Khit Thit Media

Khit Thit Media Your reliable Media in Myanmar. ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်သည်။
(32046)

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးရန်ကုန်၊ ဇူလိုင် ၂၄မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၄ ရက်နေ့ ရရှိထားသ...
24/07/2025

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၃၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေ ပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

တနင်္သာရီတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန...
24/07/2025

တနင်္သာရီတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကိုလည်း ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရမ်းဖို‌ကျေးရွာ၊ ကမ်းပါးနီ အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးကျော်ကို ဗိုလ်ခရင်းတပ်ဖွဲ့နှင့် မြိတ် ပကဖ အဖွဲ့တို့က ပူး‌ပေါင်း မိုင်းဆွဲ တိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ဘက်မှ ပြန်လည် ပစ်ခတ် တိုက်ခိုက်မှုမရှိကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားသည့်နေရာတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိနေသောကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ပူး‌ပေါင်း တပ်ဖွဲ့များ အထိခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့တွင် ကြာအင်းဆိပ်ကြီး ဗျူဟာကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ဗုံးသီး ၂ လုံး၊ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း ဗျူဟာကုန်းထဲကို ကျရောက် ပေါက်ကွဲမှုများရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဒရုန်းနဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ သိရတယ်။ ဘယ်အဖွဲ့တွေ ပစ်တယ်ဆိုတာတော့ မသိရသေးဘူး။ ဗျူဟာကုန်းထဲကို ကျရောက်ပေါက်ကွဲမှုရှိတယ်။ စစ်ခွေးတွေ ထိခိုက်မှုရှိမရှိတော့ မသိရဘူး။ ပေါက်ကွဲသံတွေကတော့ အကျယ်ကြီးပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်မှုများရှိခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

24/07/2025

စခန်းထိန်းဖို့ကျည်ကူစို့ကမ်ပိန်းLive
အောက်ပါလင့်များတွင်ပါဝင်နိုင်ပါတယ်

▪️ကျားသစ်နက်တပ်မတော်
https://www.facebook.com/profile.php?id=100090012300408&mibextid=ZbWKwL

▪️BLPA Fundraising Team -Venture
https://www.facebook.com/share/16BYv2Ak4o/

▪️ကျားသစ်နက်တပ်မတော် တပ်ခွဲ-၄
https://www.facebook.com/share/168mx37uXR/

▪️ Telegram Channel
https://t.me/blackleopardarmy

▪️ Telegram Channel
https://t.me/blpafundraiserteam02

ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်...
24/07/2025

ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စာသင်ဆောင်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း NMSP-AD/ Ramonnya Mon Army က ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၂၃ ရက်နေ့ ည ၁၁ နာရီကျော်ခန့် အကြမ်းဖက် စစ်တပ်၏ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ ပြင်ပနှင့် တောင်ကမ္မရိုက် ကျေးရွာ စာသင်ကျောင်းကို ထိမှန်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု အတွင်း စာသင်ကျောင်းဆောင်များ ထိခိုက် ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဥ်များဖြင့် ကော့ကရိတ်၊ ကျုံဒိုးမြို့အနီး တစ်ဝိုက်ကို ပစ်ခတ် တိုက်ခိုက်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနေဖြင့်လည်း လက်နက်ကြီးသံ၊ လေယာဉ်သံများကို အားနားစွန့်၍ အထူး ဂရုပြု နေထိုင်ကြရန် NMSP-AD/ Ramonnya Mon Army က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့်...
24/07/2025

တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ရေအောင်မြင်ဘုန်းကြီးကျောင်းအနီး တပ်စွဲဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 Drone Team မှ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကတုံးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်း ရှေ့တွင် တပ်စွဲ ဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်း ၁၀ စီး ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး အင်အားကတော့ ၅၀၊ ၆၀ လောက်ရှိတယ်။ စစ်ခွေးတွေဘက်တော့ ပြန်မပစ်နိုင်ပါဘူး။ အားရမူတော့ နည်းပါတယ်။ ဗုံးသီး လိုအပ်ချက်ကြောင့် အခုတိုက်ခိုက်ရေးက အားနည်းတယ်လို့ ပြောရမယ်။ နောက်နောင် ဒီထက်မက လုပ်ဆောင်ပါမယ်လို့ ကတိပေးပါတယ်"ဟု Myingyan District Army-3 Drone Team မှ တာဝန်ခံ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲခေါင်းဆောင် ဗိုလ်ကတုံးကပြောဆိုသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူများ အနက် ၂ ဦးသည် ခြေထောက်ပြတ် ထွက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီ တပ်သားများသည် မြင်းခြံဘက်သို့ ကား ၃ စီးဖြင့် ပြန်လည် ထွက်ခွာသွားပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း Fixed Wings Drones ၃ စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း လက်ရုံးတပ် ဒရုန်းတပ်ဖွဲ့နှင့် မလှိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

