
27/07/2025
အင်းစိန်အကျဥ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ အကျဥ်းသား ၁၀ဦးစာမေးပွဲအောင်မြင် ဂုဏ်ထူးရရှိသူ ၈ဦးရှိ
(DBA) ဇူလိုင် -၂၇
ရန်ကုန်မြို့ အင်းစိန်အကျဥ်းထောင်မှ တက္ကသိုလ်ဝင်တန်းဝင်ဖြေသူ ထောင်ကျအကျဥ်းသား ၁၀ဦးလုံး စာမေးပွဲအောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသူ ၈ဦးရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အကျဥ်:ဦးစီးဌာန အင်းစိန်ဗဟိုအကျဥ်း ထောင်မှ ပြစ်ဒဏ်ကျ အကျဥ်:သား( ၆)ဦး အကျဥ်းသူ( ၄) ဦး စုစုပေါင်း( ၁၀) ဦးဝင်ရောက်ဖြေဆိုခဲ့ တာဖြစ်ပါတယ်။
ဖြေဆိုသူ ၁၀ဦးစလုံး အောင်မြင်ခဲ့တဲ့အတွက် ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တယ်လို့ သိရပြီး ၃ ဘာသာ ဂုဏ်ထူး ( ၁) ဦး ၂ ဘာသာဂုဏ်ထူး ( ၃) ဦး ၁ ဘာသာဂုဏ်ထူး ( ၄) ဦး ရိုးရိုးအောင် ( ၂) ဦး နဲ့ အသီးသီး အောင်မြင်ခဲ့ကြပါတယ်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ အောင်ချက် ရာ ခိုင်နှုန်း ၄၈ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာနက ဒီနေ့နက်ပိုင်းက ထုတ်ပြန်ကြေ ညာပါတယ်။
တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူဟာ (၂၀၇၈၉၈) ယောက်ရှိပြီး အောင်မြင်သူ (၉၉၉၂၄) ယောက် ရှိခဲ့ပြီး အောင်ချက်အနည်းဆုံးကတော့ ချင်းပြည်နယ် ဖြစ်ပြီး ၂၆ ဒသမ ၉၆ ရာခိုင်နှုန်းတာ ရှိခဲ့တာဖြစ်ပါတယ်။
အောင်ချက်အကောင်းဆုံး တိုင်းနဲ့ပြည်နယ်ကတော့ မွန်ပြည်နယ်ကဖြစ်ပြီး၅၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ အများဆုံး၊ ရန်ကုန်တိုင်းဒေသကြီးက ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းနဲ့ ဒုတိယအများဆုံး နဲ့ ကယားပြည်နယ် က ၅၁ ဒသမ ၅၂ ရာခိုင်နှုန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။