Mizzima - News in Burmese

  • Home
  • Mizzima - News in Burmese

Mizzima - News in Burmese Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar
(19563)

Burmese News, Breaking News, Business News, Opinion, Insight &, Analysis Reports about Myanmar.

ပြန်ပေးဆွဲသူများက ထိုတရုတ်နိုင်ငံသားအား လာအိုမှ ဖြားယောင်းခေါ်ဆောင်ခဲ့ပြီး ပြန်လွတ်လိုပါက ဘတ်ငွေ သုံးသန်းပေးရန် တောင်းဆိ...
15/07/2025

ပြန်ပေးဆွဲသူများက ထိုတရုတ်နိုင်ငံသားအား လာအိုမှ ဖြားယောင်းခေါ်ဆောင်ခဲ့ပြီး ပြန်လွတ်လိုပါက ဘတ်ငွေ သုံးသန်းပေးရန် တောင်းဆိုခဲ့သည်။

“ယမ်” ဟုခေါ်သော အသက် ၂၄ နှစ်အရွယ် တရုတ်နိုင်ငံသား၏ ရုပ်အလောင်းကို ထိုင်းနိုင်ငံ၊ မဲရင်းခရိုင်ရှိ ဘန်ပန်ဟေးရွာလမ်းဘေးတွင် တနင်္လာနေ့ညနေက တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်း၏ရုပ်အလောင်းကို ပလတ်စတစ်နှင့်အိပ်ရာခင်းများဖြင့်ပတ်ကာ စွန့်ပစ်ထားခြင်းဖြစ်သည်။⁩

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ထိုင်း
#တရုတ်

#မဇ္ဈိမသတင်းဌာန

အိန္ဒိယနှင့်တရုတ်နိင်ငံတို့သည် ‘အိမ်နီးချင်းကောင်းပီသမှုနှင့်ချစ်ကြည်ရေးလမ်းကြောင်းကိုသာစွဲမြဲစွာကိုင်စွဲ ထားသင့်ကြောင်း...
15/07/2025

အိန္ဒိယနှင့်တရုတ်နိင်ငံတို့သည် ‘အိမ်နီးချင်းကောင်းပီသမှုနှင့်ချစ်ကြည်ရေးလမ်းကြောင်းကိုသာစွဲမြဲစွာကိုင်စွဲ ထားသင့်ကြောင်း’ နှင့် ‘အပြန်အလှန်လေးစားမှုနှင့်ယုံကြည်မှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ဘုံဖွံ့ဖြိုး တိုးတက်မှုနှင့် သူမသာကိုယ်မနာ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် လမ်းစရှာသင့်ကြောင်း’ ဝမ်ယီ က ပြော သွားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနကဖော်ပြသည်။

သူ့ကိုဆက်ခံမည့်သူကို သူ၏အိန္ဒိယအခြေစိုက်အဖွဲ့အစည်းကသာ ရွေးချယ်သတ်မှတ်ပေးပိုင်ခွင့်ရှိသည်ဟု အသက် ၉၀ အရွယ်ရှိ ဘုန်းတော်ကြီးဒလိုင်းလားမားကပြောထားသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အိန္ဒိယ
#တရုတ်

#မဇ္ဈိမသတင်းဌာန

ထိုင်ဝမ်ရေလက်ကြား တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် ထိုင်ဝမ်အနီးတဝိုက် တရုတ်၏ ...
15/07/2025

ထိုင်ဝမ်ရေလက်ကြား တလျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရန် အရေးကြီးကြောင်းနှင့် ထိုင်ဝမ်အနီးတဝိုက် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများ အပေါ် စိုးရိမ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာခေရှိ အီဝါယာက ထုတ်ဖော်ပြောကြားခဲ့သည်ဟု တိုင်ပေတိုင်းမ်စ် သတင်းက ဖော်ပြသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ဂျပန်
#ထိုင်ဝမ်

#မဇ္ဈိမသတင်းဌာန

လေယာဉ်ပျက်ကျနိုင်မှန်းသိလျက်နှင့် လေယာဉ်မှူးတဦးက လောင်စာဆီ လီဗာကို တမင် ပိတ်ခဲ့သည်လားဟူသော မေးခွန်းနှင့်ပတ်သက်၍ လေကြောင်...
15/07/2025

