You&Me

You&Me You&Me

ရုတ်တရက်လောကကြီးကနေ ထွက်ခွာသွားကြတဲ့လူတချို့ကို ငါမြင်တွေ့ရတော့ ငါကိုယ်တိုင်ကရော အသက်၃၀အထိ အသက်ရှည်နေပါ့မလား ။သေဖို့အတွက...
05/04/2025

ရုတ်တရက်လောကကြီးကနေ ထွက်ခွာသွားကြတဲ့လူတချို့ကို ငါမြင်တွေ့ရတော့ ငါကိုယ်တိုင်ကရော အသက်၃၀အထိ အသက်ရှည်နေပါ့မလား ။
သေဖို့အတွက်ကြိုးစားရှင်သန်နေရတဲ့ဘဝမှာ
ဒီနေ့အတွက် ပျော်ရွှင်ချင်တယ်။

တတ်နိုင်သလောက်မိဘနှစ်ပါးကို ဖြည့်ဆည်းပေးချင်တယ် ။
သွားချင်တဲ့ခရီးတွေ ရောက်အောင်သွားချင်တယ်။
တွေ့ချင်တဲ့လူတချို့ကို တွေ့ခွင့်ရချင်တယ်။
မဖြစ်နိုင်တော့တဲ့အရာတွေကို မေ့ပစ်ထားချင်တယ် ။

ကမ္ဘာကြီးနဲ့လူတွေလည်း အေးချမ်းပါစေ
ငါကိုယ်တိုင်လည်း အေးချမ်းပါစေ ။

#ဖားစည်ရည်ကျော်

အဆင်မပြေရင် ပြန်ခဲ့ငါ့သားတဲ့ဖြေချင်မိတယ်အမေမှ အဆင်မပြေတာအမေ့ကိုမှ ဒီတိုင်းမထားချင်တာ လို့ ကျလာသမျှ မုန်တိုင်းသားအပေါ်မကျ...
26/01/2025

အဆင်မပြေရင် ပြန်ခဲ့ငါ့သားတဲ့

ဖြေချင်မိတယ်

အမေမှ အဆင်မပြေတာ
အမေ့ကိုမှ ဒီတိုင်းမထားချင်တာ လို့

ကျလာသမျှ မုန်တိုင်း
သားအပေါ်မကျစေချင်တာ အမေ့ မေတ္တာဆိုပေမယ့်

ဖြစ်သမျှ ဘဝ
အမေ့အပြစ်လို့ မခံယူစေချင်တာ သားမေတ္တာပါ အမေ
ပြန်ချင်တာပေါ့
ပြန်လာချင်တာပေါ့..။

#ဒဿ 2025
-pic crd

အသက်ရှင်နေသေးလို့မပျော်စရာကြားထဲရယ်နေရသေးတာပါ .. သူငယ်ချင်းရာကမ္ဘာဟာ ကပ်ရောဂါအမျိုးမျိုးကြားထဲတစ်ယောက်ကိုတစ်ယောက်ကဆွဲထား...
09/09/2024

အသက်ရှင်နေသေးလို့
မပျော်စရာကြားထဲ
ရယ်နေရသေးတာပါ .. သူငယ်ချင်းရာ

ကမ္ဘာဟာ ကပ်ရောဂါအမျိုးမျိုးကြားထဲ
တစ်ယောက်ကိုတစ်ယောက်က
ဆွဲထားကြတာ အင်းကျီတောင်ပြဲလုမတတ်ပဲ။

လက်တွေလည်း ကာတွန်းကားတွေထဲကလို
ရှည်ထွက်ရစမြဲဆိုရင်
ငါတို့အမြဲတမ်း တစ်ယောက်ကိုတစ်ယောက်
ဖမ်းမိနေမှာပေါ့ ..

ငိုပြီးရယ်ရတယ်တဲ့.. အလကား
လျှောက်ပြောတာသူငယ်ချင်း
ဒီနှစ်တွေထဲ ငိုပြီးရင်းငိုလိုက်ရတာ
မျက်ရည်တောင် မကျန်တော့ဘူး ..
စားသမျှအဟာရတောင် မျက်ရည်ပြန်ဖြစ်ဖို့
စားနေရသလိုပါပဲ..

ဆုံးရှုံးမှုအရသာက ဘာလဲလို့မေးရင်
မနေ့က စကားတွေပြောနေတုန်း
ဒီနေ့မှာ အဲ့ဒီလူရဲ့
နာရေးဖိတ်စာရောက်လာတာမျိုး..

တွေ့သမျှလူတိုင်းရဲ့နဖူးမှာ
သင်္ခါရ စာလုံးကိုထင်ထင်ရှားရှား
မြင်နေရတယ် ..

