လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့

  • Home
  • Myanmar
  • Yagon
  • လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့

လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့, Media/News Company, Yagon.

Eid Al-adha Mubarak
07/06/2025

Eid Al-adha Mubarak

As-salamu alaykumAlhumdulliahလကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အနေဖြင့် Hijri 1446 ခုနှစ် ဇွလ်ဟိဂျ်၏ ဆန်းဦးလကို...
28/05/2025

As-salamu alaykum

Alhumdulliah

လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အနေဖြင့် Hijri 1446 ခုနှစ် ဇွလ်ဟိဂျ်၏ ဆန်းဦးလကို ကော့သောင်းမြို့မှတွေ့မြင်ရကြောင်း ကနဦးသတင်းရရှိပါသည်။

လာမည့် မေလ ၂၈ ရက် ညနေပိုင်းမှာ လကြည့်ကြမည့် အစ္စလာမ်ဘာသာဝင်များအတွက် - မေလ ၂၇ ရက်နေ့မှာ ဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန...
26/05/2025

လာမည့် မေလ ၂၈ ရက် ညနေပိုင်းမှာ လကြည့်ကြမည့် အစ္စလာမ်ဘာသာဝင်များအတွက် -
မေလ ၂၇ ရက်နေ့မှာ ဖြစ်လာနိုင်မည့် လေဖိအားနည်းရပ်ဝန်းအရှိန်သက်ရောက်မှုကြောင့် တနိုင်ငံလုံးမှာ တိမ်ထုဖြစ်ပေါ်မှု 100% ရှိနေပါမယ်။

အမြင့်ပေ ၅၀၀၀ မှာ အနောက်တောင်ဘက်မှ လေတိုက်နှုန်း တနာရီ မိုင် ၄၀ ကျော် ခန့်တိုက်နိုင်ပြီး ရေပြင်ညီအမြင့်မှာတော့ တနာရီ ၁၀ မိုင်နှင့်အထက် တိုက်နိုင်ပါမယ်။

ဒါကြောင့် ဖြစ်ပေါ်လာသော ထူးခြားသည့်မိုးလေဝသအခြေအနေအရ လ ကြည့်ရန်နှင့် လ မြင်နိုင်ရန် အခက်အခဲရှိနိုင်မည်ဖြစ်ပြီး၊ အထပ်အမြင့်ပိုင်းတွေမှာ လေတိုက်နှုန်းပြင်းထန်နိုင်မည်ဖြစ်တာကြောင့်လဲ သတိပြုဆင်ခြင်နိုင်ကြပါရန်အသိပေးတင်ပြလိုက်ပါတယ်။

(မေလ ၂၆ ရက် - ညနေ ၆ နာရီ)

Credit Sayar U Win Naing

As-salamu alaykum ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ဇွလ်ကအ်ဒဟ်လ ၂၉ ရက် (၂၈၊၅၊၂၀၂၅) နေ့တွင် ဇွလ်ဟိဂျ်လ၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက်...
26/05/2025

As-salamu alaykum

ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ဇွလ်ကအ်ဒဟ်လ ၂၉ ရက် (၂၈၊၅၊၂၀၂၅) နေ့တွင် ဇွလ်ဟိဂျ်လ၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက် အထောက်အကူပြု အချက်အလက်များကို အောက်ဖော်ပြပါစာရင်းတွင် လေ့လာနိုင်ပါသည်။

New Moon လဖွားချိန်မှာ ၂၇၊၅၊၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် 9:32 AMတွင်ဖြစ်၍ ၂၈၊၅၊၂၀၂၅ ရက်နေ့ နေဝင်ချိန်တွင် New Moon လသက်တမ်းမှာ ၃၃ နာရီခန့်ရှိမည်ဖြစ်ပါသည်။

As-salamu alaykumလကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အနေဖြင့် Hijri 1446 ခုနှစ် ဇွလ်ကအ်ဒဟ်၏ ဆန်းဦးလကို ၂၈၊၄၊၂၀၂၅(...
28/04/2025

