ထိပ်ရောက်လာတယ်လို့ ပြောရပါတော့မယ်။

မြထွန်းဦးက ဘယ်သူ မ လိုက်တာပါလဲ။ သန်းရွှေ မဟုတ်ဘူးလို့တော့ အပြတ်ပြောနိုင်ပါတယ်။ သန်းရွှေဟာ သိန်းစိန်ကို သမ္မတအဖြစ် ထိုးအပ်လိုက်တဲ့အချိန်ကစလို့ နိုင်ငံရေးထဲ ဝင်မပါဘဲ ကင်းကင်းနေတတ်အောင် နေခဲ့သလို မင်းအောင်လှိုင် ဓားထက်တဲ့အချိန်မှာတော့ မင်းအောင်လှိုင် စိတ်တချက်လွတ်ခဲ့ရင် နေဝင်းဝဋ်တွေ လည်သွားနိုင်ကြောင်း ကောင်းကောင်း သိရှိပြီးဖြစ်တာကြောင့် စစ်အုပ်စုကြား အရှုပ်အထွေးတွေနဲ့ ကင်းသထက်ကင်းအောင် နေမှာ သေချာပါတယ်။

ဒါဆို မြထွန်းဦးကို ဘယ်သူ မစခဲ့ပါသလဲ။ မင်းအောင်လှိုင် မဟုတ်ရုံတင်မက မင်းအောင်လှိုင် စိတ်ဆန္ဒ မပါဘူးလို့လည်း ယူဆနိုင်ပါတယ်။ ဒီနေ့အချိန်ထိ မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား ဆက်ဆံရေးကို ကွဲကွဲပြားပြား မသိသေးပေမဲ့ မိုးမြင့်ထွန်းနဲ့ စိုးထွဋ်တို့ရဲ့ ကြောက်မက်ဖွယ် အဂတိတွေကို စစ်အုပ်စုတွင်း မင်းအောင်လှိုင်လူရင်း မဟုတ်တဲ့သူတွေ သို့မဟုတ် စိုးဝင်းနဲ့ သူနဲ့နီးသူတွေက အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဝိုင်းလက်ညှိုးထိုးပြလို့သာ မင်းအောင်လှိုင် သက်ပြင်းချ လက်ခံလိုက်ပုံရပါတယ်။

မိုးမြင့်ထွန်းတို့ကို ဝိုင်းဖွင့်ချကြတာဟာ မိုးမြင့်ထွန်းတို့ရဲ့ ဆရာအရင်းဖြစ်တဲ့ မင်းအောင်လှိုင်ကို တိုက်ချင်လို့ အားပြိုင်တဲ့ အာဏာပဋိပက္ခ၊ စစ်ဗိုလ်ချုပ်တို့ကြား ဖြစ်နေကြသော အကျိုးစီးပွား ပဋိပက္ခကြောင့်လို့ ယတိပြတ် မပြောနိုင်ပါဘူး။

မိုးမြင့်ထွန်းရဲ့ အဂတိလိုက်စားမှုကိုသာ ဒီအတိုင်း ဆက်လွှတ်ထားရင် စစ်အုပ်စုစီးပွားရေး ဗုန်းဗုန်းလဲကာ ကိုယ်စီ အထုပ်ပိုက် ပြေးရချိန် စောစောစီးစီး ရောက်သွားနိုင်တာကြောင့် ဘုံအကျိုးစီးပွားဖြစ်တဲ့ စစ်အုပ်စု အာဏာတည်မြဲရေးအတွက် ဝိုင်းဖွင့်ချကြခြင်းလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သူ့အာဏာကို အန်တုခြင်းလို့ နားလည်မှာ သေချာပါတယ်။ မိုးမြင့်ထွန်းတို့ဆီက ဆက်ကြေး မင်းအောင်လှိုင် အိတ်ကတ်ထဲ အထွေးလိုက်ကြီး ရောက်ရှိနေမှာကို နေပြည်တော်ဗိုလ်ချုပ်တွေ အလှမွေးထားတဲ့ ခွေးတွေကအစ သိကြပါတယ်။ မင်းအောင်လှိုင်ဟာ ဘယ်လိုမှ မတတ်သာတဲ့အဆုံး သူ့တပည့်ရင်းတွေရဲ့ အရှုပ်ထုပ်တွေကို အရှုပ်ထုပ်တွေပါလို့ မျက်လွှာအောက်ချ လက်ခံလိုက်ရပေမဲ့ အဲဒီအရှုပ်ထုပ်တွေနဲ့ သူ ဘာမှမပတ်သက်သယောင် လုပ်ပြပါတော့တယ်။

