BLA Vlogs

BLA Vlogs စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာရှိကြပါစေ။

24/07/2025

လူတစ်ဦး တစ်ယောက်ရဲ့အပေါ်မှာ နားလည်မှု
ရှိဖို့ ဆိုတာ
တစ်ကယ်တော့ မလွယ်လှပါဘူး။

တစ်ခါတစ်လေ နားလည်အောင် ကြိုးစားနေရ
တာကိုက ပင်ပန်းရပါတယ်။

နားလည်ဖို့ ကြိုးစားရင်နဲ့ပဲ သည်းမခံနိုင်တာတွေ
ပိုများလာတတ်ပါတယ်။
သူကလည်း သူ့စရိုက်နဲ့ သူ့အကျင့်နဲ့။
ကိုယ်ကလည်း ကိုယ့်စရိုက်နဲ့ ကိုယ့်အကျင့်နဲ့ကိုး။

စိတ်သဘောထားခြင်းကတော့…ဘယ်လိုမှ
မတူနိုင်ပါဘူး။

သေချာစဉ်းစားကြည့်ရင်…
ကိုယ့်စိတ်တောင်
ဒီနေ့နဲ့ မနက်ဖြန် မတူနိုင်ပါဘူး။

သူကောင်းမှ ကိုယ်ကောင်းမယ်ဆိုရင်
ကောင်းတဲ့သူ ဆိုတာ ဘယ်မှာ ရှိလာပါ့မလဲ
ဆိုသလို

မတူညီမှုတွေအတွက်
ကိုယ့်ဖက်က ကြိုးစားလို့ရတာ တစ်ခုတော့
ရှိပါတယ်။

ခွင့်လွှတ်ပေးလိုက်ခြင်း ပါပဲ။

တစ်ဖက်သားကို ခွင့်လွှတ်ပေးလိုက်တယ်
ဆိုရင်ပဲ....
စိတ်ထဲမှာ…ပေါ့ပါးသွားတယ်။
လွတ်လပ် သွားပါတယ်။

ခွင့်လွှတ်ခြင်းရဲ့ နောက်မှာ မေတ္တာစိတ်တွေ
ဖြစ်လာပါတယ်။
မေတ္တာစိတ်ဖြစ်လာတော့ ပိုပြီး ခွင့်လွှတ်တတ်လာ
ပါတယ်။

ဒါကြောင့်
တစ်ဖက်သားကို နားလည်မပေးနိုင်ရင်တောင်
ခွင့်လွှတ်ပေးနိုင်အောင် ကြိုးစားရင်
ဘဝမှာ အလွန် အေးချမ်းပါတယ်။

ဘဝဆိုတာ…တိုတိုလေးပါ။

တစ်ယောက်နဲ့ တစ်ယောက် ဘာကြောင့်များ
အာဃာတတွေ
အမုန်းတရားတွေ
မနာလိုမှုတွေ ထားနေမှာလဲ။

ခွင့်လွှတ်ခြင်းရဲ့ အရသာကို ခွင့်လွှတ်ခဲ့ဘူးသူတိုင်း
ခံစားဘူးပါလိမ့်မယ်။

လက်စားချေခြင်းဖြင့် ပြဿနာကို အဆုံးသတ်လို့
မရပါဘူး။
ပြဿနာတွေရဲ့ အဓိက အဆုံးသတ်က
ခွင့်လွှတ်ပေးလိုက်ခြင်းပါပဲ။

ဘာကြောင့် လူတွေက ခွင့်လွှတ်ရမှာကို
ကြောက်နေတာလဲ ဆိုရင်…
အဖြေက ရှင်းရှင်းလေးပါ။

ခွင့်လွှတ်ပေးလိုက်ရတာဟာ ရှုံးနိမ့်တယ်လို့
ထင်နေတတ်ကြလို့ပါပဲ။

I can forgive but I can't forget
တဲ့။
( လူ တစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်ပါ။
ဒါပေမဲ့ သူနာမည်ကိုတော့ မှတ်ထားလိုက်ပါတဲ့ )

တစ်ခါတစ်လေ
လူတစ်ယောက်ကို ခွင့်လွှတ်ပေးလိုက်လို့
ရချင် ရလိမ့်မယ်။
ဒါပေမဲ့ သူရဲ့လုပ်ရပ်တွေကိုတော့ မေ့လို့ ရနိုင်မှာ
မဟုတ်ပါဘူး။

