Myanmar Movie clip

Myanmar Movie clip Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Movie clip, News & Media Website, Yagon.

အရမ်းကောင်းတဲ့ဇာတ်ကား
23/06/2025

အရမ်းကောင်းတဲ့ဇာတ်ကား

17/06/2025

#အောင်မြတ်သာ #မြန်မာသရဲဇာတ်လမ်း

11/06/2025

#မြန်မာသရဲဇာတ်လမ်း #အောင်မြတ်သာ

07/06/2025

ဇာတ်လမ်းအစအဆုံးကိုCommentမှာlink. ပေးထားပါတယ်

01/06/2025

#မြန်မာသရဲဇာတ်လမ်း

စာရေးသူ - အဂ္ဂဇော်ပထမံဘိုးဘိုးအောင် အပိုင်း(၁)အခန်း(၁) မောင်ဘိုးအောင်စာတတ်ပြီအချိန်ကား မြန်မာသက္ကရာဇ် (၁၁၂၀) ခုနှစ်ခန့်က...
18/05/2025

စာရေးသူ - အဂ္ဂဇော်

ပထမံဘိုးဘိုးအောင် အပိုင်း(၁)

အခန်း(၁) မောင်ဘိုးအောင်စာတတ်ပြီ

အချိန်ကား မြန်မာသက္ကရာဇ် (၁၁၂၀) ခုနှစ်ခန့်ကဖြစ်သည်။ ကုန်းဘောင်မင်းဆက်စိုးမိုးအုပ်ချုပ်နေသည့်အချိန်လည်း ဖြစ်ပေသည်။ တောင်တွင်းကြီးမြို့အတွင်းမှ လူနှစ်ဦး လမ်းလျှောက်ထွက်လာကြသည်။ တစ်ဦးမှာ အသက်လေးဆယ်အရွယ်ခန့် ယောက်ျားသားတစ်ဦးဖြစ်ကာ ကျန်တစ်ဦးမှာ အသက်ဆယ်နှစ်အရွယ်ခန့်သာရှိသေးသည့် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ ထိုသူနှစ်ဦးမှာ ရုပ်ချင်းအလွန်ဆင်တူသဖြင့် အဝေးမှလှမ်းမြင်ယုံနှင့်ပင် သားအဖများဖြစ်သည်ကို သိနိုင်ပေသည်။ မြို့စွန် တစ်နေရာအရောက်တွင် အဖေဖြစ်သူမှာ ခြေလှမ်းကိုရပ်တန့်လိုက်လေသည်။ ထို့နောက် ခေါင်းကိုကုပ်လိုက်လေသည်။

"ဒီလမ်းဟုတ်ရဲ့လား အဖေရ"

"ဒီလမ်းလို့တော့ ပြောတာပါ၊ ဟိုအရှေ့က လူတစ်ယောက်ကို မေးစမ်းကြည့်အုံးမယ်"

အဖေဖြစ်သူမှာ နွားတစ်ကောင်ဆွဲလာသည့်လူအားတွေ့သည့်အတွက် ထိုလူအနီးသို့ပြေးသွားလိုက်ပြီး

"နောင်ကြီးကိုမေးစရာရှိလို့ပါ၊ ဇေယျမင်္ဂလာကျောင်းတိုက်ကို ဘယ်လမ်းကသွားရမလဲဆိုတာ နောင်ကြီးသိရင် တစ်ချက်ညွှန်ပြပါ"

နွားဆွဲလာသည့်လူက မျက်မှောင်ကြုတ်လိုက်ကာ တစ်ချက်စဉ်းစားနေသည်။ နှုတ်မှလည်း ဇေယျမင်္ဂလာကျောင်းတိုက်ဟု ခပ်တိုးတိုးကလေးရေရွတ်နေလေသည်။ ထိုလူ၏အပြုအမူကိုကြည့်ပြီး အဖေဖြစ်သူမှာ လမ်းမှားလာပြီလားဟု သံသယဝင်လာတော့သည်။ အတန်ကြာအောင်စဉ်းစားပြီးတော့မှ

"သြော်၊ ဟုတ်ပြီ၊ နောင်ကြီးပြောတဲ့ ဇေယျမင်္ဂလာကျောင်းဆိုတာ ကြေးနီကျောင်းကိုပြောတာထင်တယ်"

"ဘယ်လိုဗျ၊ ကြေးနီကျောင်းတဲ့လား"

