The Nation Voice

The Nation Voice The Nation Voice သတင်းဌာနသည်
အညာဒေသမှ ပြည်သူများအား
ဝန်ဆောင်မှုပေးနေသည့် သတင်းဌာနဖြစ်သည်။
(1)

26/07/2025

“မထိ၊ မကိုင်၊ ခပ်ဝေးဝေးမှာနေပါ”

တိုက်ပွဲတွေဖြစ်ပွားဖူးတဲ့ ဒေသတွေမှာနေထိုင်သူတွေ၊ ဖြတ်သန်းသွားလာသူတွေဟာ မြေမြှုပ်မိုင်းနဲ့ စစ်ကျန် လက်နက်ပစ္စည်း အန္တရာယ်တွေရှိနေပါတယ်။

သွားရင်းလာရင်း ပတ်ဝန်းကျင်မှာ တွေ့နေ၊ မြင်နေကျမဟုတ်တဲ့ အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ ကိုင်တာ မလုပ်ပါနဲ့။

ထိကိုင်တာ၊ နေရာပြောင်းတာ၊ ခြေထောက်နဲ့ကန်တာ၊ ခဲနဲ့ပေါက်တာ၊ ဓာတ်ပုံရိုက်တာတွေလည်း လုံးဝ မလုပ်ရပါဘူး။

ဒါ့အပြင် အဲဒီအရာဝတ္ထုပစ္စည်းနဲ့ တည်နေရာတဝိုက်ကို မီးရှို့တာ၊ ရေလောင်းတာ၊ ဆားနဲ့သိပ်တာ၊ အနီးကပ် ဝိုင်းအုံ ကြည့်ရှု တာတွေကလည်း အန္တရာယ်ရှိတဲ့ အပြုမူတွေဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် စွန့်ခွာခဲ့ရတဲ့ ကျေးရွာတွေ၊ နေအိမ်၊ အဆောက်အဦးတွေကို သွားလာတာမျိုးမလုပ်ဖို့၊ အသုံးမပြုဖို့ လည်း အရေးကြီးပါတယ်။ အဲဒီနေရာတွေမှာ စစ်ကျန်လက်နက်ပစ္စည်းအန္တရာယ်တွေရှိသလို မြေမြှုပ်မိုင်းအမျိုးမျိုး ရဲ့ အန္တရာယ်လည်းရှိလို့ ရှောင်ကြဉ်ရပါမယ်။

စိုက်ပျိုးမြေနေရာတွေ အသစ်ရှာဖွေ/ပြောင်းရွှေ့စိုက်ပျိုးကြတယ်ဆိုရင်လည်း ဒေသခံရွာသူရွာသားတွေနဲ့ အာဏာပိုင်တွေက အန္တရာယ်ကင်းရှင်းတယ်လို့ အသေအချာမပြောမချင်း နေရာသစ်မှာ ထွန်ယက် စိုက်ပျိုးတာ၊ မီးရှို့တာမျိုး မလုပ်သင့်ပါဘူး။

ယာထဲ၊ တောထဲသွားတာဖြစ်စေ၊ တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့နဲ့တစ်မြို့ကြား ကူးလူးကြတဲ့အခါဖြစ်စေ
အန္တရာယ်မကင်းနိုင်တဲ့ ဖြတ်လမ်းတွေကို အသုံးမပြုပါနဲ့။ လူသုံးများတဲ့ ပိုပြီးအန္တရာယ်ကင်းနိုင်တဲ့ လမ်းတွေကိုသာ ရွေးချယ်အသုံးပြုပါ။

သွားရင်း၊ လာရင်း အန္တရာယ်ရှိအမှတ်အသားတွေတွေ့ရင် ခပ်ဝေးဝေးက ရှောင်သွားပါ။ စူးစမ်းတာ အနားကပ်ကြည့်တာမျိုးတွေ မလုပ်ရပါဘူး။

အန္တရာယ်ရှိတဲ့အပြုအမူတွေကို အချင်းချင်းမျှဝေအသိပေးရင်း ချစ်ခင်ရသူတွေကို မြေမြှုပ်မိုင်းနဲ့စစ် ကျန်လက်နက်ပစ္စည်းအန္တရာယ်ကနေ ကာကွယ်ပေးကြရအောင်ပါ။

Disclaimer: This video is for educational awareness only. It does not promote violence or provide instructions. Viewer discretion is advised.

မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းဇူလိုင် ၂၆၊ The Nation Voice သတင်း- ကံ့က...
26/07/2025

မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

ဇူလိုင် ၂၆၊ The Nation Voice
သတင်း- ကံ့ကော်

ပြည့်စုံစွာ ဆေးဝါးကုသမှုမရရှိခဲ့ဘဲ ကွန်လွန်ခဲ့သူ မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း တယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မဝတ်ရည်အောင်သည် လူထုလွတ်မြောက်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် စစ်အာဏာရှင်ကို တိုက်ပွဲဝင်ရင်း ကျဆုံးသွားသူ ဖြစ်တဲ့အတွက် ကျောင်းသားမျိုးဆက် အသီးသီးအတွက် စံနမူနာ ဖြစ်စေဖို့ ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းခဲ့တာလို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကထုတ်ပြန်ထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကတည်းက စစ်အာဏာရှင်ကို တော်လှန်ခဲ့ပြီး ဖမ်းဆီးထောင်ချခံရချိန်မှာလည်း ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့သူ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း အသက် ၂၅ နှစ်အရွယ် မဝတ်ရည်အောင် သည် ထောင်ဒဏ် ခုနှစ်နှစ် ကျခံနေရသူဖြစ်ပြီး စစ်ကြောရေးမှာ နှိပ်စက်ခံရပြီး ရရှိခဲ့တဲ့ ဒဏ်ရာတွေကို လုံလောက်စွာဆေးကုသခွင့်မရတာကြောင့် ဇူလိုင်လ ၂၀ ရက်နေ့က အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူသေဆုံးပြီးတဲ့အချိန်မှသာ အကျဉ်းဦးစီးဌာနက လွတ်ငြိမ်းကို ဖတ်ပြခဲ့တာ ဖြစ်ပါတယ်။

မဝတ်ရည်အောင် ဟာ အတက်ရောဂါ၊ လေဖြန်းရောဂါ၊ သွေးတိုးရောဂါ ခံစားနေရသူဖြစ်ပြီးတော့ အကျဉ်းကျခံရချိန် လေးနှစ်အတွင်းမှာ ဆေးကုသမှု ၁၅ ကြိမ် ပေးခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က ဆိုပါတယ်။

အကျဉ်းထောင်ဆေးရုံမှာ ငါးကြိမ်၊ အိင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ၁၀ ကြိမ် ဆေးကုသမှုပေးခဲ့တာဖြစ်လို့ စစ်ကြောရေးမှာ နှိပ်စက်ခံရလို့ ရရှိတဲ့ ဒဏ်ရာတွေကို ဆေးဝါးကုသမှု မရရှိလို့ သေဆုံးတာ မဟုတ်ဘူးလို့ အာဏာသိမ်းစစ်ကောင်စီက ဒီကနေ့ မှာ ထုတ်ပြန်ထားပါတယ်။

မဝတ်ရည်အောင် သည် ဇူလိုင်လ ၁၉ ရက်နေ့မှာ အတက်ရောဂါ ခံစားခဲ့ရပြီးနောက် အကျဉ်းထောင်ဆေးရုံအုပ်က ကုသပေးခဲ့တာ မသက်သာလို့ အင်းစိန်ဆေးရုံကြီးမှာ ဆက်လက် ကုသပေးသော်လည်း အတက်ရောဂါ၊ ဦးနှောက်ရောင်ရမ်းတာ၊ နှလုံးအားနည်းတာကြောင့် ကွယ်လွန်ခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စာစစ်ဌာန နေရာ တစ်ရာကျော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မကပ်နိုင်ဇူလိုင် ၂၆၊ The Nation Voiceသတင်း- ကံ့ကော်၂၀၂၅ ခုနှစ်...
26/07/2025

စာစစ်ဌာန နေရာ တစ်ရာကျော် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်း မကပ်နိုင်

ဇူလိုင် ၂၆၊ The Nation Voice
သတင်း- ကံ့ကော်

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်သွားမည်ဖြစ်ရာ တိုင်းနဲ့ ပြည်နယ် ၁၁ ခုက စာစစ်ဌာန နေရာ တစ်ရာကျော် မှာ အောင်စာရင်းမကပ်နိုင်ဘဲ မြန်မာ့အသံ ရေဒီယိုကနေ ထုတ်ပြန်ပေးသွားမယ်လို့ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ နေ့စဉ်ထုတ် သတင်းစာမှာ ကြေညာထားပါတယ်။