ဒါကြောင့် ...သူငယ်ချင်း

ကိုယ့်ကို အကောင်းမမြင်တဲ့ သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ်က ကောင်းအောင်
ကြိုးစား နေနိုင်လို့ပါပဲ။

ကိုယ့်ကို ချောက်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ချောက်ထဲမရောက်အောင်
ကိုယ့်ကိုယ်ကို သတိထားပြီးတော့ နေထိုင်တတ်
လာလို့ပါပဲ။

ကိုယ့်ကို အထင်သေးသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် နေ့သစ်တိုင်း တိုးတက်အောင်
ကြိုးစားချင်စိတ်တွေ ဖြစ်ပေါ်နေလို့ပါပဲ။

ကိုယ့်ကို လိမ်လည်ထိခိုက်သူတွေကို
ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့် ကိုယ့်မှာ အသိတရားတွေ
တိုးပွားလာလို့ပါပဲ။

ကိုယ့်ကို ဝေဖန်ရှုပ်ချသူတွေကို ခွင့်လွှတ်လိုက်ပါ။
သူတို့ကြောင့်
ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်အောင်
ပိုမို ထိန်းသိမ်းတတ်လာလို့ပါပဲ။

ဘဝမှာ တွေ့ကြုံရတဲ့လူတွေနဲ့ အခြေအနေတွေကို
အပြစ်တင် ငြီးငြူမနေပါနဲ့။

ကောင်းတဲ့လူတွေက သင့်ကို ပျော်ရွှင်မှုတွေ
ပေးပါလိမ့်မယ်။

ဆိုးတဲ့လူတွေက သင့်ကို အတွေ့အကြုံတွေ
ပေးပါလိမ့်မယ်။

အဆိုးဆုံးလူတွေက သင့်ကို သင်ခန်းစာတွေ
ပေးပါလိမ့်မယ်။

အကောင်းဆုံးလူတွေက သင့်ကို အမှတ်တရတွေ
ပေးပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရေ...

ဘဝမှာ တစ်ခဏတာ ဆုံကြရသူ အချင်းချင်း
ခွင့်လွှတ်ခြင်းဖြင့် ဆက်ဆံနိုင်ပါစေ။

23/07/2025

ဘယ်သူက အပေါ်ယံလဲ
ဘယ်သူက အစစ်အမှန်လဲဆိုတာ
အားလုံးသိတယ်။

ကိုယ့်အပေါ် ဘယ်သူက လိုသုံးလဲ
ဘယ်သူက မရှိသုံးလဲဆိုတာကိုလဲ
သိတယ်။

တချို့လူတွေ
လူလို အသိတရားလေးများ
ဝင်လာလေမလားဆိုတဲ့စိတ်နဲ့
မသိချင်ယောင်ဆောင်ပြီး
ကိုယ့်ကိုယ်ကို အ,ချင်ယောင်ဆောင်
ပေးလိုက်တာပဲရှိတာပါ။

အပေါ်ယံတွေနဲ့ မျက်နှာချိုသွေးပြီး
ပေါင်းသင်း ဆက်ဆံနေရတာထက်စာရင်
တစ်ယောက်ထဲ
အေးအေးချမ်းချမ်းနေရတာ
ပိုသဘောကျတယ်။

ပေးမှ ကမ်းမှ
ကောင်းပေးတတ်တဲ့
လူတွေကိုလည်း သိတယ်။

ပေးနိုင်မှ
မျက်နှာချိုသွေးတတ်တဲ့
လူတွေရဲ့ မျက်နှာတွေကိုလည်း
ကောင်းကောင်း ဖတ်တတ်တယ်။

သူတို့လိုအပ်မှ
Hello ဆိုပြီး လေချိုလာသွေးတတ်တဲ့
ရှေ့တစ်မျိုး
ကွယ်ရာတစ်မျိုးနဲ့
လူတွေကိုလည်း သိတယ်။

ပေးကမ်းတဲ့
လက်ကိုမှ
ရွေးပြီး ဆွဲချင်ကြတဲ့
လူတွေကိုလည်းသိတယ်။

ချေတယ်ပဲပြောပြော
အကြောတင်းတယ်ပဲပြောပြော
လောကမှာ
လူတွေနဲ့ တန်ရာတန်ရာပဲ
ဆက်ဆံတာ အကောင်းဆုံးပါပဲ။