"ဟုတ်တယ်နောင်ကြီး၊ ကျောင်းရဲ့အမည်ကတော့ ဇေယျမင်္ဂလာကျောင်းဆိုပေမယ့် အဲဒီကျောင်းက ကြေးနီထွက်တဲ့ချောင်းကလေးအနီးမှာရှိတော့ ရွာခံတွေက ကြေးနီကျောင်းလို့ခေါ်ကြတယ်နောင်ကြီးရ"

"ဒါဖြင့် ကျုပ်တို့သားအဖကို လမ်းညွှန်စမ်းပါအုံးဗျာ"

ထိုလူက တစ်နေရာသို့လက်ညှိုးညွှန်ပြလိုက်ကာ

"ဟောဟိုက စိမ်းညို့ညို့နဲ့တောအုပ်ကလေးဟာ နောင်ကြီးပြောတဲ့ ဇေယျမင်္ဂလာကျောင်းပေါ့ နောင်ကြီးရဲ့"

အဖေဖြစ်သူမှာ လမ်းညွန်သူကို ကျေးဇူးတင်စကားဆိုပြီး သားအဖနှစ်ယောက် ခပ်သွက်သွက်လျှောက်လာခဲ့ကြသည်။ ကြေးနီကျောင်းမှာ တောင်တွင်းကြီးမြို့၏မြောက်ဘက်မြို့စွန်နေရာတွင်တည်ရှိပြီး တောင်ကုန်းကလေးတစ်ခု၏ အခြေတွင်ရှိကာ သစ်ပင်ကြီးများထူထူထဲထဲပေါက်ရောက်နေသည်မို့ စိမ်းလန်း၍ အရိပ်အာဝသကောင်းလှပေသည်။ ကျောင်းဝန်းအတွင်းရောက်သည့်အခါမှ ခြေတံရှည်သစ်သားကျောင်းဆောင်ကြီးကိုမြင်တွေ့ရသည်။ ကျောင်းကြီးတစ်ခုလုံးကို ရေနံသုတ်ထားသဖြင့် မည်းနက်နေလေ၏။

ကျောင်းပေါ်တက်သွားသည့်အခါ ဦးဇင်းကြီးတစ်ပါးကိုတွေ့လိုက်ရသည်။ ဦးဇင်းကြီးမှာ အသက်ခြောက်ဆယ်ခန့်ရှိမည်ဟုထင်ရသည်။ ကျောင်းအောက်တွင်တော့ ကျောင်းသားကလေးများက စာအံနေကြသည်ကိုတွေ့ရလေသည်။ ဦးဇင်းကြီးအရှေ့တွင် သားအဖနှစ်ယောက် ဒူးတုပ်ထိုင်ချလိုက်ကာ ဦးဇင်းကြီးကိုဝတ်ဖြည့်လိုက်သည်။

"ဒကာကြီးက ဘယ်သူတုန်းကွဲ့"

"တင်ပါ့ဘုရား၊ တပည့်တော်က တံခွန်တိုင်ကုန်းက ဘိုးမြတ်စံညိုပါဘုရား၊ ဟောဒါက တပည့်တော်ရဲ့သားအလတ် မောင်ဘိုးအောင်ပါ၊ တပည့်တော်တို့က ကျောင်းထိုင်ဆရာတော်နဲ့တွေ့ချင်လို့ လာခဲ့တာပါဘုရား"

"ဦးဇင်းက ကျောင်းထိုင်ဆရာတော်ပါပဲ၊ ဒကာကြီးတို့ ဒီကိုလာတာ ဘာအကြောင်းကြောင့်ပါလိမ့်"

ဘိုးမြတ်စံညိုက လက်အုပ်ချီလိုက်ကာ

"တပည့်တော်က လက်ပန်ရှည်ရွာဇာတိပါဘုရား၊ တပည့်တော်တို့မှာ သားသမီးများပြားလွန်းတာကတစ်ကြောင်း၊ စီးပွားရေးကျပ်တည်းလွန်းတာက တစ်ကြောင်းမို့ တောင်တွင်းကြီးကိုရွှေ့ပြောင်းလာကြတာပါဘုရား၊ အခု တံခွန်တိုင်ကုန်းမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးပြီး အသက်မွေးနေထိုင်ရပါတယ်ဘုရား၊ တပည့်တော်တို့မှာ ဆင်းရဲလွန်းတာကြောင့် ဟောဒီသားကလေးမောင်အောင်ကို ပညာမသင်ပေးနိုင် မဆုံးမ၊ မသွန်သင်နိုင်ဖြစ်နေပါတယ်ဘုရား၊ အဲဒါကြောင့် အရှင်ဘုရားတို့ကျောင်းမှာ သားလေးမောင်အောင်ကို အပ်နှံထားချင်ပါတယ်ဘုရား"

