New Vision International News Collection

New Vision International News Collection International News Collection

ထိုင်းတောင်ပိုင်း စိုက်ပျိုးရေးခြံထဲ မြန်မာနှစ်ဦးသတ်ခံရVOA ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင...
15/02/2023

ထိုင်းတောင်ပိုင်း စိုက်ပျိုးရေးခြံထဲ မြန်မာနှစ်ဦးသတ်ခံရ

VOA ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်ထဲက ဒူးရင်းစိုက်ပျိုးရေးခြံ မှာ ဖေဖေါ်ဝါရီလ ၁၄ရက်နေ့ညက မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦးဟာ သူတို့နေထိုင်ရာ ၂၅ဧကလောက်ကျယ်ဝန်းတဲ့ ဒူရင်းခြံထဲမှာပဲအသတ်ခံခဲ့ရတာပါ၊ သူတို့တွေဟာ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ခဲ့ရသလဲဆိုတာကို ရဲတွေကလိုက်လံစုံစမ်းနေတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကအလုပ်သမားရေးရာတာဝန်ခံဦးမင်းဦးကအခုလိုပြောပါတယ်။

"ဒူးရင်းခြံလုပ်သား ၂ ယောက်ခြံလုပ်သား၂ ယောက် ယောက်ကျားလေးအသက် ၄၈ နဲ့ ၅၈နှစ်ယောက်အသတ်ခံရတယ်ဆိုတာတွေ ရဲကတော့ စုံစမ်းဖော်ထုတ်နေတယ်အဲဒါနဲ့ပတ်သက်ပြီး မြန်မာတွေကပဲသတ်သလား ထိုင်းတွေကပဲ သတ်သလားဆိုတာကိုလိုက်စုံစမ်းနေတယ် ဒါမှမဟုတ်အချင်းပြသနာရှိလို့လားဆိုတာဖော်ထုတ်နေတယ်။"

ပြီးခဲ့တဲ့ရက်ကလည်း ဘန်ကောက်အနီး စမွတ်ပရာကန်ခရိုင် ဘန်ပုံမြို့နယ်ထဲမှာ မြန်မာအလုပ်သမားတွေကို အထောက်အထားလက်မှတ်လုပ်ပေးရာမှာ ကူညီနေတဲ့မြန်မာပွဲစားတစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ လည်း သက်သေတစုံတရာ ရရှိတာ မတွေ့ရသေးဘူးလို့လည်းဦးမင်းဦးကပြောပါတယ်။

"ဘန်ကောက်နားက ဘန်ပလီဆိုတဲ့နေရာမှာလည်း မြန်မာနိုင်ငံသားပွဲစားတယောက်အသတ်ခံရတာရှိတယ်၊ တရားခံကလည်းမမိသေးဘူး ဘာကြောင့်သတ်လဲဆိုတာ မသိသေးဘူး။"

အခုလိုမြန်မာနိုင်ငံသားတွေသတ်ဖြတ်ခံရမူ့နဲ့ပတ်သက်လို့မြန်မာသံရုံးနဲ့ သက်ဆိုင်ရာမိသားစုတွေ အလုပ်သမားအဖွဲ့အစည်းတွေက ဖိဖိစီးစီးလိုက်ပါဆောင်ရွက်မှသာ အမှုမှန်ပေါ်ပေါက်မှာဖြစ်တယ်လို့လည်းဦးမင်းဦးကပြောပါတယ်။

"ဥပဒေကြောင်းအရလိုက်လံလုပ်ဆောင်ပေးမယ့်သူတွေ ပံပိုးပေးမယ်အဖွဲ့အစည်း တွေ ကိုယ်အစိုးရသံရုံးတွေ ဒီအတိုင်းထားရင်အေးဆေးနဲ့ သွားနိုင်တယ် မိသားစုက အကြောင်းကြားသံရုံးတွေကို ပြောတာ အကြောင်းကြားတာ သံအရာရှိတွေလိုက်တာမျိုးဆိုရင်တော့သက်ဆိုင်ရာအာဏာပိုင်တွေကလိုက်လုပ်ပေးတာရှိမှ မြန်မယ် ဒါမှမဟုတ်ဘူးဆိုရင်တော့ဒီအမှုက ပျောက်သွားတာ ပေါ့သွားတာတွေဖြစ်တတ်တယ်။"

များသောအားဖြင့် မြန်မာပြည်သားတွေသတ်ဖြတ်ခံရတဲ့အမှုတွေမှာတော့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် မြန်မာသံရုံးနဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေက လိုက်ပါဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ အခု ဖြစ်ပွားခဲ့တဲ့လူသတ်မှုတွေမှာတော့ သေဆုံးသူတွေဟာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးခဲ့ကြတာပါ။ တချို့အမှုတွေကတော့ စီစီတီဗွီမှတ်တမ်းတွေကနေ လိုက်လံစုံစမ်းတာမျိုးလုပ်ရပေမယ့်၊ အခုလိုလူသူဝေးတဲ့စိုက်ပျိုးရေးခြံထဲ ဖြစ်ပျက်ခဲ့တာတွေကိုတော့ စုံစမ်းဖို့ ခဲယဉ်းတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောဆိုကြပါတယ်ရှင်။