လေယာဉ်ပျက်ကျနိုင်မှန်းသိလျက်နှင့် လေယာဉ်မှူးတဦးက လောင်စာဆီ လီဗာကို တမင် ပိတ်ခဲ့သည်လားဟူသော မေးခွန်းနှင့်ပတ်သက်၍ လေကြောင်းဘေးကင်းရေးဆိုင်ရာပညာရှင် ရန်ဂန်နာသန်က “သေချာတာပေါ့” ဟု ဖြေဆိုခဲ့သည်။

သို့သော် လေယာဉ်ပျက်ကျမှုတွင် ပါဝင်ခဲ့သော သေဆုံးသူတချို့၏ ဆွေမျိုးများက လေကြောင်းလိုင်းနှင့် အိန္ဒိယအစိုးရသည် လေယာဉ်မှူးများကို အပြစ်ဖို့ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။⁩

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#လေယာဉ်မှူး


#မဇ္ဈိမသတင်းဌာန

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ပါခွီး(မဇ္ဈိမ) ။         ။ အာရ်ကန်ပြည်တွင် ရိုဟင်ဂျာ...
15/07/2025

အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်

ပါခွီး

(မဇ္ဈိမ) ။ ။ အာရ်ကန်ပြည်တွင် ရိုဟင်ဂျာလူမျိုးများသည် ဌာနေတိုင်းရင်းသားဖြစ်မှု ၊ မြန်မာ နိုင်ငံသားအဖြစ်အသိအမှတ်ပြုခံရမှုကို ပြန်လည်ရယူရန်နှင့် ကာကွယ်ရန်အတွက် အာရ်ကန် ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်လာသည်။

ဆယ်စုနှစ်များစွာ စနစ်တကျဖယ်ထုတ်ချန်လှပ်ခံရခြင်း ၊ ညှင်းပန်းနှိပ်စက်ခံရခြင်းနှင့် ရိုဟင်ဂျာ လူမျိုးတို့၏ဖြစ်တည်မှု အထောက်အထားများ ဖျောက်ဖျက်ကြိုးပမ်းခြင်းများအား တုံ့ပြန်ရန် ရည်ရွယ်သည်ဟုဆိုသည်။

မြန်မာစစ်အာဏာပိုင်များဦးဆောင်ကာ ၂၀၁၇ခုနှစ် တွင် လူမျိုးတုံးသတ်ဖြတ်မှုထိရောက်ရှိခဲ့ပြီး ယခုအချိန်တွင်လည်း အာရ်ကန်ဒေသ အများစုကို ထိန်းချုပ်ထားသော ရက္ခိုင့်တပ်တော်(AA) က ရိုဟင်ဂျာများအပေါ် ပစ်မှတ်ထား၍ ပစ္စည်းဥစ္စာဖျက်ဆီးခြင်း ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းအပါအဝင် နေရာအနှံ့အပြားတွင် အကြမ်းဖက်မှုများအကြောင့် ရွှေ့ပြောင်းနေရခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

အာရက္ခတပ်တော်အောက်ရောက်ရှိပြီးနောက် ရိုဟင်ဂျာလူမျိုး ၂,၅၀၀ကျော် သတ်ဖြတ်ခံရပြီး ၁၅၀,၀၀၀ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရကာ ထောင်ချီသောလူများသည် ပင်လယ်နှင့် နယ်စပ်များဖြတ်ကျော်ကာ ထွက်ပြေးနေကြရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

၎င်းအပြင် ဘူးသီးတောင် ၊ မောင်းတောမြို့နယ်များမှ ကျေးရွာ ဒါဇင်ပေါင်းများစွာကိုမီးရှို့ဖျက်ဆီး ကာ ထွက်ပြေးတိမ်းရှောင်သူများမှာ အစားအစာ ၊ လုံခြုံမှုနှင့် လွတ်လပ်မှုများမရှိဘဲ ကြောက်ရွံ့ စိတ်များနှင့် နေထိုင်နေကြရကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ရိုဟင်ဂျာလူမျိုးများသည် ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးအပြည့်အဝရရှိရေး ၊ လုံခြုံမှု အာမခံချက်နှင့် နိုင်ငံတကာစောင့်ကြည့်မှုအောက်တွင် ဘိုးဘွားပိုင်မြေသို့ လုံခြုံစွာ၊ ဂုဏ် သိက္ခာရှိစွာဖြင့် အမြန်ဆုံးပြန်နိုင်ရေးကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ARNC က ဆိုသည်။