မနက်ဖြန်မှာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို တရက်တည်း တပြိုင်တည်း ထုတ်ပြန်ရမှာ ဖြစ်လို့ အောင်စာရင်း မကပ်နိုင်တဲ့နေရာတွေကို မနက် ၆ နာရီကနေ စပြီး မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသား အစီအစဉ်ကနေ ထုတ်လွှင့်သွားမယ်လို့လည်း အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီလိုရေဒီယိုကနေ ကြေညာတာ လို့ အကြောင်းပြထားပေမယ့် အောင်စာရင်းမကပ်နိုင်တဲ့ မြို့တွေအများစုက တော်လှန်ရေးတပ်တွေ ရှိတဲ့ နေရာတွေ ဖြစ်ပါတယ်။

ရေဒီယိုကနေ အောင်စာရင်း ထုတ်ပြန်ပေးမယ့် စာစစ်ဌာနတွေထဲမှာ ကချင်ပြည်နယ်မှာဆိုရင် ဖားကန့်၊ ဝိုင်းမော်၊ အင်းတော်ကြီး၊ ဗန်းမော်၊ ရွှေကူ၊ ကယားပြည်နယ်မှာဆို လွိုင်ကော်စာစစ်ဌာန၊ ကရင်ပြည်နယ်မှာဆို မြဝတီ စာစစ်ဌာန ၊ ချင်းပြည်နယ် ဆို ဟားခါးနဲ့ တီးတိန်၊ ရှမ်းပြည်နယ်ဆို မူဆယ်၊တန့်ယန်း ၊ မကွေးတိုင်းထဲမှာ ဆိုရင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်း၊ ပခုက္ကူ၊ ဝါဇီ၊ ရေစကြို၊ ပေါက်၊ ဂန့်ဂေါနဲ့ကျော စတဲ့ မြို့တွေ ပါဝင်နေပါတယ်။

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတက္ကသိုလ် ပင်မဆောင် မီးလောင်ခဲ့ရာ မန္တလေး၊စစ်ကိုင်း၊ရှမ်း၊ ကချင်က စာဖြေလွှာတွေ မီးထဲပါသွားလို့ နေပြည်တော်အပါအဝင် အဲဒီ စာစစ်ဌာနက ကျောင်းသူကျောင်းသားတွေ တက္ကသိုလ်ဝင်စာမေးပွဲ ကို ဒုတိယအကြိမ် ပြန်လည်ဖြေဆိုခဲ့ရပါတယ်။

တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာ အသတ်ခံရတဲ့ဖြစ်စဉ် တစ်လနီးပါးကြာတဲ့အထိ ကျူးလွန်သူမမိသေး ဇူလိုင် ၂၅၊ The Nation V...
25/07/2025

တော်လှန်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာ အသတ်ခံရတဲ့ဖြစ်စဉ် တစ်လနီးပါးကြာတဲ့အထိ ကျူးလွန်သူမမိသေး

ဇူလိုင် ၂၅၊ The Nation Voice
သတင်း- ငြိမ်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က တော်လှန်ရေးအဖွဲ့ရဲ့ စိုးမိုးနယ်မြေမှာ အမျိုးသမီးတစ်ဦးအသတ်ခံခဲ့ရပြီး တစ်လနီးပါးကြာတဲ့အထိ ကျူးလွန်သူမမိသေးဘူးလို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

ဇူလိုင်လ ၁ရက် ညပိုင်းမှာ ဆိပ်ဖြူမြို့နယ်၊ တက်မရွာမှာနေထိုင်တဲ့ ဒေသခံ အသက် ၄၅နှစ်အရွယ် ဒေါ်စန်းမူကို နေအိမ်ထိလာခေါ်သွားပြီးနောက် ဇူလိုင်လ ၂ရက် မနက်ပိုင်းမှာ တက်မရွာရဲ့အနောက်တောင်ဘက်နားက တက်မချောင်းဘေးမှာ အလောင်းကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အသတ်ခံရတဲ့ဖြစ်စဉ်ကို သိသိချင်း ဆိပ်ဖြူပကဖရဲ့ မြို့နယ်တာဝန်ခံနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖကို အမှုဖြစ်စဉ်ကို ဆက်သွယ်တိုင်ကြားထားတာရှိပေမယ့် အခုချိန်ထိစုံစမ်းစစ်ဆေးတာ မရှိသေးဘူးလို့ သေဆုံးသူ ဒေါ်စန်းမူ နဲ့နီးစပ်သူထံကနေ သိရပါတယ်။