ကေအိုင်အေ တပ်ရင်း ၉ ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်DVB ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၃ရှမ်းပြည်နယ်မြောက်ပို...
15/02/2023

ကေအိုင်အေ တပ်ရင်း ၉ ဌာနချုပ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

DVB ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) တပ်မဟာ-၆၊ တပ်ရင်း-၉ ဌာနချုပ်ရှိရာဘက်ကို ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကေအိုင်အေရှေ့တန်း သတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်မ ၉၉ နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေနဲ့ ကေအိုင်အေ တပ်မဟာ-၄၊ တပ်ရင်း-၉ တို့အကြား ကေအိုင်အေ တပ်ရင်း-၉ ဌာနချုပ်ဘက်မှာ မနေ့ကတည်းက စစ်ကြောင်းထိုး တိုက်ခိုက်နေတာဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တဦးက ပြောပါတယ်။

“မနေ့က တိုက်ပွဲက ၅ ကြိမ်ဖြစ်တယ်။ ဒီနေ့က မနက် ၇ နာရီကနေ တိုက်ပွဲပြင်းထန်နေတာ ခုထိပဲ။”

စစ်မျက်နှာ သုံးဘက်ကနေ ခြေလျင်စစ်ကြောင်းထိုး တိုက်နေတဲ့အပြင် ဂျက်လေယာဉ်နဲ့ ဒီနေ့ မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က တကြိမ်၊ ၁၂ နာရီ ၁၃ မိနစ်လောက်က တကြိမ်၊ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်လောက်က တကြိမ် စုစုပေါင်း သုံးကြိမ်ရှိပြီလို့ ဆိုပါတယ်။

“ဒီနေ့လည်း အဆက်မပြတ် တိုက်ပွဲဖြစ်နေတယ်။ ရွာဘက်တော့ ဘာမှမဖြစ်ဘူး” လို့ ဒေသခံ အမျိုးသားတဦးကလည်း ပြောပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် မနက်က ဆိုင်ဝမ်ကုန်း၊ နားဖိုင်ရွာဘက်၊ ခိုမုန်းရွာ အနီးဘက်နဲ့ ညပိုင်းမှာတော့ နမ့်အွမ်ရွာအနီးမှာ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ဒရုန်းနှစ်စီးနဲ့ပါ ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့သလို ကွတ်ခိုင်ဘက်ကလည်း စစ်ကောင်စီဘက်က လက်နက်ကြီး သုံးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေက တိုက်ပွဲပြင်းထန်လာမှာ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်ကလည်း ယောင်ဘန်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်မ ၉၉၊ အင်အား ၄၀ လောက်ကို ကေအိုင်အေဘက်က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တပ်ရင်း-၉ အနီး တာဂွိုင်ကုန်းမှာ တိုက်ပွဲပြင်းထန်ခဲ့လို့ ည ၆ နာရီလောက်ကစပြီး ကောင်ရာ စစ်ကောင်စီတပ်ကနေ ကောင်းဆတ်တောင်ကြောတလျှောက်ဘက် လက်နက်ကြီးတွေ ပစ်ကူနေခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကလည်း ခြေလျင်အပြင် ကားနဲ့ပါ ကေအိုင်အေ တပ်ရင်း-၉ ဘက် ရိက္ခာနဲ့ အင်အားထပ်ဖြည့် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၉၉ နဲ့ ကေအိုင်အေ တပ်မဟာ-၄၊ တပ်ရင်း-၈ တို့အကြား ကွတ်ခိုင်-သိန္နီကြား ၃၈ မိုင် မန်ပြိန်းအနီးက ကောင်းခမ်းရွာ၊ လွယ်ဆမ်ဆစ်တောင်နားက နမ့်ပါချီးရွာအနီးတို့မှာ တိုက်ပွဲဖြစ်ပွားခဲ့သလို နမ့်ဖလွန်ရွာတောင်ဘက်မှာလည်း ကေအိုင်အေ တပ်မဟာ-၆ တပ်ရင်း-၉ နဲ့ စစ်ကောင်စီ ခလရ ၄၅ တို့အကြား တိုက်ပွဲဖြစ်ပွားလို့ အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ-မရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ် ကို ...
15/02/2023

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ-မရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ် ကို ကုလသမဂ္ဂမှာ လာမည့် မတ်လအတွင်းပြုလုပ် မည်