24/07/2025

"ဟင်းကောင်းတစ်ခွက်ဖြစ်ဖို့ ဘာတွေလိုအပ်လဲ''
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ မှာ ပြုလုပ်နေတဲ့ မိုဃ်းကူးရိက္ခာသိန်း၉၀၀ ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးလို့ရပါတယ်။

နွေဦးကံ့ကော်အင်ပါယာ OFP Page လေးကနေလည်း ပါဝင်အားဖြည့်လို့ရပါတယ်။
https://www.facebook.com/share/1C8osRzL94/

#မိုဃ်းကူးရိက္ခာသိန်း၉၀၀

#အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့
#မိုဃ်းကူးရိက္ခာ

မတ္တရာနှင့် ပုသိမ်ကြီး ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗ...
24/07/2025

မတ္တရာနှင့် ပုသိမ်ကြီး ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူး ဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၇ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူးဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၆ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲများ ထိန်းချုပ်သိမ်းပိုက်ထားသော မတ္တရာမြို့နယ် ထန်းပင်ကုန်းကျေးရွာ ၊ ပုသိမ်ကြီးမြိုနယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ကို အကြမ်းဖက် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း တော်လှန်ရေးတပ်ဖွဲများက အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

“ထန်းပင်ကုန်း၊ သရက်ကိုင်း၊ မြကန်သာရွာတွေဘက်ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ် အပြင်း အထန်လုပ်ဆောင်ခဲ့ပေမယ့် ကျနောတို့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြည့်အဝ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး)နဲ့ မဟာမိတ်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လို အခက်အခဲတွေ၊ ဖိအားတွေရှိနေပါစေ ပန်းတိုင်ကို မမှိတ်မသုန် ဆက်လက်ချီတက်သွားမှာဖြစ်ပါ တယ်” ဟု ပြည်သူ့ကာ ကွယ်ရေး တပ်မတော် (မန္တလေး) မှ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၄ ရက်နေ့အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်ကောင်စီအကြား ဖြစ်ပွားခဲ့သောတိုက်ပွဲများနှင့် နယ်မြေရှင်းလင်းမှုများမှ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် DSA စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ဆင်းဖြစ်သူ ဖြိုးကျော် (ဒု-ဗျူဟာမှူးဟု ယူဆရသူ) နှင့် အခြား စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး၏ ရုပ်အလောင်းများ ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး ထူးခြားဖြစ်စဉ်အနေဖြင့် လောက်ကိုင်တွင် လက်နက်ချခဲ့သော လောက်ကိုင်ဒကစ လက်အောက်ခံ ခလရ ၂၃၉ တပ်ရင်းသည် စစ်ကောင်စီ၏ ပုသိမ်ကြီးမြို့နယ်အတွင်း တန်ပြန်ထိုးစစ်တွင် ပါဝင်လာခဲ့ကြောင်း သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ၏ အမှတ်တံဆိပ်အရ သိရှိရကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်သည် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် နှင့် Y-12 ဖြင့် ၁ ကြိမ် ၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ၄ ကြိမ် ၊ Y-12ဖြင့် ၃ ကြိမ် နှင့် Mi-35 ဖြင့် ၂ ကြိမ် ၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် ၊ Y-12 ဖြင့် ၂ ကြိမ် နှင့် Mi-35 ဖြင့် ၁ ကြိမ် နှင့် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် နှင့် Y-12ဖြင့် ၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် မိတ်ဖက်မဟာမိတ်တပ်ဖွဲ့များသည် မည်သည့် အခက်အခဲများနှင့် ဖိအားများရှိနေစေကာမူ ဆက်လက်ချီတက်သွားမည်ဖြစ်ကြောင်းပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