As-salamu alaykum

လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့အနေဖြင့် Hijri 1446 ခုနှစ် ဇွလ်ကအ်ဒဟ်၏ ဆန်းဦးလကို ၂၈၊၄၊၂၀၂၅(ရှောင်ဝလ်လ ၂၉ ရက်) ညနေ နေဝင်ချိန်(မဂ်ရိဘ်)အပြီးမှာ ရန်ကုန်မြို့အပါအဝင် အခြားပြည်နယ်နှင့်တိုင်းဒေသများကနေ ရှာဖွေကြည့်ခဲ့ပါသည်။

၂၈၊၄၊၂၀၂၅ ဒေသစံတော်ချိန် ည ၇:၁၅ မိနစ်အချိန်ထိ ဆန်းဦးလကိုရှာဖွေစောင့်ကြည့်ခဲ့သော်လည်း ကျွန်တော်တို့ရှာဖွေကြည့်ခဲ့သည့် နေရာများမှ ဇွလ်ကအ်ဒဟ်လ၏ ဆန်းဦးလကို မြင်တွေ့ခဲ့ခြင်း မရှိပါကြောင်း အသိပေးအပ်ပါသည်။

As-salamu alaykum ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ရှောင်ဝလ်လ၂၉ ရက် (၂၈၊၄၊၂၀၂၅) နေ့တွင် ဇွလ်ကအ်ဒဟ်၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက် အ...
25/04/2025

As-salamu alaykum

ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ရှောင်ဝလ်လ၂၉ ရက် (၂၈၊၄၊၂၀၂၅) နေ့တွင် ဇွလ်ကအ်ဒဟ်၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက် အထောက်အကူပြု အချက်အလက်များကို အောက်ဖော်ပြပါစာရင်းတွင် လေ့လာနိုင်ပါသည်။

New Moon လဖွားချိန်မှာ ၂၈၊၄၊၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် 2:01 AM တွင်ဖြစ်၍ ၂၈၊၄၊၂၀၂၅ ရက်နေ့ နေဝင်ချိန်တွင် New Moon လသက်တမ်းမှာ ၁၆ နာရီဝန်းကျင်ခန့်ရှိမည်ဖြစ်ပါသည်။

Assalamu alaikum (السلام عليكم)InshaAllah မနက်ဖြန် မတ်လ ၃၁ ရက်နေ့ ၂၀၂၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ကျရောက်မယ့် အစ္စလာမ်ဘာသ...
30/03/2025

Assalamu alaikum (السلام عليكم)

InshaAllah မနက်ဖြန် မတ်လ ၃၁ ရက်နေ့ ၂၀၂၅ ခုနှစ်ဟာ မြန်မာနိုင်ငံမှာ ကျရောက်မယ့် အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ Eid Al-Fitrနေ့ ဖြစ်ပါတယ်။

အီးဒ်ပွဲတော်ဟာ ဖန်ဆင်းရှင်ရဲ့စေခိုင်းချက်အရ တစ်လလုံး ကိုယ်ချင်းစာနာမှုအနစ်နာခံမှုကို အခြေခံပြီး ဆောက်တည်ခဲ့တဲ့ ဥပုသ်သီလအထွက် ဝါကျွတ်ပွဲတော်ဖြစ်ပေမယ့်လည်း လက်ရှိကြုံတွေ့နေရတဲ့ ငလျင်ဘေးနဲ့ အခြေအနေအကြောင်းအရာအစုံစုံတို့ကို စာနာထောက်ထားပြီး စွဗာရ်သည်းခံတရား လက်ကိုင်ထားကာ အများသူငှါ အနှောင့်အယှက်မဖြစ်အောင် ဆင်နွှဲကြဖို့ မေတ္တာရပ်ခံရင်း စိတ်ကျန်းမာကိုယ်ချမ်းသာစွာနဲ့ အီးဒ်ကာလကို ဖြတ်သန်းနိုင်ပါစေကြောင်း MOTS မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