အဲဒါကြောင့် စက်တင်ဘာ ၂၈ ရက်နေ့ စစ်ကောင်စီ အစည်းအဝေးမှာ ယုံကြည်လို့ တာဝန်ပေးထားတဲ့ ရာထူးနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်ကျိုးစီးပွားပြုလုပ်ခြင်းကြောင့် အဖွဲ့ဝင်တချို့ကို အနားပေးထားပြီး ထိရောက်စွာ အရေးယူမယ်လို့ မင်းအောင်လှိုင် အသံကောင်းဟစ်ပြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ပြစ်ချက်ရှိနေတဲ့ မင်းအောင်လှိုင်ဟာ မိုးမြင့်ထွန်းရဲ့ စီးပွားရေးအရ အရေးပါတဲ့ နေရာတွေမှာ သူ့လူသူ ထပ်ထည့်ဖို့လည်း မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့် အဂတိလိုက်စားမှု အသံထွက်မကျယ်တဲ့ မြထွန်းဦးကို အစားထိုးမယ်လို့ အဆိုပြုသူတွေ ရှိလာတဲ့အခါ မတတ်သာတဲ့ အခြေအနေမို့ ခေါင်းညိတ်လိုက်ပုံရပါတယ်။

ဒါဟာ မင်းအောင်လှိုင် ခြေတလှမ်း နောက်ဆုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ တချိန်က ထွန်းကြည်တို့၊ ကျော်ဘတို့ကို စစ်တိုင်းမှူးဘဝကနေ ရာထူးတိုးပေးသလိုနဲ့ ဝန်ကြီးရာထူးပေး၊ စစ်တပ်နဲ့ဝေးအောင်လုပ်ကာ စိတ်ကြိုက် အဂတိလိုက်စားစေပြီးမှ ဖြုတ်ထုတ်ရှင်းလိုက်တာမျိုး။ မြထွန်းဦးနဲ့တကွ သူ့လူမဟုတ်တဲ့သူတွေကို လုပ်ကြံဖို့ မင်းအောင်လှိုင် အချိန်တခုယူကာ ချောင်းမြောင်းနေမှာ အသေအချာပါပဲ။

ဒါပေမဲ့ စစ်ဗိုလ်ချုပ်ချင်းကြား ဓားရေးပြ ဖက်ပြိုင်မှုဟာ ပြည်သူ့အကျိုးစီးပွားမပါတဲ့ သူတို့ချင်းကြား အာဏာစားခွက်လုခြင်းသာ ဖြစ်တယ်ဆိုတာ မမေ့လျော့ကြဖို့ လိုပါမယ်။

ထွန်းလင်း

https://m.facebook.com/story.php?story_fbid=693684469460968&id=100064582638283&mibextid=Nif5oz
28/09/2023

https://m.facebook.com/story.php?story_fbid=693684469460968&id=100064582638283&mibextid=Nif5oz

မဘသ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီ ထောင် ၁၀ နှစ်ချ
---------------
သူ့ကို လွှတ်ပြီး ရွှေပြန်တူးခွင့်ပေးရန် မဘသဒါယကာ ဦးစိုးထွန်းရှိန်၏ အပေးအယူဖြင့် ကမ်းလှမ်းမှုကို ဗိုလ်ချုပ်ကြီးများက လျစ်လျူရှုရုံမက မိုးထိမိုးမိ ရွှေတွင်းကိုပါ မောင်ပိုင်စီးလိုက်ပြီးနောက်တွင် ထောင်ချလိုက်ခြင်းဖြစ်သည်။

မွတ်စလင်မုန်းတီးရေးဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် “အမျိုးသားရေး” လှုပ်ရှားမှုများ၏ ဒါယကာကြီး ဦးစိုးထွန်းရှိန်ကို စစ်ကောင်စီ၏ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်တရားရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပါ ပုဒ်မ (အပက) ၃ ဖြင့် စက်တင်ဘာ ၂၇ ရက်တွင် ထောင် ၁၀ နှစ် ချသည်။

ဦးစိုးထွန်းရှိန်အမှုနှင့် ပတ်သက်၍ တရားရုံးနှင့် ထိတွေ့ဆက်ဆံနေရသော အမျိုးသားတစ်ဦးက “၁၀ နှစ် ချတယ်၊ အလုပ်ကြမ်းတွေ မပါပါဘူး” ဟု ပြောသည်။

ထောင် ၁၀ နှစ် ချခံရသည့် ဦးစိုးထွန်းရှိန် ရမည်းသင်းထောင်တွင်ပင် ရှိနေပြီး ကျန်းမာရေးကောင်းမွန်ကြောင်း၊ အယူခံဝင်မည်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဒါရိုက်တာအမျိုးသားတစ်ဦးကလည်း ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနက ရွှေ ၁၂၉၃ ပိဿာ ရလိုမှုဖြင့် မန္တလေးတိုင်းတရား လွှတ်တော်တွင် တရားမမှုဖြင့် စွဲထားသည့် အမှုကို ဦးစိုးထွန်းရှိန် ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://myanmar-now.org/mm/news/42698/

ပုံစာ - အမှုသုံးမှုဖြင့် ဖမ်းဆီးတရားစွဲခံရကာ အကျဉ်းကျနေသည့် စီးပွားရေးသမား ဦးစိုးထွန်းရှိန်ကို ၂၀၁၉ နိုဝင်ဘာလက မန္တလေးတိုင်း ရမည်းသင်းတရားရုံးတွင် ရုံးထုတ်လာစဉ် တွေ့ရပုံ။ (Myanmar Now)

#စိုးထွန်းရှိန် #မိုးထိမိုးမိ

Address


Website

Alerts

Be the first to know and let us send you an email when Myeik Speaker. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share