ဦးဇင်းကြီးက သားအဖနှစ်ဦးကိုကြည့်လိုက်သည့်အခါ ဝတ်စားထားသည့်အဝတ်အစားများမှာ စုတ်ပြတ်နုံချာလှသည်ကိုတွေ့လိုက်ရသည်။

"ကောင်းပါပြီဒကာကြီး၊ ဦးဇင်း မောင်အောင့်ကိုလက်ခံပါ့မယ်"

"ကျေးဇူးကြီးပါတယ်အရှင်ဘုရား၊ မောင်အောင့်ကို သားတပည့်အရင်းတစ်ယောက်လို ရိုက်နှက်ဆုံးမနိုင်ပါတယ်ဘုရား၊ တပည့်တော် အရှင်ဘုရားကိုအပ်ပါတယ်"

"စိတ်ချပါဒကာကြီး၊ ဦးဇင်းက မောင်အောင့်ကို စာလည်းသင်ပေးမယ်၊ လောကနီတိကျမ်းတွေလည်းသင်ပေးမယ်၊ မလိမ်မာတာရှိရင်လည်း သွန်သင်ဆုံးမပေးမယ်ဒကာကြီး၊ ဒကာကြီး ဘာမှစိတ်မပူနဲ့တော့ ဟုတ်ပြီလား"

ဘိုးမြတ်စံညိုက မောင်အောင်ကိုကြည့်လိုက်ရင်း

"လူလေး၊ မင်းဒီနေ့ကစပြီး ဦးဇင်းကြီးနဲ့ ဆရာတော်တွေပြောတဲ့စကားကိုနားထောင်ရမယ်နော်၊ ဦးဇင်းကြီးတို့ခိုင်းသမျှ မငြူမစူ လုပ်ပေးကိုင်ပေးကွဲ့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါအဖေ"

ဦးဇင်းကြီးက ကျောင်းတစ်နေရာသို့ကြည့်လိုက်ကာ

"ဟေ့ မောင်ပညာ၊ ဒီကိုခဏလာခဲ့ပါအုံးကွယ်"

ထိုအခါ ကျောင်းအနောက်ဘက်အခန်းအတွင်းမှ ဦးဇင်းတစ်ပါးပြေးထွက်လာလေသည်။

"တင်ပါ့ဘုရား"

"ဟောဒီက မောင်ဘိုးအောင်ကို ကျောင်းသားအဖြစ်လက်ခံလိုက်ပြီကွဲ့၊ သူ့ကို နေဖို့ထိုင်ဖို့ပြင်ဆင်ပေးလိုက်စမ်းပါ"

"တင်ပါ့ဘုရား"