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ ဆောင်ရွက်နေသည့် ရိုဟင်ဂျာပပျောက်ရေးနှင့် လူမျိုးတုံး သတ်ဖြတ်မှုလုပ်ရပ်များကို တုံ့ပြန်တိုက်ဖျက်သွားမည်ဟုလည်း ဆိုထားသည်။

အနာဂတ်မြန်မာနိုင်ငံ ဖက်ဒရယ် ဒီမိုကရေစီထူထောင်ရေးတွင် ရခိုင်လူထုခေါင်းဆောင်များ၊ မြန်မာ ဒီမိုကရေစီအင်အားစုများ ၊ ရက္ခိုင့်တပ်တော်အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဥ်များတွင် ပါဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကုလသမဂ္ဂ ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံ ၊ ဥရောပသမဂ္ဂ အစရှိသော နိုင်ငံတကာအဖွဲ့အစည်းများတွင် ရိုဟင်ဂျာလူမျိုးများ၏ အခွင့်အရေးအတွက် ကိုယ်စားပြု ပြောဆိုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ဆိတ်ဆိတ်နေခြင်းနှင့် ဖယ်ထုတ်ခံရခြင်းခေတ်ကုန်ဆုံးပြီ ။ ရိုဟင်ဂျာတို့၏ အသံ ကမ္ဘာကကြားရမည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး နိုင်ငံတကာအသိုင်းအဝိုင်း ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများ ၊ လူသားချင်းစာနာမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန်နှင့် တရားဝင်နိုင်ငံရေးကိုယ်စားလှယ်များအဖြစ်အသိအမှတ်ပြုရန် ARNC ခေါင်းဆောင်များက တောင်းဆိုသည်။

ရိုဟင်ဂျာလူမျိုးတို့၏ တစုတဝေးဖြစ်သည့်ရည်မှန်းချက်များတိုးတက်အောင်မြင်စေရန် ရည်ရွယ်၍ ARNC ကို မြန်မာနိုင်ငံအတွင်းမှ ကိုယ်စားလှယ်များ ၊ဒုက္ခသည်စခန်းမှ ခေါင်းဆောင်များနှင့် ကမ္ဘာ့အနှံ့အပြားမှ ရိုဟင်ဂျာကိုယ်စားလှယ်များပါဝင်ပြီး ဗဟိုအလုပ်အမှုဆောင် (CEC) ၄၀ ဦး၊ ဗဟိုကော်မတီဝင်(CC) ၆၀ဦးတို့နှင့် ဖွဲ့စည်းထားကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်


#ရိုဟင်ဂျာ
#ရခိုင်

အမျိုးသားတဦးက အတိတ်တွင် အမျိုးသမီးအများအပြားနှင့် အိပ်စက်ခဲ့ခြင်းကြောင့် ၎င်း၏ စိတ်ကျန်းမာရေး ထိခိုက်ခဲ့ကြောင်း ဝန်ခံခဲ့...
15/07/2025

အမျိုးသားတဦးက အတိတ်တွင် အမျိုးသမီးအများအပြားနှင့် အိပ်စက်ခဲ့ခြင်းကြောင့် ၎င်း၏ စိတ်ကျန်းမာရေး ထိခိုက်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ အသက် ၃၁ နှစ်အရွယ် ဘန်နီဂျိမ်းစ်သည် ၎င်း၏ ယခင် ဘဝနေထိုင်မှုပုံအကြောင်းနှင့် ယင်းဘဝမှ ရုန်းထွက်ခဲ့ပုံအကြောင်း ဖွင့်ဟခဲ့သည်။ ဂျိမ်းစ်သည် ယခုအခါ အင်္ဂလန်နိုင်ငံ၊ ခရွိုင်ဒန်မြို့တွင် အကြောင်းအရာဖန်တီးသူ (content creator) တယောက်အဖြစ် အခြေကျနေပြီး လက်တွဲဖော်ကို ရှာတွေ့ခဲ့ပြီဖြစ်ကာ အရက်၏ ကျေးကျွန်ဘဝမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သည်။

