𝐀𝐥𝐥 𝐚𝐛𝐨𝐮𝐭 𝐅𝐨𝐨𝐝

  • Home
  • Myanmar
  • Yagon
  • 𝐀𝐥𝐥 𝐚𝐛𝐨𝐮𝐭 𝐅𝐨𝐨𝐝

𝐀𝐥𝐥 𝐚𝐛𝐨𝐮𝐭 𝐅𝐨𝐨𝐝 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐀𝐥𝐥 𝐚𝐛𝐨𝐮𝐭 𝐅𝐨𝐨𝐝, Digital creator, Yagon.

မိုး‌တွေအေးလာပြီဆို စပိုက်စီအနက်ရောင်လေးနဲ့မှပြည့်စုံတာမျိုး 🍜
18/04/2025

မိုး‌တွေအေးလာပြီဆို စပိုက်စီအနက်ရောင်လေးနဲ့မှပြည့်စုံတာမျိုး 🍜

 Part 2
03/04/2025


Part 2

 Part 1
02/04/2025


Part 1

မီးမလာရင် စားဖို့လုပ်ထားနိုင်တာ​လေး​တွေ အပိုင်း ၁ ။

ကျမတွေးမိတာလေးပါ။
မီးပျက် ရေပျက် နေပူ ခက်ခဲနေပေမဲ့အသက်ဆက်ဖို့အတွက် စားဖို့သောက်ဖို့က တော့နေ့စဉ်လုပ်နေရဦးမဲ့အရာတွေပါ။

အပြင်စာ အမြဲဝယ်စားဖို့လည်း မလွယ်ဘူး။ လွယ်ဦးတော့ ပိုက်ဆံပိုကုန်မယ် မိမိဘာသာ လုပ်သလောက် မသန့်နိုင်ဘူး။

အဲဒီတော့ အတတ်နိုင်ဆုံး အလုပ်ကိုချုံ့ပစ်ရမယ်။ ကြာရှည်ထားလို့ရမဲ့ စားစရာလေးတွေ ဦးစားပေးလုပ်ရလိမ့်မယ်။

ကျမ အနေနဲ့ ဝင်ခံစားစဉ်းစားပြီး လုပ်နိုင်တာလေးတွေ ချရေးပေးလိုက်ပါတယ်။ စာဖတ်သူတို့ စဉ်းစားမိတာလေးတွေလည်း ချရေးပေးသွားရင် အားလုံးအတွက်ပို အဆင်ပြေသွားမှာမို့ ကွန်မန့်မှာ ရေးပေးခဲ့ပါနော်။

အခုစဉ်းစားမိတာလေးတွေ

-လက်ဖက်နဲ့စားတတ်ရင် လက်ဖက်နှပ်ထားပါ။

-လက်ဖက်အဆာ ပြန်ကြော်လေးတွေ ပဲဆီလေး ဆားလေးနဲ့ နယ်ပြီး လေလုံပုလင်းထဲထဲ့ထားပါ။ ထမင်းရှိရင် နယ်စား ကြက်သွန်စိမ်းလေးကိုက်စား တနပ်တလေ။

- အချဉ်ပါမှ စားတတ်ရင် ထမင်းရည်၊ သို့ဆန်ဆေးရည် ဆား ထမင်းတဆုပ်လောက်ထဲ့ ပြီး နှစ်သက်တဲ့အသီးအရွက်လေးတွေ အချဉ်တည်ထားပါ။ ပရိုဘိုင်အိုတစ်လည်းရတော့သန့်ရှင်းစွာလည်းစားရပြီး ကျန်းမာရေးအတွက်အဆင်ပြေမယ်။ တချက်ခုတ်သုံး
ချက်ပြတ်။ ပဲတီချဉ်ဆို မြန်တယ်။ သုပ်စားကြော်စားလည်းရတယ်။

-မီးလာတဲ့အချိန်မှာ ဖြူနီဆီချက်ချက်ပြီး ပုလင်းသန့်ထဲထဲ့ထား။ ပဲကျက်မှုန့်ဝယ်ထား။ ပုစွန်ခြောက်ကြိတ်ပြီး ပုလင်းသန့်ထဲထဲ့ထား။ မန်ကျည်းသီးမှဲ့ဆောင်ထား။ ငံပြာရည်ကတော့ အိမ်တိုင်းရှိမှာပါ။ ငရုပ်သီးအလှော်မှုန့် ပုလင်းသန့်ထဲ့ထဲ့ထား။ ဆီနီလေးဆောင်ချင်ရင် ပန်းကန်ထဲငရုပ်သီးမှုန့်အစိမ်းမှုန့်ထဲ့ပြီး အလောတော်ပူနေတဲ့ ဆီပူ လောင်းချပြီးမွှေပေး။ ဆီနီလေးရပြီ။ ဆီအရမ်းပူရင်ကြွမ်းကုန်မယ်နော်။