Myanma Platform ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၃

ကုလလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေကို စစ်ကောင်စီက လိုက်နာမှု ရှိ-မရှိ သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ် ကို ကုလသမဂ္ဂမှာ လာမည့် မတ်လအတွင်းပြုလုပ် သွားဖို့ရှိတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စနိုလင်းဟေဇာက လာမယ့် မတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကုလလုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီးယင်း အစီရင်ခံစာအပေါ် အများကြားနာ နိုင်မည့် တံခါးဖွင့်ဆွေးနွေးပွဲ တစ်ရပ်ဖြစ်အောင် လုပ်နေတယ်လို့ အမေရိကန် ဝါရှင်တန်ဒီစီမြို့တော်မှာ လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးကျော်မိုးထွန်းက ပြောတာပါ။

လက်ရှိမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က မြန်မာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ကို ပြန် လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံက တင်သွင်းတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် ဥပဒေမူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲအတည် ပြုလိုက်တာဖြစ်ပါတယ်။

ယင်းဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီအနေဖြင့် နှစ်ပေါင်း ၇၀ ကျော်အတွင်း မြန်မာ့အရေး နဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်ချမှတ်လိုက်တာဖြစ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ မဲခွဲဆုံးဖြတ်ရာမှာ တရုတ်၊ ရုရှား နဲ့ အိန္ဒိယ ၃ နိုင်ငံက မဲမပေးဘဲ နေခဲ့သော်လည်း ကျန်အဖွဲ့ဝင် ၁၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး မဲခွဲဆုံးဖြတ်ချက်အပေါ် စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံတကာ ငြိမ်းချမ်း ရေးနှင့် လုံခြုံရေးအပေါ် ထိခိုက်သက်ရောက်မှုမရှိဘဲ ပြည်တွင်းရေးသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထုတ်ပြန်ပြီး ကန့်ကွက်ထားပါတယ်။

အမေရိကန်လေပိုင်နက်အတွင်း ဝင်ရောက်လာသော အမျိုးအမည်မသိ အရာများကို လေ့လာရန် ပူးပေါင်းအဖွဲ့ ဘိုင်ဒင်တည်ထောင်မည်Popular News ...
15/02/2023

အမေရိကန်လေပိုင်နက်အတွင်း ဝင်ရောက်လာသော အမျိုးအမည်မသိ အရာများကို လေ့လာရန် ပူးပေါင်းအဖွဲ့ ဘိုင်ဒင်တည်ထောင်မည်

Popular News Journal ၊ ဖေဖော်ဝါရီ ၁၅ ၊ ၂၀၂၃

အမေရိကန် လေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာကြသည့် အမျိုးအမည်မသိသော အရာဝတ္ထုများကို လေ့လာရန်အတွက် ပူးပေါင်း စုံစမ်းလေ့လာရေးအဖွဲ့တစ်ဖွဲ့ကို သမ္မတဘိုင်ဒင်က တည်ထောင်ဖွဲ့စည်းမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ယနေ့တွင် သတင်းထုတ်ပြန်သည်။

“လုံခြုံရေးဆိုင်ရာ ဒါမှမဟုတ် လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အမျိုးအမည်မသိ ဝေဟင်အရာဝတ္ထုတွေကို ထောက်လှမ်းမှုနဲ့ ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာတွေ၊ မူဝါဒဆိုင်ရာ သက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပူးပေါင်းဖွဲ့တစ်ဖွဲ့တည်ထောင်ဖွဲ့စည်းဖို့ သမ္မတက သူ့ရဲ့အမျိုးသားလုံခြုံရေးအကြံပေးကနေတစ်ဆင့် ဒီနေ့ ညွှန်ကြားထားပါတယ်” ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ John Kirby က သတင်းထောက်များအား ပြောကြားခဲ့သည်။

အဖွဲ့တွင်"အစိုးရ၏အစိတ်အပိုင်းတိုင်း" ပါဝင်မည်ဖြစ်ပြီး "ဤဖြစ်ရပ်များကိုနားလည်ရန်နှင့် ထိုသို့ဝင်ရောက်မှုများလျော့ပါးစေရန်တို့သည် အဖွဲ့တည်ထောင်ခြင်းရည်ရွယ်ချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်" ဟုလည်း Kirby မှပြောကြားခဲ့သည်။

မိုးလေဝသပူဖောင်းများ သို့မဟုတ် ယခုသီတင်းပတ်ကုန်တွင် ပစ်ချခံရသည့် အရာဝတ္ထုများကဲ့သို့သော ပစ္စည်းများထုတ်လုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ငွေကျပ် ၁၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား လိုင်စင်မဲ့ကားများနှင့်အတူဖမ်းမိPopular News Jou...
14/02/2023

