Mobile Guide Journal

Mobile Guide Journal Whatever you want to know about mobile phones, Mobile Guide Journal is just around you.

အဆိပ်ရှိသတ္တုတွေကိုစားသုံးပြီး ရွှေ အဖြစ် ပြောင်းပေးနိုင်မယ့် ဘက်တီးရီးယားသိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအရ Cupriavi...
24/07/2025

အဆိပ်ရှိသတ္တုတွေကိုစားသုံးပြီး ရွှေ အဖြစ် ပြောင်းပေးနိုင်မယ့် ဘက်တီးရီးယား

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိမှုအရ Cupriavidus metallidurans လို့ အမည်ရတဲ့ ဘက်တီးရီးယားဟာ အဆိပ်ရှိသတ္တုပစ္စည်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ကာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ရွှေကိုလည်း ထုတ်နိုင်စွမ်းရှိပါတယ်။ အဲဒီ ဘက်တီးရီးယားဟာ သတ္တုများနဲ့ ထိတွေ့ချိန် အထူးအင်ဇိုင်း CopA ကိုထုတ်လွှတ်ကာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကနေ ရွှေမှုန်များကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတဲ့အခါ ရွှေမှုန်များဟာပေါင်းစပ်ကာ ရွှေအစလေးများ ဖြစ်လာနိုင်ပါတယ်။ အဲဒီ ဖြစ်စဉ်ဟာ သတ္တုတွေ နဲ့ ရွှေ ဖြစ်တည်လည်ပတ်မှု မှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် အနေအထားတစ်ခုအထိ ထောက်ကူပေးနိုင်ပါတယ်။

သစ်ပင် အစစ်ထက် CO₂ ကို အဆ တစ်ထောင် မြန်မြန်ဆန်ဆန် စုပ်ယူပေးနိုင်တဲ့ သစ်ပင်အတု ကိုလံဘီယာ တက္ကသိုလ်က ပညာရှင်တွေ တီထွင်ထားတ...
23/07/2025

သစ်ပင် အစစ်ထက် CO₂ ကို အဆ တစ်ထောင် မြန်မြန်ဆန်ဆန် စုပ်ယူပေးနိုင်တဲ့ သစ်ပင်အတု

ကိုလံဘီယာ တက္ကသိုလ်က ပညာရှင်တွေ တီထွင်ထားတဲ့ သစ်ပင်အတုဟာ လေထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခပ်မြန်မြန်စုပ်ယူနိုင်စွမ်းရှိပါတယ်။ အဲဒီသစ်ပင်အတုတွေက သစ်ပင်အစစ်တွေထက် CO₂ ကို အဆ တစ်ထောင် မြန်မြန်ဆန်ဆန် စုပ်ယူပေးနိုင်မှာဖြစ်ပါတယ်။ Dr. Klaus Lackner နဲ့ အဖွဲ့က တီထွင်ထားတဲ့ နည်းပညာဟာ လေထုညစ်ညမ်းမှုကို ဖြေလျော့ပေးနိုင်ပါမယ်။
သဲကန္တာရ နဲ့ ဆက်စပ်တဲ့ နယ်မြေတွေအတွက် အထောက်အကူရနိုင်ပါမယ်။ သစ်ပင်တွေစိုက်မယ် ဆိုရင်တော့ သဘာဝပတ်ဝန်းကျင်ကို ပိုထိန်းရာရောက်ပါမယ်။ သစ်ပင်တစ်ပင်စိုက်တာထက် ပိုက်ဆံပိုကုန်မယ့် နည်းပညာပါ။ အဲဒီ သစ်ပင်အတုက သစ်ပင်အစစ်တွေဘေးနားမှာထားဖို့တော့မလွယ်ပါဘူး။

၃ နှစ်ကာလအတွင်း ဆရာဝန် ၁၇ ယောက် အဖြေမထုတ်နိုင်ခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ရောဂါကို ChatGPT က အဖြေထုတ်ပေးခဲ့ Courtney လို့အမည်ရ...
22/07/2025

၃ နှစ်ကာလအတွင်း ဆရာဝန် ၁၇ ယောက် အဖြေမထုတ်နိုင်ခဲ့တဲ့ကလေးတစ်ယောက်ရဲ့ ရောဂါကို ChatGPT က အဖြေထုတ်ပေးခဲ့