တုံးချင်ယောင် ဆောင်
အချင်ယောင် ဆောင်
မသိချင်ယောင်လည်း ဆောင်ခဲ့တယ်။

တုံးလည်း တိုက်ပါများရင်
လှုပ်လာသေးတာပဲလေ။

လူလည်း ခံရပါများရင်
နာတတ်တာ
သဘာဝကျပါတယ်။

မတွေးဘဲ နေရင်
အနာသက်သာတယ်ဆိုပေမဲ့
တွေးမိတဲ့အခါတိုင်း အဆတစ်ရာမက
နာကျင်ရတယ်ဆိုတာ နာကျင်ဖူးသူတိုင်းက
သိကြပါတယ်။

လူဆိုတဲ့ အမျိုးက
တန်ရာတန်ရာပဲကောင်းပါတယ်။

ဘဝတွေ မျိုးစုံ ကြုံခဲ့ဖူးသလို
မျက်နှာဖုံးမျိုးစုံနဲ့
လူတွေကိုလည်း ကြုံခဲ့ဖူးတယ်။

ငယ်စဉ်ကနေ ဒီနေ့အထိ
ရလိုက်တဲ့သင်ခန်းစာတွေထဲမှာ
အနာကျင်ရဆုံး သင်ခန်းစာကတော့
လူရင်းတွေကပေးတဲ့ သင်ခန်းစာတွေပါပဲ။

စေတနာ ကောင်းရင် ကံကောင်းပါတယ်။
စေတနာသည်သာ အကျိုးပေးသော
အရာတစ်ခုလို့ဆိုရင်
မှန်ပါတယ်။

အမှန်ပြောလို့ လူမုန်းများမှာလည်း
သိတယ်။ဝမ်းမနည်းပါဘူး။
တချို့လူတွေရဲ့ နားတွေက
အမှန်တရားကို နားထောင်ဖို့အတွက်
ခံနိုင်ရည် မရှိဘူး။

အချိန်တန်တော့လည်း
ကိုယ်နဲ့အတူ ရှိနေပေးတဲ့ လူနည်းစုလေးကိုပဲ
ပိုတန်ဖိုးထားမိတယ်။

လဲကျခွင့်မပေးသလို
ပြိုလဲခွင့်မပေးဘဲ
ကိုယ်နဲ့အတူရပ်တည်ပေးမယ့်-----

ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို
ဥပေက္ခာမပြုဘဲ
ကိုယ်နဲ့အတူ မျှဝေခံစားပေးတဲ့
လူတချို့သာရှိနေရင် လုံလောက်ပါပြီ။

လူတွေအကြောင်းကို
လူတွေကပဲ သင်ပေးတာပါ။

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋

22/07/2025

ဘဝ လမ်း🌸
;;;;;;;;;;;;;;;;;;;;;;;;;;;;;

ဘဝထဲမှာ နေထိုင်ရှင်သန်လာရင်း
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေ
တစ်ဆထက်တစ်ဆ
ရှားပါးလာမှန်းသိသိလာရတယ်

အတောမသတ်တဲ့
လူတွေရဲ့ လောဘနှင့်ဒေါသတွေကို
တဖြည်းဖြည်းနဲ့ ပို၍ ပို၍ မြင်တတ်လာသလို

ကိုယ်သာအမှန်ထင်ပြီး
တဖက်သားကို မှားတယ်လို့ စွပ်စွဲ
ပုတ်ခတ်တတ်တဲ့ လူတွေကိုပိုတွေ့လာရတယ်လေ။

ချစ်ခြင်းမေတ္တာဆိုတာ
ပေးတိုင်း ပြန်မရတတ်သလို
အတင်းလုပ်ယူလို့မရတဲ့အရာမှန်းသိလာပါပြီ။

လူတွေအကြိုက်
ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ ရှိခဲ့ခြင်းက
ကြီးစွာရန်သူ မှတ်ထင်ခံရဘူးတယ်။

ကိုယ်က
ရိုးရိုးသားသားနေပေမယ့်
စိတ်သဘောမရှင်းတဲ့လူတွေပဲ တွေ့နေရသေးတယ်။

ဘယ်လောက်ပဲ
စေတနာထားပြီးလုပ်ပေးခဲ့သော်လည်း
တုန့်ပြန်စေတနာကို မျှော်ကိုးလို့မရမှန်းသိလာပြီလေ။

