20/06/2025
LGBTQ+ တို့ရဲ့ စစ်မှန်တဲ့ ရင်တွင်းစကားသံတွေကို တင်ဆက်ပေးနေတဲ့ Yin Kone Than - ရင်ခုန်သံ ဟာ ဒီနေ့ မှာ ၂နှစ် ပြည့်ခဲ့ပါပြီ။ 🎉🎉
ဒီခရီးမှာ သူငယ်ချင်းလေးတို့အတွက် စိတ်ဝင်စားစရာ သတင်းအချက်အလက်တွေကိုလည်း ဝေမျှပေးခဲ့သလို သိသင့်တဲ့အကြောင်းအရာတွေ ၊ စိတ်အားတက်ဖွယ် နဲ့ အတုယူဖွယ် ဗီဒီယိုတွေကိုပါ တင်ဆက်ပေးနေလျက် ရှိပါတယ်။ ဒါ့အပြင် ရုပ်ရှင်ပံ့ပိုးမှုများ ၊ ဓာတ်ပုံသင်တန်း / ပြိုင်ပွဲတွေအပြင် ဝတ္ထုတိုပြိုင်ပွဲများပါ ကျင်းပနိုင်ခဲ့ပါတယ်။
၂နှစ်တာ အတွင်းမှာ Yin Kone Than - ရင်ခုန်သံ အနေနဲ့ Facebook အပြင် YouTube, Telegram, Instagram မှာပါ ဖြန့်ကြက်နိုင်ခဲ့ပြီး Facebook follower လည်း 10K ကျော်ခဲ့ပါပြီ။ ဒီလိုအောင်မြင်မှုတွေဟာ သူငယ်ချင်းလေးတို့ရဲ့ အားပေးမှုသာ မရှိရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် LGBTQ+ အသိုင်းအဝိုင်း၊ Ally တွေနဲ့ မပြတ်အားပေးနေတဲ့သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Yin Kone Than - ရင်ခုန်သံ က အားလုံးပါဝင်နိုင်မယ့် အစီအစဉ်လေး တစ်ခု ပြင်ဆင်ထားပါတယ်။ ၂နှစ်တာ အတွင်းမှာ Yin Kone Than - ရင်ခုန်သံ အနေနဲ့ Facebook အပြင် YouTube, Telegram, Instagram, မှာပါ ဖြန့်ကြက်နိုင်ခဲ့ပြီး Facebook follower လည်း 10K ကျော်ခဲ့ပါပြီ။ ဒီလိုအောင်မြင်မှုတွေဟာ သူငယ်ချင်းလေးတို့ရဲ့ အားပေးမှုသာ မရှိရင် ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဒါကြောင့် LGBTQ+ အသိုင်းအဝိုင်း၊ Ally တွေနဲ့ မပြတ်အားပေးနေတဲ့သူတိုင်းကို ကျေးဇူးအထူးတင်ပါတယ်။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Yin Kone Than - ရင်ခုန်သံ က အားလုံးပါဝင်နိုင်မယ့် အစီအစဉ်လေး တစ်ခု ပြင်ဆင်ထားပါတယ်။
📍Yin Kone Than - ရင်ခုန်သံ ရဲ့ YouTube နဲ့ Instagram ကို follow & subscribe လုပ်ပါ။
📍ယခု Facebook ပို့စ်ကို Like & Share လုပ်ပြီး screenshot ရိုက်ထားပေးပါ။
📍Yin Kone Than - ရင်ခုန်သံရဲ့ ဗီဒီယို တွေထဲက သင် အနှစ်သက်ဆုံး တပုဒ်ကို ရွေးချယ်ပြီး ဘာကြောင့် နှစ်သက်တာလဲ ဆိုတာကို ခုနက screenshot နဲ့အတူ ယခု ပို့စ်အောက်မှာ comment မန့်ပေးပါ။
📢ဇွန်လ ၂၈ရက်နေ့ ၊ နေ့လယ် ၁၂နာရီနောက်ဆုံးထား ရရှိထားတဲ့ comment တွေကိုသာ အတည်ယူမှာ ဖြစ်ပါတယ်။ အဆင့် (၃)ဆင့်လုံး သေချာလုပ်ပြီး ပါဝင်ပေးတဲ့ comment တွေထဲက အယောက် (၂၀) ကို မဲနှိုက်ရွေးချယ်ပြီး ဖုန်းဘေလ် (၅၀၀၀) ကျပ်စီ မဲဖောက်ပေးသွားမှာပါ။
ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ အကြောင်းအရာတွေကို တင်ဆက်ပေးနိုင်အောင် Yin Kone Than - ရင်ခုန်သံ ကလည်း ဆက်လက် ကြိုးစားသွားပါဦးမယ်။ LGBTQ+ တို့အတွက် ပိုမိုကောင်းမွန်တဲ့ ၊ လုံခြုံစိတ်ချရတဲ့ ၊ နားလည်လက်ခံမှုတွေနဲ့ ရပ်ဝန်းကို အတူတူ ဆက်လက်ဖန်တီးကြရအောင်။
#ရင်ခုန်သံ