Z E U S

Z E U S Zeus is here to share you unleash the excitement with our fresh approach to movies, games, comics
(296)

Avatar Fire & Ash ရုပ်ရှင်အတွက်ပထမဆုံး poster ထွက်ရှိ
22/07/2025

Avatar Fire & Ash ရုပ်ရှင်အတွက်ပထမဆုံး poster ထွက်ရှိ

Metal Slug ဂိမ်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာများဂိမ်းဆိုင်ယဉ်ကျေးမှု‌တွေအပြည့်နဲ့‌ခေတ် PS1 တို့ PS2 တို့ခေတ်မှာ ကားသူခိုး...
20/07/2025

Metal Slug ဂိမ်းရဲ့စိတ်ဝင်စားစရာအကြောင်းအရာများ

ဂိမ်းဆိုင်ယဉ်ကျေးမှု‌တွေအပြည့်နဲ့‌ခေတ် PS1 တို့ PS2 တို့ခေတ်မှာ ကားသူခိုးတို့ ရမ်ဘိုဂျပုတို့ဆိုတာ လူငယ်တိုင်းရဲ့အကြိုက်ဖြစ်ခဲ့ရတဲ့ဂိမ်းတွေပါ။

Metal Slug ရမ်ဘိုဂျပုဆိုတာနဲ့ one man army စစ်သားလေးတစ်ကောင် ရန်သူစစ်သားလေးတွေကိုပယ်ပယ်နယ်နယ်ပစ်နေတဲ့မြင်ကွင်းကိုမျက်စိထဲပြေးမြင်မိကြမှာအသေချာပဲဗျာ။

ဒါမှမဟုတ်လည်း Metal Slug ဂိမ်းရဲ့ Iconic အဖြစ်ဆုံး character selection icon တွေမှာပေါ်တဲ့မျက်နှာလေးတွေ ပြီးရင် ဘက်ပေါင်းစုံလှည့်ပြီးရှုထောင့်ပေါင်းစုံပစ်လို့ရတဲ့ Metal Slug ဆိုတဲ့တင့်ကားလေးတွေကိုပြေးမြင်မိကြမှာဘဲ။

ဒီဂိမ်းနဲ့ကျွန်တော်တို့တွေက အမှတ်တရကောင်းတွေတစ်သီကြီးရှိတယ်။အခုချိန် ဒီဂိမ်းကိုပြန်ဆော့ရင်လည်းပျော်ရွှင်ကျေနပ်မှုစိတ်လှုပ်ရှားမှုတွေအကုန်လုံးကို ပြန်ခံစားရတယ်။

ရမ်ဘိုဂျပုဂိမ်းက ဆော့ရတာစိတ်ဝင်စားဖို့ကောင်းသလို သူ့ဂိမ်းထဲမှာပါတဲ့ဇာတ်လမ်းအကြောင်းအရာတွေနဲ့ ဒီဂိမ်းကိုဖန်တီးဖို့လုပ်ခဲ့တာတွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်။
ဒီတော့ metal slug ဂိမ်းရဲ့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကို factလေးတွေလုပ်ပေးထားပါတယ်ခင်ဗျာ။

