Cele Myanmar

Cele Myanmar ပညာရေး

21/05/2025

ရန်ကုန်မြို့မှာ(၂၄)နာရီလုံးလုံး
မီးရတော့မယ်တဲ့ဓါတ်ငွေ့
သင်္ဘောလာနေပြီတဲ့

20/05/2025

ယောက်ျားတစ်ယောက်ကို
အပေါ်ယံမကြည့်နဲ့
အင်ကျီ ချွတ်ကြည့်
တချို့က ဘော်လီတွေနဲ့

15/05/2025

14/05/2025
13/05/2025

ဆွေမျိုးတော်သွားပီ ဟေ့ ဆွေမျိုးတော်သွားပီ😂😂

ခုန်ခုန်ပီပျော် ဟေ့ ခုန်ခုန်ပီးပျော်😂😂

သရုပ်ဆောင်အလိုရှိသည်ဆိုတဲ့ ကြော်ငြာကြောင့် သူငယ်ချင်းတွေဆီက တစ်ယောက်ငါးမူး၊ တစ်ကျပ်စီစုပြီး ဓာတ်ပုံသုံးပုံ ရိုက်ပို့လိုက...
17/12/2024

သရုပ်ဆောင်အလိုရှိသည်ဆိုတဲ့ ကြော်ငြာကြောင့်
သူငယ်ချင်းတွေဆီက တစ်ယောက်ငါးမူး၊ တစ်ကျပ်စီစုပြီး
ဓာတ်ပုံသုံးပုံ ရိုက်ပို့လိုက်တာ အရွေးခံရတယ်။ ရွေးတဲ့နေ့က
ရွေးချယ်ရေးအဖွဲ့ဝင် လူကြီးတွေ အများကြီးပဲ။ ဦးချင်းစိန်၊
ဒေါ်နန်း၊ သူဇာဦးချစ်စိန်၊ ဒါရိုက်တာမောင်မိုးသူ။
(ကျန်တဲ့လူတွေ မမှတ်မိတော့ဘူး)။

လူကြီး - အခုလက်ရှိမင်းသားတွေထဲက မင်းဘယ်သူ့ကိုကြိုက်လဲ။

ကျော် - တစ်ယောက်မှ မကြိုက်ဘူး။

လူကြီး - မင်းသမီးတွေထဲကရောကွာ။

ကျော် - အကုန်လုံးကြိုက်တယ် ခင်ဗျ။

ခန်းမတစ်ခုလုံးမှာရှိတဲ့ လူတွေအကုန်လုံး ဝိုင်းရယ်ကြတယ်။
လူကြီးတစ်ယောက်က ထပ်မေးပြန်တယ်။

လူကြီး - မင်းသီချင်းဆိုတတ်လား။

ကျော် - ဟုတ်တဲ့။

လူကြီး - ဆိုပြ

ကျော် - ဘာဆိုပြရမလဲ။

လူကြီး - မြန်မာသီချင်းတစ်ပုဒ် ဆိုပြပေါ့ကွာ။

ကျော် - ကျွန်တော် မြန်မာသီချင်းတွေ မဆိုတတ်ဘူး။ ကျောင်းမှာ
တည်းက အင်္ဂလိပ်သီချင်းတွေပဲ အလွတ်ကျက်ဆိုနေကျ

လူကြီး - မြန်မာသီချင်း မဆိုတတ်လို့ ဖြစ်မလားကွ။ မြန်မာရုပ်ရှင်
တွေမှာ သီချင်းဆိုခန်းတွေ မပါမနေရ ပါတယ်နော်။ မြန်မာသီချင်းတွေ
ဆိုတတ်အောင် ကျင့်မထားဘူးလား။ မင်းက အင်္ဂလိပ်သီချင်းပဲ
ဆိုတတ်တယ်ဆိုတော့ အင်္ဂလိပ်သီချင်း အဓိပ္ပာယ် ကိုရော သိလို့လား။