တာချီလိတ်မြို့တွင် ငွေကျပ် ၁၈ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား လိုင်စင်မဲ့ကားများနှင့်အတူဖမ်းမိ

Popular News Journal ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်းမှ ဖေဖော်ဝါရီ ၁၃ ရက်နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့၊ပါဆပ်ရပ်ကွက်၊လွန်းကျိုင်းရပ်ရှိ အမှတ်(၃/၁၂၂ _ ၁၂၃)နေအိမ်တို့အား ဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ စိုင်းရွက် အားနေအိမ်ခြံဝန်းအတွင်းရပ်ထားသည့် လိုင်စင်မဲ့ LIFAN ကားနှင့် Canter ကားတို့ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သန်းပြား နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၁၂ သန်းပြား၊အိုက်စ်(၂၀ ကီလို)စီပါ ဆာလာအိတ် ၂၅ အိတ်(စုစုပေါင်းငွေကျပ် ၁၈ ဘီလီယံကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သူအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ဘင်္ဂလားဒေ့ရှ်သွားမည်VOA ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃အမေရိကန် နိုင်ငံခြားရေးဝန်က...
14/02/2023

ကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ Derek Chollet ဘင်္ဂလားဒေ့ရှ်သွားမည်

VOA ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၄ နဲ့ ၁၈ အကြား သွားရောက်မှာ ဖြစ်ပါတယ်။ အကြီးတန်း အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံလက်တွဲဆောင်ရွက်ရေးနဲ့ ရည်မှန်းချက်တူ ဆောင်ရွက်ရေးတို့ အရေးကြီးပုံကို ဒီခရီးစဉ်မှာ ဆွေးနွေးသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့က သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ရိုဟင်ဂျာ ဒုက္ခသည်များ အကျပ်အတည်း၊ နိုင်ငံတကာ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေး နဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ တွဲဘက်ဆောင်ရွက်ရေး အကြောင်းတွေ ဆွေးနွေးသွားကြမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ပါကစ္စတန်မှာတော့ ကိုယ်စားလှယ်အဖွဲ့ ဟာ စီးပွါးရေးနဲ့ ရာသီဥတု အကျပ်အတည်း သက်ရောက်မှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူချင်း ဆက်ဆံမှုတိုးချဲ့ရေး ကိစ္စတွေကို တာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ပါကစ္စတန်နဲ့ ရှိထားပြီးဖြစ်တဲ့ လုံခြုံရေးဆိုင်ရာကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ပိုပြီး ခိုင်မာလာအောင် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက် က ဆိုပါတယ်။ Peshawar ဗလီကို အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားကို ပါးမှာ ဖြစ်သလိုနဲ့ ရေဘေးကနေ ပြန်လည်နလန်ထဖို့ ကြိုးစားနေတဲ့ ပြည်သူတွေနဲ့ အမေရိကန်က တသားတည်းရှိကြောင်းကိုလည်း ကိုယ်စားလှယ်အဖွဲ့က ပြောကြားမှာ ဖြစ်ပါတယ်။

ယူကရိန်းစစ်သားများ ဂျာမနီလုပ်ခေတ်မီ Leopard တင့်ကားအသုံးပြုနည်းကို ပိုလန်တွင် အချိန်တိုအတွင်း အမြန်သင်ယူEleven Media Gro...
14/02/2023

ယူကရိန်းစစ်သားများ ဂျာမနီလုပ်ခေတ်မီ Leopard တင့်ကားအသုံးပြုနည်းကို ပိုလန်တွင် အချိန်တိုအတွင်း အမြန်သင်ယူ

Eleven Media Group ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

ရှေ့တန်းမှ ပိုလန်စစ်အခြေစိုက်စခန်းကို တိုက်ရိုက်ရောက်လာသော ယူကရိန်းစစ်သားများက ဖေဖော်ဝါရီ ၁၃ ရက်တွင် Leopard တင့်ကားများကို ချီးကျူးခဲ့ကြပြီး ၎င်းတို့သည် သင်တန်းဆရာများ သင်ကြားပြသသည်ကို အသေးစိတ်သင်ယူလျက်ရှိသည်ဟု အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားသည်။

“ဒီကနေ့အထိတော့ တင့်ကားဟာ အရည်အသွေး အလွန်မြင့်တယ်၊ အလွန်ကောင်းတယ်လို့ပြောနိုင်ပါတယ်” ဟု ယူကရိန်းဗိုလ်မှူးဗာဒမ်ခိုဒက်က ပိုလန်အနောက်တောင်ပိုင်း ဆွီတိုဇိုးရွာက သင်တန်းသို့ရောက်လာသော သတင်းထောက်များကို ပြောကြားသည်။