ဦးဇင်း ပညာသာမိက မောင်ဘိုးအောင်လက်ကိုဆွဲကာ ကျောင်းအနောက်သို့ခေါ်သွားရန်ပြင်သည်။ တစ်ချိန်တည်းမှာပင် အဖေဖြစ်သူ ဘိုးမြတ်စံညိုလည်း ဆရာတော်ကိုဝတ်ဖြည့်ကာ ကျောင်းပေါ်မှပြန်ဆင်းရန် ပြင်ဆင်နေလေသည်။ မောင်ဘိုးအောင်မှာ အဖေဖြစ်သူကိုတစ်ချက်ကြည့်ပြီး မျက်ရည်များဖြိုင်ဖြိုင်ကျလာသည်။ ဘိုးမြတ်စံညိုမှာလည်း သားဖြစ်သူကို ဘုန်းကြီးကျောင်းတွင်ထားခဲ့ရမည်မို့ စိတ်ထဲသိပ်မကောင်းလှ၊ သို့သော်လည်း မိမိမျက်ရည်ကျလျှင် သားဖြစ်သူ ပိုမိုစိတ်ထိခိုက်မည်စိုးသဖြင့် ကျောင်းပေါ်မှ ပြေးဆင်းလာခဲ့သည်။ မောင်ဘိုးအောင်လည်း ငိုယိုလျှက် ကျောင်းပေါ်မှပြေးဆင်းလာခဲ့သည်။ ဘိုးမြတ်စံညိုမှာ အနောက်သို့ပင်လှည့်မကြည့်တော့ဘဲ ကျောင်းဝန်းအတွင်းမှ တစ်ချိုးတည်းပြေးထွက်သွားသည်။ မောင်ဘိုးအောင်မှာ ဖခင်ဖြစ်သူအနောက်သို့ ပြေးလိုက်သော်လည်း ကျောင်းပေါ်မှအဆင်းတွင် ခလုပ်တိုက်ကာ မှောက်လျက်သားလဲကျသွားသည်။ ငယ်ရွယ်နုနယ်သည့်အချိန်မို့ မိဘများနှင့်ခွဲနေရမည်ကို တွေးမိသည့်အခါ မောင်ဘိုးအောင်တစ်ယောက် အလွန်စိတ်မကောင်းဖြစ်ရသည်။ ထို့ကြောင့် လဲကျနေသည့်နေရာမှာပင် ချုံးပွဲချငိုယိုနေမိသည်။ ဦးဇင်းများမှာလည်း မောင်ဘိုးအောင်ကိုကြည့်ကာ သက်ပြင်းပြိုင်တူ ချလိုက်ကြလေသည်။

မောင်ဘိုးအောင် ငိုယိုနေပြီး အတန်ကြာသည့်အခါ အနီးသို့ကျောင်းသားတစ်ယောက် ရောက်လာလေသည်။ မောင်ကျောင်းသားမှာ မောင်ဘိုးအောင်၏ပုခုံးကို ပုတ်လိုက်ကာ

"ငိုမနေပါနဲ့တော့ကိုရင်ရာ၊ အစမှာတော့ တို့တွေလည်းဒီလိုခံစားရတာပါပဲ၊ ကြာရင်တော့နေသားကျသွားမှာပါကွ"

မောင်ကျောင်းသားက မောင်ဘိုးအောင်ကိုဆွဲထူလိုက်သည်။

"ဒီကျောင်းကြီးက ပျော်ဖို့သိပ်ကောင်းတာကွ၊ တို့ဆို ကျောင်းပိတ်ရင်အိမ်တောင်မပြန်ချင်တော့ဘူး၊ လာစမ်းပါ ကိုရင်လည်း ယောက်ျားပဲ၊ ယောက်ျားဆိုတာ မျက်ရည်လွယ်လွယ်မကျရဘူး ကိုရင်ရ"

မောင်ကျောင်းသားနှစ်သိမ့်သည့်အခါမှ မောင်ဘိုးအောင်တစ်ယောက် စိတ်အနည်းငယ်သက်သာသွားလေသည်။ ကျောင်းအောက်ဘက်မှ မောင်ကျောင်းသားကလေးများမှာ မောင်ဘိုးအောင်ကို ငေးမောကြည့်ရှုနေကြလေသည်။

"ငါ့နာမည် မြတ်ကြည်လို့ခေါ်တယ် ကိုရင်ရ၊ ဒါနဲ့ ကိုရင့်နာမည်ကရော"

"ကျုပ်နာမည်က ဘိုးအောင်ပါ၊ ဒါပေမယ့် လူတော်တော်များများကတော့ မောင်အောင်လို့ပဲခေါ်ကြတယ်"

"လာပါမောင်အောင်ရာ၊ မင်းမျက်ရည်တွေသုတ်လိုက်စမ်းပါ၊ မင်းကို တို့ကျောင်းက ဆရာတော်တွေ ကျောင်းသားတွေနဲ့ မိတ်ဆက်ပေးမယ်ဟုတ်ပြီလား"

မောင်မြတ်ကြည်မှာ မောင်ဘိုးအောင်အား ဆွဲခေါ်သွားလေသည်။ ကျောင်းတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးရှိပြီး အများစုက ဦးဇင်းကြီးဟုသာခေါ်ကြသည်။ ကျောင်းထိုင်ဆရာတော်အောက်တွင် တပည့်သာဝက ဦးဇင်းသုံးပါးရှိသည်။ ၀၀ဖိုင့်ဖိုင့် အရပ်ပုပုနှင့် ကိုယ်တော်မှာ ဦးလက္ခဏဟုအမည်ရသည်။ ပိန်ပိန်ပါးပါးအရပ်ရှည်ရှည်နှင့် အမြဲပြုံးနေတတ်သည့် ဆရာတော်မှာ ဦးပညာသာမိဖြစ်သည်။ မျက်နှာတွင် ကျောက်ပေါက်မာများ ဗရပွရှိသည့် ဦးဇင်းမှာ ဦးအာဒိစ္စဖြစ်သည်။