ဂျိမ်းစ်က ၎င်း၏ ယခင် ထိုင်ပြုမှုခဲ့ပုံများနှင့် ပတ်သက်၍နောင်တရမိကြောင်း၊ အပတ်တိုင်း ၎င်းမသိသောသူများနှင့် အတူအိပ်ခဲ့မိကြောင်းနှင့် လိင်ဆက်ဆံဖော်များနှင့်ဆက်သွယ်ရန် လူမှုမီဒီယာကို သုံးလေ့ရှိခဲ့ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ခဏတာ စိတ်သာယာမှုနှင့် ငွေရှာခြင်းသည် ရေရှည်အတွက် မကောင်းကြောင်း ဝန်ခံပြီး အလားတူလမ်းမှားဆီ ဦးတည်နေသူများကို သတိပေးခဲ့သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#အင်္ဂလန်
#စိတ်ကျန်းမာရေး

#မဇ္ဈိမသတင်းဌာန

များမကြာသေးခင်က ကာဇက်စတန်နိုင်ငံ၌ တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့စဉ် ပေကျင်းနှင့် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံအက...
15/07/2025

များမကြာသေးခင်က ကာဇက်စတန်နိုင်ငံ၌ တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့စဉ် ပေကျင်းနှင့် ဗဟိုအာရှနိုင်ငံ ငါးနိုင်ငံအကြား နီးကပ်သော ဆက်ဆံမှုရှိမှုဆိုင်ရာ မေးခွန်းက ပေါ်လွင်ထင်ရှားလာသည်။ ယင်းအတွက်ကြောင့်လည်း လက်ရှိအချိန်၌ ယူကရိန်းစစ်ပွဲအရေး၌ ဆက်လက်ဖိစီးနစ်မြုပ်နေသည့် ရုရှားအနေဖြင့် ဗဟိုအာရှဒေသတွင် လွှမ်းမိုးမှု လျော့ပါးကျဆင်းနေပြီလား ဆိုသည်နှင့်ပတ်သက်ပြီး မေးခွန်းတို့ကို ထွက်ပေါ်စေသည်။

သို့သော် ယင်းနှင့်ပတ်သက်၍ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ပယ်ချပြီး "ယင်းကဲ့သို့သော ပူပန်စရာ အကြောင်းရင်း မရှိ" ဟု ပြောသည်။ "တရုတ်က မိမိတို့ရဲ့ ဂုဏ်ယူရတဲ့ မဟာဗျူဟာ မိတ်ဖက် ဖြစ်သလို ဗဟိုအာရှနိုင်ငံတွေကလည်း မိမိတို့ရဲ့ ပင်ကို သမိုင်းကြောင်းဆိုင်ရာ မိတ်ဖက်တွေ ဖြစ်တယ်" ဟု ပက်စ်ကော့ဗ်က တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး ပြောသည်။⁩

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#ဗဟိုအာရှ
#တရုတ်

#မဇ္ဈိမသတင်းဌာန

မက်ဆီရဲ့ သက်တော်စောင့်က လိုဂန် ပေါလ်ကို ထပ်စိန်ခေါ်ပေမယ့် ယူကျုဘာ ‘ရှောင်တိမ်းနေ’Marcaလီယွန်နယ် မက်ဆီရဲ့ သက်တော်စောင့်ဖြ...
15/07/2025

မက်ဆီရဲ့ သက်တော်စောင့်က လိုဂန် ပေါလ်ကို ထပ်စိန်ခေါ်ပေမယ့် ယူကျုဘာ ‘ရှောင်တိမ်းနေ’

