
28/08/2025
KNU အဖွဲ့အား မတရားအသင်းအဖြစ် ကြေညာ
-----------------------
ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။
နိုင်ငံတော်ယာယီသမ္မတက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေ နဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ အများ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ယုံကြည်ယူဆတဲ့အတွက် မတရား အသင်းအဖြစ် ကြေညာလိုက်တာလို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ KNU နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းများ အက်ဥပ ဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်တွေနဲ့အညီ မတရားအသင်းအဖြစ် ကြေညာလိုက်တယ်လို့လည်း အမိန့် ကြော်ငြာစာအရ သိရပါတယ်။
အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ် ကြေညာလိုက်တယ်လို့ ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။
KNU အဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်တဲ့ အများပြည်သူရဲ့ လုံခြုံရေး၊ အသက်အိုး အိမ် စည်းစိမ်၊ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖြစ် စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြစ်စေ ပြင်းထန်စွာ ထိခိုက် ဆုံးရှုံးစေဖို့ ပြုလုပ်မှုတွေ ဖြစ်တဲ့ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ Drop Bomb တွေချပြီး တိုက်ခိုက်တာ အပြစ်မဲ့ပြည်သူတွေ ကို သတ်ဖြတ်တာ အတင်းအဓမ္မလူသစ်စုဆောင်းတာ နဲ့ နိုင်ငံပိုင်အဆောက်အအုံ၊ စက်ပစ္စည်းကိရိယာ နဲ့ အသုံးအ ဆောင် ပစ္စည်းတွေကို ဖျက်ဆီးတာ စတဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်