27/12/2024
ကိုယ်တိုင် ၅သိန်းရင်းပြီး
တစ်လ သိန်း ၁၀၀ အနည်းဆုံးဝင်မယ့်နည်း
၁။ ဒေါ်စုကို ခွေးနဲ့နှိုင်းပါ
Page တခုထောင်ပြီး ဒေါ်စုကိုခွေးနဲ့နှိုင်းတဲ့ ပိုစ့်တင်ပါ။။ပိုစ့်က ထင်သလောက်မပေါက်သေးပါက နောက် ၃/၄ ပိုစ့်လောက် ခွေးထက်အောက်တန်းကျတဲ့ဟာတွေနဲ့နှိုင်းပါ
ပိုစ့်ပေါက်သွားပြီး ကိုယ့်ကို ဆဲတဲ့သူများလာပြီဆိုရင် လက်အုပ်လေးချီပြီး တောင်းပန်ပိုစ့် စာရော Video ရောတင်ပါ။
ထိုအချိန်မှာ Attention နဲ့ Followers ရရှိသွားမှာဖြစ်ပါတယ်။
အသက် ၈၀ အရွယ်တွေ အမယ်အိုတွေ ဘယ်လောက်ပေးဆပ်ခဲ့တာတွေ မြင့်မြတ်တာတွေ ခေါင်းထဲထုတ်ပြီး ကိုယ်လုပ်စရာရှိတာလုပ်ပါ။ ကိုယ်ပိုက်ဆံရဖို့သာ အရေးကြီးပါတယ် ။
၂။ တောင်းပန်ပြီးပါက ရင်းရမည့် ဆိုသည့် ၅သိန်း ကို ဆန်ဆီဆား
ဝယ်ပြီး စုတ်စုတ်ပြတ်ပြတ် ဒုက္ခရောက်နေတဲ့ လူတွေကို လှူပါ ။ မျက်နှာ Expressions တွေကို ပြူးပြူးပြဲပြဲရိုက်တင်ပါ။ ဖြစ်နိုင်ရင် သူတို့နဲ့ရောပြီးမျက်ရည်ကျတာ ဖက်တာလုပ်ပါ။
၃။ ဒေါ်စုကို ဖြစ်ဖြစ် ဘာသာ ၄ မျိုး ရဲ့ဘုရားတွေကို ဖြစ်ဖြစ် နံပါတ် ၁ ကလို ပိုစ့်ပေါက်သည်အထိ ပြန်လုပ်ပါ။
Followers များလာတာနှင့်တကွ Facebook ကပေးတဲ့ သိန်းရာချီ ဝင်ငွေတွေရရှိလာမယ့်အပြင် Ethics မရှိတဲ့ စီးပွါးရေးသမားတွေက ငွေအပုံပေးပြီး ကြော်ငြာတွေလာအပ်ပါလိမ့်မယ်။
အသက်အန္တရယ်လဲ မရှိသလို တခြားဘာမှကိုမဖြစ်တာမို့ ဘာညာ စိတ်ပူမနေပါနဲ့ အခုလက်ရှိဝန်ကြီးတွေ မြန်မာပြည်သားတော်တော်များများက စေတနာရှင် စောက်ပျင်းတွေဖြစ်ပါတယ်။ဘယ်သူမှ ဘာမှ လုပ်မှာမဟုတ်သလို ပြီးသွားနားအေးတာပဲဆိုတဲ့ စိတ်နဲ့ ဝန်ကြီးတွေများပါတယ်။ အနည်းစုကတော့ အောက်ခြေထိ ဆင်းပြီး တကယ်ရိုးသားကြိုးစားကြတဲ့သူတွေကိုလဲ လေးစားပါတယ်။
အသက်အန္တရယ် ခြိမ်းခြောက်မှုကို ကန့်ကွက်တာကို လက်ခံပေမယ့် ထိုလူအတွက် နောင်အခါ ပြည်သူ့အစိုးရ တတ်လာရင် ပေးမယ့် ပြစ်ဒဏ် (ဥပမာ ထိုသူပိုင်ဆိုင်မှုရဲ့ ၃၀% ကို ဒဏ်ငွေတပ်မယ် ) ဘာညာ လုပ်မှာ မဟုတ်လို့ အေးအေးဆေးဆေး သာ လုပ်ပါ။
ကိုယ်ကျိုးရှာ အခွင့်အရေးသမား ဖြစ်မှ
ဒီနိုင်ငံမှာ အဆင်ပြေမှာပါ။ လုပ်ချင်တာလုပ် တောင်းပန်လိုက်အလှူလေးလုပ်လိုက်ရင် ပြီးသွားမှာပါ ။
လူတိုင်းပါးနပ်ကြပါစေ ။ စိတ်ကောင်းတွေ မထားဘဲ ယုတ်မာတတ်ကြပါစေ။။ ✅✅👌
အားလုံးဝင်ငွေတွေတိုးကြပါစေ။👏👏