Burmese Echo Media

Burmese Echo Media Your Gateway to Wonders

အားလုံးအတွက် ငွေပေးချေမှုကို ပိုမိုလွယ်ကူစေတဲ့ MyanmarPay ဇူလိုင် ၂၄ရက် ။၂၀၂၅ ရန်ကုန်ဘယ်နေရာသွားသွား ငွေသားကိုင်ပြီး ငွေ...
24/07/2025

အားလုံးအတွက် ငွေပေးချေမှုကို ပိုမိုလွယ်ကူစေတဲ့ MyanmarPay


ဇူလိုင် ၂၄ရက် ။၂၀၂၅ ရန်ကုန်

ဘယ်နေရာသွားသွား ငွေသားကိုင်ပြီး ငွေသားနဲ့ ပိုက်ဆံရှင်းနေတုန်းပဲလား။ Payment တစ်ခုအတွက် QR ပေါင်းများစွာထဲက ရွေးချယ်နေရလို့ စိတ်ရှုပ်နေပြီလား။ ဒီနေ့ခေတ်လို အရှိန်အဟုန်အားကောင်းကောင်းနဲ့ ဘက်ပေါင်းစုံကနေ တိုးတက်နေတဲ့ ဒစ်ဂျစ်တယ်ခေတ်ကြီးမှာ ဈေးဝယ်သူတွေအနေနဲ့ ငွေသားကိုင်ပြီးရှင်းစရာမလို၊ ငွေရှင်းခါနီးပြီဆိုရင် ဆိုင်မှာလက်ခံတဲ့ payment နဲ့ချေလို့ရအောင် ဖုန်းထဲမှာ payment app တွေ အများကြီးထည့်ထားစရာမလို၊ လုပ်ငန်းရှင်တွေဘက်ကလည်း ကိုယ့်ရဲ့လုပ်ငန်းကို ပိုမိုတွင်ကျယ်ထိရောက်တဲ့ လုပ်ငန်းတစ်ခုဖြစ်စေဖို့အတွက် အဘက်ဘက်ကနေ ကူညီပေးမယ့် MyanmarPay (MMQR) အကြောင်းကို သေချာလေးပြောပြပေးမယ်နော်။

နေရာတိုင်းမှာ တွေ့နေရတဲ့ MyanmarPay (MMQR) ဆိုတာကတော့ မြန်မာနိုင်ငံရဲ့ ငွေကြေးအခန်းကဏ္ဍကို အဆင့်မြှင့်တင်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံသားတိုင်းအတွက် လုံခြုံစိတ်ချပြီးလွယ်ကူတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ပေးအပ်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စီစစ်ကွပ်ကဲပြီး PayPlus Co., Ltd ကနေ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ QR ငွေပေးချေမှုစနစ်ဖြစ်ပါတယ်။

နိုင်ငံတကာစံနှုန်းများနဲ့ကိုက်ညီတဲ့ MyanmarPay (MMQR) က QR code လေးတစ်ခုပါပဲဆိုပြီး လျှော့တွက်လို့မရဘူးနော်။ နိုင်ငံတွင်းမှာရှိတဲ့ လူတိုင်း၊ စီးပွားရေးလုပ်ငန်းတိုင်း မိမိလက်ရှိ အသုံးပြုနေတဲ့ မည်သည့်ဘဏ်မဆို (ဒါမှမဟုတ်) Digital Wallet တွေကိုမဆို အသုံးပြုပြီး အရည်အသွေးအကောင်းဆုံးဆိုတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို အားလုံးတန်းတူညီတူရရှိနိုင်စေဖို့အတွက် ဆိုတဲ့ရည်ရွယ်ချက်နဲ့ အားလုံးရှေ့ကို ရောက်ရှိလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ်တွေအားလုံးကို စုစည်းပေးထားတဲ့ MyanmarPay (MMQR) ကို ကိုယ့်ရဲ့ ဖုန်းထဲက ကိုယ်အသုံးပြုနေတဲ့ banking/digital wallet ကနေ scan ဖတ်လိုက်တာနဲ့ ငွေချေနိုင်တဲ့အတွက် ငွေပေးချေမှုတိုင်းကို မြန်ဆန်ချောမွေ့စွာနဲ့လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အရင်ကလို ဘဏ်ပေါင်းစုံရဲ့ banking၊ wallet တွေပေါင်းစုံကို ဖုန်းထဲထည့်ထားစရာမလိုတော့ဘူးနော်။ လုံခြုံစိတ်ချရမှုအပိုင်းမှာဆိုရင်လည်း MyanmarPay (MMQR) က နိုင်ငံတော်အဆင့် QR စနစ်ဖြစ်တဲ့အတွက် QR လေးကို scan ဖတ်ပြီး ငွေရှင်း/ငွေလက်ခံရုံပဲဆိုတော့ ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူငွေရှင်းလို့ရနေနိုင်ပါပြီ။

MyanmarPay (MMQR) ကိုဘယ်လိုအသုံးပြုရမလဲဆိုရင် ကိုယ်လက်ရှိသုံးနေတဲ့ Digital Payment/Mobile Wallet တွေမှာ ပါဝင်ပြီးသားဖြစ်လို့ အကောင့် အသစ်ဖွင့်ရတာ၊ App အသစ် ထပ် Down ပြီး သုံးရတာမျိုး လုပ်စရာမလိုပါဘူး။ ကိုယ်လက်ရှိသုံးနေတဲ့ Pay App ကို ဖွင့်၊ MMQR QR Stand က QR ကို Scan ဖတ်ပြီး ပေးချေရမယ့် ငွေပမာဏကို ရိုက်ထည့်ပြီး ငွေပေးချေရုံပါပဲ။ ကဲ...ဘယ်လောက်တောင်လွယ်လိုက်လေသလဲ။

စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေအနေနဲ့ဆိုရင်လည်း ကိုယ့်ရဲ့လုပ်ငန်းအတွက် အဓိကအသုံးပြုမယ့်ဘဏ်အကောင့် (ဒါမှမဟုတ်) Mobile Wallet တစ်ခုကိုရွေးချယ်ပြီး ထိုသက်ဆိုင်ရာဘဏ်/ Mobile Wallet ကို MyanmarPay (MMQR) ကို အသုံးပြုဖို့အတွက် ဆက်သွယ်လိုက်တာနဲ့ မိမိစီးပွားရေးလုပ်ငန်းအတွက် လိုအပ်မယ့် Payment System Update နဲ့ QR Stand များကို လာရောက်ပြင်ဆင်ပေးတာမျိုး လုပ်ပေးသွားမှာဖြစ်တာကြောင့် အလွယ်လေးပဲနော်။ ပြီးရင်လည်း MMQR နဲ့ လက်ခံထားတဲ့ ငွေပေးချေမှုတိုင်းဟာ ဘယ် Payment နဲ့ပဲပေးပေး၊ မိမိရဲ့ Business Account ကိုပဲ ဝင်ရောက်သွားမှာဖြစ်ပြီး တစ်နေ့တာ ငွေအဝင်အထွက်စာရင်းကို မိမိရဲ့ Merchant Portal ကနေပဲ ပြန်လည်စီစစ် စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေ၊ စာရင်းစစ်ဆေးတာတွေ စိတ်တိုင်းကျပြုလုပ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေအကြိုက်ပဲ ဖြစ်ပါတယ်။ MyanmarPay (MMQR) စနစ်က POS စနစ်ရှိလေ့မရှိတဲ့ ကျေးလက်ဒေသများရှိ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များပါ အသုံးပြုနိုင်မှာဖြစ်တာကြောင့် ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို အရင်ကထက် ပိုမိုကျယ်ပြန့်လာစေမှာဖြစ်တဲ့အတွက် စျေးကွက်အတွင်းမှာဆိုရင်လည်း ကိုယ့်လုပ်ငန်းကို လူအများက သတိထားမိစေမှာဖြစ်ပါတယ်။