“ကျွန်တော် သဘောကျတဲ့အချက်ကတော့ ကျွန်တော်တို့စစ်သားတွေက Leopard တင့်ကားကို တော်တော်သဘောကျနေတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ ယူကရိန်းစစ်သား ၁၀၅ဦးသည် ပိုလန်၊ ကနေဒါ၊ နော်ဝေဆရာတို့ထံမှ သင်ယူနေသည်ဟု ဆိုသည်။

ယူကရိန်းနှင့် အခြားနိုင်ငံများက မမောနိုင်မပန်းနိုင် ဆော်သြခဲ့ကြသောကြောင့် ဂျာမနီသည် ဂျာမနီလုပ် ခေတ်မီ Leoprad တင့်ကားများကို ယူကရိန်းထံပို့ပေးရန် မကြာမီက ခွင့်ပြုပေးခဲ့သည်။

ဂျာမနီနှင့် ဂျာမနီမဟာမိတ်များသည် ဧပြီလလောက်တွင် ပထမဆုံးတင့်ကားတပ်ရင်းကို ပို့ပေးရန် ရည်ရွယ်ထားကြောင်း လွန်ခဲ့သောသီတင်းပတ်တွင် ဂျာမနီကာကွယ်ရေးဝန်ကြီးဘော်ရစ်ပစ်စတိုးရီးယက်စ်က ပြောကြားခဲ့ပြီး အခြားမဟာမိတ်များကလည်း ယခုနှစ်နှောင်းပိုင်းတွင်လည်းကောင်း၊ နောင်နှစ်တွင်လည်းကောင်း တင့်ကားများ ပို့ပေးမည်ဟု ဆိုသည်။

တင့်ကားများသည် မိမိတို့စစ်တပ်အတွက် ကြီးကြီးမားမားအထောက်အပံ့ဖြစ်မည်ဟု ခိုဒက်က ပြောကြားသည်။

“ဒီတင့်ကားတွေနဲ့အတူ ကျွန်တော်တို့ရှေ့တန်းထွက်တဲ့အခါ တင့်ကားတွေဟာ ကျွန်တော်တို့စစ်သားတွေရဲ့အသက်တွေကို ကယ်ပေးပါလိမ့်မယ်၊ ကျွန်တော်တို့ကို အောင်ပွဲနဲ့ပိုနီးစပ်လာစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

ယင်းသင်တန်းကို ရောက်ရှိလာသော ပိုလန်သမ္မတအန်ဒရေဒူဒါက ရုရှားကျူးကျော်မှုကို တိုက်ထုတ်နေသော ယူကရိန်းစစ်သားများကို ကြိုဆိုဂုဏ်ပြုခဲ့သည်။

“ဒီမှာရောက်နေသူတွေဟာ ယူကရိန်းရှေ့တန်းကနေ တိုက်ရိုက်ရောက်လာကြတဲ့ အတွေ့အကြုံအလွန်များတဲ့ တင့်ကားမောင်းသူတွေဖြစ်ပါတယ်” ဟု ပိုလန်သမ္မတက ပြောကြားခဲ့သည်။

သင်တန်းသည် ပုံမှန်အားဖြင့် နှစ်လကြာမည်ဖြစ်သော်လည်း ယူကရိန်းစစ်သားများမှာ တစ်လတည်းနှင့် အမြန်သင်ကြရမည်ဖြစ်သည်။ နှစ်လသင်တန်းကို တစ်လတည်းဖြင့်သင်ယူကြရမည်ဖြစ်သော်လည်း သင်ကြားပေးမည့် နာရီအရေအတွက်နှင့် သင်ပေးမည့်အကြောင်းအရာတို့သည် အတူတူပင်ဖြစ်သည်ဟု သိရသည်။

ယူကရိန်းစစ်သားများသည် တနင်္လာမှ သောကြာအထိ တစ်ရက်ကို ၁၀ နာရီမှ ၁၂ နာရီနီးပါး လေ့ကျင့်ကြရမည်ဟု ပိုလန်လူမျိုး သင်တန်းဆရာခရာဇာတော့ဆီရာစကီးက သတင်းထောက်များကို ပြောကြားသည်။ လတ်တလောတွင် စစ်သားစုစုပေါင်း ၁၀၅ ဦးကို သင်ကြားပေးနေသည်ဟု ဆိုသည်။

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြောVOA ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃စင်္ကာပူနိ...
14/02/2023

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

VOA ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အဲဒီ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့မှာ ပြောပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ ထည့်သွင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ စင်္ကာပူ လွှတ်တော်အမတ် Dennis Tap က လွှတ်တော်အမေးအဖြေကဏ္ဍမှာ မေးခဲ့တာကို ဝန်ကြီး Balakrishnan ပြန်လည် ဖြေကြားခဲ့တာပါ။

မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုမှာ SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူကုမ္ပဏီတွေ ပါဝင်ပတ်သက်နေခြင်းရှိမရှိ အာဏာပိုင်တွေက အသေအချာ စစ်ဆေးခဲ့ခြင်းရှိမရှိ လွှတ်တော်အမတ် Dennis Tap က မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး စင်္ကာပူနိုင်ငံက ခွင့်ပြုတာမရှိကြောင်း SAC-M ရဲ့ အစီရင်ခံစာထွက်ပြီး ရက်ပိုင်းအတွင်းမှာဘဲ ဝန်ကြီး Balakrishnan က ပြန်လည် ဖြေကြားခဲ့ပြီးလည်း ဖြစ်ပါတယ်။ စင်္ကာပူက မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်ဆက်နွယ်မှုတွေဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းကလို့ ဆိုပါတယ်။

တရုတ်အနေဖြင့်  အခြားနိုင်ငံများ၏ နယ်မြေပိုင်နက်ကို လေးစားသင့်ဟု အာဏာရှင် ကန့်ကွက်ရေးအဖွဲ့အစီရင်ခံစာ၌ ဖော်ပြMizzima - New...
14/02/2023

တရုတ်အနေဖြင့် အခြားနိုင်ငံများ၏ နယ်မြေပိုင်နက်ကို လေးစားသင့်ဟု အာဏာရှင် ကန့်ကွက်ရေးအဖွဲ့အစီရင်ခံစာ၌ ဖော်ပြ

Mizzima - News in Burmese ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

တိဗက်ကို သိမ်းပိုက်ပြီးကတည်းက တရုတ်အား စစ်ရေးနယ်ချဲ့သည့်နိုင်ငံအဖြစ် ယေဘုယျအားဖြင့် ရှုမြင်ထားကြပြီး အိန္ဒိယနယ်စပ်တစ်လျှောက် မကြာသေးမီက ဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခများသည် တရုတ်၏ သဘောထားကို ဖော်ပြနေကြောင်း Voices Against Autocracy (VAA) က ပြောသည်။

တရုတ်၏ ရန်လိုသော နယ်ချဲ့မူဝါဒများကို ခုခံကာကွယ်ရန် ဝံပုလွေစစ်သည်တော်များကို ထားရှိမည့်အစား တရုတ်အနေဖြင့် သဘောထားကို ပြောင်းလဲကာ အခြားနိုင်ငံများ၏ နယ်မြေပိုင်နက်စိုးမိုးမှုကို လေးစားသင့်သည်ဟု VAA ကဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က အိန္ဒိယနှင့် တရုတ်နယ်စပ်တွင် တပ်စွဲထားသည့် တရုတ်စစ်တပ် (PLA) မှ တပ်ဖွဲ့ ဝင်များနှင့် တွေ့ဆုံကာ တိုက်ခိုက်ရေးအဆင်သင့်ဖြစ်မှုအား စစ်ဆေးပြီး ရက်ပိုင်းအကြာတွင် အမေရိကန်နိုင်ငံ ခြားရေးဌာန၏ အဓိကပြောရေးဆိုခွင့်ရှိသူက တစ်ဖက်သတ်ကြိုးပမ်းမှုများနှင့် အစစ်အမှန်ထိန်းချုပ်မျဉ်း (LAC) အားကျူးကျော်မှုများကို ကန့်ကွက်ကြောင်း လူတွေ့မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

တရုတ်သမ္မတက စစ်ရေးအဆင်သင့်ဖြစ်မှုနှင့် စွမ်းဆောင်ရည်စစ်ဆေးခြင်းကို အိန္ဒိယအား သတင်းစကားပါးသည့်ပုံစံအဖြစ် လုပ်ဆောင်နေသော်လည်း ယင်းက တန်ပြန်အကျိုးခံစားရမည်ဖြစ်ကြောင်း Voices Against Autocracy က ဖော်ပြခဲ့သည်။

"နယ်စပ်နဲ့ အစစ်အမှန်ထိန်းချုပ်မျဉ်းကို စစ်ဘက်က ဖြစ်ဖြစ်၊ အရပ်ဘက်က ဖြစ်ဖြစ် ကျူးကျော်ပြီး နယ်မြေ ပိုင်ဆိုင်မှု တောင်းဆိုတဲ့ တစ်ဖက်သတ် ကြိုးပမ်းမှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။" ဟု အမေရိ ကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗီဒန့်ပတေးက ပြောကြားခဲ့သည်။

တရုတ်သည် နယ်စပ်ကျေးရွာများကိုလည်း အရှိန်အဟုန်ဖြင့် တည်ဆောက်နေကြောင်း အမ်အမ်နာရာဗမ်က အိန္ဒိယစစ်ဦးစီးချုပ်ဟောင်းက ပြောကြားခဲ့သည်။