Metal Slug /ရမ်ဘိုဂျပုနဲ့ရောဘယ်လိုမျိုး အမှတ်တရတွေရှိခဲ့တယ်ဆိုတာပြောခဲ့ကြပါဦး။

✅Advertising ✅

ညီကိုတို့ဘယ်သွားသွားပေါ့ပေါ့ပါးပါးအထာကျကျနဲ့ ကိုယ်နဲ့အတူအမြဲမကွာဂိမ်းစက်လေးတွေကိုသယ်သွားချင်ကြလား။ကိုယ်ကRetroဂိမ်းတွေကိုအရမ်းကြိုက်တယ်ဒါကြောင့် portable ဖြစ်ပြီး price to performance ဖြစ်တဲ့ retro Handheld လေးတွေရှာနေတယ်ဆိုရင် Retro Monster Myanmarမှာ Retro လက်ကိုင်ဂိမ်းစက်မျိုးစုံကို ဈေးသက်သက်သာသာ မှန်မှန်ကန်ကန်နဲ့ရောင်းချနေတာမလို့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားကိုလည်း အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်နေပါသေးတယ်။လက်ရှိ ကျွန်တော်တို့တင်ထားတဲ့ Classic PS2 gameတွေဆော့ဖို့ဂိမ်းစက်လေးတွေလည်းရှိသလို built in Platform တွေအများကြီးပါတဲ့ တခြား Retro Game စက်လေးတွေလည်းအများကြီးရှိတာမလို့ ကိုယ်ကြိုက်ရာရွေးချယ်နိုင်ပါတယ်ဗျို့။

Assassin's Creed Live Action Series လာတော့မည်။သိပ်မကြာခင်မှာဘဲ Ubisoft ရဲ့နာမည်ကြီး Franchise ဖြစ်တဲ့ Assassin's Creed F...
18/07/2025

Assassin's Creed Live Action Series လာတော့မည်။

သိပ်မကြာခင်မှာဘဲ Ubisoft ရဲ့နာမည်ကြီး Franchise ဖြစ်တဲ့ Assassin's Creed Franchise ကြီးကတော့ Netflix ကနေ Live-action series လာပါတော့မယ်။

2016တုန်းကလည်း Assassin's Creed Live-action ရုပ်ရှင်ထွက်ခဲ့ပါသေးတယ်။အဲ့တုန်းက‌တော့အခြေအနေလုံးဝမဟန်ခဲ့ပါဘူး။ဒီတစ်ခေါက်ကတော့စောင့်ကြည့်ရမှာပါဘဲ။

Showrunner တွေပြောကြားချက်အရ Assassin's Creed Seires ဟာ လူသားတွေရဲ့ connection, culture တွေကိုဦးစားပေးသွားမယ်လို့သိရတယ်။seriesလာမယ်ဆိုပြီးသတင်းထွက်နေတာငါးနှစ်လောက်ရှိပြီဆိုပေမယ့် အခုတစ်ခါမှာတော့ Showrunner တွေကိုပါအတည်ပြုလိုက်ပြီး သူတို့ရဲ့ official websiteမှာလည်း Netflix ကနေလာမယ်ဆိုတဲ့အကြောင်းပါကြေငြာလိုက်ပါပြီ။

Mortal Kombat II အတွက် Character Poster အသစ်များထွက်ရှိ 🔥
17/07/2025

Mortal Kombat II အတွက် Character Poster အသစ်များထွက်ရှိ 🔥

17/07/2025

Real Steel Universe နဲ့ Boxing Robot များရဲ့ သမိုင်းနောက်ခံ

Sequel ဘယ်တော့ လာမယ်မှန်း သေချာမသိပေမယ့် potential တွေ အများကြီးရှိခဲ့တဲ့ Real Steel Universe အကြောင်းနဲ့ ရုပ်ရှင်ထဲမှာ background story များများစားစား မရှိခဲ့တဲ့ boxing robot တွေအကြောင်းပဲဖြစ်ပါတယ်။



✅Advertising ✅

ညီကိုတို့ဘယ်သွားသွားပေါ့ပေါ့ပါးပါးအထာကျကျနဲ့ ကိုယ်နဲ့အတူအမြဲမကွာဂိမ်းစက်လေးတွေကိုသယ်သွားချင်ကြလား။ကိုယ်ကRetroဂိမ်းတွေကိုအရမ်းကြိုက်တယ်ဒါကြောင့် portable ဖြစ်ပြီး price to performance ဖြစ်တဲ့ retro Handheld လေးတွေရှာနေတယ်ဆိုရင် Retro Monster Myanmar မှာ Retro လက်ကိုင်ဂိမ်းစက်မျိုးစုံကို ဈေးသက်သက်သာသာ မှန်မှန်ကန်ကန်နဲ့ရောင်းချနေတာမလို့ ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားကိုလည်း အိမ်အရောက်ငွေချေစနစ်နဲ့ပို့ဆောင်နေပါသေးတယ်။လက်ရှိ ကျွန်တော်တို့တင်ထားတဲ့ Classic PS2 gameတွေဆော့ဖို့ဂိမ်းစက်လေးတွေလည်းရှိသလို built in Platform တွေအများကြီးပါတဲ့ တခြား Retro Game စက်လေးတွေလည်းအများကြီးရှိတာမလို့ ကိုယ်ကြိုက်ရာရွေးချယ်နိုင်ပါတယ်ဗျို့။