“MMQR မရှိခင်တုန်းကဆို ဆိုင်မှာလက်ခံတဲ့ Payment နဲ့ သုံးစွဲသူတွေအသုံးပြုတဲ့ Mobile Wallet အမျိုးအစား မတူညီတဲ့အခါ ငွေပေးချေတဲ့နေရာမှာ အဆင်မပြေတာမျိုး ကြုံတွေ့ခဲ့ရပါတယ်။ အခုဆို MMQR နဲ့ Payment လက်ခံတဲ့အတွက် ဆိုင်အတွက်ရော၊ ဈေးဝယ်သူတွေအတွက်ပါ ပိုပြီးအဆင်ပြေချောမွေ့လာပြီး ဆိုင်မှာ ဖောက်သည်တွေလည်း ပိုများလာပါတယ်။ ပြီးတော့ ကျွန်တော်အနေနဲ့ နေ့တိုင်း ရောင်းရငွေ ငွေသားတွေကို ကိုယ်တိုင် စစ်ဆေးစရာလည်း မလိုတော့သလို တစ်ခါတစ်လေ ဘဏ်ကဒ်ကနေ ငွေလွှဲတဲ့အခါမျိုးမှာ စောင့်ရတာမျိုးလည်း မရှိတော့ပါဘူး။ ငွေပေးချေမှုတွေက ချက်ချင်းဝင်လာတာမျိုးဖြစ်တဲ့အတွက် Merchant App ကနေပဲ ကိုယ်တိုင်စစ်ဆေးနိုင်လို့ အဆင်ပြေပါတယ်” ဟု ရန်ကုန်မြို့ခံ MyanmarPay (MMQR) အသုံးပြုသူ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးကို သတိပေးချင်တာလေးတစ်ခုကတော့ MyanmarPay (MMQR) အနေနဲ့ အသုံးပြုလိုသူ မည်သူတစ်ဦးတစ်ယောက်ကိုမှ စတင်ဆက်သွယ်ခြင်းများ မပြုလုပ်တာကြောင့် အကယ်၍ MyanmarPay (MMQR) အမည်အသုံးပြုပြီး ဆက်သွယ်လာခဲ့ပါက မိမိ ကိုယ်ရေးကိုယ်တာအချက်အလက်များ မမျှဝေမိစေဖို့အတွက် အထူးသတိပြုဖို့ လိုအပ်ပါတယ်။

MyanmarPay (MMQR) ကြောင့် နိုင်ငံတွင်းမှာ ငွေသားအသုံးပြုမှုကို လျှော့ချနိုင်မယ့် Cashless Society လူ့အဖွဲ့အစည်းတစ်ခုကို ဖော်ဆောင်ရာမှာလည်း ထင်ရှားတဲ့ မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါပြီ။ အခုဆိုရင် ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှားအစရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အသုံးပြုနေတဲ့ QR နဲ့ ငွေပေးချေတဲ့စနစ်ကို မြန်မာနိုင်ငံမှာလည်း စတင်ကျင့်သုံးနေပြီဖြစ်တာကြောင့် နိုင်ငံတကာငွေပေးချေမှုစံနှုန်းတွေနဲ့ ရင်ဘောင်တန်းနိုင်နေပြီဖြစ်ပါတယ်။

MyanmarPay (MMQR) ကို ဘယ်လိုသုံးရမလဲဆိုတာကို သိချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းမှာ MyanmarPay (MMQR) သုံးချင်လို့ စုံစမ်းချင်တာပဲဖြစ်ဖြစ် MyanmarPay (MMQR) ရဲ့ page [MyanmarPay MMQR - https://www.facebook.com/myanmarpay.mmqr] ဒါမှမဟုတ် Website - https://myanmarpay.com.mm/ မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

ဒါဆို အားလုံးအတွက် အဆင်ပြေလွယ်ကူထိရောက်တဲ့ ဒီဂျစ်တယ်ငွေပေးချေမှုပုံစံအသစ်ကို ကိုယ်တိုင်တွေ့ကြုံခံစားရနိုင်စေဖို့အတွက် အခုဘဲ MyanmarPay (MMQR) ကိုအသုံးပြုပြီး ငွေပေးချေလိုက်ကြပါစို့။

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 ...
19/07/2025

အမိုက်စားဖျော်ဖြေမှုတွေနဲ့ Full-scene AI Imagine Master ဖြစ်တဲ့ OPPO Reno14 Series 5G နဲ့အတူ တောက်ပခဲ့ကြတဲ့ OPPO Reno14 Series Music Party

ဇူလိုင် ၁၉ ။ ။ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်း အမှတ်တံဆိပ် OPPO က 3.5x Telephoto Camera နဲ့ AI Flash Photography တို့ ပါရှိသလို Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ကောင်းမွန်လှတဲ့ Camera Technology နဲ့ ထွက်ရှိလာတဲ့ OPPO Reno14 Series 5G ကို သုံးစွဲသူတွေအားလုံး လက်တွေ့ကျကျ စမ်းသပ်အသုံးပြုနိုင်စေဖို့ OPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ OPPO Reno14 Series Music Party ကို OPPO Reno Series Product Ambassador ဖြစ်သူ ပိုင်တံခွန်၊ OPPO မိသားစုဝင်အနုပညာရှင် တွေဖြစ်ကြတဲ့ Lu Hpring ၊ ယွန်းဝတီလွင်မိုး ၊ လင်းအောင်ခေတ်နဲ့ Lara Devora တို့ တက်ရောက်ခဲ့ကြပါတယ်။ OPPO Reno14 Series Music Party ဟာ OPPO မိသားစုဝင် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချော ယွန်းဝတီလွင်မိုးရဲ့ Comeback အဖြစ် ပထမဆုံးပြန်လည်တက်ရောက်ခဲ့တဲ့ ပွဲဖြစ်ပြီး OPPO Reno14 Series 5G ကို ဆောင်ပုဒ်တွေထဲက တစ်ခုဖြစ်တဲ့ Party Bestie ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ Party vibe ကို အပြည့်အဝရရှိစေခဲ့တဲ့ ပွဲတစ်ပွဲလဲ ဖြစ်ပါတယ်။ အဆိုပါပွဲမှာ OPPO ရဲ့ Powerful ဖြစ်လွန်းတဲ့ OPPO Reno14 Series 5G ကို စိတ်ကြိုက်လက်တွေ့စမ်းသပ်စေခဲ့ပြီး အနုပညာရှင်များ၊ အဆိုတော်များရဲ့ လူငယ်ဆန်ဆန် အမိုက်စား Performance တွေကလဲ လာရောက်သူတွေကို စိတ်အပန်းပြေပျော်ရွှင်စေနိုင်ခဲ့ပါတယ်။