အိန္ဒိယ၏ ဆစ်ကင်းပြည်နယ်နှင့် ထိစပ်သော အိန္ဒိယ-တရုတ်-ဘူတန်နယ်စပ်ရှိ သုံးပွင့်ဆိုင်လမ်းဆုံအနီး ဒေါ့ခ်လမ်တွင် တရုတ်က ၂၀၁၇ ခုနှစ်၌ နယ်မြေချဲ့ထွင်ရန် ကြိုးစားခဲ့ရာတွင် အိန္ဒိယအား လျှော့တွက်ခဲ့သည်ဟု VAA က ဖော်ပြခဲ့သည်။

ညောင်လေးပင် ဘူတာရုံ၌ ဗုံးပေါက်ကွဲ၍ ၃ ဦးသေ ဆုံး၊ ၉ ဦးဒဏ်ရာရရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်GEM ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃ပဲခူးတ...
14/02/2023

ညောင်လေးပင် ဘူတာရုံ၌ ဗုံးပေါက်ကွဲ၍ ၃ ဦးသေ ဆုံး၊ ၉ ဦးဒဏ်ရာရရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်

GEM ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

ပဲခူးတိုင်းဒေသကြီး၊ညောင်လေးပင်မြို့နယ်၊ ညောင် လေးပင် ဘူတာရုံ၌ ဖေဖော်ဝါရီ ၁၃ ရက်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ ၃ ဦး သေဆုံးပြီး၊ ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန် လိုက်သည်။

၎င်းမိုင်းပေါက်ကွဲမှုမှာ ညောင်လေးပင်ဘူတာ၊ အ မှတ် ၁ စင်္ကြံ ပလက်ဖောင်းပေါ်၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးသေ ဆုံးကာ၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့မှာ ဒဏ်ရာရရှိခဲ့သဖြင့် ညောင်လေးပင်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု ဖော်ပြထားသည်။

သေဆုံးသူများမှာ ကိုသက်နိုင်ထွန်း (၃၁ နှစ်)၊ မလဲ့ လဲ့အေး (၃၆ နှစ်)၊ မနွဲ့နွဲ့ဝင်း(၄၂ နှစ်)တို့ဖြစ်ကြပြီး၊ တောင်တွင်းကြီးမြို့မှ ညောင်လေးပင်မြို့၌ အလုပ်လုပ်ကိုင်နေသူများဖြစ်သည်ဟု ညောင်လေးပင်အ ခြေစိုက် လူမှုကူညီရေး အသင်းထံမှ သိရသည်။

ဒဏ်ရာရရှိသူများကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တခြားတာဝန်ရှိသူ များကသွားရောက်စစ်ဆေးခဲ့ကြပြီး၊ ငွေများထောက်ပံ့ခဲ့ကြသည်ဟု ရေးသားထားသည်။

ယင်းအပြင် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူး လွန်ခဲ့သည့်တရားခံများကိုဖမ်းဆီးနိုင်ရန် စစ်ကောင် စီ လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုနဲ့ တရားထပ်စွဲRFA Burmese ၊ ဖေဖော်ဝါရီ ၁၄ ၊၂၀၂၃ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ...
14/02/2023

စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကြမ်းဖက်မှုနဲ့ တရားထပ်စွဲ

RFA Burmese ၊ ဖေဖော်ဝါရီ ၁၄ ၊၂၀၂၃

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အကြံပေး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက် ရုံးချိန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂(က) နဲ့ ထပ်တိုးတရားစွဲလိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ပုဒ်မ - ၅၀၅ (က)၊ မတရားအသင်းအက်ဥပဒေ ပုဒ်မ - ၁၇(၁) တို့နဲ့ တရားစွဲထားတာပါ။

NUG နဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ - ၅၂(က) နဲ့ထပ်မံတရားစွဲခဲ့တာဖြစ်တယ်လို့ အမှုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဒေါင်နန်းက ပြောပါတယ်။

"NUG သမ္မတရယ်၊ သယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်ရယ်၊ ပညာရေးဝန်ကြီး ဆရာမဂျာထွယ်ပန်ရယ်ကို လိုင်ဇာမှာ သွားတွေ့လို့၊ ဆုတောင်းပေးလို့ ဆိုပြီး အကြမ်းဖက်နဲ့ အမှုထပ်ဖွင့်လိုက်တာပေါ့။ တရားသူကြီးက အမှုထပ်တိုးဖွင့်ကြောင်း ကြောညာပါတယ်"

စစ်ကောင်စီက ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ရက်က ဖမ်းဆီးခဲ့တာပါ။ ယခုအချိန်ထိ မိသားစုဝင်တွေဟာ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တွေ့ခွင့်မရသေးဘူးလို့ ဆိုပါတယ်။