Courtney လို့အမည်ရတဲ့ အမျိုးသမီးဟာ သူ့ကလေးAlexရဲ့ နာကျင်မှု ဝေဒနာကို ဆရာဝန် ၁၇ ယောက်နဲ့ ပြသခဲ့ပါတယ်။ လေးနှစ်အရွယ်ကလေးလေးဟာ အရာဝတ္ထုတွေကို ကိုက်တတ်တဲ့အပြင်
ခေါင်းကိုက်တာ ဘယ်ညာကိုယ်နေဟန်ထား မမှန်တာတွေ လည်းရှိပါတယ်။ Alex ဟာ နာတာရှည် နာကျင်မှုဒဏ်ကြောင့် တခြားကလေးတွေနဲ့ အတူဆော့လို့မရပါဘူး။ အမေဖြစ်သူက ဆရာဝန်ပေါင်းစုံနဲ့ ပြသခဲ့ပေမယ့် တိကျတဲ့ရောဂါ ဇစ်မြစ်မသိရပါဘူး။ ဒါကြောင့်် အမေဖြစ်သူဟာ ChatGPT ကို သားရဲ့ ရောဂါလက္ခဏာတွေကို ပြသတဲ့အပြင် MRI ရိုက်ထားတာတွေလည်း ပြခဲ့ပါတယ်။ ChatGPT က tethered cord symdrome လို့ အဖြေထုတ်ပါတယ်။ အဲဒါနဲ့ အမေဖြစ်သူက အဲဒီ ရောဂါမျိုးခံစားနေရတဲ့ ကလေးမိဘတွေစုဖွဲ့ထားတဲ့ Facebook Group တစ်ခုကို ဝင်ရောက် လေ့လာကာ နောက်ပိုင်း ဆရာဝန်အသစ်တစ်ယောက်နဲ့ ဆွေးနွေး အဖြေရှာကာ ကလေးကို လိုအပ်တဲ့ ခွဲစိတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ Alex ကို ကုသပေးတဲ့ Dr. Holly Gilmer ကတော့ တချို့ ရောဂါလက္ခဏာတွေက ရောဂါရှာဖွေရေးမှာ ရှုပ်ထွေး ခက်ခဲတတ်ကြောင်းရှင်းပြပါတယ်။

သူ့ဘာသာ ဘက်ထရီလဲလှယ်နိုင်ကာ ၂၄ နာရီလုံး အလုပ်လုပ်နိုင်မယ့် လူပုံစံစက်ရုပ် Walker S2အချို့ စက်ရုပ်တွေက ခဏအနားပေးရတာမျိုး ...
21/07/2025

သူ့ဘာသာ ဘက်ထရီလဲလှယ်နိုင်ကာ ၂၄ နာရီလုံး အလုပ်လုပ်နိုင်မယ့် လူပုံစံစက်ရုပ် Walker S2

အချို့ စက်ရုပ်တွေက ခဏအနားပေးရတာမျိုး ၊ အားပြန်သွင်းရတာမျိုး ၊ လူသားက ဘက်ထရီ ဖြုတ်တပ် ပေးရတာမျိုး ရှိပေမယ့် တ-ရုတ် အခြေစိုက် ကုမ္ပဏီက ထုတ်တဲ့ Walker S2 စက်ရုပ်ကတော့ လူပုံစံ စက်ရုပ်ဖြစ်သလို ဘက်ထရီများ ကိုဖြုတ်တပ် ရာမှာလည်း အဲဒီစက်ရုပ် ကိုယ်တိုင်ပြောင်းလဲတပ်ဆင်နိုင်ပါတယ်။ Walker S2 စက်ရုပ်က သူ့မှာ တပ်ထားတဲ့ ဘက်ထရီ အားနည်းလာပြီဆိုရင် ဘက်ထရီလဲရမယ့် နေရာကို ကိုယ်တိုင်လမ်းလျှောက်သွားပါမယ်။ အဲဒီနောက်လူသားတစ်ယောက်ရဲ့ အကူအညီမလိုဘဲ ကျောဘက်မှာတပ်ဆင်ထားတဲ့ အားကုန်နေတဲ့ဘက်ထရီကို ဖယ်ရှားကာ အားပြည့်နေတဲ့ ဘက်ထရီအသစ်ကို ကိုယ်တိုင်လဲလှယ်တပ်ဆင်ပါတယ်။ သက်ဆိုင်ရာ အလုပ်တွေအတွက် အဲဒီ စက်ရုပ်ဟာ ၂၄ နာရီ၊ ၇ ရက်လုံးမရပ်မနား အလုပ်လုပ်ပေးနိုင်ပါတယ်။