Marca

လီယွန်နယ် မက်ဆီရဲ့ သက်တော်စောင့်ဖြစ်သူ ရာစင်း ချူကိုက ယူကျုဘာ လိုဂန် ပေါလ်ကို နောက်တကြိမ် စိန်ခေါ်ခဲ့ပေမဲ့ ဂျိတ်ခ်ရဲ့ အစ်ကို လိုဂန် ပေါလ် တယောက် ရှောင်ပြေးနေပါတယ်။

မက်ဆီ နဲ့ လိုဂန် ပေါလ် တို့ကြား ဥပဒေရေးရာ ပြဿနာတခုအနေနဲ့ စတင်ခဲ့တာဟာ လက်ဝှေ့စိန်ခေါ်ပွဲတခုထက် ပိုလာပါတယ်။ ဒါ့အပြင် အာဂျင်တီးနား ကစားသမားရဲ့ သက်တော်စောင့်ဘက်ကနေ ပုံစံမျိုးစုံနဲ့ ပါဝင်ပတ်သက်မှုတွေ ပိုများလာနေပါတယ်။

လိုဂန် ပေါလ်နဲ့ မက်ဆီတို့ရဲ့ ဥပဒေရေးရာ အငြင်းပွားမှု ဘာကြောင့် စဖြစ်ခဲ့တာလဲ

မက်ဆီက ၂၀၂၄ မှာ သူ့ရဲ့ Mas+ အားကစားအချိုရည်ကို စတင်မိတ်ဆက်ပြီးနောက်ပိုင်း ဒီပြဿနာ စတင်ခဲ့တာပါ။ လိုဂန် ပေါလ်နဲ့ သူ့ညီ ဂျိတ်ခ်တို့ ပူးတွဲတည်ထောင်ထားတဲ့ Prime အချိုရည်ရဲ့ ပုလင်းဒီဇိုင်း၊ အညွှန်းနဲ့ အမှတ်တံဆိပ်ပုံစံ အားလုံးကို မက်ဆီက ခိုးချထားကြောင်း လိုဂန် ပေါလ်က စွပ်စွဲခဲ့ပါတယ်။

လိုဂန် ပေါလ်ကို မက်ဆီ ဘယ်လိုတုံပြန်ခဲ့လဲ

မက်ဆီက လိုဂန် ပေါလ်ရဲ့ စွပ်စွဲချက်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ စီးပွားရေးပြိုင်ဆိုင်မှု ထိခိုက်စေတဲ့ အပြုအမူအတွက် လိုဂန် ပေါလ်ကို Mas+ ကနေတဆင့် တရားစွဲဆိုခဲ့ပါတယ်။ ဒါ့အပြင် Prime အမှတ်တံဆိပ်ကို ခိုးချထားခြင်း မရှိကြောင်း ဝန်ခံချက်ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ ပေါလ်ကတော့ သူ့ရဲ့စွပ်စွဲချက်ကို ဆက်ပြီး ဆုပ်ကိုင်ထားခဲ့ပါတယ်။

မက်ဆီနဲ့ ပေါလ်တို့ ဥပဒေရေးရာ တိုက်ပွဲရဲ့ မမျှော်လင့်ထားတဲ့ အချိုးအကွေ့

လိုဂန် ပေါလ်က သူ့ညီ ဂျိတ်ခ်လိုပဲ မက်ဆီကို လက်ဝှေ့ပွဲတပွဲ ထိုးသတ်ဖို့ လူသိရှင်ကြား စိန်ခေါ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဥပဒေရေးရာကိစ္စက မမျှော်လင့်ဘဲ အချိုးအကွေ့တခုကို ရောက်သွားခဲ့ပါတယ်။ မက်ဆီသာ လက်ဝှေ့ကြိုးဝိုင်းထဲ ဝင်လာရင် တရားစွဲဆိုထားတာကို ရုတ်သိမ်းပေးနိုင်တယ်လို့တောင် အရိပ်အမြွက် ပြောခဲ့ပါတယ်။