နောက်ဆုံးတော့
လောကဓံက ဘာတွေပဲပေးပေး
ကိုယ်က လက်ခံနိုင်ဖို့ကြိုးစားရမှာပဲပေါ့။

အဆိုးတွေကို
လက်မခံချင်ကြပေမယ့်
အကောင်းတွေကို အလွယ်တကူမရနိုင်တဲ့အခါ
ဖြစ်တည်ခဲ့သမျှကို ကျေနပ်စွာလက်ခံနိုင်မှနေသာမှာပါ

လိုချင်တာတွေ
မရနိုင်တဲ့ဘဝအခြေအနေမှာ
ရတာလေးနဲ့ ရောင့်ရဲတင်းတိမ်လိုက်ရတာလည်းရှိတယ်။

ပျော်စရာထက်
အဆင်ပြေတယ်ဆိုရုံလေး
ဘဝကိုဖြစ်သလို ဖြတ်သန်းရတဲ့အခိုက်လည်းရှိ
ပြန်တော့....

ဘဝခရီးလမ်းမှာ
ကြုံဆုံလာသမျှ
ကြံ့ကြံ့ခံရင်ဆိုင်ရင်း သင်ယူရင်းနဲ့ပဲ

18/07/2025
12/07/2025

ကျွန်တဲ့လား

 Content Monetizatiom တော့ပွင့်ပြီ။ကြိုးစားဖို့ပဲလိုတော့တယ်။
12/07/2025



Content Monetizatiom တော့ပွင့်ပြီ။
ကြိုးစားဖို့ပဲလိုတော့တယ်။

22/06/2025

လူ့သမိုင်းဟာ ပိုက်ဆံချည်းပဲရှိတဲ့ သူဌေးတွေကို မှတ်တမ်းမတင်ဘူး
ဒါကိုမဖတ်ခင် ခရစ်တော်မပေါ်မီ BC (၆)ရာစုနဲ့ (၁)ရာစုကြားကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး တွေထဲက(၅)ယောက်နာမည်ကို ခင်ဗျားသိသလားစဉ်းစားကြည့်ပါ။ဒါမှမဟုတ် တယောက်ယောက်လောကျမြားသိသလားစဥ်းစားကြည့်ပါ။
ဒါကဝေးလွန်းလို့မသိဘူးဆိုရင်အေဒီ (၁)ရာစုကနေ (၁၈)ရာစုကြား ကမ္ဘာမှာအချမ်းသာဆုံးသူဌေးတွေထဲက (၅)ယောက်နာမည်ပြောပြပါဆိုရင်လည်း ခင်ဗျားသိမှာမဟုတ်ပါဘူး။
ဒါကလည်းဝေးလွန်းလို့မသိဘူးဆိုရင် ၁၉၃၀ကနေ ၁၉၆၀ခုနှစ်ကြားမြန်မာပြည်မှာအချမ်းသာဆုံးသူဌေးတွေထဲက (၅)ယောက်နာမည်ပြောပြပါဆိုရင်လည်း ခင်ဗျားသိ နေမှာမဟုတ်ပြန်ဘူး။
ဒါဆိုဒီမေးခွန်းကို နောက်တခါမေးကြည့်မယ် ခရစ်တော်မပေါ်မီ BC ၆ ရာစုနဲ့ ၁ရာစုကြားက
ကမ္ဘာ့ လူသားတွေကို အသိပညာပေးခဲ့တဲ့
ကွန်ဖြူးရှပ်
ပိုက်သာဂိုးရပ်စ်
ဆိုကရေးတီး
ဗုဒ္ဓ
ယူကလစ် တို့ထဲက တယောက်ယောက်ကိုသိသလားမေးရင် ခင်ဗျားသိနေမှာပဲ။
အေဒီ (၁)ရာစုကနေ (၁၈)ရာစုကြားကမ္ဘာ့ လူသားတွေကို အသိပညာပေးခဲ့တဲ့
နယူတန်
ဂယ်လီလီယို
ဒေးကား
လီယိုနာဒိုဒါဗင်ချီ
ရှိတ်စပီးယား
(၅)ယောက်နာမည်ကို စဉ်းစားကြည့်ပါ။သင်သိပါသလား? အဲဒီထဲက အနည်းဆုံး တယောက်ယောက်ကိုသိသလားမေးရင် ခင်ဗျားသိနေမှာပဲ။