“အလောင်းတွေ့တာတော့ ပကဖရဲဘော်တွေ သွားပြီးတော့ ကြည့်တယ်လို့တော့ ပြောပါတယ်။ ကြည့်ပြီးတော့မှလည်း ဒီနေ့အချိန်ထိ စစ်ဆေးစုံစမ်းဖော်ထုတ်တာမျိုးလည်း မကြားရသေးဘူး။ ပြည်သူတစ်ယောက်အသတ်ခံရတယ်။ ပြီးတော့ PDFစိုးမိုးနယ်မြေဖြစ်သည့်အတွက် ဒီအမှုမှန်ကို အမြန်ဆုံးပေါ်ပေါက်စေချင်တယ်။ အမြန်ဆုံးပေါ်ပေါက်အောင် ဖော်ထုတ်ပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။ အခုချိန်ထိ ဒီအမှုက ဘာမှသဲလွန်စမရသေးဘူးဖြစ်နေတာ။ PDFစိုးမိုးနယ်မြေမှာ ဒီလိုမတရားအသတ်ခံရတာက အဖွဲ့အစည်းတွေကို စော်ကားရာလည်းကျတယ်။ ပြီးတော့ နယ်ခြေခံအဖွဲ့အစည်းတွေကလည်း အလုပ်ကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ အလုပ်လုပ်စေချင်တယ်။ စိုးမိုးနယ်မြေမှာ လူသတ်မှုကို အမှုမှန်ပေါ်အောင် မဖော်ထုတ်ပေးနိုင်ရင် ပြည်သူတွေမှာ ဘယ်လိုလုံခြုံမှုရှိမှာလဲ” လို့ သေဆုံးသူ ဒေါ်စန်းမူ နဲ့နီးစပ်သူ ကပြောပါတယ်။

အသတ်ခံရတဲ့ ဒေါ်စန်းမူရဲ့ ရုပ်အလောင်းကို တက်မချောင်းဘေးမှာ ကျည်ခွံသုံးခွံနဲ့အတူတွေ့တာဖြစ်ပြီး အလောင်းမှာ နားရွက်ပြတ်ခါနီးဒဏ်ရာ၊ ခေါင်းတစ်ခြမ်းကြေမွဒဏ်ရာနဲ့ ရင်ညွန့်အောက်က နံရိုးကြားမှာ ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးထားတဲ့အပေါက်မျိုးတွေ့ရတယ်လို့ သူကဆိုပါတယ်။

“ဒေသခံအဖွဲ့အစည်းတွေကို မေးကြည့်တော့ စုံစမ်းတယ်လို့ပဲပြောတယ်။ အခုချိန်ထိ သံသယတရားခံတောင် ပေါ်လွင်တာမရှိသေးဘူး” လို့ သူက ဆက်လက်ပြောပြပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး တက်မရွာနဲ့ အနီးတဝိုက်မှာရှိတဲ့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဇူလိုင်လ ၂၁ ရက်နေ့က The Nation Voice က ဆက်သွယ်မေးမြန်းထားပေမယ့် ဇူလိုင်လ ၂၅ ရက်နေ့အထိ လက်ခံဖြေဆိုပြီး အကြောင်းပြန်တာမျိုးမရှိသေးပါဘူး။

တရုတ်အစိုးရကနေ မြန်မာစစ်အုပ်စုကို စစ်လက်နက် နဲ့ နည်းပညာတွေ ထောက်ပံ့ကူညီ‌ပေးမှုတွေ ချက်ချင်းရပ်ဖို့ Justice For Myanmar က...
25/07/2025

တရုတ်အစိုးရကနေ မြန်မာစစ်အုပ်စုကို စစ်လက်နက် နဲ့ နည်းပညာတွေ ထောက်ပံ့ကူညီ‌ပေးမှုတွေ ချက်ချင်းရပ်ဖို့ Justice For Myanmar က တောင်းဆို

ဇူလိုင် ၂၅၊ The Nation Voice
သတင်း - ကံ့ကော်

မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်တွေနဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ ရောင်းချတာ၊ နည်းပညာများ ထောက်ပံ့ကူညီပေးပြီး စစ်တပ်ကို လေ့ကျင့်သင်ကြားပေးနေမှုတွေ နဲ့ စောင့်ကြည့်ထောက်လှန်းရေး နည်းပညာတွေ လွှဲပြောင်းပေးတာတွေ ချက်ချင်း ရပ်ဆိုင်းဖို့ Justice For Myanmar က ဒီကနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