လိုဂန် ပေါလ်အပေါ် မက်ဆီရဲ့ တုံ့ပြန်မှု

မက်ဆီက လိုဂန် ပေါလ်ကို တုံ့ပြန်ခြင်းမရှိခဲ့ပေမဲ့ သူ့ရဲ့ သက်တော်စောင့် ရာစင်း ချူကိုကတော့ မက်ဆီကိုယ်စား ထိုးသတ်ဖို့ လက်ခံခဲ့ပါတယ်။ သို့ပေမဲ့ လိုဂန် ပေါလ်ကတော့ စိန်ခေါ်မှုဟာ လူသိများအောင်နဲ့ မားကတ်တင်းစတန့်အနေနဲ့ နောက်ပြောင်ခဲ့ခြင်းသာဖြစ်တယ်လို့ ပြောဆိုပြီး ထိုးပွဲကနေ နောက်ပြန်လှည့်သွားခဲ့ပါတယ်။

နောက်မဆုတ်တဲ့ မက်ဆီရဲ့ သက်တော်စောင့်

ဒေါ်လာ ၁၅ သန်း ဆုကြေး ပါဝင်တဲ့ လက်ဝှေ့ထိုးပွဲ စာချုပ်တခုကို လက်မှတ်ရေးထိုးနေတဲ့ ဗီဒီယိုတခုကို ရာစင်း ချူကိုက Instagram မှာ တင်ခဲ့ပါတယ်။ ပြီးတော့ ‘Lolo’ လို့ နာမည်ထိုးထားတဲ့ လက်ဝှေ့လက်အိတ်တစုံကို ထုတ်ပြပြီး “Lolo! Lolo၊ ငါ ဘာတွေ ရထားလာလဲကြည့်။ Lolo၊ ငါ မင်းကို ထိုးလိုက်ရင် မင်းမျက်နှာပေါ်မှာ မင်းနာမည် ပေါ်လာလိမ့်မယ်။ Lolo။” လို့ ကြွေးကြော်ခဲ့ပါတယ်။

“အားလုံးက ဒီပွဲကို စောင့်နေကြတယ်။ မင်းကတော့ အခုထိ ရှောင်နေတုန်းပဲ။ ငါ အာဖရိက၊ အမေရိက၊ ဥရောပ၊ နေရာတိုင်းလိုလိုကနေ မက်ဆေ့ချ်တွေ လက်ခံရရှိထားတယ်။ ပြီးတော့ မင်းကတော့ ရှောင်ပြေးနေတုန်းပဲ။ Lolo။ စာချုပ်ကို လက်မှတ်ထိုးလိုက်၊ Puerto Rico ကို လာဖို့ မပြောနဲ့။ ဒီမှာ၊ မိုင်ယာမီက Chase ကွင်းမှာ ထိုးကြမယ်။” လို့ ရာစင်း ချူကိုက ပြောကြားခဲ့တယ်။

(Marca)

#မက်ဆီ
#လိုဂန်ပေါလ်

#မဇ္ဈိမသတင်းဌာန

ရုရှားအပေါ် မြင့်မားသည့် အခွန်အကောက်နှုန်းများ ချမှတ်သွားနိုင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်တွင် ခြိမ်းခြ...
15/07/2025

ရုရှားအပေါ် မြင့်မားသည့် အခွန်အကောက်နှုန်းများ ချမှတ်သွားနိုင်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၄ ရက်တွင် ခြိမ်းခြောက်သတိပေးလိုက်ပြီး ယူကရိန်းထံ အမေရိကန်လက်နက် များရောက်ရှိစေရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းသည် ယူကရိန်းစစ်ပွဲအဆုံးသတ်စေရေးအတွက် မအောင်မြင်သော ညှိနှိုင်းဆွေးနွေးမှုများအပေါ် လ များကြာ အားမလိုအားမရဖြစ်ပြီးနောက် ထရမ့်က မော်စကိုအပေါ်၎င်း၏ သဘောထားရပ်တည်ချက် တင်းမာလာကြောင်းကို ပြသခြင်းလည်း ဖြစ်သည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#ရုရှား
#ယူကရိန်း
#ထရမ့်

#မဇ္ဈိမသတင်းဌာန

မက်ဒရစ်မှာ ၁၃ ရာသီကြာ ကစားခဲ့ပြီးနောက် အေစီမီလန်သို့ လူကာမိုဒရစ် ပြောင်းရွှေ့APရိုဆိုနီရီတို့အတွက် မကြာသေးမီက မှတ်မှတ်ရရ...
15/07/2025

