Thee Gone Gallery

Thee Gone Gallery "အညာအလွမ်း‌ပြေ
ရွာအလွမ်းပြေ"

"ရွှေသီးရွာဆွမ်းလောင်းပွဲ"ဗိုလ်လုပွဲနေ့ အမှတ်တရပုံရိပ်များ ⚽
09/11/2025

"ရွှေသီးရွာဆွမ်းလောင်းပွဲ"
ဗိုလ်လုပွဲနေ့ အမှတ်တရပုံရိပ်များ ⚽

08/11/2025

ဂိုးသွင်းကောင်းတဲ့ ကိုကို ⚽⚽⚽

ဒီရက်လေးရောက်ဖို့ အကြာကြီးမျှော်ခဲ့ရတဲ့ "ရွာဆွမ်းလောင်းပွဲလေး" အောင်မြင်စွာ လောင်းလှူပြီးသွားပါပြီ🙏🙏🙏
07/11/2025

ဒီရက်လေးရောက်ဖို့ အကြာကြီးမျှော်ခဲ့ရတဲ့ "ရွာဆွမ်းလောင်းပွဲလေး" အောင်မြင်စွာ လောင်းလှူပြီးသွားပါပြီ🙏🙏🙏

မျှော်လိုက်ဦးပေါ့ နောက်တစ်နှစ်😢
07/11/2025

မျှော်လိုက်ဦးပေါ့ နောက်တစ်နှစ်😢

07/11/2025

ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်နဲ့ကတော့ ဟုတ်နေတာပဲ🥲🥲

"ဒီတစ်နှစ်လည်း ဝေးရပြန်ပြီမွေးရပ်ဌာနီက ရွာဆွမ်းလောင်းပွဲ"🥹🥹ခုအချိန်၊ ခုအသက်အရွယ်ထိ "ဆွမ်းလောင်း" ရောက်ဖို့ ဘယ်နှရက်ပဲလို...
03/11/2025

"ဒီတစ်နှစ်လည်း ဝေးရပြန်ပြီ
မွေးရပ်ဌာနီက ရွာဆွမ်းလောင်းပွဲ"🥹🥹

ခုအချိန်၊ ခုအသက်အရွယ်ထိ "ဆွမ်းလောင်း" ရောက်ဖို့ ဘယ်နှရက်ပဲလိုတော့တယ်ဆိုပြီး ငယ်ငယ်တုန်းကလို လက်ချိုးရေတွက်နေတုန်းပဲ။

တစ်ခုခုကိုမျှော်ရင်း ပျော်နေရတယ်ဆိုတဲ့ ခံစားချက်မျိုးကို ရွာဆွမ်းလောင်းပွဲက အမြဲတမ်းပေးနိုင်တယ်။

ရွာနဲ့အဝေးကိုရောက်သွားလည်း တစ်နှစ်တစ်ခေါက်တော့ ရွာဆွမ်းလောင်းပွဲကို အမြဲပြန်ချင်တယ်။

ဟိုအရင်ကလို ရွာနားနီးက အမျိုးတွေ၊ အသိမိတ်ဆွေတွေဆီ မုန့်ဆီကြော်တွေ အပြန်အလှန် ပေးချင်သေးတယ်။

ရွာရဲ့ ဆွမ်းလောင်းချိန် တစ်နှစ်မှ တစ်ကြိမ်တည်း ကျင်းပဲတဲ့ ဘောလုံးပွဲကိုလည်း ညီကိုတွေနဲ့ ပျော်ပျော်ပါးပါး ကန်ချင်သေးတယ်။

ငယ်ငယ်ကလို သူငယ်ချင်းတွေ လူစုံတပ်စုံနဲ့ အဖွဲ့လိုက်ပုံတွေ ရိုက်ချင်သေးတယ်။

ဆွမ်းလောင်းပြီးသွားလည်း ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက် သီချင်းကို အဖွဲ့လိုက်ကြီး ပြန်ဆိုချင်သေးတယ်။

ရပ်နီးရပ်ဝေးက ကြွ‌လာတဲ့ သံဃာတော်တွေအတွက်လည်း ဆွမ်းခံပေးတဲ့ အာဂန္တုကျောင်းသားလေး ဖြစ်ချင်ပါသေးတယ်။

အပေးအကမ်း ရက်ရောတဲ့ ရွာကအမျိုးတွေဆီကိုလည်း ဆွမ်းလောင်းမုန့်ဖိုး ပတ်တောင်းချင်သေးတယ်။

ခုတော့ ကိုယ်ချစ်တဲ့ မွေးရပ်မြေက ဝေးရပ်မြေ ဖြစ်နေသေးလို့ လွမ်းဆွတ်တမ်းတ‌နေရုံမျှသာ...