"တို့ကျောင်းမှာ ကျောင်းထိုင်ဦးဇင်းကြီးက သဘောကောင်းတယ်၊ ဦးလက္ခဏကတော့ လောဘကြီးတယ် စေးကုပ်တယ် မောင်အောင်ရ၊ ဦးပညာသာမိကတော့ဖြင့် ပညာဆိုတဲ့အတိုင်း ဒီကျောင်းမှာ စာပေကျမ်းဂန်အတတ်ဆုံးပုဂ္ဂိုလ်ပဲ၊ ငယ်ငယ်က စာဝါလိုက်ဖူးတယ်ပြောတယ်၊ ဦးဇင်းဒိန်က လှို့ဝှက်သိုသိပ်တယ်၊ ဒို့ကျောင်းသားတွေနဲ့ ဖက်လှဲတကင်းသိပ်မနေဘူး မောင်အောင်ရ"

"ဦးဇင်းဒိန်ဆိုတာ ဘယ်သူလဲ မောင်မြတ်ကြည်ရဲ့"

"ဦးအာဒိစ္စကို ပြောတာပါ မောင်အောင်၊ ကဲလာ ကျောင်းသားတွေနဲ့မိတ်ဆက်ပေးမယ်"

ကျောင်းအောက်သို့ဝင်လိုက်သည့်အခါ မောင်ကျောင်းသားများက မောင်အောင်ကိုငေးကြည့်နေသည်။ မောင်ကျောင်းသား ဆယ်ဦးခန့်သာရှိသည်။ မောင်ကျောင်းသားဆိုသော်လည်း အရွယ်မညီကြပေ။ မောင်ကျောင်းသားအုပ်စုထဲတွင် ထွားထွားကျိုင်းကျိုင်းရှိလှသည့် ကျောင်းသားကို မောင်မြတ်ကြည်က လက်ညှိုးထိုးလိုက်ပြီး

"ဟောဟို ထွားထွားကျိုင်းကျိုင်းနဲ့ကတော့ ငထွားခေါ်တယ်၊ ဒီဘက်က ပေပေစုတ်စုတ်နဲ့ကတော့ ပေတူးပေါ့ကွာ၊ ဟောဟိုက မျက်လုံးတစ်ဖက်ပျက်နေတာကတော့ မောင်ကန်း၊ အရပ်ပုပုနဲ့အောင် မောင်ပု တဲ့ကွ"

"ဟာ၊ နာမည်တွေက လူပုံစံတွေနဲ့ တစ်ထပ်တည်းပါလား၊ ဒါဆို ဟောဟိုက အရပ်ရှည်ရှည်နဲ့ကျတော့ မောင်ရှည်လို့များခေါ်လေမလား၊ ဒီဘေးက ၀၀တုတ်တုတ် ဖိုးဝရုပ်လိုလူက မောင်ဝပေါ့"

မောင်အောင်ပြောသည့်အခါ အခြားကျောင်းသားများက ရယ်မောကြလေသည်။ မောင်မြတ်ကြည်က ခေါင်းခါလိုက်ကာ

"မဟုတ်ဘူး မောင်အောင်ရ၊ ရှည်ရှည်လျားလျား ဂလန်ဂလားနဲ့လူကျတော့ လန်ဘားတဲ့ကွ၊ ဟောဟိုက အဆီပိတ်ပြီးဝနေတဲ့လူကိုကျတော့ ဝက်ကြီးလို့ခေါ်သကွ"

ထိုအချိန် မောင်ထွား အမည်ရ ကျောင်းသားမှာ မောင်ဘိုးအောင်အနီးသို့ လှမ်းလျှောက်လာခဲ့သည်။ ငထွားမှာ အသက်ဆယ့်လေးနှစ်ခန့်ရှိပုံရပြီး ထွားကျိုင်းသန်မာကာ အနေအထိုင်ကြမ်းတမ်းလေသည်။ သူ့ထက်အားနည်းသည့် မောင်ကျောင်းသားများကို ဗလအားကိုးဖြင့် ဗိုလ်လုပ်အုပ်ချုပ်နေသူလဲဖြစ်သည်။ ငထွားက မောင်ဘိုးအောင်အရှေ့တွင် ခါးထောက်ကိုမတ်တပ်ရပ်လိုက်သည်။ မောင်မြတ်ကြည်က