30/03/2025

Update
Alhumdulillah
Hijri 1446 ခုနှစ် ရှောင်ဝလ်လ၏ ဆန်းဦးလကို
MOTS တောင်ကြီးမြို့၊ မကွေးမြို့၊ ဟင်္သာတမြို့၊ ပြင်ဦးလွင်မြို့တို့မှမြင်တွေ့ရကြောင်း သတင်းရရှိပါသည်။

AlhumdulillahHijri 1446 ခုနှစ် ရှောင်ဝလ်လ၏ ဆန်းဦးလကိုMOTS ရန်ကုန်မြို့မှမြင်တွေ့ရပါသည်။
30/03/2025

Alhumdulillah
Hijri 1446 ခုနှစ် ရှောင်ဝလ်လ၏ ဆန်းဦးလကို
MOTS ရန်ကုန်မြို့မှမြင်တွေ့ရပါသည်။

30/03/2025

Alhumdulillah
Hijri 1446 ခုနှစ် ရှောင်ဝလ်လ၏ ဆန်းဦးလကို
MOTS ကော့သောင်းမြို့မှမြင်တွေ့ရကြောင်း ကနဦးသတင်းရရှိပါသည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်၊ ညနေ/ညဦးပိုင်းမှာ -မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေအပေါ်မှာ အမြင...
29/03/2025

၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်၊ ညနေ/ညဦးပိုင်းမှာ -
မြန်မာနိုင်ငံရဲ့ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေအပေါ်မှာ အမြင့်တိမ်(High Clouds)တွေထူပြီး မိုးအုံ့နေနိုင်ကြောင်းတွေ့ရပါတယ်။
လကြည့်ကြမဲ့မြို့တွေထဲက၊ ဧရာဝတီတိုင်း ပုသိမ်၊ ဟင်္သာတ နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့၊ ကရင်ပြည်နယ်က မြဝတီမြို့တွေပေါ်မှာ တိမ်အမြင့်များဖုံအုပ်နေနိုင်ပြီး တိမ်အနိမ့်နဲ့ အလယ်အလတ်(Medium cloud)တွေဖုံးအုပ်မှုကတော့ ပါးပါတယ်။
ဒါကြောင့် လကြည့်ကြမဲ့ ညနေခင်းမှာ မိုးလေဝသအခြေအနေက အများအားဖြင့်ကောင်းနေနိုင်ပါမယ်။
===
Credit Sayar U Win Naing

As-salamu alaykum ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ရမဒွါန်လ၂၉ ရက် (၃၀၊၃၊၂၀၂၅) နေ့တွင် ရှောင်ဝါလ်လ၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက် အထ...
29/03/2025

As-salamu alaykum

ဟစ်ဂျရီ ၁၄၄၆ ခုနှစ်၊ ရမဒွါန်လ၂၉ ရက် (၃၀၊၃၊၂၀၂၅) နေ့တွင် ရှောင်ဝါလ်လ၏ ဆန်းဦးစလ ကြည့်ရှုနိုင်ရန်အတွက် အထောက်အကူပြု အချက်အလက်များကို အောက်ဖော်ပြပါစာရင်းတွင် လေ့လာနိုင်ပါသည်။

New Moon လဖွားချိန်မှာ ၂၉၊၃၊၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် 5:28 PM တွင်ဖြစ်၍ ၃၀၊၃၊၂၀၂၅ ရက်နေ့ နေဝင်ချိန်တွင် New Moon လသက်တမ်းမှာ ၂၄ နာရီဝန်းကျင်ခန့်ရှိမည်ဖြစ်ပါသည်။

Address

Yagon

Website

Alerts

Be the first to know and let us send you an email when လကြည့်ခြင်းဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share