မွေးရာပါ အဆုတ်ရောင်ရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းမှာ ပန်းနာရင်ကျပ်ဖြစ်ပြီး ကျန်မာရေးမကောင်းဖြစ်နေတယ်လို့ ကြားသိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

ဘန်ကောက်တွင် ဆောက်လက်စတိုက်ပြိုကျ ရွှေ့ပြောင်းလုပ်သား ၅ ဦး ဒဏ်ရာရDVB ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့...
14/02/2023

ဘန်ကောက်တွင် ဆောက်လက်စတိုက်ပြိုကျ ရွှေ့ပြောင်းလုပ်သား ၅ ဦး ဒဏ်ရာရ

DVB ၊ ဖေဖော်ဝါရီ ၁၄ ၊ ၂၀၂၃

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ဟွေ့ခွမ်နယ်မြေ၊ ဘန်ကပိမြို့၊ ကမ်ဖိုင်ဖစ် ၇ လမ်းထဲမှာ ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက ဆောက်လက်စတိုက်ပြိုကျပြီး မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သားတွေ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါနေရာဟာ တိုက်ခန်းနဲ့ ရုံးခန်းတွေဖွင့်ဖို့ ဆောက်လုပ်နေတဲ့ဇုန်တခု ဖြစ်ပြီး ၅ လုံးမြောက် ဆောက်လက်စ ၄ ထပ်တိုက် ပြိုကျတာဖြစ်ကြောင်း၊ အဲဒီမှာ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ၁၃၀ ကျော် အလုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက သတင်းထောက်ကို ပြောပါတယ်။

တိုက်မပြိုခင် သံဘားတန်းတချို့ ကွေးကျလာတာကို အလုပ်သမား ၁ ဦးကအောက်ကနေ လှမ်းမြင်လို့ အော်ဟစ်သတိပေးခဲ့ကြောင်း၊ ဒါကြောင့် အလုပ်သမားတွေ လုပ်လက်စ အလုပ်ပစ်ပြီး ထွက်ပြေးကြစဉ် အဆောက်အဦ ပြိုကျလာတာလို့ ဆိုပါတယ်။

ဟွေ့ခွမ်နယ်မြေရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာပြီး ဒဏ်ရာရသူ ပျောက်ဆုံးသူတွေ ရှာဖွေခဲ့ကြောင်း၊ ရွှေ့ပြောင်းလုပ်သား ၂ ဦး နဲ့ အလုပ်သမ ၃ ဦးတို့ ဒဏ်ရာရပြီး ဆေးရုံ ပို့ပေးခဲ့တယ်လို့ အလုပ်သမားကြီးကြပ်သူက ပြောပါတယ်။

ဆက်လက်ပြီး အပျက်အစီးအုတ်ပုံတွေကြားမှာ ပိနေသူတွေကို စက်ကိရိယာနဲ့ ရှာဖွေခဲ့ကြောင်း၊ စက်ထဲမှာ သက်ရှိ အသက်ရှူသံ လှုပ်ရှားညည်းတွား သံတစုံတရာမရှိသလို ပျောက်ဆုံး အလုပ်သမားတွေလည်း မရှိတော့တာကြောင့် အဲဒီညမှာပဲ ရှာဖွေရေးလုပ်ငန်း ရပ်စဲလိုက်ပါတယ်။

အဆိုပါဧရိယာတဝိုက်ကိုတော့ အန္တရာယ်ရှိ ကန့်သတ်နယ်မြေအဖြစ် တားဆီးထားပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေလည်း ရက်အကန့်အသတ်မရှိ ခေတ္တရပ်နားထားရပါတယ်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းဟာ ခွင့်ပြုချက်နဲ့ တရားဝင်ဆောင်ရွက်နေတာဖြစ်ပေမဲ့ အပေါ်ထပ်မှာ ဘိလပ်မြေအိတ်တွေကို ဖြန့်ကြက်မထားဘဲ တနေရာတည်း သွားပုံထားတာကြောင့် ဝန်ပိပြီး ပြိုကျသွားတာလို့ ဘန်ကောက် သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

လောလောဆယ် တာဝန်ရှိသူတွေက သက်ဆိုင်ရာ အင်ဂျင်နီယာနဲ့ ဖိုမင် (အလုပ်ကြီးကြပ်သူ) တွေကို ခေါ်ယူစစ်ဆေးနေပြီး လိုအပ်သလို အရေးယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက် နောက်ဆက်တွဲသတင်းအရ ဆေးရုံပေါ် တက်ရောက်ကုသနေတဲ့ ရွှေ့ပြောင်းလုပ်သား ၅ ဦးလုံး ကမ္ဘောဒီးယားအလုပ်သမားတွေဖြစ်ကာ ဆေးရုံကဆင်းလာကြပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

Address

Yagon

Website

Alerts

Be the first to know and let us send you an email when New Vision International News Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Vision International News Collection:

Share