24/07/2025

"စစ်ကောင်စီကြိုးပမ်းနေသည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ"

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၄)ရက်နေ့၊ ယနေ့ည မြန်မာစံတော်ချိန် (၆:၃၀) အချိန်တွင် စစ်ကောင်စီက နိုင်ငံတကာတွင် တရားဝင်ရေးကြိုးပမ်းနေမှု - အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်မှုများ၊ တရားမဝင် ငြိမ်းချမ်းရေးစကားဝိုင်း၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကျင်းပမည့် အချက်အလက်များ နှင့် ဖြစ်ပေါ်လာနိုင်သည့် အလားအလာများ၊ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများနှင့်အတူ အရှိန်အဟုန်မြှင့်တင်ကာ ဆန့်ကျင်တော်လှန်သွားမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးမည့်စကားသံများအား တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်ပါသည်။

🎙 တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ဆွေးနွေးသည့်သူများမှာ

- ဦးတိုးကျော်လှိုင်
NUCC ကောင်စီဝင်
အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (GSCC)

- ဒေါ်ဖြိုးစန္ဒာစိုး
မြန်မာနိုင်ငံအလုပ်သမား
တပ်ပေါင်းစု MLA အဖွဲ့ဝင်
လက်ထောက်အထွေထွေအတွင်းရေးမှူး (CTUM)

- ဦးနေဘုန်းလတ်
ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ
အမျိုးသားညီညွတ်ရေးအစိုးရ
Joint Working Committee for ⁨Anti-Illegal Sham Election

- ဒေါ်ခိုင်သဉ္ဇာအေး@ဖောင်ရိုး
မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA
နိုင်ငံရေးအကျဉ်းသူဟောင်း

📡 Live ကို တိုက်ရိုက် ကြည့်ရှုနိုင်မည့် တော်လှန်ရေးအင်အားစုများ၊ သတင်းမီဒီယာများ၏ FB စာမျက်နှာများမှာ

- National Unity Consultative Council အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ
- Public Voice Television
- Ctum Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-junta Forces Coordination Committee - Mandalay
- General Strike Coordination Body - GSCB
- Mizzima - News in Burmese - မဇ္ဈိမ
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union - Center လူငယ်များသမဂ္ဂ- ဗဟို
- Red Peacock
- နွေဦးအောင်လံ

Live Talk Show: Reject the Military Junta’s Illegal Sham Election

Date & Time: July 24, 2025 (Thursday) 6:30 PM (Myanmar Time)

As the military junta continues its attempts to gain international legitimacy through sham peace processes and preparations for an illegal Sham election, this live talk show will confront these efforts head-on. The discussion explore the regime’s deceptive narratives, expose the risks and consequences of its illegal electoral plan, and amplify revolutionary voices calling for resistance. Together with the people, we aim to accelerate the momentum of the revolution through truth, dialogue, and collective action.

🎙 Featured Speakers:

- U Toe Kyaw Hlaing
NUCC Councilor
General Strike Collaboration Committee (GSCC)

- Daw Phyo Sandar Soe
Member, Myanmar Labour Alliance
Assistant General Secretary (CTUM)

- U Nay Phone Latt
Spokesperson, Prime Minister’s Office, National Unity Government (NUG)
Member of Joint Working Committee for the Anti-Illegal Sham Election

- Khiang Thinzar Aye (Phong Yoe)
Member, Myanmar Labour Alliance
Former Political Prisoner

📡 Watch Live On:
- National Unity Consultative Council – NUCC
- Public Voice Television
- CTUM Myanmar
- Khit Thit Media
- Federal FM
- Ayeyarwaddy Times
- Anti-Junta Forces Coordination Committee – Mandalay
- General Strike Coordination Body – GSCB
- Mizzima (Burmese News)
- Interim Chin National Consultative Council
- Myanmar Labour News
- Justice Wave
- Pen47
- ConnectBurma
- Youths Union – Center
- Red Peacock
- NwayOo AungLan

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲ...
24/07/2025

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲမှ နေအိမ်များ ထိခိုက်မှုမရှိ