ဒါမှမဟုတ်၁၉၃၀ကနေ ၁၉၆၀ခုနှစ်ကြားမြန်မာပြည်ကလူအများစုအတွက် အသိဉာဏ်မြင့်ဖို့ နှလုံးသားလှဖို့ အကျိုးဖြစ်ဖို့တခုခုလုပ်ပေးခဲ့တဲ့
ဒီလူတွေနာမည်ကို စဉ်းစားကြည့်ပါ။သင်သိပါသလား?
မသိနိုင်ဘူးဆိုရင်မေးကြည့်ပါမယ်
ဆရာကြီးရွှေဉဒေါင်း
ဆရာဇော်ဂျီ
ဦးချစ်မောင်
ဆရာစံ
ဗိုလ်ချုပ်အောင်ဆန်း
သခင်ဖိုးလှကြီး
ဦးဥတ်တမ
ဦးရာဇတ်
ဒီထဲလူ (၅)ယောက်ထဲက အနည်းဆုံး သုံးယောက်ကတော့ ခင်ဗျားကြားဖူးမှာပါ။
ဆိုလိုချင်တာက လူ့သမိုင်းဟာ လူသားတွေဟာ လောကအတွက်အသိဉာဏ်၊ နှလုံးသားနဲ့ လူသားတွေရဲ့ ငြိမ်းချမ်းရေးကို အကျိုးပြုခဲ့သူတွေကိုသာ မှတ်တမ်းတင်ပါတယ် ။ ပိုက်ဆံသက်သက်ချည်းရှိနေတဲ့ ၊ကမ္ဘာပေါ်မှာဈေးအကြီးဆုံးကားကို စီးနိုင်တဲ့ သူဌေးတွေကိုမှတ်တမ်းမတင်ဘူးလို့ဆိုချင်တာပါ။
နောက်တခု မြန်မာတနိုင်ငံလုံးကို ကြည့်လိုက်ပါ သူဌေးနာမည်နဲ့လမ်း သူဌေးနာမည်နဲ့ အဆောက်အဦးတခုစ နှစ်ခုစ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုရှိတဲ့ဟာတွေကလည်း ဒီသူဌေးတွေရဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းကို နှလုံးသားနဲ့နားလည်ပြီး ပေးဆပ်ခဲ့သူတွေအတွက်သာ ရှိနေမှာပါ။
ချမ်းသာလွန်းလို့ဆိုပြီး ကြည်ညိုလို့ ပေးထားတဲ့အထိမ်းအမှတ်လမ်း အဆောက်အဦးနာမည်ဆိုတာ ရှိမှာမဟုတ်ပါဘူး။
ဒါပေမယ့် ဆိုင်ရာလူ့အဖွဲ့အစည်းအတွက် အသိဉာဏ်၊ နှလုံးသားနဲ့ လူသားတွေရဲ့ ငြိမ်းချမ်းရေးကို အကျိုးပြုခဲ့သူတွေကိုတော့ နာမည်အမျိုးမျိုးနဲ့လမ်းတွေ အထိမ်းအမှတ်တွေ ဂုဏ်ပြုထားတာတွေ့ရမှာပါ။
ဆိုလိုချင်တာက
အသိပညာပဲရှာရှာ
ဉစ္စာပဲရှာရှာ
လူ့အဖွဲ့အစည်းအတွက် စဉ်းစားချက်မရှိရင် လူ့အဖွဲ့အစည်းက မှတ်တမ်းတင်မှာမဟုတ်ပါဘူး။
ခင်ဗျားအလုပ်တွေရပ်လိုက်ပြီး သေဆုံးသွားတာနဲ့ ခင်ဗျားဟာသေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားမှာလို့ ဆိုချင်တာပါပဲ။
#ကိုနန္ဒမိုး

22/06/2025

#မုန်တိုင်းပြီးရင်လေပြည်လာမယ်

20/06/2025

#ကိုယ်ပျော်ဖို့ကကိုယ့်မှာပဲတာဝန်ရှိတာပါ။

အလုပ်မှာဖြတ်သန်း ကြုံတွေ့နေတဲ့
အခက်အခဲနဲ့ဖိအားတွေကို
မိသားစုက သိမှာမဟုတ်သလို
အလုပ်ကလူတွေကလဲ
ကိုယ့်အိမ်မှာ ဖြစ်နေ ကြုံနေရတဲ့
အခြေအနေတွေကို သိကြမှာမဟုတ်ပါဘူး။