OPPO Reno14 Series Music Party ကို Fan Meeting Session နဲ့ Music Party Session ဆိုပြီး ကဏ္ဌ ၂ ပိုင်းခွဲကာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Fan Meeting Session မှာဆိုရင် ပိုင်တံခွန်၊ Lu Hpring ၊ ယွန်းဝတီလွင်မိုး၊ လင်းအောင်ခေတ်နဲ့ Lara တို့က ၎င်းတို့ရဲ့ အမာခံပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာဂိမ်းများစွာကို ဆော့ကစားခဲ့ကြပါတယ်။ ဆော့ကစားခဲ့ကြတဲ့ ဂိမ်းများတွင် ပိုင်တံခွန်က OPPO Reno14 5G ရဲ့ AI Flash Photography ကို အသုံးပြုပြီးသော်လည်းကောင်း၊ လင်းအောင်ခေတ်နဲ့ ယွန်းဝတီလွင်မိုး တို့က 4K Underwater Videography ကို အသုံးပြု၍သော်လည်းကောင်း၊ ဒါအပြင် Lu Hpring နဲ့ Lara Devora တို့က AI Vlog Voice နဲ့ ဆက်နွယ်ပြီး ပရိသတ်တွေနဲ့ ပျော်ပျော်ပါးပါး ဂိမ်းတွေကိုလည်းကောင်း၊ အားလုံးအတူတူ ဆော့ကစားခဲ့ကြပါတယ်။ OPPO Reno14 Series 5G ဟာဆိုရင် ဈေးတန်းတူ စမတ်ဖုန်းများအကြား အချိန်မရွေး၊ နေရာမရွေး အရည်အသွေးကောင်းတဲ့ ဓာတ်ပုံ၊ Video တွေကို အံ့သြဖွယ်ရာ ရိုက်ကူးနိုင်တဲ့ အတွေ့အကြုံတွေနဲ့အတူ ပွဲကို ရောက်ရှိလာသူ ပရိသတ်တွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။ ပျော်ရွှင်စရာဂိမ်းများဆော့ကစားလို့ အပြီးမှာတော့ အနုပညာရှင်များက ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီနဲ့ အတူတူ မိတ်ဆက်၊ လက်မှတ်ရေးထိုးပေးပြီး တပျော်တပါး အမှတ်တရဓာတ်ပုံတွေကို ရိုက်ကူးခဲ့ကြပါတယ်။

ယခုမိတ်ဆက်ခဲ့တဲ့ OPPO Reno14 Series 5G ဟာ Party Bestie ဆိုတဲ့ ဆောင်ပုဒ်အတိုင်း Party အတွက် အထူးရည်ရွယ်ထားသလို ဒီဇိုင်းအားဖြင့် ကြည့်မယ်ဆိုရင်လဲ ခေတ်မှီဆန်းသစ်နေမှုကို အတိုင်းသားမြင်ရမှာ ဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno14 5G နဲ့ OPPO Reno14 Pro 5G တို့မှာပါရှိတဲ့ 3.5x Telephoto Camera က အဝေးက အရာဝတ္တုနဲ့ ပုံရိပ်တွေကိုလဲ အနီးကပ်ဆုံး ရှိနေတယ်လို့ ခံစားစေနိုင်တဲ့အထိ ပုံရိပ်ရဲ့ ကောင်းမွန်မှုကို ပေးစွမ်းမှာဖြစ်သလို၊ 3.5x Telephoto Camera နဲ့ AI Software အကူအညီဖြင့် 120x အထိ Digital Zoom အနေနဲ့ အလှဆုံးဖြစ်အောင် ပုံရိပ်တွေကို အနီးကပ်ဆုံးဖြစ်အောင် ရိုက်ကူးပေးနိုင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Party ပွဲတွေမှာ အထူးခြားဆုံး အသုံးဝင်မဲ့ AI Vlog Voice Enhancer ဟာ Stage Show ၊ Party လိုမျိုး စည်ကားပြီးဆူညံတဲ့ ပွဲတွေမှာတောင် ကိုယ်အကြိုက်ဆုံး အနုပညာရှင်ရဲ့ သီချင်းတွေ ၊ ကိုယ်အနှစ်သက်ရဆုံး သီချင်းတွေကို ဘေးက ဆူညံသံတွေ မပါစေဘဲ အကြည်လင်ဆုံး ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

Fan Meeting Session အပြီးမှာတော့ အတောက်ပဆုံး OPPO Reno14 Series Music Party ကို ဆက်လက်ကျင်းပခဲ့ပါတယ်။ OPPO Reno14 Series Music Party ရဲ့ အဖွင့်ကိုတော့ ပရိသတ်အချစ်တော် Band အဖွဲ့ဖြစ်တဲ့ Eternal Gosh အဖွဲ့ က စတင်ဖျော်ဖြေပေးခဲ့ပြီးနောက်မှာတော့ လူငယ်အဆိုတော်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Square Lake Pirates က ဆက်လက်ဖျော်ဖြေပေးခဲ့ပါတယ်။ Square Lake Pirates ရဲ့ ဖျော်ဖြေမှု ပထမပိုင်းအပြီးမှာတော့ MHTV နဲ့ Square Lake Pirates အဖွဲ့တို့က OPPO Reno14 Series 5G ရဲ့ အလှဆုံး ဒီဇိုင်းကို သူတို့ရဲ့ အတွေးအထင်အမြင်နဲ့ ပတ်သက်ပြီး ဝေမျှပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Square Lake Pirates ရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှု နဲ့အတူ ပရိသတ်ကို ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှု အပြီးမှာတော့ လူငယ်အဆိုတော် ချမ်းမြေ့မောင်ချိုရဲ့ ပထမဖျော်ဖြေမှုနဲ့အတူ ပရိသတ်တွေက ပျော်ရွှင်ခဲ့ကြပါတယ်။ အဆိုတော် ချမ်းမြေ့မောင်ချို ရဲ့ ပထမပိုင်းဖျော်ဖြေမှု အပြီးမှာတော့ Myanmar Mobile & Tech Review - MMTR နဲ့ အဆိုတော် ချမ်းမြေ့မောင်ချိုတို့က AI Flash Photography နဲ့ ပတ်သက်လို့ အတွေးအမြင် ခံစားချက်တွေကို မျှဝေခဲ့ကြပါတယ်။ အဆိုပါ ဝေမျှမှုအပြီးမှာတော့ ချမ်းမြေ့မောင်ချိုရဲ့ ဒုတိယပိုင်း ဖျော်ဖြေမှုကို ဆက်လက်ခံစားခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ပရိတ်သတ်အချစ်တော် လူငယ် Vlogger Lara Devora နဲ့ Technity တို့က AI Vlog Voice Enhancer အကြောင်းကို ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုတော် ရှိုင်းရဲ့ ပထမပိုင်း ဖျော်ဖြေမှုက ပရိသတ်တွေကို ပိုပြီး စည်ကားလာစေခဲ့ပါတယ်။ ထို့နောက် အဆိုတော်ရှိုင်းနဲ့အတူ Lil Lucas တို့က AI Recompose နဲ့ 3.5x Telephoto Camera တို့အကြောင်းကို သူတို့ အတွေ့အကြုံနဲ့အတူတူ ပရိသတ်ထံ ဝေမျှခဲ့ကြပါတယ်။ အဆိုပါ အစီအစဉ်အပြီးမှာတော့ အဆိုတော် ရှိုင်း ရဲ့ ဒုတိယ ဖျော်ဖြေမှုနဲ့ ဆက်လက် ဖျော်ဖြေခဲ့ကြပြီး အဲဒီနောက်မှာတော့ အဆိုတော် Lu Hpring က HoneyBee နဲ့ အတူတူ 4k Resolution အရည်အသွေးရှိတဲ့ 4k Videography နဲ့ 4k Underwater Videography တို့အကြောင်းကို ပရိသတ်တွေအတွက် အတူတူ ဝေမျှခဲ့ကြပါတယ်။ ဒီလိုစိတ်ဝင်စားစရာ ဝေမျှမှုအပြီးမှာတော့ အဆိုတော် Lu Hpring က ပရိသတ်တွေ သဘောကျနှစ်ခြိုက်စေမဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပြီး အဆိုပါ ဖျော်ဖြေမှုအပြီးမှာတော့ မင်းသားချော လင်းအောင်ခေတ်နဲ့ Techviewspro တို့က AI Mind Space ၊ Gemini Live တို့အကြောင်း ပရိသတ်ကို အရှင်းလင်းဆုံး ဝေမျှခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ပရိသတ်အချစ်တော် အဖွဲ့ဖြစ်တဲ့ Eternal Gosh က ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေနဲ့အတူ ဖျော်ဖြေပေးရင်း OPPO Reno14 Series Music Party ကို အဆုံးသတ်ခဲ့ပါတယ်။