ရန်ကုန်၊ ဇူလိုင် ၂၄

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲမှ နေအိမ်များ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးတွင် လေပြင်းတိုက်ခတ်ခဲ့ပြီး ရေတပ် လိုင်းခန်းများ ခေါင်မိုးပွင့်ထွင် ပျက်စီးသွားပြီး ရပ်ကွက်ထဲမှ ပြည်သူပိုင် နေအိမ်များ ထိခိုက်ပျက်စီးမှု လုံးဝ မရှိကြောင်း သိရသည်။

"သာကေတ ရှုခင်းသာမှာ ဒီနေ့ နံနက် လေပြင်း တိုက်သွားတာ ရေတပ်လိုင်းခန်း အကုန် စုတ်ပြတ် ခေါင်မိုးတွေ လွင့်ထွက် သစ်ပင်တွေ ကျိုးကြသွားတယ်။ အခုထိ ခုတ်လို့မပြီးသေးဘူး။ ပြည်သူတွေ ဝမ်းသာနေတယ်ဆိုတာ သူတို့ ရေတပ်ဝင်းထဲပဲ ရွေးပြီး တိုက်သွားတာ ရပ်ကွက်ဘက်အခြမ်းက ဘာမှမဖြစ်ကြဘူး။ အံ့ဩလွန်းလို့ အကုသိုလ်ကောင်တွေကို ရွေးပြီး ဝင်သွားတာနေမယ် ရေတပ်မိသားစုတွေလည်း ထိခိုက်တယ်လို့ သိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ လေပြင်း တိုက်ခတ်မှု အတွင်း ရေတပ်ဝင်း လိုင်းခန်းတွင် နေထိုင်သော စစ်ကောင်စီ တပ်သား မိသားစုဝင်များ ထိခိုက်မှုရှိပြီး လက်ရှိချိန်ထိ ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော သတင်းများကို...
24/07/2025

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော သတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်၊ ကမ္ဘောဒီးယား၏ ပစ်ခတ်မှုကြောင့် ထိုင်း ပြည်သူ ၁၁ ဦးနှင့် ထိုင်းစစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က ထိုင်းနိုင်ငံနှင့် စစ်ဆင်ရေးများကို ၎င်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော ထိုင်းသတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်လိုက်သည်။

ယနေ့တွင် ထိုင်းသတင်းဌာနများက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်သည် လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဆိုသော သတင်းများကို ဖော်ပြပြီးနောက် ဟွန်ဆင်က သူ၏ ရုံးခန်းအတွင်းမှ စစ်ဆင်ရေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် စီစဉ်ညွှန်ကြားကာ စစ်ဆင်ရေး မြေပုံများကို ကြည့်ရှုနေသည့် ဓာတ်ပုံများကို ထုတ်ပြန်လာသည်။ ဓာတ်ပုံများနှင့်အတူ သူထွက်မပြေးကြောင်း၊ ထိုင်းသတင်းဌာနများ၏ ရေးသားဖော်ပြချက်များမှာ သတင်းအမှားများဖြစ်ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

လတ်တလော နှစ်နိုင်ငံ စစ်ပွဲမှာ ယနေ့ ညနေပိုင်းတွင် ပိုမို အရှိန်မြှင့်လာနေပြီး ထိုင်းပြည်သူ ၁၁ ဦးနှင့် ထိုင်းစစ်သား ၁ ဦးသေဆုံးကာ ၄၀ ကျော်ဒဏ်ရာရရှိထားသည်။

ထိုင်းစစ်တပ်က ကမ္ဘောဒီးယားစစ်တပ်ကို ပြန်လည် တိုက်ခိုက်နေပြီး စစ်လေယာဉ်ဖြင့် ကမ္ဘောဒီးယား စစ်စခန်းကို ဗုံးကျဲခြင်း၊ ကမ္ဘောဒီးယား တင့်ကား ၂ စီးကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ အငြင်းပွားဖွယ်ရာ နယ်မြေများအတွင်းသို့ ရောက်ရှိနေသော ကမ္ဘောဒီးယားစစ်တပ်ကို လေကြောင်းတိုက်ခိုက်ခြင်း၊ ခြေလျင်တပ်များ ဖြန့်ကျက်စေလွှတ်ခြင်း အပါအဝင် စစ်ရေးအခြေအနေများ အလွန်တင်းမာ မြင့်တက်လျက်ရှိသည်။