ကျော် - မသိပါဘူး ခင်ဗျာ။

လူကြီး - မသိဘဲနဲ့ မင်းဘယ်လိုဆိုလဲ။

ကျော် - အင်္ဂလိပ်စာသားကို မြန်မာအသံထွက် ရေးပြီး၊ ကျက်ပြီး
ဆိုပါတယ်။ စာသားအဓိပ္ပာယ်တော့ ကျွန်တော် နားမလည်ပါဘူး

(အဖွဲ့ဝင်လူကြီးများနှင့် ဘေးပရိသတ်များ ခေါင်းခါသူခါ၊ စိတ်ပျက်သူ
ပျက်၊ ရယ်သူရယ် ဖြစ်ကုန်။)

လူကြီး - ကဲ ဘာဖြစ်ဖြစ် ဆိုပြကွာ။

ကျော် - ဟုတ်ကဲ့ ။ ဂစ်တာရှိရင်ခဏလောက်။

လူကြီး - ဘယ်ကလာ ဒီမှာ ဂစ်တာရှိမှာလဲ။ ဒီတိုင်း ဆိုပြ

ကျော် - ဒီတိုင်း ဆိုပြလို့တော့ မဖြစ်ဘူး။ ကျွန်တော်တို့က
သီချင်းဆိုရင် ဂစ်တာတီးပြီးဆိုတာ ဘာမှမပါဘဲ ဘလိုင်းကြီး
ဆိုပြရင် နားထောင်လို့ ဘယ်ကောင်းမလဲ။

စားပွဲရှည်မှာ ထိုင်နေတဲ့ လူကြီးတွေ တိုးတိုးတိတ်တိတ် ခေါင်းချင်း
ရိုက်ကြပြန်တယ်။

ပထမ အရွေးခံကြတဲ့ သရုပ်ဆောင်သစ် အားလုံးကလည်း
ဒီကောင်တော့ အရွေးခံရမှာ မဟုတ်ဘူးလို့ တွေးပြီး ဦးကျော်ကို
ဝိုင်းကြည့်နေကြတယ်။ ဦးကျော် စိတ်ထဲမှာတော့ အဲဒီလို မတွေးဘူး။ ဂစ်တာတီးပြီး ဆိုပြရတော့မယ်ဆိုရင် အလွတ်ရတဲ့ သီချင်းထဲက
ဘယ်သီချင်းကို ဆိုပြရင် ကောင်းမလဲ။ သီချင်းဆိုရင်းနဲ့ ပရက်စလေလို ရှိတ်ဆွဲပြလိုက်ရင် ကောင်းမလား၊ စဉ်းစားနေတာ အစုံပဲ။

ဦးကျော်က(စ)တန်း၊ (၉)တန်းထဲကသောကြာနေ့ Assembly
မှာ စင်ပေါ်တက် သီချင်းဆိုနေကြလေ။

ဒီသီချင်းဆိုတာလေးများ ပါးပါးလေး။ နောက်ဆုံးတော့ အရွေးသာ
ခံလိုက်ရတယ် ဘာသီချင်းမှ မဆိုပြလိုက်ရဘူး။

ဘာဖြစ်လို့ ရွေးတာလဲဆိုတော့ ဦးကျော်က သွက်တယ်တဲ့။

ရဲတယ်တဲ့။

သတ္တိရှိတယ်တဲ့။ အဲဒီ သွက်တယ်၊ ရဲတယ်၊ သတ္တိရှိတယ်ဆိုတာ

ဦးကျော်ရဲ့ သရုပ်ဆောင်ဘဝမှာ ပထမဆုံး အသိအမှတ်ပြုခြင်း ခံရတဲ့အချက်တွေပဲ။
#ကျော်ဟိန်းအထုပ္ပတ္ထိ
#မြန်မာ့ဖြူမည်းရုပ်ရှင်
#ရုပ်ရှင်ချစ်သူ
Credit:

သင့်ဘဝမှာအောင်မြင်ချင်ရင်ဒီနေ့ကစပြီး စာဖတ်တာရပ်လိုက်ပါ…⚡️⚡️ဒီလိုကြားလိုက်ရရင်…မိတ်ဆွေအနေနဲ့ အလွန်နားလည်ရခက်သွားမှာပါ…..🥹...
26/08/2022