OPPO Reno14 Series 5G ဟာ ဈေးတန်းတူစမတ်ဖုန်းများအကြား Flagship Technology ပါရှိလာတဲ့ 3.5x Telephoto Camera နည်းပညာ၊ အလင်းအားအကောင်းဆုံးဖြစ်တဲ့ AI Flash Photography ၊ ခေတ်ဆန်ပြီး သုံးစွဲသူတွေ သဘောကျတဲ့ Iridescent Mermaid Design ၊ ခေတ်မီပြီး တိုးတက်လာတဲ့ AI လုပ်ဆောင်ချက်တွေ ၊ Battery Capacity ပိုင်း မှာဆိုရင်လဲ OPPO Reno14 Series ရဲ့ ဈေးအသက်သာဆုံးဖြစ်တဲ့ OPPO Reno14F 5G မှာတောင် 6000 mAh အထိ ပါဝင်လာပြီး IP69 အဆင့်ရှိ ရေဒဏ်နဲ့ ဖုန်ဒဏ်တွေကို ခံနိုင်ရည်ရှိမှု အစရှိတဲ့ ဘက်ပေါင်းစုံအတွက် ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာကြောင့် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူပေါ့ပါးအောင် ကူညီပေးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G - ၂,၉၉၉,၉၀၀ ကျပ် ၊ OPPO Reno14 5G - ၂,၃၉၉,၉၀၀ ကျပ် ၊ OPPO Reno14 F 5G - ၁,၅၄၉,၉၀၀ ကျပ် တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။ အရောင်အားဖြင့်ကတော့ OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင် ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာ...
07/07/2025

Full-scene AI Imagine Master ဆိုတဲ့အတိုင်း နေ့အချိန်ရော ညအချိန်အတွက်ပါ ပြီးပြည့်စုံတဲ့ နောက်ဆုံးပေါ် Photography နည်းပညာနဲ့ ထွက်ရှိလာတော့မဲ့ OPPO Reno14 Series 5G

သာမန်ထက် ပိုမိုတောက်ပတဲ့ AI Flash Photography နည်းပညာနဲ့ အတူ အံ့အားသင့်စေမဲ့ OPPO Reno14 Series 5G ဟာ မြန်မာနိုင်ငံဈေးကွက်ထဲကို မကြာခင် ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က သုံးစွဲသူအများစု အကြိုက်တွေ့စေမဲ့ OPPO Reno Series တွေထဲကမှ Full-scene AI Imagine Master ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ နေ့အချိန်အတွက်ရော ၊ ညအချိန်အတွက်ပါ ပြီးပြည့်စုံလောက်အောင် ကောင်းမွန်ဆန်းသစ်တဲ့ Photography နည်းပညာတွေ နဲ့ AI လုပ်ဆောင်ချက်များစွာ ပါရှိတဲ့ OPPO Reno14 Series 5G ကို မြန်မာနိုင်ငံဈေးကွက်သို့ မကြာခင် မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

OPPO Reno14 Series 5G အနေနဲ့ OPPO Reno14 Pro 5G ၊ OPPO Reno14 5G နဲ့ OPPO Reno14 F 5G တို့ ထွက်ရှိလာမှာဖြစ်ပြီး OPPO ရဲ့ နောက်ဆုံးပေါ် AI Flash Photography နည်းပညာနဲ့ ထူးခြားဆန်းသစ်တဲ့ Iridescent Mermaid Design တို့ကို ပေါင်းစပ်ကာ AI Livephoto 2.0၊ AI Editor၊ IP69 အဆင့်အထိ ခံနိုင်ရည် စသဖြင့် ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်သာမက ယခင်က သုံးစွဲသူတွေ ကြိုက်နှစ်သက်ကြတဲ့ OPPO Find X8 က Telephoto Camera ကိုပါ ယခု OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G တို့မှာ ထည့်သွင်းပေးလာတာကြောင့် သုံးစွဲသူတွေအနေနဲ့ Flagship Technology ကို ထိတွေ့ခံစားနိုင်တော့မှာဖြစ်ပါတယ်။

ထူးခြားကောင်းမွန်တဲ့ အနုပညာ လက်ရာ နဲ့ ခေတ်သစ်အလှအပတို့ကို အတောက်ပဆုံး ပေါင်းစည်းထားတဲ့ OPPO Reno14 Series 5G ရဲ့ ဒီဇိုင်း

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO က OPPO Reno Series တွေရဲ့ ဒီဇိုင်းတွေကို လူငယ်ဆန်ပြီး ပိုပြီးဆန်းသစ်တောက်ပတဲ့ ဒီဇိုင်းနဲ့ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတာကြောင့် OPPO Reno14 Series 5G မှာဆိုရင် ယခု နှစ်ပိုင်းတွေမှာ ပိုပြီး ရေပန်းစားထင်ရှားလာတဲ့ Mermaidcore ဒီဇိုင်းကို ထည့်သွင်းကာ Iridescent Mermaid Design ပုံစံနဲ့ အသက်သွင်းဖန်တီးလာတာဖြစ်ပါတယ်။
OPPO Reno14 Pro 5G နှင့် OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် One-piece Sculpted Glass နဲ့ အတူ Aerospace-grade Aluminium ကို ပူးတွဲထည့်သွင်းအသုံးပြုထားတဲ့အတွက် ခံနိုင်ရည်အားဖြင့် သာမန်ထက်ပိုမိုမာကြောတဲ့ ခံနိုင်ရည်ကို ရရှိမှာဖြစ်ပါတယ်။ OPPO Reno14 Series 5G မှာဆိုရင် IP66, IP68 နှင့် IP69 အဆင့်အမီ ဖုန်မှုန့်နှင့်ရေစိုခံနိုင်မှု သတ်မှတ်ချက်တွေအတိုင်း တည်ဆောက်ထားတဲ့အပြင် Platinum-grade anti-corrosion coating ဖြင့် ထိန်းသိမ်းထားတဲ့ USB interface ပါရှိတာကြောင့် အဆိုးရွားဆုံးအခြေအနေတွေမှာတောင် အကြာရှည်ဆုံး ခံနိုင်စွမ်းရှိစေမှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G ကို Opal White နဲ့ Titanium Grey နှစ်ရောင် ၊ OPPO Reno14 5G ကို Opal White နဲ့ Luminous Green နှစ်ရောင်၊ Reno14 F 5G ကို Opal Blue နဲ့ Luminous Green နှစ်ရောင်ဆိုပြီး အသီးသီး ထွက်ရှိလာမှာဖြစ်ပါတယ်။

ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား အမှောင်ဆုံးအချိန်တွေမှာတောင် ကောင်းမွန်တဲ့ ပုံရိပ်တွေကို ရရှိစေနိုင်မဲ့ အလင်းအားအကောင်းဆုံး Flash

OPPO Reno14 Series မှာဆိုရင် OPPO အနေနဲ့ AI Flash Photography ကို စတင် မိတ်ဆက်လာမှာဖြစ်သလို OPPO Reno14 Pro 5G နဲ့ OPPO Reno14 5G နှစ်မျိုးလုံးမှာဆိုရင် နည်းပညာတိုးတက်မှုမြင့်မားတဲ့ Triple-Flash System ကို ထည့်သွင်းအသုံးပြုထားတာဖြစ်ပါတယ်။ Main Camera နဲ့ Ultra-wide Camera တို့မှာဆိုရင် Dual Flash Units ပါဝင်တဲ့အတွက် အနီးကပ်အလင်းဖြန့်ပေးတဲ့အခါမှာလဲ ပိုပြီး ထူးခြားစွာ အလင်းလက်ဆုံး တောက်ပတဲ့ အလင်းရောင်စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။ OPPO Reno14 F 5G မှာ ဆိုရင်လဲ အနီးကပ်အားဖြင့် အလင်းဖြန့်မှုအတွက် တိကျတဲ့ Dual-flash System ပါဝင်ပြီး၊ ယခင်မျိုးဆက်ထက် ၂ ဆ ပိုမိုတောက်ပတဲ့ အလင်းစွမ်းအားနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက Flash Unit အနေနဲ့ ပြန်ကြည့်မယ်ဆိုရင်လဲ စျေးကွက်အတွင်းမှာ ပထမဦးဆုံးအသုံးပြုထားကာ တိကျတဲ့ Focus Flash ဖြစ်သလို Telephoto Camera အတွက်ပါ ပြင်ဆင်ကာ ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ ဒီ Flash System ဟာဆိုရင် ဓာတ်ပုံရရှိတဲ့အခါမှာ အလင်းအား တောက်ပမှု ၁၀ ဆအထိ မြင့်တက်လာနိုင်ခြင်းကြောင့် အနီးကပ်ဆွဲချိန်ကြည့်ရင်တောင် မိမိဖမ်းယူမဲ့ ပုံရိပ်ကို ပေါ်လွင်အောင် ဖန်တီးနိုင်မှာဖြစ်ပါတယ်။

OPPO Reno14 Pro 5G မှာဆိုရင် Ultra-Clear Low-Light Camera System ကို ထည့်သွင်းထားပြီး၊ 50MP ကင်မရာသုံးလုံး ဖြင့် ဖန်တီးထားသောကြောင့် Ultra-wide မှ Wide အထိ ရိုက်ကူးနိုင်မှာဖြစ်သလို ၊ 3.5x periscope Telephoto မှ တစ်ဆင့် အလင်းနည်းတဲ့ အချိန်တွေမှာတောင် အကြည်လင်ဆုံး ဓာတ်ပုံများကို ရိုက်ကူးနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ ဒါအပြင် OPPO Reno14 Pro 5G မှာ တင်သာမက OPPO Reno14 5G မှာပါ OPPO Reno14 Pro 5G နဲ့ တူညီတဲ့ 50MP 3.5x Telephoto Camera ပါဝင်လာတဲ့အတွက် Portrait နှင့် Zoom ရိုက်ကူးမှုအမျိုးမျိုးအတွက် အရည်အသွေးမြင့်တဲ့ ပုံရိပ်အတွေ့အကြုံတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

-sceneAIImagineMaster

"TikTok ၏ ပိုမိုဘေးကင်းသော ဒစ်ဂျစ်တယ် အတွေ့အကြုံအတွက် ဆယ်ကျော်သက်များနှင့် မိဘများကို အသိပညာမြှင့်တင်ပေးခြင်းနှင့် မိသား...
02/07/2025