အိမ်ရှိနေသေးလို့ နေနေရတာပါ
သူငယ်ချင်းရာ
ကိုယ်ပိုင်ဆိုင်တာ ရေရေရာရာ မရှိပါဘူး
တချို့များ မိုးကာတဲထဲ ယိုနေတဲ့
မိုးကလေးတွေကို လိုက်ဖာထေးနေရရှာတယ်။

အသက်ရှင်နေသေးလို့ ရယ်နေရတာပါ
သူငယ်ချင်းရာ ..
အရမ်းကြီးပျော်နေရတာလည်းမဟုတ်ပါဘူး

ခေတ်ကာလကြီးက
ကောင်းကင်ဟာ အိုဇုန်းလွှာတင်မကဘူး
မေတ္တာတရားပါပေါက်ပြဲနေတာ
ဘယ်တော့ များ.. အိမ်ခေါင်မိုးပေါ်
လေယာဥ်ဗုံးကြီး
ကျလာမလဲမသိနေဘူးရယ်...

ဒီကြားထဲ ကိုယ့်ကိုယ်လည်း သနားလှပါပြီ
သူငယ်ချင်းရာ ..
ကိုယ်မတတ်နိုင်တဲ့အခိုက်အတန့်တွေတိုင်း
အရှုံးသမားတစ်ယောက်လို
ခံစားနေရတာပါပဲ ..

ဒီစကားကိုကြားရင် ကိုယ့်ဒုက္ခထက်
နှစ်ဆ ပိုခံစားနေရတဲ့ လူတွေကြားရင်
ကိုယ့်ကိုယ်ရယ်ကြအုံးမယ်...ထင်ပါရဲ့ ။

(AungKhinSitt)
#ကိုယ့်ကိုယ်ကိုယ်အားမရခြင်း

အရွယ်ရောက်လာတဲ့အခါအိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။မွေးရပ်မြေရဲ့ ရင်းနှီးပြီးသားလ...
05/09/2024

အရွယ်ရောက်လာတဲ့အခါ
အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်
ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။

မွေးရပ်မြေရဲ့ ရင်းနှီးပြီးသားလမ်းတွေ၊
အမေချက်ကျွေးတဲ့ အကောင်းဆုံးဟင်းလျာတွေ၊
အဖွားရဲ့ ပွေ့ဖက်မှု၊
ငယ်သူငယ်ချင်းတွေရဲ့နွေးထွေးမှု၊
အဖေ့ရဲ့ အပြုံး ... အရာရာဟာလွမ်းစရာပဲ...။

နေရင်း ထိုင်ရင်း ငါတို့မှာ ဒီမွေးရပ်မြေရဲ့
ဧည့်သည်တစ်ယောက်ဖြစ်သွားခဲ့ရတယ်။
မိသားစုရဲ့ ရယ်မောဆူညံသံတွေဟာ
ငါတို့နဲ့ တဖြေးဖြေးဝေးကွာလာခဲ့တယ်။

နှစ်ဆယ်ကျော်နောက်ပိုင်း နှစ်တွေမှာ
ရှင်သန်နေထိုင်ရတာဟာ
အရာရာကို စွန့်ခွာလိုက်ရသလိုပါပဲ။

ဒါပေမဲ့ ငါတို့ရဲ့ နှလုံးသားတွေကတော့
ချစ်ရတဲ့သူတွေရဲ့ အနားမှာသာ
အမြဲတမ်းတဝဲလည်လည်ဖြစ်နေခဲ့တာ။


#ဗဟုသုတ

ငြင်းဆန်တတ်ဖို့ သင်ယူတာကရင့်ကျက်တဲ့ လက္ခဏာတစ်ခုဖြစ်မယ် ထင်ပါရဲ့။“မရဘူး”“မဟုတ်ဘူး”“မဖြစ်ဘူး” လို့ ပြောဖို့ကတော်တော်ခက်တယ်...
27/08/2024

ငြင်းဆန်တတ်ဖို့ သင်ယူတာက
ရင့်ကျက်တဲ့ လက္ခဏာတစ်ခုဖြစ်မယ် ထင်ပါရဲ့။

“မရဘူး”
“မဟုတ်ဘူး”
“မဖြစ်ဘူး” လို့ ပြောဖို့က
တော်တော်ခက်တယ်။

“ဟုတ်ကဲ့ပါ”
“ကောင်းပါပြီ” ဆိုတဲ့စကားကို
မရေမရာ စိတ်မပါဘဲ အမြဲပြောဖြစ်နေခဲ့တယ်။
နောက်တော့ စိတ်မချမ်းသာသလို
စိတ်အခြေအနေလည်း ဆိုးသွားတယ်။