"ဟောဒါကတော့ တို့ကျောင်းကိုရောက်လာတဲ့ကျောင်းသားအသစ်ပါ၊ သူ့နာမည်က မောင်ဘိုးအောင်တဲ့"

"ဘိုးအောင်တွေ ဘွားအောင်တွေ ငါမသိဘူး၊ ဒီကျောင်းရောက်ရင် နာမည်အသစ်ပေးရတာ ထုံးစံပဲမဟုတ်လား"

ငထွားက မောင်ဘိုးအောင်ကိုသေသေချာချာစူးစိုက်ကြည့်သည်။

"ဟေ့ကောင် မင်းလက်တွေပြစမ်း"

မောင်ဘိုးအောင်က လက်နှစ်ဖက်ကိုရှေ့ထုတ်ပြလိုက်သည်။ မောင်ဘိုးအောင်မှာ အနေဆင်းရဲသဖြင့် ခြေလက်များတွင် ဝဲစို၊ ဝဲခြောက်များက ဗရပွနှင့်ဖြစ်နေလေသည်။ ငထွားက ဝဲများကိုကြည့်ကာ ရွံရှာသည့်ပုံစံဖြင့် တဝေါ့ဝေါ့လုပ်ပြလိုက်သေးသည်။

"မင်းလက်မှာ ဝဲတွေနဲ့ ရွံစရာကြီးကွာ၊ ဒါကြောင့် မင်းကိုငါတို့ ဒီနေ့ကစပြီး မောင်ဝဲလို့ပဲခေါ်မယ်"

မောင်ဝဲဟုအခေါ်ခံရသဖြင့် မောင်ဘိုးအောင်မှာ မကျေနပ်ပေ။ ထိုအဖြစ်ကို ငထွားကလည်းရိပ်မိသည်။

"ဟေ့ဝဲထူ၊ မင်းမှာဝဲတွေပေါက်နေလို့ မောင်ဝဲခေါ်တာ မကြိုက်ဘူးလားကွ"

မောင်ဘိုးအောင်မှာ ပေကပ်ကပ်ကြည့်နေသဖြင့် ငထွားက အင်္ကျီလက်မောင်းများကိုဆွဲတင်ကာ ဗလများကိုထုတ်ပြလိုက်သည်။

"အောင်မယ်၊ မင်းက ငါ့ကိုများ ပေကပ်ကပ်ကြည့်တယ်ပေါ့၊ မင်းက ငါ့အကြောင်းမသိသေးဘူးထင်တယ်၊ ကျောင်းမှန်းကန်မှန်းသိသွားအောင် မင်းကိုတော့ လက်သီးစာကျွေးမှဖြစ်မယ်"

မောင်မြတ်ကြည်က ကြားမှဝင်လိုက်ကာ

"ငထွားရာ ဒီလိုမလုပ်စမ်းပါနဲ့"

"ဖယ်စမ်း မောင်ကြည်၊ မင်းမဖယ်ရင် မင်းကိုပါ ငါထိုးမယ်ကွ"

ငထွားမှာ မောင်ဘိုးအောင်အား အမျိုးမျိုးခြိမ်းခြောက်သော်လည်း မောင်ဘိုးအောင်မှာမကြောက်သည့်အပြင် ခါးထောက်၍ အရှေ့သို့တိုးလာသည်။

"မင်းက လူကောင်ကြီးတိုင်း မင်းကိုငါကြောက်ရမှာလားကွ ငထွားရ"