23/06/2025

"အမေရှိနေသလို"

ဒီကဗျာလေး နားထောင်ပြီး ရွာက ဆုံးပါးသွားကြတဲ့ အမေကြီး၊ဘကြီးတွေကို သတိရလိုက်ရတာဗျာ။ အမေကြီး ဘကြီးတို့ လက်ဆင့်ကမ်း‌ပေးခဲ့ကြတဲ့ လယ်ယာတွေကို ကျွန်တော်တို့တွေ ဆက်လက်လုပ်ကိုင်‌နေကြတယ်။ လယ်‌ယာမြေရောက်တိုင်း အမေကြီး ဘကြီးတို့ရဲ့ ချွေးနံ့တွေဟာ ခုချိန်ထိ မွှေးနေတုန်းပါပဲ။

အဲ့ဒီချွေးနံ့‌တွေနဲ့ပဲ ဒီရွာအတွက် စေတီ၊ ကန်၊ ကျောင်း၊ ဇရပ် နဲ့ အရိပ်အာဝါသကောင်းတဲ့ အပင်ကြီးတွေ စတဲ့ကောင်းမွေတွေကို အများကြီး ချန်ထားပေးခဲ့ကြတယ်။

ကျွန်တော်တို့ကြရင်ရော ဒီရွာလေးအတွက် ဘာတွေချန်ထားပေးခဲ့ကြမယ်လို့ စိတ်ကူးထားလဲ?
ကဗျာဆရာ- မောင်လင်းကြည်
ကဗျာရွတ်ဖတ်သူ- ဦးဝင်းသန့်

20/04/2025

ငယ်ငယ်က လသာတဲ့ညတွေဆို
ရွာမှာ သူငယ်ချင်းတွေနဲ့
အဖွဲ့လိုက်ကစားခဲ့ကြတယ်

သူငယ်ချင်းတွေနဲ့ မတွေ့ရတဲ့ရက်ဆိုတာ
တစ်ရက်မှကို မရှိခဲ့😌😌

ခုများကြတော့လည်း
ဘဝကိုယ်စီ အလုပ်ကိုယ်စီနဲ့
တစ်ရက်ဆုံဖိုကို
ဘဝတွေက မလွယ်ကူတော့ဘူး😥😥

လွန်ခဲ့တဲ့ (၆) နှစ်က သီးကုန်းသင်္ကြန်🫧အဲ့တုန်းက မဏ္ဍပ်ရှေ့မှာ ကွေးနေအောင်ကခဲ့ရတဲ့ မနောရဲ့ မိချောလည်း နိုင်ငံခြားရောက်သွာ...
15/04/2025

လွန်ခဲ့တဲ့ (၆) နှစ်က သီးကုန်းသင်္ကြန်🫧

အဲ့တုန်းက မဏ္ဍပ်ရှေ့မှာ ကွေးနေအောင်ကခဲ့ရတဲ့
မနောရဲ့ မိချောလည်း နိုင်ငံခြားရောက်သွားပြီထင်ပါရဲ့...🙁

"မြူမှောင်ဝေကင်း" နဲ့ အစချီတဲ့
"ပန်းမျိုးတစ်ရာ" လည်း
ရွာလယ်မဏ္ဍပ်မှာမပွင့်‌ဘဲ
စုံမြိုင်တောမှာ သွားပွင့်ရှာပြီထင်တယ် 🥹

စည်သူလွင်ရဲ့ ရှာပုံတော် မင်းသားကြီးလည်း
လိပ်စာတင်မက မဏ္ဍပ်ပါ ပျောက်သွားလို့
ခက်သားလှဒေဝီ ဖြစ်နေရှာပြီ 🥲

"ဟုတ်ကဲ့... ယခုတဖန် အလှည့်ကျရောက်လာသူလေးကတော့ ညီမငယ်လေး "မျှော်‌နေဝေး" ဖြစ်ပါတယ်😔

သူကလေးရဲ့ ကပြဖျော်ဖြေမယ့်တေးက
ရှင်ဖုန်းရဲ့ "အိုကေ နားထား" ပါတဲ့ ...

ဟုတ်ကဲ့ ခုတော့ ရွာသင်္ကြန်လေးလည်း
"အိုကေနားထား" ပါတယ်🥲🥲

12/04/2025

သီးကုန်းသားတွေ ကိုယ်တိုင်ဖန်တီးထားတဲ့
ငလျင်အတွက်သီချင်းလေး ဖြစ်ပါတယ်🥰🥰
ခံစားနားဆင်ပေးပါဦး🤗🤗🤗

Address

Wundwin

Website

Alerts

Be the first to know and let us send you an email when Thee Gone Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thee Gone Gallery:

Share