ဒီကနေ့မှာ ငြင်းဆန်တတ်ဖို့ သင်ယူရအောင်။

မလိုချင်တာကို “မယူဘူး”၊
ခွင့်မပြုချင်တာကို “မလုပ်နဲ့”၊
မလုပ်ချင်တာကို “မလုပ်ဘူး”
မကြိုက်တာကို "မကြိုက်ဘူး" လို့
ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောရအောင်။

💌

#နိုင်းနိုင်းစနေ

ကိုယ့်ဘဝနဲ့ကိုယ် ဆိုပေမယ့်အရာရာဟာ ဧည့်သည်ပါတစ်ယောက်ယောက်က ထားခဲ့ရင် ဝမ်းမနည်းပါနဲ့။သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို...
26/08/2024

ကိုယ့်ဘဝနဲ့ကိုယ် ဆိုပေမယ့်
အရာရာဟာ ဧည့်သည်ပါ

တစ်ယောက်ယောက်က ထားခဲ့ရင် ဝမ်းမနည်းပါနဲ့။
သင်လျှောက်မယ့်လမ်းကို သူမလိုက်ချင်လို့လည်းဖြစ်နိုင်သလို
သူသွားမယ့်လမ်းမှာ သင့်ကို မခေါ်ချင်တော့လို့လည်း ဖြစ်နိုင်ပါတယ်။

ဘယ်ခရီးကိုမှ အစအဆုံး တူတူသွားရမယ်လို့
ဘယ်သူကမှ မသတ်မှတ်ထားသလို
ဘယ်သူလိုက်လိုက် မလိုက်လိုက်
သင်ကတော့ သွားနေရဦးမှာ ဖြစ်ပါတယ်။

သင် ပါပါ မပါပါ
သူလည်း ဆက်လျှောက်နေမှာ ဖြစ်ပါတယ်။

ငယ်ငယ်ကတော့ တွေးခဲ့ဖူးတယ်။
အဖေနဲ့အမြဲ နေမယ်။
အမေနဲ့ပဲ တူတူနေမယ်။
ဒီသူငယ်ချင်းတွေနဲ့ ဘယ်တော့မှ မခွဲဘူး။

ငါ့ချစ်သူနဲ့ ငါတသက်လုံး တူတူနေမှာ
စတဲ့ အတွေးတွေ တွေးခဲ့ဖူးတယ်။
ကိုယ်အရင် ဆင်းရတဲ့အခါ
သူတို့ကိုပါ ဆင်းခဲ့ဖို့ ခေါ်ပေမယ့်လည်း
သူတို့ မလိုက်နိုင်ကြသလို
သူတို့ အရင်ဆင်းသွားတဲ့အလှည့်မှာလည်း
ကိုယ်လိုက် မသွားနိုင်ခဲ့ဘူး။

သေချာတာကတော့
သူတို့လည်း မသေမချင်း
သူတို့ ရွေးထားတဲ့လမ်းကို လျှောက်နေရတာဖြစ်ပြီး
ကိုယ်ကလည်း ကိုယ့်လမ်းကိုယ်လျှောက်ရင်း
သူတို့နဲ့လမ်းမှာ မသေခင် ခဏတွေ့တာဖြစ်ပါတယ်။

တွေ့တဲ့အချိန် ခဏလေးမှာ
ချစ်ကြသံယောဇဉ်တွေ တွယ်ကြ မုန်းကြ ဆဲကြ ဆိုကြနဲ့
အချိန်စေ့ရင် ကိုယ့်လမ်းကိုယ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။
ခဏခဏ လူသစ်တွေနဲ့ ထပ်တွေ့ရပြီးခဏခဏ ခွဲရပြန်တယ်။

ခဏခဏ ပျော်ရွှင်ရပြီး နောက်တော့ ခဏခဏ ငိုရင်း ခွဲရပြန်တယ်။
ခဏခဏ လွမ်းမိကြသလို တစ်ခါတလေလည်း နာကျည်း တတ်ကြပြန်တယ်။

ဒါကြောင့် သင့်ဘဝထဲကို လူသစ်တွေဝင်လာရင်
သူတို့ ပြန်ထွက်သွားမယ်အချိန်ကိုပါ ကြိုတွေးထားပါ။
ကိုယ်ထားခဲ့ရမယ့်အချိန်ကို ပြင်ဆင်ထားပြီး
သူတို့ထားခဲ့ရင်လည်း ကိုယ်ဘယ်လိုရှင်သန်ပြီး
ကျန်နေခဲ့ရမလဲဆိုတာလည်း ကြိုစဉ်းစားထားပါ။