MDY-PDF ကနေ မတ္တရာနဲ့ ပုသိမ်ကြီး မြို့နယ်တွေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်စခန်းတွေ သိမ်းတဲ့အခါမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း တွေက တရုတ်အစိုးရပိုင် လက်နက်ကုမ္ပဏီ ကထုတ်လုပ်ထားတဲ့ ပစ္စည်းတွေ ဖြစ်တယ်လို့ စစ်တပ် ကို အမြဲစောင့်ကြည့်နေတဲ့ Tactical Raptor 2.0 ကနေ ထုတ်ပြန်ထားပါတယ်။

အဲဒီလို သိမ်းဆည်းရမိတဲ့ လက်နက်တွေက တရုတ်နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ China North Industries Co. Ltd (NORINCO) က အာဏာသိမ်းစစ်တပ်ကို ဆက်ပြီး လက်နက်ရောင်းချနေတာ ကို အတည်ပြုနိုင်တယ်လို့ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။

NORINCO ကုမ္ပဏီသည် ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ ကုန်တင်ပို့မှုများမှ တဆင့် စစ်လက်နက်ထုတ်လုပ်ရေးအတွက် စက်ပစ္စည်းအစိတ်အပိုင်းများကို အာဏာသိမ်းစစ်တပ်ဆီကို ရောင်းချပေးခဲ့ပါတယ်။

NLD အစိုးရလက်ထပ် ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်မှာ တရုတ်နိုင်ငံ NORINCO နည်းပညာရှင်တွေဟာ မကွေးတိုင်းမှာရှိတဲ့ အမှတ် (၂၀) ကပစစက်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အော်တိုအမြှောက်တွေ၊ ဆက်စပ်ခဲယမ်းတွေအပါအဝင် လေယာဉ်ပစ်သေနတ်တွေ ထုတ်လုပ်ရေးအတွက် နည်းပညာအကူအညီတွေကို ပေးအပ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ NORINCO နဲ့ စစ်တပ် အကြား ကာကွယ်ရေးပစ္စည်း ဆိုင်ရာ ရောင်းဝယ်မှုနဲ့ ဆက်စပ်နည်းပညာများ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့် လုပ်ဆောင်ရန် သဘောတူခဲ့ကြပါတယ်။
NORINCO ကုမ္ပဏီ က မြန်မာနိုင်ငံ စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင် စစ်
လက်နက်တွေနဲ့နည်းပညာတွေကို အဓိကပံ့ပိုးပေးနေတဲ့ တရုတ်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။

ပုံစာ - အာဏာသိမ်းစစ်တပ်ရဲ့ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ်တို့ရှိ စခန်းများမှ သိမ်းဆည်းရမိခဲ့တဲ့ မြေပြင် မိုင်းရှာစက်၊ ဒရုန်းများ၊ ဂျန်ပါများနဲ့ လက်နက်ခံယမ်းများ

မင်းအောင်လှိုင်က ထရမ့်ကို ချီးကျူးခဲ့ပြီးနောက် အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါများအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချိ...
25/07/2025

မင်းအောင်လှိုင်က ထရမ့်ကို ချီးကျူးခဲ့ပြီးနောက်
အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါများအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန် ရုပ်သိမ်း

ဇူလိုင် ၂၅၊ The Nation Voice

အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါတွေအပေါ် ချမှတ်ထားခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတချို့ကို အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် ဘဏ္ဍာရေးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ချီးကျူးခဲ့ပြီး ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ စာရေးခဲ့တဲ့ နှစ်ပတ်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ကြေညာချက်မှာ KT Services & Logistics ကုမ္ပဏီနဲ့ တည်ထောင်သူ ဂျော်နသန်မျိုးကျော်သောင်း၊ MCM Group ကုမ္ပဏီနဲ့ ပိုင်ရှင် အောင်လှိုင်ဦး၊ Suntac Technologies ကုမ္ပဏီနဲ့ ပိုင်ရှင် စစ်တိုင်းအောင် အပြင် အခြားတစ်ဦးဖြစ်တဲ့ တင်လတ်မင်း တို့ကို ပိတ်ဆို့စာရင်းကနေ ဖယ်ရှားလိုက်ပြီလို့ ဖော်ပြထားပါတယ်။