ငထွားမှာ ဒေါသအလွန်ထွက်သွားပြီး လက်သီးကိုကျစ်နေအောင်ဆုပ်လိုက်သည်။ မောင်ဘိုးအောင်မှာ စူးရဲသည့်မျက်လုံးများဖြင့် ငထွားကိုမမှိတ်မသုန်စိုက်ကြည့်နေလေသည်။ ငထွားမှာ လက်သီးလက်မောင်းတန်းကာ မောင်ဘိုးအောင်ကို ထိုးနှက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် လက်သီးမှာ ကျောင်းအောက်ဘက်မှ ဆင့်တန်းကြီးနှင့် ခွပ်ခနဲထိသွားလေသည်။ ငထွားမှာ လက်သီးကိုပွတ်၍ နာကျင်စွာဖြင့်အော်ဟစ်ငြီးငြူလေသည်။ ထိုအဖြစ်ကိုကြည့်ကာ မောင်ဘိုးအောင်မှာ ရယ်မောမိသည်။ အခြားကျောင်းသားများမှာလည်း ရယ်မောကြသည်။ ငထွားမှာ မောင်ဘိုးအောင်အား မကျေနပ်ပေ၊ ထိုစဉ် ဦးဇင်းပညာသာမိတစ်ယောက် ပေထုပ်တစ်ထုပ်ကိုယူကာ ကျောင်းအောက်ဆင်းလာသဖြင့် ယခင်က ဆူညံပွက်လောရိုက်နေသည့် မောင်ကျောင်းသားများမှာ မီးကိုရေနှင့်ဖြန်းလိုက်သည့်နှယ် ချက်ချင်းငြိမ်ကျသွားလေသည်။

မောင်ကျောင်းသားများမှာ သူ့နေရာနှင့်သူ ထိုင်လိုက်ကြသည်။ မောင်မြတ်ကြည်၏ နံဘေးတွင် မောင်ဘိုးအောင်က ထိုင်ရသည်။ ဦးပညာသာမိက

"ကိုင်း၊ စာမသင်ခင် စာပြန်နွေးရမယ်၊ အရင်က သင်ထားတာတွေ အာဂုံရွတ်ကြစမ်း"

မောင်ကျောင်းသားများမှာ ကျောင်းစာများကို သံပြိုင်ရွတ်ဆိုကြလေသည်။ မောင်ဘိုးအောင်မှာတော့ ထိုစာများကိုမသင်ဖူးသေးသဖြင့် ဟိုကြည့်ဒီကြည့် ကြည့်နေမိသည်။ သံပြိုင်ရွတ်ဆိုပြီးသောအခါ ဦးပညာသာမိက ကျောင်းသားများကို စာပေလင်္ကာများသင်ကြားပေးသည်။ မောင်ဘိုးအောင်မှာ သင်ခန်းစာများကိုလိုက်မမီသဖြင့် အစိမ်းသက်သက်ဖြစ်နေလေသည်။

ဦးပညာသာမိက မောင်ဘိုးအောင်အနီးသို့တိုးကပ်လာကာ

"မောင်အောင်၊ မင်းကတော့ ဘာမှမသင်ဖူးဘူးဆိုတော့ တို့တွေဘယ်လိုသင်နေကြသလဲဆိုတာ အရင်လေ့လာအုံးပေါ့ကွာ၊ ဆွမ်းစားပြီး ညနေပိုင်းအချိန်ကျရင် မင်းမသင်လိုက်ရတဲ့ သင်ခန်းစာတွေကို ပြန်သင်ပေးမယ်၊ ဘာမှအားမငယ်နဲ့ ဟုတ်ပြီလား"

မောင်ဘိုးအောင်မှာ ခေါင်းညိတ်လိုက်ရသည်။

မကြည့်မိရင်နောင်တရမယ့်ဇာတ်လမ်းလေး
03/01/2025

မကြည့်မိရင်နောင်တရမယ့်ဇာတ်လမ်းလေး

#မြန်မာအသံစာအုပ်များ #မြန်မာအသံဇာတ်လမ်း #မုဆိုးတံငါဇာတ်လမ်း #တာတေ #မဖဲဝါအသံဇာတ်လမ်းများ #မြန်မာ #မင်းသိင်္ခ #အ....

ရှယ်ကြမ်း
31/12/2024

ရှယ်ကြမ်း

20/09/2024

ရမည်းသင်း မြို့၊ သပြေပင်ကျေးရွာ မြေအောက်ရောက်သွားဘာ့ကြောင့်လဲ အဖြစ်မှန်

#ရေဘေးသတင်း

14/09/2024

အရေးပေါ်သတင်း❗

12/02/2024

မိမိအသက်ကိုနှမျောရင်မန့်ဝင်ဖတ်ပေးပါ 🙏

07/01/2024

'

Address

Yagon

Website

Alerts

Be the first to know and let us send you an email when Myanmar Movie clip posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share