သင့်ဘဝမှာအောင်မြင်ချင်ရင်
ဒီနေ့ကစပြီး စာဖတ်တာရပ်လိုက်ပါ…⚡️⚡️

ဒီလိုကြားလိုက်ရရင်…
မိတ်ဆွေအနေနဲ့ အလွန်နားလည်ရ
ခက်သွားမှာပါ…..🥹🥹

ဘာလို့လဲဆိုတော့…
လူအများပြောနေကြတာက
အောင်မြင်ချင်ရင် ‘ စာဖတ် ‘
📖📖📖📖📖

စာဖတ်တာက….
မအောင်မြင်နိုင်ဘူးဆိုတာ
ကျွန်တော် သက်သေနဲ့ပြပါ့မယ်
ကျွန်တော့်မိတ်ဆွေတွေထဲမှာ
စာဖတ်သူတွေ အများကြီးရှိပါတယ်
အောင်မြင်သူ မရှိသလောက်ရှားပါတယ်
ကျွန်တော်ကိုယ်တိုင်လဲ….
စာအုပ်တွေ အများကြီး
ဖတ်ခဲ့ပီးတာတောင်.……
မအောင်မြင်နိုင်သေးတော့
ဒွိဟဖြစ်လာပါတယ်….

တနေ့မှာ ကနေဒါက…
ကျွန်တော့ ဆရာကိုမေးကြည့်လိုက်မှ
အဖြေရှင်းသွားတော့တယ်…..

အောင်မြင်ချင်ရင်….
“ စာမဖတ်ပါနဲ့တဲ့…….
စာအုပ်တွေကို အသုံးချပါတဲ့..”
ဟာ….ဘာကိုပြောချင်လဲဗျ ဆိုမှ
သူက ဆက်ရှင်းပြတယ်….

စာအုပ်တစ်အုပ်ကို တွေ့ပြီဆို
ဒီစာအုပ်ထဲ ကိုယ်မသိသေးတာ
ဘာရှိလဲ ဆိုတာလိုက်ရှာပါ…
တွေ့ပြီဆို ကိုယ့်လုပ်ငန်း သို့မဟုတ်
ကိုယ့်ရဲ့စကေး တိုးတက်ဖို့….
ယူသုံးသင့်လား…တွက်ဆပါ
ယူသုံးသင့်တယ်ဆို…..
စာအုပ်ကို ပိတ်ပီး ချက်ချင်း
အကောင်အထည် ဖော်ပါတဲ့

အဲ့ဒီတစ်ခု ပြီးမှ…..
စာအုပ်ဆီ ပြန်လာပီး ကိုယ့်မသိသေးတာ
ဆက်ရှာပါ ယူသုံးသင့်တာတွေ့တိုင်း
စာအုပ်ကို ရောက်တဲ့နေရာ မှတ်သားပြီး
အဲ့ဒီတစ်ခု အကောင်အထည် ဖော်ပါတဲ့

စာဖတ်ခြင်းနဲ့ပတ်သက်လာရင်
ဒီနည်းကို သုံးလိုက်တော့မှ….
ကျွန်တော် တခါမှ မကြုံဘူးသေးတဲ့
တိုးတက်မှုမျိုး ကြုံရတော့တာပါပဲ..

စာဖတ်ရုံနဲ့…..
ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး
“ စာမဖတ်ပါနဲ့……….
စာအုပ်တွေကို
လက်တွေ့ အသုံးချပါ….”

မိတ်ဆွေရော အခုပြောပြခဲ့တာနဲ့
ပက်သက်ပြီး…မိတ်ဆွေရဲ့
အမြင်ကို ပြောပြဆွေးနွေး ပေးပါဦး

လေးစား ချစ်ခင်စွာဖြင့်


25/08/2022

Address

147 အနော်ရထာ လမ်း
Yagon
11182

Website

Alerts

Be the first to know and let us send you an email when Cele Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share