16/07/2025

အကောင်လေးကတော့ သေးတယ်။ ဒါပေမယ့် စွမ်းတယ်/ R36S review

R36S ဆိုတဲ့ retro handheld ဂိမ်းစက်လေးက လက်ရှိမှာဆိုရင် ပြည်တွင်းရော ပြည်ပရောမှာပါ ခေတ်စားနေတယ်။ Budget handheld ဂိမ်းစက်ကိုမှ ဒီဇိုင်းက pocket size လေးပါ။

ဈေးကလည်း၂သိန်းစွန်းစွန်းပမာဏလေးမှာပဲရှိတယ်။
ဒီvideo ကတော့ R36S က တကယ်ရော fair budget ဖြစ်ရဲ့လား။ ဘယ်သူတွေ ဝယ်သင့်လဲ။ ဒါတွေကို အကြံပေးဖို့ review video လေးပဲ ဖြစ်ပါတယ်။

R36S ဂိမ်းစက်လေးကို စိတ်ဝင်စားတယ်ဆိုရင် Retro Monster Myanmar official pageမှာ စုံစမ်းပြီးတော့ ဝယ်ယူနိုင်ပါတယ်။ R36S အပြင်ကိုမှ တခြား retro handheld ဂိမ်းစက်တွေ မျိုးစုံ size စုံ ရှိပါသေးတယ်။ လက်ရှိမှာ R36S ကို bundle promotion လည်း ရှိတာမလို့ စိတ်ဝင်စားတယ်ဆိုရင် Retro Monster Myanmar official page မှာ သွားရောက်စုံစမ်းမေးမြန်းပြီး ဝယ်ယူနိုင်ပါတယ်ခင်ဗျာ။

သမန်းဝံပုလွေအဖြစ် သရုပ်ဆောင်မယ့် Aaron Taylor-JohnsonRobert Eggers ရိုက်ကူးမယ့် Werwulf ရုပ်ရှင်အတွက် သမန်းဝံပုလွေနေရာကိ...
16/07/2025

သမန်းဝံပုလွေအဖြစ် သရုပ်ဆောင်မယ့် Aaron Taylor-Johnson

Robert Eggers ရိုက်ကူးမယ့် Werwulf ရုပ်ရှင်အတွက် သမန်းဝံပုလွေနေရာကို Aaron Taylor-Johnson သရုပ်ဆောင်မယ်လို့သိရပါတယ်။

ပြီးတော့ Nosferatu ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ Lily-Rose Depp ကလည်း Werwulf ရုပ်ရှင်မှာထပ်ပြီးပါဝင်သရုပ်ဆောင်ဦးမှာပါ။

ဒီ Werwulf ရုပ်ရှင်က သမန်းဝံပုလွေမျိုးနွယ်တွေရဲ့အကြောင်းကိုအဓိကရိုက်ကူးမှာဖြစ်ပြီး timeline ၁၃ ရာစု၊ အင်္ဂလန်မှာ အခြေပြုသွားမယ်လို့သိရပါတယ်။

Aaron Taylor-Johnson ကို သမန်းဝံပုလွေအနေနဲ့ မြင်ရမှာဆိုတော့ စိတ်ဝင်စားဖို့ကောင်းမှာ အမှန်ပါပဲ။

Release date အနေနဲ့က December 25, 2026 ခုနှစ်မှာ ပြသသွားမှာပါ။

Harry Potter First Look 🌟Harry Potter အဖြစ်သရုပ်ဆောင်မယ့် Dominic McLaughlin ရဲ့ ပထမဆုံးပုံရိပ်သစ်လေးထွက်ရှိလာပါပြီ။Harr...
15/07/2025