သူငယ်ချင်းတွေ မိတ်ဆွေတွေကလဲ
ကိုယ်ယူထားရတဲ့ တာဝန်တွေရဲ့
လေးနက်မှု နက်ရှိုင်းမှုကို
နားလည်ကြမှာမဟုတ်ပါဘူး။

ဘဝရဲ့လက်တွဲဖော်ဆိုသူကလည်း
ကိုယ့်ဆီကသာ ချစ်ခြင်းတွေနဲ့
အားပေးမှုတွေ နွေးထွေးမှုကိုပဲ
မျှော်လင့်လေ့ရှိကြတာဖြစ်ပြီး
ကိုယ်ရင်ဆိုင်နေရတဲ့ ဖိအားတွေအကြောင်း
(ဘယ်လိုပဲပြောပြပြောပြ)
ကိုယ်ချင်းစာနိုင်ကြမှာမဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ဘယ်သူကမှ
ကိုယ့်ဘဝမှာတကယ်ဖြစ်ပျက်နေတဲ့အရာတွေကို
နားလည်ပေးနိုင်ကြမှာမဟုတ်သလို
သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းကိုလဲ
အသိအမှတ်ပြုနိုင်မှာ မဟုတ်ပါဘူး။

ဒါဟာသာမန်ပါ။
ဒါဟာဘဝပါ။

ဘယ်သူ့ကိုမှ အပြစ်တင်နေဖို့မလိုပါဘူး။

ကိုယ့်ဘဝကို ကိုယ်တိုင်နားလည်နိုင်ဖို့က
အရေးကြီးပြီး ကိုယ်ပျော်ဖို့က
ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။

19/06/2025



ရှစ်ဆယ်
=======
မိစ္ဆာစစ်ဘီလူးတွေ
ယက်ဖောက်ထားတဲ့
ပင့်ကူအိမ်မှာ
ချုပ်နှောင်ခံနေရ
သံမဏိနှင်းဆီလေး
ခိုင်မာသန်စွမ်းပါစေ။

စုန်တစ်ခါ
ဆန်တစ်လှည့်
နိုင်ငံရေးလောကဓံဝဲဂယက်မှာ
ယက်ကန်နေရတဲ့
မဗေဒါလေး
ကျန်းမာရှင်သန်နိုင်ပါစေ။

မုန်တိုင်းထန်ထန်
လှိုင်းထန်ထန်
အန္တရာယ်ပင်လယ်ထဲ
မျောလွင့်နေတဲ့
မျှော်လင့်ခြင်းမီးအိမ်လေး
တောက်ပဝင်းလက်နိုင်ပါစေ။

ခရီးကြမ်းကြမ်း
လမ်းကြမ်းကြမ်း
ဆူးငြောင့်ခလုတ်တွေပြွမ်းထနေတဲ့
ဒီမိုကရေစီခရီးလမ်းတလျှောက်
​ဒေါက်ဖိနပ်လေး
မာကြောကြံ့ခိုင်နိုင်ပါစေ။

သန်းခြောက်ဆယ်ရဲ့အမေ
သန်းခြောက်ဆယ်ရဲ့ပဲ့ကိုင်ရှင်
သန်းခြောက်ဆယ်ရဲ့အိပ်မက်
သန်းခြောက်ဆယ်ရဲ့ရောင်နီ
သန်းခြောက်ဆယ်ရဲ့လမင်း
သန်းခြောက်ဆယ်ရဲ့အနာဂတ်
အသက်ကရှစ်ဆယ်တဲ့လား
အရမ်းချစ်ရပါတယ်
ကျန်းမာသက်ရှည်ပါစေအမေ။
တီအေအယ်လ်
19-6-25

19/06/2025

#အရာအားလုံးကမင်းအားနာတာကနေစခဲ့တာပါ

15/06/2025

*နှုတ်ဆိတ်ခြင်း အနုပညာ*
--------------
အချိန်တော်တော်များများမှာ မဖြေရှင်းတာဟာ
ဝန်ခံတာမဟုတ်ပါဘူး၊ အလေးကို မထားချင်တာပါ။

အချိန်တော်တော်များများမှာ နှုတ်ဆိတ်နေတာဟာ
ပြောစရာစကားမရှိလို့ မဟုတ်ပါဘူး၊
ပြောတော့လည်း ထူးလာမှာမဟုတ်လို့ပါ။