သူတို့လာနေတုန်းကို
ကိုယ်တတ်နိုင်သလောက် ဧည့်ဝတ်ကျေနိုင်အောင် ကြိုးစားပါ။
သူတို့ မရှိရင်လည်း
သင် နေတက်အောင် ပြင်ဆင်ထားပါ။

အပြုံးတွေတောင် ခဏပဲခံရင်
အမုန်းတွေကို အကြာကြီးမွေးမထားပါနဲ့။
အလွမ်းတွေကို အရသာ မခံချင်ပါနဲ့။
အငြိုးအတေးတွေကို အရောင်မတင်ပါနဲ့။

တွေ့တွေ့ချင်းတောင် ဝမ်းသာအားရ နှုတ်ဆက်ကြရင်
ပြန်ချိန်ရောက်ရင်လည်း ဖက်တွယ်မထားပဲ လမ်းခွဲတတ်အောင်ကြိုးစားပါ။

ဟုတ်ကဲ့ ကျွန်တော်တို့ဘဝနဲ့ ကျွန်တော်တို့နှလုံးသားတွေထဲမှာ
အကြာကြီး ရှိမနေမှာ
သေချာတဲ့သူတွေနဲ့ အကြာကြီးဖြစ်နေမှာ
မဟုတ်တဲ့ကိစ္စတွေကို ထည့်ပြီးသော့ခပ်မထားပါနဲ့။

ခဏလာပြီး ခဏနေ ပြန်ထွက်သွားမယ့် ဘယ်သူ့ကိုမဆို
အတင်းအကြပ် ဆုပ်ကိုင်မထားပါနဲ့။
မသွားပါနဲ့လို့ မတားပါနဲ့။
ဝင်လာပါစေ...ပြန်သွားချင် သွားပါစေ..

လာနေတုန်းလေးမှာ ပြုံးနေပြီး
ပြန်ထွက်သွားရင်လည်း မငိုပဲနဲ့ ပြုံးထားပါ။
မိတ်ဆွေ သင့်ခံစားမှုတွေကို သော့ခပ်မထားပါနဲ့။
နှလုံးသားတံခါးကို အသာလေးသာ စေ့ထားလိုက်ပါ။

crd မူးရင်းစာရေးသားသူအား လေးစားစွာဖြင့်

""သိပ်ချစ်ရင် စောင့်လိုက်ပါ""သူသာ ကိုယ့်ကို တကယ်ချစ်ရင် ဘယ်လိုအခက်အခဲရှိပါစေရောက်အောင်လာမှာပါအချိန်တော့ လိုတာပေါ့ဗျာ နား...
07/06/2024

""သိပ်ချစ်ရင် စောင့်လိုက်ပါ""

သူသာ ကိုယ့်ကို တကယ်ချစ်ရင်
ဘယ်လိုအခက်အခဲရှိပါစေရောက်အောင်လာမှာပါ

အချိန်တော့ လိုတာပေါ့ဗျာ
နားလည်သည်းခံပြီးစောင့်နေပါ ချစ်တယ်ဆိုရင်ပေါ့

စောင့်နေရတာ အနာကျင်ဆုံးပဲဆိုရင်
လက်လွတ်လိုက်ပြီးမှ သူရောက်လာခဲ့ရင်
နာကျင်မှုနောင်တတွေပဲရမှာမဟုတ်လား

အချစ်တွေသက်သေပြပါဆိုရင်
အနာဂတ်အိမ်မက်တွေလှဖို့ ခုလိုဝေးနေရတာလိုပဲ
ဖြေပါရစေ.......

အချစ်တွေထပ်တူကြရင်
နားလည်မှုဆိုတာပြောစရာမလိုပဲရမှာပါ

စောင့်နေပါလို့ ပြောစရာမလိုပဲ ရောက်တဲ့နေရာမှာ ရပ်နေမှာပါ
ကိုယ့်မှကိုယ်ဆိုပြီး..ကိုယ်တစ်ယောက်ထဲနဲ့ လုံလောက်တဲ့အချစ်မျိုးပဲဖြစ်မှာပါ..
အချစ်တွေသာ ထပ်တူ့ကြခဲ့ရင်ပေါ့....

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာက ရိုးရှင်းလွန်းပါတယ် ။

#တနင်္ဂနွေကဗျာစာတို
credit

ပိုကောင်းတဲ့ အသစ်ကိုပိုချစ်တဲ့ အဟောင်းနဲ့မလဲနိုင်တာ ကမှ အစစ် ။ 💭
07/06/2024

ပိုကောင်းတဲ့ အသစ်ကို
ပိုချစ်တဲ့ အဟောင်းနဲ့
မလဲနိုင်တာ ကမှ အစစ် ။

💭

Address


Website

Alerts

Be the first to know and let us send you an email when You&Me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share