OPPO Reno14 Series Music PartyOPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ က...
21/07/2025

OPPO Reno14 Series Music Party

OPPO Reno14 Series Music Party ကို ဇူလိုင် ၁၄ ရက်နေ့က Yangon Convention Centre (YCC) မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ OPPO Reno14 Series 5G ရဲ့ ဈေးနှုန်းတွေကတော့ OPPO Reno14 Pro 5G - ၂,၉၉၉,၉၀၀ ကျပ် ၊ OPPO Reno14 5G - ၂,၃၉၉,၉၀၀ ကျပ် ၊ OPPO Reno14 F 5G - ၁,၅၄၉,၉၀၀ ကျပ် တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

လူအရမ်းများတဲ့ ပွဲမှာ ထွက်ပေါက် ပြသတာကို ဒရုန်းသုံးပြီး ညွှန်ပြခဲ့ ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပတဲ့ World Expo 2025 ပွဲ...
19/07/2025

လူအရမ်းများတဲ့ ပွဲမှာ ထွက်ပေါက် ပြသတာကို ဒရုန်းသုံးပြီး ညွှန်ပြခဲ့

ဂျပန်နိုင်ငံ အိုဆာကာမှာ ကျင်းပတဲ့ World Expo 2025 ပွဲမှာ Exit ဆိုင်းဘုတ်ကို ဒရုန်းသုံးပြီး ညွှန်ပြခဲ့ပါတယ်။ ကောင်းကင်မှာ အားလုံးမြင်အောင် ဖန်တီးပေးထားလို့ ပွဲလာတဲ့ ပြည်တွင်း ပြည်ပကသူတွေအားလုံးအတွက် အတော်ကို အဆင်ပြေစေခဲ့ပါတယ်။ လူအရမ်းများတဲ့ပွဲတွေမှာ အရှေ့ အနောက် ထွက်ပေါက်တွေကို ဒရုန်းနဲ့ ညွှန်ပြထားတာဟာ လူအရမ်းတိုးတာ l စိတ်အနှောက်အယှက် ဖြစ်စေတာကို လျော့စေနိုင်သလို အချိန်ကုန်လည်းသက်သာစေပါတယ်။

အမှောင်ထဲမှာ လင်းတဲ့ လမ်းအမှတ်အသားများAustralia ရဲ့ Victoria ဘက်က လမ်းအချို့မှာ အ- နူ- မြူ   အလင်းပေး လမ်းအမှတ်အသားများက...
18/07/2025

အမှောင်ထဲမှာ လင်းတဲ့ လမ်းအမှတ်အသားများ

Australia ရဲ့ Victoria ဘက်က လမ်းအချို့မှာ အ- နူ- မြူ အလင်းပေး လမ်းအမှတ်အသားများကို ခြယ်ပေးထားတာ လွန်ခဲ့တဲ့ နှစ်တွေကတည်းကပါ။ ဖန်တီးစ အချိန်တုန်းကတော့ နိုင်ငံအနှံ့ တွင်ကျယ်အောင်လုပ်ဖို့ စိတ်ကူးရှိပေမယ့်အားနည်းချက် ရှိတာရယ် ကုန်ကျစရိတ်တွက်ချက်တာရယ်ကြောင့် ခုထိ တွင်ကျယ်စွာ အသုံးမပြုနိုင်သေးပါဘူး။ လမ်းမီးတိုင် မရှိတဲ့နေရာတွေမှာ အ- နူ- မြူ အလင်းပေး လမ်းအမှတ်အသားများဟာ ကားမောင်းသူတွေကို အထောက်အပံ့တစ်စုံတစ်ရာဖြစ်စေပါတယ်။ လျှပ်စစ်မီးမလိုသလို နေ့ဘက်မှာ UV အလင်းကို စုပ်ယူထားပြီး မှောင်ချိန်မှာ အလင်းကို ပြန်လွှတ်ပေးပါတယ်။ ဒါပေမယ့် နေရောင်ခြည် ကောင်းစွာမရတဲ့နေ့တွေမိုးရွာတဲ့နေ့တွေ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ နေရာမျိုးတွေမှာ ဒီနည်းပညာက အဆင်မပြေပြန်ပါဘူး။

ဒေါ်လာ ၂.၃ သန်းတန် တံတားဆောက်ရာမှာ ၉၀ ဒီဂရီ ထောင့်ချိုး အကွေ့ ထည့်သွင်းတည်ဆောက်ထားမိတဲ့ အဖြစ်အိန္ဒိယ က Bhopal မှာ ဒေါ်လာ...
17/07/2025