နှစ်နိုင်ငံနယ်စပ်တွင် ပြည်သူများမှာ စစ်ဘေးရှောင်နေကြရပြီး လက်ရှိတွင် ကမ္ဘောဒီးယားက ထိုင်းပြည်သူများ၊ ဆေးရုံနှင့် ရပ်ရွာများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်နေသဖြင့် ထိုင်းအစိုးရက ထိုင်းပြည်သူများ စစ်ဘေးရှောင်ကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကမ္ဘောဒီးယားက ထိုင်းနိုင်ငံက စတင်ကျူးကျော်ပစ်ခတ်သည်ဟုဆိုကာ ကုလသမဂ္ဂထံသို့ တိုင်ကြားပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေး ခေါ်ယူပေးရန် တောင်းဆိုသည်။

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင်ဆက်...
24/07/2025

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မနက်ပိုင်းကစပြီး ထိုင်း နဲ့ ကမ္ဘောဒီးယား နယ်မြေ အငြင်းပွားမှုကနေ အပြန်အလှန်ပစ်ခတ်မှုနဲ့ စစ်ပွဲအဖြစ် နာရီပိုင်းအတွင်း အရှိန်မြင့်တက်လာပြီး ထိုင်းပြည်သူ ၈ ဦးထက် နည်း သေဆုံးထားတဲ့အပြင် ၊ ထိုင်းလေတပ်ကပါ ကမ္ဘောဒီးယားစစ်စခန်း ၂ ခုကို ဗုံးကျဲလိုက်တဲ့အတွက် ပြည်ပရောက် မြန်မာတွေ အနေနဲ့ အဲ့ဒီ့ ပဋိပက္ခကို မီးလောင်ရာလေပင့် မလုပ်ကြပဲ သတိပြု နေထိုင်ကြဖို့ကိုပါ NUG က တိုက်တွန်းထားပါတယ်။

- မြန်မာ့ပြည်တွင်းရေးမှာတော့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကုလသမဂ္ဂဆိုင်ရာ မလေးရှားသံ အမတ်ကြီး တို့တွေ့ဆုံပြီး အကြမ်းဖက် စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဖိုရမ်ကိုလည်း CRPH က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

- မကွေးတိုင်းက မြစ်ခြေမြို့မှာ ပြည်သူ ၃ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦး ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိသွားပြီးနောက် အဲဒီ သူတို့စစ်သားအလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို မိတ္တီလာဘက် သယ်သွားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၄ ရက် ညနေပိုင်း တင.....

မန္တလေးမြို့၊ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရန်ကုန်...
24/07/2025

မန္တလေးမြို့၊ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက်ခံရပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၄

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားပြတိုက် ခံရပြီးနောက် အကြမ်းဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားကာ အမျိုးသား ၂ ဦး ထိခိုက်မှုရှိကြောင်း ဒေသသတင်းရင်းမြစ် Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၃၉ လမ်း၊ ၈၅ လမ်း ၈၆ လမ်း ကြားရှိ ရွှေနန်းသုခရွှေဆိုင်ကို လက်နက်ကိုင်ဆောင်ထားသော သေနတ်သမားများက ဝင်ရောက် ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓားပြတိုက်မှုဖြစ်ပွားပြီး မကြာခင်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီး လူနာတင်ကားများ ရောက်ရှိလာကြောင်း သိရှိရသည်။

"ဓားပြတွေကို ဖမ်းမိလားဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ပစ်ခတ်မှု ဖြစ်တဲ့ အချိန် အကုန်ထွက်ပြေးကျရတယ်။ သေနတ်သံ ၁၀ ချက်လောက်တော့ ကြားရတယ်လို့ သိရတယ်။ လက်နက်ကိုင်ဆောင်ထားတဲ့ သူတွေက ရွှေဆိုင် ဓားပြတိုက်နေချိန်မှာ စျေးထဲကို စစ်ခွေးတွေ ရောက်ရှိလာလို့ ဓားပြလာတိုက်တဲ့ သူများတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတာလို့သိရတယ်။ အခု လူနာ တင်ကားတွေရောက်နေတယ်" ဟု Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထပ်မံ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားတာ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်း မဏီစလကလည်း မန္တလေးမြို့ ၃၉လမ်း ၈၅လမ်းထောင့်ရှိ ရွှေနန်းသုခရွှေဆိုင် ဓားမြတိုက်ခံရမှုကို အတည်ပြုထားပြီး ပစ်ခတ်မှုကြောင့် အမျိုးသား ၂ ဦး ထိခိုက်ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