"TikTok ၏ ပိုမိုဘေးကင်းသော ဒစ်ဂျစ်တယ် အတွေ့အကြုံအတွက် ဆယ်ကျော်သက်များနှင့် မိဘများကို အသိပညာမြှင့်တင်ပေးခြင်းနှင့် မိသားစုဘေးကင်းရေးလုပ်ဆောင်ချက်များ"
၁၊ ဇူလိုင်၊ ၂၀၂၅၊ ရန်ကုန် ။ ။ TikTok သည် အသုံးပြုသူအားလုံး အထူးသဖြင့် ဆယ်ကျော်သက်များအတွက် လုံခြုံပြီး ဖန်တီးနိုင်စွမ်းကောင်းကောင်းနှင့် အားလုံးပါ၀င်နိုင်သည့် အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကတိပြုထားပါသည်။ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများသည် လူငယ်များ၏ နေထိုင်မှုဘ၀တွင် အရေးပါလာသည့်အလျောက် လုံခြုံစိတ်ချရသည့် ပတ်၀န်းကျင်တစ်ခုဖြစ်နေစေရန် အထူးအရေးကြီးသည်။ ထို့ကြောင့် TikTok က လူငယ်များ၏ လုံခြုံရေးကို ထောက်ပံ့ပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုများကို App အတွင်းရှိ အကာအကွယ်များ၊ တက်ကြွသော မူဝါဒများနှင့် Feature များမှ တစ်ဆင့် တိုးမြှင့်လုပ်ဆောင်ကာ ဒစ်ဂျစ်တယ်အသုံးပြုမှုအလေ့အထများ ကောင်းမွန်လာအောင် အားပေးကြိုးပမ်းလျက်ရှိပါသည်။ ယခုဆောင်းပါးတွင် TikTok က လူငယ်များနှင့် အုပ်ထိန်းသူများအတူတကွ လုံခြုံသည့် အွန်လိုင်းအသုံးပြုမှုကိုရရှိနိုင်အောင် ဖန်တီးပေးထားသည့် လုံခြုံရေးဆိုင်ရာ Tool များအကြောင်း အဓိက ဖော်ပြသွားမည်ဖြစ်ပါသည်။
အကောင့်ဆက်တင်များ (Account Settings)
ဆယ်ကျော်သက်များ၏ အွန်လိုင်းတည်ရှိမှုကို ကူညီပံ့ပိုးပေးရန်အတွက် ကိုယ်ရေးကိုယ်တာနှင့် အကောင့်စီမံခန့်ခွဲမှု ဆက်တင်များစွာကို TikTok က ဖန်တီးပေးထားပါသည်။ အသက် ၁၆ နှစ်အောက် အသုံးပြုသူများအတွက် အကောင့်များကို သီးသန့်အကောင့်အဖြစ် အလိုအလျောက် သတ်မှတ်ထားပြီး Follow လုပ်ရန်တောင်းဆိုမှုများကို ထိန်းချုပ်ခွင့်ပြုထားပါသည်။ ၎င်းတို့၏ အကြောင်းအရာဗီဒီယိုများကို ကြည့်ခွင့်ရှိသူ၊ မက်ဆေ့ချ်ပို့နိုင်သူနှင့် မှတ်ချက်ပေးနိုင်သူများကိုလည်း ထိန်းချုပ်နိုင်ပါသည်။ ထို့အပြင် ဆက်တင်များနှင့် ကိုယ်ရေးလုံခြုံမှုရှိ သင်၏ ဒေတာကို ဒေါင်းလုဒ်ရန်ရွေးချယ်မှုမှ တစ်ဆင့် ပရိုဖိုင်များနှင့် လုပ်ဆောင်ချက်အပါအဝင် ၎င်းတို့၏ ဒေတာမိတ္တူကို TikTok ထံမှ တောင်းဆိုနိုင်ပါသည်။
မိသားစုများအတွက် အဓိကကျသော Tool တစ်ခုဖြစ်သည့် မိသားစုချိတ်ဆက်ခြင်း (Family Pairing) လုပ်ဆောင်ချက်ဖြင့် မိဘအုပ်ထိန်းသူများသည် ၎င်းတို့အကောင့်နှင့် ဆယ်ကျော်သက်တို့၏ အကောင့်များကို ချိတ်ဆက်နိုင်ပါသည်။ အဆိုပါလုပ်ဆောင်ချက်တွင် နေ့စဉ်ဖုန်းသုံးချိန်၊ ရှာဖွေသည့် Video Keywords စကားလုံးများကို စစ်ထုတ်ခြင်းနှင့် ကန့်သတ်မုဒ်၊ တိုက်ရိုက်မက်ဆေ့ချ်များ အပါအဝင် ထိန်းချုပ်မှုများစွာကိုလုပ်ဆောင်နိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်များမှ တစ်ဆင့် အုပ်ထိန်းသူများနှင့် ဆယ်ကျော်သက်များကြား လုံခြုံပြီး တာ၀န်ယူတတ်သည့် အွန်လိုင်းအပြုအမူကို အတူတကွလုပ်ဆောင်နိုင်ရန် လမ်းကြောင်းဖွင့် အားပေးထားပါသည်။
အသိုင်းအဝိုင်းထိန်းချုပ်မှု
ပိုမိုလုံခြုံစေရန်အတွက် TikTok သည် အသုံးပြုသူများ၏ လူမှုဆက်ဆံရေးဆိုင်ရာ အသေးစိတ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် ခွင့်ပြုထားပါသည်။ ဆယ်ကျော်သက်များအနေဖြင့် မိမိတို့၏ ဗီဒီယိုများကို ကြည့်ရှုနိုင်မည့်သူကို မိမိ သို့မဟုတ် သူငယ်ချင်းများ၊ Follow လုပ်ထားသူများစသဖြင့် စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်။ တိုက်ရိုက်မက်ဆေ့ချ်များကိုလည်း လူတိုင်း၊ မိတ်ဆွေများ သို့မဟုတ် မည်သူမျှပေးပို့၍မရ စသဖြင့်ရွေးချယ်နိုင်ပါသည်။ မှတ်ချက်ထိန်းချုပ်မှုများတွင်လည်း ၎င်းတို့၏ ဗီဒီယိုများတွင် မှတ်ချက်ပေးနိုင်သူအဖြစ် မိတ်ဆွေ၊ လူတိုင်း သို့မဟုတ် မည်သူမျှမှတ်ချက်မပေးနိုင် စသဖြင့်ရွေးချယ်နိုင်ပါသည်။ ထို့အပြင် အသုံးပြုသူများသည် မှတ်ချက်စစ်ထုတ်မှုကို အသုံးပြုပြီး ရိုင်းစိုင်းသော မှတ်ချက်များကို အလိုအလျောက် ဖျောက်ရန် သို့မဟုတ် ရှာဖွေသည့် Video Keywords စကားလုံးများကို စိတ်ကြိုက်စစ်ထုတ်မှုများ ပြုလုပ်နိုင်ပါသည်။အသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သော မှတ်ချက်များနှင့် ဗီဒီယိုများကို Report လုပ်ရန်၊ အသုံးပြုသူကို Block လုပ်ရန်၊ Follow လုပ်ထားသူများကို ဖယ်ရှားရန်စသဖြင့် အပြည့်အဝထိန်းချုပ်နိုင်မည့် လုပ်ဆောင်ချက်များပါရှိသည်။
Duets နှင့် Stitches ကဲ့သို့သော ပူးပေါင်းလုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များကိုလည်း စီမံခန့်ခွဲနိုင်ပြီး မည်သူက ၎င်းတို့အကြောင်းအရာနှင့် အပြန်အလှန်တုံ့ပြန်မှုများကို လုပ်ဆောင်နိုင်သည်ကို ဆုံးဖြတ်နိုင်ပါသည်။ ဤကဲ့သို့ ပြည့်စုံသော ထိန်းချုပ်မှုများသည် ဆယ်ကျော်သက်များအတွက် ၎င်းတို့၏ အွန်လိုင်းနယ်ပယ်အတွင်းကို ထိန်းချုပ်ထားရင်း လွတ်လပ်စွာ ထိတွေ့ဆက်ဆံခွင့်ကို ပေးပါသည်။
အကြောင်းအရာထိန်းချုပ်မှု
TikTok သည် ဆယ်ကျော်သက်များကို ၎င်းတို့၏ အတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်စေပြီး မသင့်လျော်သော အကြောင်းအရာများကို ရှောင်ရှားနိုင်အောင် ပံ့ပိုးပေးထားပါသည်။ ဗီဒီယိုတစ်ခုက မိမိတို့အကြိုက်နှင့် ကိုက်ညီမှု မရှိပါက အသုံးပြုသူများသည် ဗီဒီယိုကို ဖိပြီး ပေါ်လာသည့် "စိတ်မ၀င်စားပါ" ကို ရွေးချယ်ခြင်းဖြင့် For You feed သည် သုံးစွဲသူများ၏ စိတ်ဝင်စားမှုများနှင့် လိုက်လျောညီထွေဖြစ်နေမည်ဖြစ်ပါသည်။ TikTok ၏ လမ်းညွှန်ချက်များကို ချိုးဖောက်နိုင်သည့် အကြောင်းအရာကို တွေ့ရှိပါက App အတွင်း တိုက်ရိုက် Report လုပ်နိုင်ပါသည်။ ကန့်သတ်မုဒ် (Restricted Mode) သည် အသုံးပြုသူအားလုံးအတွက် သင့်တော်မှု မရှိသော အကြောင်းအရာများကို ကန့်သတ်ရာတွင် ပိုမိုကျယ်ပြန့်စွာစိစစ်နိုင်ကန့်သတ်နိုင်အောင် လုပ်ဆောင်ပေးပါသည်။
ဖုန်းသုံးချိန် လုပ်ဆောင်ချက်သည် ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန် အထောက်အကူဖြစ်စေပြီး TikTok အသုံးပြုမှုအတွက် နေ့စဉ်အချိန်ကန့်သတ်ချက်များ သတ်မှတ်နိုင်ပါသည်။ ကန့်သတ်ချက်ပြည့်သွားသည်နှင့် App ကို ဆက်လက်အသုံးပြုရန် လျှို့ဝှက်ကုဒ်ထည့်သွင်းရမည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းဖြင့် လူငယ်အသုံးပြုသူများကြား ကျန်းမာသန်စွမ်းသော ဒစ်ဂျစ်တယ်အလေ့အထကို အားပေးလုပ်ဆောင်လျက်ရှိပါသည်။
TikTok သည် မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံးရှိ ဆယ်ကျော်သက်များနှင့် မိသားစုများကို ဒစ်ဂျစ်တယ်ကမ္ဘာတွင် ဘေးကင်းစွာ အသုံးပြုနိုင်အောင် ကူညီပေးရန် ကတိပြုထားပါသည်။ မိသားစုချိတ်ဆက်ခြင်း၊ ကန့်သတ်မုဒ် နှင့် ဖုန်းသုံးချိန် လုပ်ဆောင်ချက်ကဲ့သို့သော လုပ်ဆောင်ချက်များဖြင့် မိသားစုများသည် လုံခြုံသောအွန်လိုင်းအတွေ့အကြုံကိုပုံဖော်ရာတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။