ဒေါ်လာ ၂.၃ သန်းတန် တံတားဆောက်ရာမှာ ၉၀ ဒီဂရီ ထောင့်ချိုး အကွေ့ ထည့်သွင်းတည်ဆောက်ထားမိတဲ့ အဖြစ်

အိန္ဒိယ က Bhopal မှာ ဒေါ်လာ ၂.၃ သန်းတန် တံတားဆောက်လုပ်ရာမှာ ၉၀ ဒီဂရီ ထောင့်ချိုး အကွေ့ ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။ အဲဒီလို ဒီဇိုင်းဖြစ်လာတာက မြေနေရာ အသုံးပြုမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာန ဘက်နဲ့ နှစ်ချီ သဘောတူညီမှု မရဖြစ်ပြီးနောက် ဖြစ်သလို ဆောက်လုပ် လိုက်တဲ့ အနေအထားမျိုးပါ။ တံတား အကြမ်းထည် ပြီးချိန် နောက်ဆက်တွဲရလဒ်အနေနဲ့
တာဝန်ကျ အင်ဂျင်နီယာ ၇ ယောက်ဟာ အရေးယူခံထားရကာ သက်ဆိုင်ရာ ဆောက်လုပ်ရေး အဖွဲ့အစည်းလည်း နာမည်ပျက် စာရင်းသွင်းခံရပါတယ်။
သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ငွေကြေးထပ်မံကုန်ကျခံကာ တံတားကို ပြန်ပြင်ကြရပါမယ်။ ဒီတံတားက ဘာကို ဖော်ပြနေလဲဆိုရင် စီမံကိန်း ဆောင်ရွက်စစ်ဆေးရမှာ အားနည်းချက်တွေရှိမှု နဲ့ သက်ဆိုင်ရာ မြို့ က အစိုးရအဖွဲ့ တွေရဲ့ ပေါင်းစပ် လုပ်ဆောင်မှု တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာပါပဲ။

နောက်နှစ်မှာ ခေါက်လို့ရတဲ့ iPhone ထွက်လာမယ်လို့ သတင်းထွက်ပြန်တခြားတံဆိပ်တွေက ခေါက်နိုင်တဲ့ ဖုန်းတွေကို တစ်နှစ်ပြီးတစ်နှစ...
16/07/2025

နောက်နှစ်မှာ ခေါက်လို့ရတဲ့ iPhone
ထွက်လာမယ်လို့ သတင်းထွက်ပြန်

တခြားတံဆိပ်တွေက ခေါက်နိုင်တဲ့ ဖုန်းတွေကို တစ်နှစ်ပြီးတစ်နှစ် မိတ်ဆက်ရောင်းချနေချိန် Apple ကတော့ ခေါက်လို့ရတဲ့ ဖုန်းကို ခုထိ အကောင်အထည် မဖော်သေးပါဘူး။ တစ်နှစ်ပြီးတစ်နှစ်လာတော့မယ်ဆိုတဲ့ သတင်းတွေကြားမှာ ပေါ်မလာဇာတ်ကားရိုက်နေချိန် အခုလည်း ခေါက်နိုင်မယ့် iPhone နောက်နှစ်လာမယ် ဖြစ်ပြန်ပါပြီ။ ဒီတစ်ခေါက်တော့ Apple က Samsung Display နဲ့ လက်တွဲ ဆောင်ရွက်နေတာပါတဲ့။ Galaxy Z Fold ဒီဇိုင်းတွေလို ထွက်လာနိုင်ပါတယ်။ ခေါက်နိုင်မယ့် iPhone မျက်နှာပြင်က 7.58-inch အကျယ် လောက်တော့ ဖြစ်နိုင်ပါတယ်။

2025 နှစ်ကုန် ကာလပိုင်းမှာ ဗီယက်နမ်တွင် Starlink ဝန်ဆောင်မှု  တရားဝင်စတင်မယ် အီလွန်မက်စ် ရဲ့Starlink အင်တာနက်ဝန်ဆောင်မှု...
15/07/2025