Address

Yagon

Alerts

Be the first to know and let us send you an email when Khit Thit Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Khit Thit Media:

Share

ရန်ကုန်ခေတ်သစ် တည်ရှိရကြောင်း အနည်းငယ်

မြန်မာနိုင်ငံတွင် အစိုးရက သတင်းမီဒီယာလုပ်ငန်းကို ပြည်သူ့ဘဏ္ဍာငွေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဝါဒဖြန့်နေခြင်း၊ ငွေကြေးနှင့်အာဏာအင်အားကြီးမားစွာ ပိုင်ဆိုင်ထားသော မြန်မာစစ်တပ်ကလည်း မီဒီယာများထူထောင်၍ ဝါဒဖြန့်နေခြင်း၊ ဘဏ္ဍာရေးအင်အားတောင့်တင်းသော စီးပွားရေးသမားများက မီဒီယာများထူထောင်၍ သြဇာချဲ့ ဝါဒဖြန့်လာခြင်းတို့ကြောင့် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာ အလွန် အားနည်းလျက်ရှိပါသည်။

၂၀၁၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေးဖျက်သိမ်း၍ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးခဲ့သော်လည်း အစိုးရသတင်းစာများက ကြော်ငြာ ဈေးကွက်လက်ဝါးကြီးအုပ်ထားခြင်း၊ သြဇာချဲ့ထွင်သော ခရိုနီသတင်းစာများကို မယှဉ်နိုင်ခြင်း၊ စစ်တပ်ပိုင် သတင်းစာများလည်း ကြီးထွားနေခြင်းတို့ကြောင် ပုဂ္ဂလိက လွတ်လပ်သော သတင်းစာများ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်တန့်နေသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်း Digital Media မှာလည်း အစပျိုးချိန်သာရှိနေပြီး အများစုမှာ စတင်တည်ထောင်ရန် ကြိုးပမ်းနေရင်းဖြင့် ရပ်တည်ရန် ခက်ခဲနေချိန်လည်းဖြစ်ပါသည်။ အလားတူ ပုဂ္ဂလိက ရုပ်သံမီဒီယာများ၊ ရေဒီယိုများမှာလည်း မရှိသလောက်နည်းပါးနေပြီး အများစုသော ရုပ်သံလိုင်းများမှာလည်း ပုဂ္ဂလိက ဟုဆိုသော်လည်း ရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်ရင်း လွတ်လပ်သော အယ်ဒီတိုရီရယ် ပေါ်လစီများ ပျောက်ဆုံး လျော့နည်းလာနေပါသည်။ ရေဒီယိုအသံလွှင့်မီဒီယာတွင်လည်း FM အများစုမှာ ပြန်ကြားရေးနှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ဗဏီများ၊ ခရိုနီ စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ကြသူများ ဖြစ်ပါသည်။

ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အပါအဝင် သတင်းမီဒီယာများ ရှင်သန်ရုန်းကန်လာရချိန်တွင် စီးပွားရေး အကျိုးအမြတ်အတွက် အစိုးရ၊ တပ်မတော်၊ ခရိုနီ စီးပွားရေးကုမ္ဗဏီများ၊ အစွန်းရောက်များနှင့် ပဋိပက္ခ မဖြစ်လိုခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်းများကို ရှောင်လွဲရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ သတင်းများကို ဖော်ပြအားမှုအားနည်းလာပါသည်။ ယင်းသို့ အားနည်းလာခြင်းက မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများထံသို့ သတင်းအချက်အလက် အမှန် ရောက်ရှိရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာပါသည်။

ရန်ကုန်ခေတ်သစ်မီဒီယာသည် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုး ကွယ်ခွင့် နှင့် မတူညီသော လူတန်းစားများအကြား အတူ ယှဉ်တွဲနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး ဟူသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ ဘေးဖယ် အထောက်အကူပြုနိုင်သော အွန်လိုင်းသတင်းမီဒီယာအဖြစ် ရည်ရွယ်ထူထောင်ခဲ့ခြင်းဖြစ်သည်။