စွမ်းအားမြင့် 6500 mAh BlueVolt Battery နည်းပညာပါဝင်သည့် vivo Y29 ကို 6GB+128GB ဗားရှင်းအသစ်ကို ပိုမိုသက်သာသောဈေးနှုန်း ...
29/06/2025

စွမ်းအားမြင့် 6500 mAh BlueVolt Battery နည်းပညာပါဝင်သည့် vivo Y29 ကို 6GB+128GB ဗားရှင်းအသစ်ကို ပိုမိုသက်သာသောဈေးနှုန်း ၇၂၉,၈၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပါပြီ

မြန်မာ၊ရန်ကုန်၊ဇွန်လ(၁၇)ရက်၊ ၂၀၂၅။ ။ vivo ၏ နောက်ဆုံးပေါ် Y စီးရီးတစ်ခုဖြစ်သည့် vivo Y29 သည် စတိုင်ကျလှပသောဒီဇိုင်း၊ အကြမ်းခံနိုင်ရည်နှင့် ကြာရှည်ခံနိုင်သော စွမ်းအားမြင့်ဘက်ထရီတို့ပါဝင်သောကြောင့် ဈေးကွက်ထဲတွင် ရေပန်းစားလူကြိုက်များနေသော ဖုန်းတစ်ခုအဖြစ်ရပ်တည်နေတာပဲ ဖြစ်ပါသည်။သုံးစွဲသူများ အဆင်ပြေစေရန်ရည်ရွယ်၍ vivo Y29 ၏ ပိုမိုသက်သာသော ဈေးနှူန်းဖြင့် Ram6GB+128GB ဗားရှင်းကို ထပ်မံမိတ်ဆက်လိုက်ပါသည်။ vivo Y29 သည် ၆.၆၈လက်မ မျက်နှာပြင်ရှိပြီး 120Hz refresh rate ပါဝင်သော ကြောင့် နေ့ရက်တိုင်းကို လွယ်လွယ်ကူကူချောချောမွေ့မွေ့ဖြင့်သုံးစွဲနိုင်မည်ဖြစ်သည်။ SCHOTT Cover Glass ကိုတပ်ဆင်ထားသောကြောင့် ဖုန်းမျက်နှာပြင်သည် နေ့စဉ်ဘဝတွင်ဖြစ်လေ့ရှိသော မတော်တဆများမှ ထိခိုက်မှုများကို ခံနိုင်ရည်ရှိသည်။ ထို့အပြင် Anti-Drop Armor Design ဖြင့်လုပ်ဆောင်ထားပြီး SGS Five-Star Drop Resistance နှင့် Military-Grade certification ရရှိထားသည်။ IP64 Dust and Water Resistance ပါဝင်သောကြောင့် နေ့စဉ်ကြုံတွေ့နေရတဲ့ မတော်တဆဖြစ်လေ့ဖြစ်ထရှိသည့် ရေစင်ဒဏ်၊ဖုန်ဒဏ်တို့ကို ကာကွယ်ပေးနိုင်သည်။Y series၏ ပထမဦးဆုံးအနေဖြင့် vivo Y29 တွင် 6500mAh ဘတ်ထရီပါဝင်လာပြီး BlueVolt နည်းပညာကိုပါ ပေါင်းစပ်ထားသောကြောင့် YouTube ကြည့်လျှင် နာရီ ၄၀ ကျော် နှင့် TikTok သုံးလျှင် ၁၉နာရီအထက် သုံးစွဲနိုင်မည်ဖြစ်သည်။ အမြန်အားသွင်းစနစ်အနေဖြင့် 44W FlashCharge စနစ်ပါဝင်ပြီး အား၅၀ရာခိုင်နှုန်းပြည့်ရန် ၄၁မိနစ်သာကြာမြင့် မည် ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြည့်ရန် ၉၂မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။ ထို့အပြင် ဘတ်ထရီ သည် ၅နှစ်ကြာသည့်တိုင်အောင် ဘတ်ထရီအရည်အသွေးကို ထိန်းသိမ်းထား နိုင်မည်ဖြစ်ပြီး အကြိမ် ၁၅၀၀ အားသွင်းပြီးလျှင်တောင် ဘတ်ထရီကို ၈၀ရာခိုင်နှုန်းအထိ ရှိနေအောင်လုပ်ဆောင် ပေးနိုင်မည်။ လုပ်ဆောင်ချက်ချောမွေ့စေရန် Snapdragon 685 ကို တပ်ဆင်ထားပြီး အက်ပလီကေးရှင်းများစွာ တစ်ပြိုင်နက်တည်း သုံးစွဲနိုင်သည့်အပြင် စွမ်းဆောင်ရည်ကိုလည်း လ ၅၀ ကြာ ချောမွေ့သော သုံးစွဲမှု အတွေ့အကြုံကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ အသံလုပ်ဆောင်ချက်တွင်လည်း Dual Stereo Speaker 400% ပေါင်းစပ်ထားသောကြောင့် သာလွန်သော အသံစွမ်းရည်ကို ဂိမ်းကစားခြင်း၊ လမ်းညွှန်ခြင်း၊ သီချင်းနားထောင် ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းများမှတဆင့် ခံစားနိုင်မည် ဖြစ်သည်။ နေ့စဉ်ဘဝရဲ့ အမှတ်တရ အခိုက်အတန့်တွေကို သိမ်းဆည်းထားနိုင်ဖို့ Y29 သည် အဆင့်မြင့်ပုံရိပ် နည်းပညာစနစ်ဖြင့် 50MP Ultra HD Main Camera၊ 2MP Bokeh Camera နှင့် 8MP Portrait Camera တို့တပ်ဆင်ထားသည်။ ကျောဖက်ရှိစက်ဝိုင်းသဏ္ဌာန် Dynamic Light သည် ဖုန်းအဝင်ခေါ်ဆိုမှုများ၊ Notifications များကို မတူညီသောအရောင်(၅)ရောင်ဖြင့် ဖော်ပြပေးမည် ဖြစ်သည်။vivo Y29 ကို vivo Y29 ကို‌ အရောင်အနေဖြင့် အဆင့်အတန်းမြင့်၍ ထူးခြားခမ်းနားသော အရောင်ဖြစ်သည့် Espresso Brown ကို လက်ရာမထင် သည့် Glitter Anti-Fingerprint Process ဖြင့်ရရှိနိုင်မည် ဖြစ်ပြီး တိမ်တိုက်များ ကြားထဲတွင် နေရောင်ခြည်ဖြာကျ နေသကဲ့သို့ သဘာဝ၏သန့်စင်သော အလှတရား ကိုဖော်ပြသည့် အရောင် Cloud White ဟူ၍ နှစ်မျိုးရရှိနိုင်မည် ဖြစ်သည်။ vivo Y29 ၏ နောက်ဆုံးထွက် ဗားရှင်းအသစ်ဖြစ်သော သိုလှောင်ပမာဏ (6+128GB) ကို ၇၂၉,၈၀၀ ကျပ်ဖြင့် ဇွန်လ (၁၇)ရက်နေ့မှ စတင် ဝယ်ယူနိုင်ပြီဖြစ်ပြီး ကာစတမ်မာများကို မေတ္တာလက်ဆောင်အနေဖြင့် vivo Fan T Shirt ကို ပစ္စည်းလက်ကျန် ရှိသည်အထိ လက်ဆောင်ပေးအပ်သွားမည့်အပြင် ဇွန်လ (၁၇)ရက်နေ့မှ ဇွန်လ (၃၀)ရက်နေ့အထိ Y29 (6+128GB) ဝယ်ယူကြမည့် ကာစတမ်မာများကိုလည်း ငွေသားလက်ဆောင် ၃၀,၀၀၀ ကျပ်အထိ ပြန်လည် ပေးအပ်ပေးသွားမည်ဖြစ်သည်။