ဒီပုဂ္ဂိုလ်တွေနဲ့ ကုမ္ပဏီတွေဟာ အာဏာသိမ်းစစ်တပ်နဲ့ နီးစပ်တဲ့ အပေါင်းအပါများအဖြစ် လူသိများကြပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ဘိုင်ဒင်အစိုးရလက်ထက် မြန်မာစစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်အချိန်မှာ KT Services & Logistics နဲ့ ဂျော်နသန်မျိုးကျော်သောင်းတို့ကို ပိတ်ဆို့စာရင်းမှာ ထည့်ခဲ့တာ ဖြစ်ပါတယ်။

အလားတူ အဲဒီနှစ်မှာပဲ မြန်မာနိုင်ငံ ကာကွယ်ရေးကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေတဲ့ စစ်တိုင်းအောင်နဲ့ အောင်လှိုင်ဦး တို့ကိုလည်း စာရင်းထည့်ခဲ့ပါတယ်။
တင်လတ်မင်းကိုတော့ အာဏာသိမ်းမှု တတိယနှစ်ဖြစ်တဲ့ ၂၀၂၄ ခုနှစ်မှာ စာရင်းထည့်ခဲ့တာ ဖြစ်ပါတယ်။

ဒီရုပ်သိမ်းမှုရဲ့ အကြောင်းရင်းကို အမေရိကန်
ဘဏ္ဍာရေးဌာနက အသေးစိတ် ရှင်းမပြခဲ့ပါဘူး။ အိမ်ဖြူတော်ကနေလည်း မှတ်ချက်မပေးခဲ့ပါဘူး။

ဇူလိုင်လ ၁၁ ရက်မှာ မင်းအောင်လှိုင်က မြန်မာနိုင်ငံက အမေရိကန်ကို တင်ပို့တဲ့ ကုန်ပစ္စည်းတွေအပေါ် ချမှတ်ထားတဲ့ ၄၀ ရာခိုင်နှုန်း အကောက်ခွန်ကို လျှော့ချပေးဖို့ ထရမ့်ကို စာရေးခဲ့ပါတယ်။ လိုအပ်ရင် ဆွေးနွေးရေးအဖွဲ့ ဝါရှင်တန်ကို စေလွှတ်မယ်လို့လည်း ပြောခဲ့ပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်မီဒီယာမှာ ဖော်ပြချက်အရ “ဗိုလ်ချုပ်မှူးကြီးက သမ္မတရဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကို အသိအမှတ်ပြုခဲ့တယ်” လို့ ဆိုခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်မှာ အကျိုးသက်ရောက်မယ့် အကောက်ခွန်အကြောင်း ထရမ့်ရဲ့ စာကို တုံ့ပြန်ရာမှာ မင်းအောင်လှိုင်က အကောက်ခွန်ကို ၁၀ ကနေ ၂၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အဆိုပြုခဲ့တာပါ။

အမေရိကန်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေအပေါ် မြန်မာဘက်က ချမှတ်ထားတဲ့ အခွန်ကို သုညကနေ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်က ထရမ့်ကို “မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို လျှော့ချပြီး ရုပ်သိမ်းပေးဖို့ ပြန်လည်စဉ်းစားပါ” လို့ တောင်းဆိုခဲ့ပါတယ်။

ဒီပိတ်ဆို့မှုတွေက နှစ်နိုင်ငံ မျှဝေအကျိုးစီးပွားနဲ့ ကြီးပွားရေးကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အဆင့်မြင့် ကာကွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ပစ္သည်းတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တုတွေရဲ့ ကမ္ဘာ့အဓိက ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။

ဒီသတ္တုတွေ ဈေးကွက်ဟာ ထရမ့်အစိုးရအတွက် တရုတ်နဲ့ မဟာဗျူဟာ ပြိုင်ဆိုင်မှုမှာ အရေးပါပါတယ်။

တရုတ်နိုင်ငံက မြေရှားသတ္တု သန့်စင်ရေး စွမ်းရည်ရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။

မြန်မာ မြေရှားသတ္တုတွင်းတွေ အများစုဟာ စစ်အစိုးရနဲ့ တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေမှာ ရှိနေပြီး မြေရှားအများစုကို တရုတ်မှာ သန့်စင်နေကြပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံ စီးပွားရေး အခြေအနေနဲ့ နိုင်ငံရေး ပဋိပက္ခတွေအပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ အပေါင်းအပါတွေအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းခံရတာက စစ်တပ်ကို နောက်ထပ် အားပေးမှုတစ်မျိုး ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေ သုံးသပ်နေကြပါတယ်။

(Source- Reuters)

Address

Yagon

Website

https://tnvnews.com/

Alerts

Be the first to know and let us send you an email when The Nation Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Nation Voice:

Share