2025 နှစ်ကုန် ကာလပိုင်းမှာ ဗီယက်နမ်တွင် Starlink ဝန်ဆောင်မှု တရားဝင်စတင်မယ်

အီလွန်မက်စ် ရဲ့Starlink အင်တာနက်ဝန်ဆောင်မှုဟာ ဗီယက်နမ်နိုင်ငံတွင် လေး ငါးလ အတွင်း တရားဝင်စတင်မယ့် အခြေအနေရှိပါတယ်။
ဗီယက်နမ်တွင် SpaceX ဟာသူတို့ကုမ္ပဏီဘက်က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခု ထူထောင်ဖို့ ကြံဆထားကာ လိုအပ်တဲ့လုပ်ငန်းစဉ်များ ပြီးမြောက်ဖို့ သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့
ပူးပေါင်းလုပ်ဆောင်နေပါတယ်။
SpaceX ဘက်က ကနဦး ရင်းနှီးမြှုပ်နှံမှု အဖြစ် $1.5 billion လျာထားပါတယ်။ Network ပိုင်းကတော့ မြို့ နဲ့ နယ် ဒေသပေါ်မူတည်ကာ 4G/5G ကွဲပြားနိုင်ပါတယ်။ ဗီယက်နမ်အစိုးရဘက်က နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ကာလအတွက် ၅ နှစ်စီမံကိန်း လျာထားပါတယ်။

အက်တမ်သုံးစွဲသူများမှ ၉၉၉ကျပ်နှင့်အထက် ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်၊ ဝန်ဆောင်မှုများအား ကြိုက်ရာချန်နယ်များမှ ဝယ်ယူလိ...
14/07/2025

အက်တမ်သုံးစွဲသူများမှ ၉၉၉ကျပ်နှင့်အထက် ကြိုက်နှစ်သက်ရာ အက်တမ်ပက်ကေ့ချ်၊ ဝန်ဆောင်မှုများအား ကြိုက်ရာချန်နယ်များမှ ဝယ်ယူလိုက်ရုံဖြင့် အထူးဆုကြီး များနှင့်အတူ အပတ်စဉ် ဆုငွေလက်ဆောင်များကို ကံထူးခွင့်ရရှိနိုင်ကြမည်ဖြစ်ပါသည်။

အထူးဆုကြီးအနေဖြင့် ကံထူးသူ (၆) ဦးအား တစ်ဦးလျှင် သိန်း (၁,၀၀၀)ကျပ်စီ လစဉ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အပတ်စဉ်ဆုလက်ဆောင်များအနေဖြင့် ကံထူးသူ (၅) ဦးအား အက်တမ်ဖုန်းဘေလ် (၁)သိန်းကျပ်စီ အပတ်စဉ် ကျေးဇူးတုံ့ပြန် ပေးအပ်သွားမည်ဖြစ်ပါသည်။ ထို့အပြင်ပရိုမိုးရှင်းကာလအတွင်း ၉၉၉ ကျပ်နှင့်အထက် ကြိုက်ရာအက်တမ်ပက်ကေ့ချ်နှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုတိုင်းအတွက် အက်တမ်စတားပွိုင့် (၂)ဆ ကိုလည်းထပ်မံ ပေးအပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအစီအစဉ်ကို ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ ၂၀၂၅ ခုနှစ် အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။

HMD Global က Nokia ဖုန်းတွေကို အမေရိကန်မှာ မရောင်းတော့HMD Global က အမေရိကန်ဈေးကွက်မှာ Nokia ဖုန်းတွေကိုမရောင်းတော့ပါဘူး။...
14/07/2025

HMD Global က Nokia ဖုန်းတွေကို အမေရိကန်မှာ မရောင်းတော့

HMD Global က အမေရိကန်ဈေးကွက်မှာ Nokia ဖုန်းတွေကိုမရောင်းတော့ပါဘူး။ ရောင်းပြီးသား ဖုန်းတွေအတွက် အာမခံ နဲ့ သက်ဆိုင်ရာ ဝန်ဆောင်မှုတွေကိုတော့ ဆက်လက်ပေးပါအုံးမယ်။
ကုမ္ပဏီက လုံး၀ ရပ်ဆိုင်းမယ့် အနေအထားမဟုတ်သေးဘဲ တခြား အသေးစားစီးပွားရေးနယ်ပယ်က အလုပ်တွေဆက်ရှိပါအုံးမယ်။ အဲဒါတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို လစာပေးနေအုံးမှာဖြစ်ပါတယ်။ HMD က အခုလက်ရှိမှာအခြားနာမည်နဲ့ ဖုန်းအသစ်ထပ်ထုတ်ရောင်းဖို့ မရှိသေးပါဘူး။

Address

Yagon

Alerts

Be the first to know and let us send you an email when Mobile Guide Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mobile Guide Journal:

Share