Harry Potter First Look 🌟

Harry Potter အဖြစ်သရုပ်ဆောင်မယ့် Dominic McLaughlin ရဲ့ ပထမဆုံးပုံရိပ်သစ်လေးထွက်ရှိလာပါပြီ။

Harry Potter Series ရိုက်ကူးရေးကလည်းအခုကစလို့အသက်ဝင်နေပြီဖြစ်ပါတယ်။

Real Steel Universe နဲ့ Boxing Robot တွေရဲ့သမိုင်းနောက်ခံနောက်လထဲ Pacific Rim မဟုတ်ရင် predator မျိူးနွယ်များအကြောင်းလာပ...
12/07/2025

Real Steel Universe နဲ့ Boxing Robot တွေရဲ့သမိုင်းနောက်ခံ

နောက်လထဲ Pacific Rim မဟုတ်ရင် predator မျိူးနွယ်များအကြောင်းလာပါမယ်။
ဒီကြားထဲဂိမ်းစက်review လေးလည်းတဖြတ်လာပါမယ်ဗျိူ့။

Real SteelဆိုတာRobot Sci-fi ရုပ်ရှင်တွေထဲမှာ Unique ဖြစ်တဲ့အထဲပါတယ်။ကျွန်တော်တို့ရဲ့ childhood ရုပ်ရှင်လည်းဖြစ်တယ်။ဒီ Video ‌ကတော့Real Ste...

Super Mario Bros Universe အတွက် series အသစ်များ လာမည်။၂၀၂၃ ခုနှစ်က ထွက်ခဲ့တဲ့ The Super Mario Bros. Movie က အောင်မြင်မှု...
05/07/2025

Super Mario Bros Universe အတွက် series အသစ်များ လာမည်။

၂၀၂၃ ခုနှစ်က ထွက်ခဲ့တဲ့ The Super Mario Bros. Movie က အောင်မြင်မှုအများကြီး ရခဲ့တယ်။ Gamer တွေနဲ့ Mario fan တွေအတွက် nostalgic ဖြစ်စေတဲ့ animated movie ကောင်းလေးတခု ဖြစ်ခဲ့တယ်။ ပြီးတော့ box office မှာလည်း 1 billion ကျော်ခဲ့တယ်။

The Super Mario Bros.Movie က sequel လာဦးမှာပါ။ အဲ့ဒါအပြင် Nintendo ဘက်ကနေပြီးတော့ Mario Universe အတွက် series အသစ်တွေ ထပ်လာဦးမယ်လို့ ပြောပါတယ်။

သတင်းတွေအရဆိုရင် Toad ရဲ့ solo series လာမယ်။ Donkey Kong မဟုတ်ရင် Donkey Kong Junior အတွက်လည်း series လာနိုင်ချေရှိတယ်။
Nintendo က Zelda live-action အတွက်လည်း production ကို အမြန်ဆုံး စဖို့အတွက် အရှိန်ယူနေပြီလို့ သိရတယ်။

မိတ်ဆွေတို့ရော Mario Universe မှာ ဘယ် character ကို အသစ်လာမယ့် movie ထဲ မြင်ချင်ကြလဲ။

Fantastic 4 ရုပ်ရှင်မှ Galactus ရဲ့ပုံရိပ်သစ် 🔥
05/07/2025

Fantastic 4 ရုပ်ရှင်မှ Galactus ရဲ့ပုံရိပ်သစ် 🔥

Mephisto အဖြစ် Sacha Baron Cohen ကိုမြင်ရတဲ့အပေါ်ဘယ်လိုသဘောရကြသလဲ? 👀
04/07/2025

Mephisto အဖြစ် Sacha Baron Cohen ကိုမြင်ရတဲ့အပေါ်ဘယ်လိုသဘောရကြသလဲ? 👀

Address

Yagon

Alerts

Be the first to know and let us send you an email when Z E U S posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Z E U S:

Share