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်...
29/06/2025

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ လှည်းကူး နှင့် ကော့မှူးမြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်ပါသည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Ultra အဆင့် ထိပ်တန်းလုပ်ဆောင်ချက်တွေနဲ့ Ultra မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ဖွင့်ဟပြလာတော့မယ့် Samsung Galaxy U...
25/06/2025

Ultra အဆင့် ထိပ်တန်းလုပ်ဆောင်ချက်တွေနဲ့ Ultra မိုဘိုင်းဖုန်းသုံးစွဲမှု အတွေ့အကြုံကို ဖွင့်ဟပြလာတော့မယ့် Samsung Galaxy Unpacked July 2025

Samsung ရဲ့ အကောင်းမွန်ဆုံးလက်ရာနဲ့ အမြင့်မားဆုံး AI ပေါင်းစပ်မှုတွေပါဝင်လာမယ့် Galaxy Foldable ထုတ်ကုန်အသစ်တွေမိတ်ဆက်ပေးမယ့် Galaxy Unpacked July 2025 ကို ဇူလိုင်လ (၉) ရက်နေ့မှာ ဘရွတ်ကလင်း၊ နယူးယောက်မြို့မှာ ကျင်းပပေးသွားတော့မယ့်အကြောင်း သိရှိရပါတယ်။


နောက်ဆုံးပေါ် Galaxy ဆန်းသစ်တီထွင်မှုတွေနဲ့ Galaxy Unpacked July 2025 ပွဲကြီးရဲ့ ရင်ခုန် စိတ်လှုပ်ရှားစရာ Ultra အခိုက်အတန့်ကို ကိုယ်တိုင်တွေ့ကြုံခံစားရဖို့အတွက်ကိုလည်း ဇူလိုင်လ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီခွဲမှာ Samsung Myanmar page နဲ့ Samsung Myanmar YouTube channel တို့ကနေလည်း တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးသွားမှာဖြစ်ပြီး

Galaxy Unpacked LIVE ကို ကြည့်ရှုဖို့အတွက် စာရင်းပေးသွင်းရင်း Galaxy Fit3 (၅) လုံး၊ ပထမဆုံး Flagship ဖုန်းအသစ်ဝယ်ယူသူ အယောက် (၁၀၀၀) အတွက် 45W Original Travel Adapter ပိုင်ဆိုင်ခွင့်တွေကို ကံထူးနိုင်မယ့် အခွင့်အရေးတွေလည်း ရရှိနိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။

MPT က ကမ္ဘာ့သွေးလှူရှင်များများနေ့ အထိမ်းအမှတ်အဖြစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေး...
22/06/2025

MPT က ကမ္ဘာ့သွေးလှူရှင်များများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက်

(ရန်ကုန်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၀ ရက်) – ဇွန်လ (၁၄) ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် MPT က ပုံမှန်ပြုလုပ်နေကျဖြစ်သည့် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဇွန်လ (၂၀) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုသည် MPT ၏ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုရှိ MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင် စုစုပေါင်း (၂၃၀) ကျော် သွေးလှူဒါန်းခဲ့ကြပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ဖော်ပြချက်အရ ပထမဆုံးအကြိမ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျင်းပသော (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အဆိုပါ နေ့ကို နှစ်စဉ်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာအခမ်းအနားအဖြစ် တရားဝင် သတ်မှတ်ခဲ့ပါသည်။ သွေးလှူဒါန်းခြင်း၏ အရေးပါပုံကို အသိပညာပေးရန် နှင့် အသက်ပေါင်းများစွာကို ကယ်တင်ခြင်းနှင့် ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် စေတနာ့ဝန်ထမ်း သွေးလှူရှင်များ၏ တန်ဖိုးကြီးမားလှသော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ယခုအခါ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ဇွန်လ ၁၄ ရက်တိုင်း ကျင်းပလျက်ရှိနေပါသည်။
အဆိုပါ ရည်ရွယ်ချက်နှင့်အညီ MPT သည် မြန်မာပြည်သူ ပြည်သားများ၏ အသက်များကို ကယ်တင်ရန်နှင့် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ မွန်မြတ်သော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်မှုဖြင့် ၂၀၁၇ ခုနှစ်မှစတင်ကာ (၄) လတစ်ကြိမ် ဆောင်ရွက်လျက် ရှိပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki SHIMANE က “MPT ရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုဟာ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေသူတွေအတွက် တကယ့်ကို အကျိုးရှိစေပြီး လူမှုအသိုက်အဝန်းကို အထောက်အပံ့ဖြစ်စေတဲ့ မွန်မြတ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ စေတနာသွေးလှူရှင်တွေ ပူးပေါင်းပါဝင်မှုနဲ့အတူ ဒီလိုမွန်မြတ်တဲ့ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့တာ အခုဆိုရင် (၁၆) ကြိမ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ နိုင်ငံတစ်ဝန်းက ဆေးရုံတွေနဲ့ အမျိုးသားသွေးဌာနတွေကို သွေးအိတ်ပေါင်း (၉,၂၀၀) ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ဆောင်ရွက်တဲ့ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ဝန်ထမ်းတွေ စေတနာသွေးလှူရှင် တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးမဖက်ဘဲ အခုလို လိုအပ်တဲ့ သွေးလှူဒါန်း ပံ့ပိုးပေးခဲ့မှုတွေဟာ တခြားသူတွေရဲ့ ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်ဖို့အတွက် တကယ့်ကို အရေးပါပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအပါအဝင် အမျိုးမျိုးသော လှုမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများစွာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး လူမှုအသိုက်အဝန်းအား ကူညီပံ့ပိုးပေးမှုအပေါ် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်ရှိသည်။
သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Address

Yagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Burmese Echo Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share