အချိန်တော်တော်များများမှာ အငြင်းမပွားတာဟာ
သည်းခံစိတ်ကောင်းလွန်းလို့ မဟုတ်ပါဘူး၊
ဒေါသဖြစ်ဖို့ကို မထိုက်တန်လို့ပါ။

လူ့ဘဝက တိုတောင်းပါတယ်။
ဒီဘဝမှာတွေ့ဆုံတဲ့လူတွေနဲ့
နောက်ဘဝမှာ ပြန်တွေ့ရဖို့ အာမမခံနိုင်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်သိတတ်လွန်းတယ် မထင်ပါနဲ့၊
တကယ်တော့ တခြားသူလည်း မအ,ပါဘူး။

တကယ်တလေမှာ တုံးအချင်ဟန်ဆောင်တိုင်း
သူတကယ်အ,နေတာ မဟုတ်ပါဘူး၊
*နှုတ်ဆိတ်ခြင်းအနုပညာကို သူနားလည်လို့ပါ။

ငါကဘာလဲဆိုတာ အရေးမကြီးဘူး။
ဘယ်သူက ဘာဆိုတာလည်း အရေးမကြီးဘူး။

ရှင်သန်ခြင်းကသာ တန်ဖိုးကြီးတယ်၊
မလိုအပ်တဲ့အရာတွေအပေါ် သိပ်မဖြုန်းမိပါစေနဲ့။

ကိုယ့်ဘဝထဲကို လူတွေအများကြီးဖိတ်ဝင်စရာ မလိုသလို
လူအများ ကိုယ့်ကိုနှစ်သက်ဖို့လည်း မမျှော်လင့်ပါနဲ့။

သင့်အပေါ်နားမလည်သူတွေကို
ဖြေရှင်းချက်ထုတ်နေစရာမလိုသလို
သင့်အပေါ်နားလည်သူတွေက
သင့်ရဲ့ဖြေရှင်းချက်တွေကို မလိုပါဘူး။

ဒီလောကမှာ
လူတိုင်း ကိုယ့်ကိုနှစ်သက်ကြမှာမဟုတ်ဘူး၊
တချို့က သင့်ကိုအားကျတယ်၊ တချို့က သင့်ကိုမုန်းတယ်၊
တချို့က သင့်ကိုမနာလိုဘူး၊ တချို့က သင့်ကိုချစ်ခင်တယ်။

ဘဝဆိုတာ ဒီလိုပါပဲ...
ကိုယ်လုပ်သမျှက လူတိုင်းကို ကျေနပ်စေမှာမဟုတ်ဘူး။

တခြားသူနှစ်သက်လာအောင် လုပ်ဆောင်ရင်း
ကိုယ့်နဂိုကို မပျောက်ဆုံးပါစေနဲ့။

လူတိုင်းမှာ ကိုယ့်ခံယူချက်၊ ကိုယ့်ယုံကြည်မှုတွေရှိကြတယ်။

ကိုယ့်ယုံကြည်မှုကို တဖွဖွပြောရင်း
တခြားသူရဲ့ယုံကြည်မှုကိုလည်း မနင်းချေမိပါစေနဲ့။

တခြားသူရဲ့ပါးစပ်ထဲက သင်ဟာ
စစ်မှန်တဲ့သင် မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကိုယ်သာ အကောင်းဆုံးလုပ်ပါ။
ကိုယ်နှစ်သက်တဲ့ကောင်းမွန်တဲ့အလုပ်ကို လုပ်ပါ။

တခြားသူရဲ့အကြည့်ကို ဂရုစိုက်နေစရာမလိုပါဘူး။
ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်စတိုင်လ်နဲ့ကိုယ်နေပါ။

သူတို့ပြောချင်တာ ပြောပါစေ။
ကင်းခြေများလို တခြားသူစကားနားယောင်ပြီး
ကိုယ်ဘယ်ခြေလမ်းစလှမ်းရမှန်း မသိတော့တာမျိုး
မဖြစ်ပါစေနဲ့။

ရှင်သန်နေတယ်ဆိုတာနဲ့
အကောင်းဆုံးရှင်သန်မှုနဲ့ပဲ ဆက်လက်ရှင်သန်သွားပါ။

လေးစားစွာဖြင့် 📗📗📗



#ဘဝစာပေ #ခွန်အားရှိသောစာတ်ိုများ💙
゚viral

Address


Alerts

Be the first to know and let us send you an email when BLA Vlogs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BLA Vlogs:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share