မက်ဒရစ်မှာ ၁၃ ရာသီကြာ ကစားခဲ့ပြီးနောက် အေစီမီလန်သို့ လူကာမိုဒရစ် ပြောင်းရွှေ့

AP

ရိုဆိုနီရီတို့အတွက် မကြာသေးမီက မှတ်မှတ်ရရ စိတ်ပျက်စရာ အကောင်းဆုံး ရာသီတွေထဲက တခု ကုန်ဆုံးအပြီးမှာတော့ အသက် ၃၉ နှစ်အရွယ် လူကာမိုဒရစ်အနေနဲ့ ဥရောပချန်ပီယံ ခုနှစ်ကြိမ်တိုင် ရယူဖူးတဲ့ အေစီမီလန်ကို ပြန်လည်ဂုဏ်ဆောင်နိုင်ဖို့ ကြိုးပမ်းရတော့မှာ ဖြစ်ပါတယ်။

၂၀၁၈ ဘလွန်းဒီအောဆုရှင် မိုဒရစ်ဟာ စပိန်မှာ ၁၃ ရာသီအတွင်း အောင်မြင်မှု အလီလီ ရယူအပြီး ရီးယဲလ်မက်ဒရစ်ကို နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ တနင်္လာနေ့မှာ မီလန်နဲ့ တနှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီစာချုပ်မှာ နောက်တရာသီအတွက် သက်တမ်းတိုးနိုင်တဲ့ အချက်လည်း ပါဝင်ပါတယ်။

မိုဒရစ်ဟာ သူ အားကျလေးစားရတဲ့ တနိုင်ငံတည်းသား ဇဗွန်နီမီယာဘိုဘန် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အေစီမီလန်အတွက် ကစားခဲ့တာကြောင့် မီလန်ကို အားပေးရင်း ကြီးပြင်းလာခဲ့တာ ဖြစ်ပါတယ်။

စပိန်ထိပ်သီးကလပ် မက်ဒရစ်အတွက် ဆုဖလား ၂၈ လုံး ရရှိအောင် ကူညီပေးခဲ့ပြီးနောက် အသင်းကနေ ထွက်ခွာတော့မယ်လို့ မိုဒရစ်က မေလမှာ ကြေညာခဲ့ပါတယ်။ မက်ဒရစ်နဲ့အတူ ဥရောပဖလား ခြောက်ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ခြောက်ကြိမ်၊ ဥရောပ စူပါဖလား ငါးကြိမ်၊ စပိန်လိဂ် လေးကြိမ်၊ ကိုပါဒယ်ရေး နှစ်ကြိမ်နဲ့ စပိန်စူပါဖလား ငါးကြိမ်တို့ကို ဆွတ်ခူးခဲ့တာပါ။

မီလန်ဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ အဆင့် (၈) နဲ့ ပြီးဆုံးခဲ့ရပြီး ဥရောပပြိုင်ပွဲဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

အီတလီကလပ်ဟာ ရာသီအကုန်မှာ နည်းပြ ဆာဂျီယို ကွန်စီကာအိုကို ထုတ်ပယ်ပြီး မာစီမီလီယာနို အယ်လီဂရီကို နည်းပြအဖြစ် ပြန်လည် ခန့်အပ်ခဲ့ပါတယ်။

နည်းပြ အယ်လီဂရီဟာ ၂၀၁၁ မှာ မီလန်နဲ့အတူ အီတလီလိဂ်ဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့ပြီး ၂၀၁၅ ကနေ ၂၀၁၉ အထိ ဂျူဗင်တပ်စ်ကို ငါးနှစ်ဆက်တိုက် လိဂ်ဖလားရရှိအောင် ဦးဆောင်ခဲ့ဖူးပါတယ်။

အယ်လီဂရီဟာ မက်ဒရစ်နဲ့ မီလန် နည်းပြဟောင်း ကာလို အန်ဆယ်လော့တီကို ဖုန်းခေါ်ပြီး မက်ဒရစ်ရဲ့ ခြေစွမ်းအခြေအနေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မီလန်ရဲ့ အားကစားဒါရိုက်တာအသစ် အီဂလီ တာရေးက မိုဒရစ်နဲ့ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ပြီးခဲ့တဲ့လက ခရိုအေးရှားရဲ့ လေ့ကျင့်ရေးစခန်းကို သွားရောက်ခဲ့ပါတယ်။