-ဒါတွေ အသင့်လုပ်ထားရင် ဘာဘဲသုပ်စားသုပ်စား အမြန်သုပ်လို့ရပါတယ်။
ထမင်းသုပ်၊ မြင်းခွါရွက်သုပ်၊ မုန့်ဖတ်သုပ်၊ ကြာဆံသုပ်၊ ခေါက်ဆွဲသုပ်၊ စျေးက တိုဟူး မုန့်ဖတ် ခေါက်ဆွဲလေး ဝယ်လာပြီးသုပ်။

-ပုန်းရည်ကြီးကြိုက်တတ်ရင် ပုန်းရည်ကြီး ဆောင်ထား။ ပရက သပ်သပ်သုပ်ရင်သုပ် ထမင်းနဲ့ ရောသုပ်ရင်သုပ်ပေါ့နော်။

-ငပိကြော်၊ ငံပြာရည်ကြော် ၊ ငပိ​ကောင်​ေကြာ်၊ ငါးခြောက်ကြော် တာရှည်ခံတာလေး ကြော်ရင်ကြော်ထား ဝယ်ရင်ဝယ်ထား။ ပုလင်းသန့်ထဲ ထဲ့ထားနော်။

-တပါတ်စာလောက်ဆို ချဉ်ပေါင်ကြော်၊ မရမ်းသီးကြော်၊ သရက်သီးကြော်၊ မန်ကျည်းသီးစိမ်းကြော် လိုမျိုးလေး ကြော်ထားနိုင်ပါတယ်။

-ငပိထောင်းလေးထောင်းထား။ ငပိလေးမီးဖုတ်ပြီး ပဲဆီလေးဆမ်းထား။ အရေးပေါ် ငပိလေးကို ကြက်သွန်စိမ်း ငရုပ်စိမ်း နံနံပင် သံပုရာသီး ရှောက်သီးလေးညှစ်သုပ်စားနိုင်ပါတယ်နော်။

-ငါးခြောက်ဖုတ်မျိုးစုံ သင့်ရာ တန်ရာ ဝယ်ဆောင်ထား။ ဖုတ်ထားနိုင်ပါတယ်။

-ငပိရည်နဲ့စားရတာ ထမင်းမြိန်တဲ့သူက အဆင်​ပြေတဲ့အချိန် ငပိရည်သက်သက် ကျိုထား။ မီးမလာတဲ့အချိန် အဖုံး​လေး ဟထား။ ကြက်သွန်ဖြူတို့ ခရမ်းချဉ်သီးတို့ ငရုပ်စိမ်းတို့ဘာမှ မထဲ့ထားပဲ ထား။ စားခါနီးမှ တခါစား စာ​လောက် အဲဲဒါ​တွေထဲ့စား။ အကျက်မှုန့်ဆိုရင်​တော့ အထားခံတယ်​နော်။

-ထမင်းကြမ်း ပိုတာတွေ ပူနေတဲ့ နေ အသုံးချပြီး အခြောက်လှမ်း။ မီးအဆင်ပြေချိန်မှာ ကြော်ပြီး လေလုံပုလင်းသန့်ထဲထဲ့ထား။ စားလို့လည်းကောင်း စားပြီးရေသောက်လိုက်ရင်အဆာပြေဗိုက်ဝတယ်နော်။

လောလောဆယ်တော့ ဒါလေးဘဲ။ စဉ်းစား
လို့ရသလောက် ထပ်ဖြည့်သွားမယ်လေ။

ချွင်းချက်။ ။ ⛔️တာရှည်ခံစာ​တွေက ငန် တာများလို့ တချိန်တည်း မှာ လုပ်ထား​ဆောင်ထားတဲ့ အငန်စာ တွေ​တော့ စုပြီး အများကြီး မစားမိဖို့​တော့ သတိရှိကြပါ​နော်။⛔️

အားလုံးဘဲ အားတင်းထားကြပါ။ တဦးနဲ့တဦး ဖေးမ ကူရင်း အခက်အခဲတွေ ကျော်ဖြတ်ကြမယ်နော်။

Address

Yagon

Website

Alerts

Be the first to know and let us send you an email when 𝐀𝐥𝐥 𝐚𝐛𝐨𝐮𝐭 𝐅𝐨𝐨𝐝 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share