ဒီစာချုပ်ကို ကလပ်ကမ္ဘာ့ဖလား မတိုင်ခင်ကတည်းက ချုပ်ဆိုခဲ့တာဖြစ်ပေမဲ့ မိုဒရစ်အနေနဲ့ အမေရိကန်မှာကျင်းပတဲ့ ပြိုင်ပွဲမှာ မက်ဒရစ်အတွက် ကစားပြီးမှသာ သူ့ရဲ့ ကလပ်အသင်းသစ်ကို ပြောင်းရွှေ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

မိုဒရစ်ရဲ့ မက်ဒရစ်နဲ့ နောက်ဆုံးပွဲစဉ်မှာတော့ သူတို့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီကို ၄-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။

#အေစီမီလန်
#လူကာမိုဒရစ်

#မဇ္ဈိမသတင်းဌာန

15/07/2025

ဇူလိုင်လ ၁၅ ရက်နေ့ အင်္ဂါနေ့မနက်ပိုင်းမဇ္ဈိမရေဒီယိုအစီအစဉ်

ဒီကနေ့ မနက် နားဆင်ရမယ့် အစီအစဉ်တွေကတော့ … ချင်းတွင်းမြစ်ကြောင်းရှိ စစ်ရေယာဉ်အုပ်စု နှင့်လေကြောင်း ရန်ကြောင့် ကနီဒေသခံ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရတဲ့သတင်း ရွှေညဝါဆရာတော်၏ ရုပ်ကလပ်ကို ကျောင်းဝန်ထဲမှာပဲ မီးသင်္ဂြိုဟ်မယ့် သတင်း စတဲ့ သတင်းတွေအပါအဝင် နောက်ဆုံး ရ ပြည်တွင် နဲ့ နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

အဲဒီ့နောက်မှာတော့ အပတ်စဉ်အစီအစဉ်တခုဖြစ်တဲ့ Mizzima သတင်းဌာနရဲ့ အယ်ဒီတာ့အာဘော် Editorial Talk အစီအစဉ် ကို ဆက်လက်ထုတ်လွှင့်ပေးသွားမှာပါ။




#မဇ္ဈိမသတင်းဌာန
-------------------------

Address


Website

http://onelink.to/jnuwak, https://eng.mizzima.com/

Alerts

Be the first to know and let us send you an email when Mizzima - News in Burmese posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mizzima - News in Burmese:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share

Our Story

About Us

Mizzima, derived from the Pali for middle or moderate and chosen for its inference of an unbiased and independent media, was established in 1998 in New Delhi, India, by veterans of Myanmar’s 1988 pro-democracy uprising. Founder Soe Myint and co-founder Thin Thin Aung participated in the movement for democracy and they were in exile in India as refugees. Since its founding the aim of Mizzima has been to provide high quality news relating to Myanmar while contributing toward freedom of expression and the realization of an inclusive and democratic Myanmar for all the country’s peoples.

Mizzima operated for nearly 15 years as an exile-based media organization, with a liaison office in Chiang Mai, Thailand, complimenting the organization’s headquarters in India. However, in the wake of domestic reforms in Myanmar implemented following the onset of parliamentary governance in 2011, Mizzima, in 2012, became the first formerly exile-based media organization to gain incorporation as a local media entity, registering in Myanmar as Mizzima Media Co. Ltd.

Today, Mizzima produces an array of multi-media products and can claim to be one of the top five private media houses in Myanmar. Our current production lines include our long-standing Burmese and English language websites (www.mizzimaburmese.com and www.mizzima.com) along with a digital daily newspaper in Burmese and weekly English language magazine. Moreover, in 2017 Mizzima was awarded one of five licenses to operate an independent Free-to-Air digital TV channel (www.mizzima.tv). This crowning achievement is further recognition of Mizzima as a major media power in Myanmar, buttressing our national outreach and influence.