BETV Business

BETV Business မြန်မာပြည်စီးပွားရေးသတင်းအချက်အလက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရေးကြီး
သတင်းမီဒီယာတစ်ခုဖြစ်ပါတယ် 1.

Explore the latest trends in Myanmar's business sector and provide insightful analysis through BETV Business News.
2. Cover major economic developments and investment opportunities in Myanmar, offering valuable information for local and international investors.
3. Conduct exclusive interviews with prominent business leaders in Myanmar, shedding light on their strategies and success stories.
4. Pre

sent in-depth reports on key industries in Myanmar, such as manufacturing, tourism, and technology, to foster a better understanding of their potential and challenges.
5. Offer comprehensive coverage of financial markets in Myanmar, including stock exchanges and currency movements, to assist investors in making informed decisions.
6. Organize business forums and conferences, bringing together industry experts and policymakers to discuss crucial issues and promote economic growth in Myanmar.
7. Highlight corporate social responsibility initiatives undertaken by businesses in Myanmar, showcasing their positive impact on local communities and the environment.
8. Provide regular updates on government policies and regulations affecting the business landscape in Myanmar, enabling businesses to adapt and thrive in a dynamic environment.
9. Feature success stories of local entrepreneurs and startups, inspiring aspiring business leaders and fostering a culture of innovation in Myanmar.
10. Collaborate with international business news networks to share valuable insights and promote Myanmar's economic potential to a global audience.

၉ လကျော်အတွင်း ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းပေးခဲ့ဟု ဗဟိုဘဏ်ထုတ်ပြောရန်ကုန်၊ ဇန်နဝါရီ ၁၇၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဇန်နဝါရီလ ...
17/01/2026

၉ လကျော်အတွင်း ဒေါ်လာ ၃ ဘီလီယံကျော် ရောင်းပေးခဲ့ဟု ဗဟိုဘဏ်ထုတ်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၇

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဇန်နဝါရီလ ၁၅ ရက်နေ့အထိ) ၉ လကျော်အတွင်း အမေရိကန်ဒေါ်လာ (၃) ဘီလီယံကျော် ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ရောင်းချပေးခဲ့တဲ့ ပမာဏအနက်မှ အရေးကြီးကဏ္ဍတွေဖြစ်တဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ကဏ္ဍတွေကို အမေရိကန်ဒေါ်လာတွေ ရောင်းချပေးခဲ့တာပါ။

FX Trading Platform မှာ ဒေါ်လာ (၃၀၉၂.၄၉) သန်း ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဒေါ်လာ (၁၁၇၂.၃၈) သန်း ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် FX Trading Platform ကနေ တရုတ်ယွမ် (၁၀၇၄.၀၄) သန်းနဲ့ ထိုင်းဘတ် (၁၀၇၅၉.၃၄) သန်း ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမှုအနေနဲ့ တရုတ်ယွမ် (၂၈၈.၉၆) သန်းနဲ့ ထိုင်းဘတ် (၆၆၉.၄၈) သန်းခန့် ရှိခဲ့ပါတယ်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တစ်နှစ်တာအတွင်းမှာ FX Trading Platform ကနေ ဒေါ်လာ (၃.၇၄၂) ဘီလီယံနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဒေါ်လာ (၁.၇၀၃) ဘီလီယံ ရောင်းချပေးခဲ့ပါတယ်။

အဆိုပါဘဏ္ဍာရေးနှစ်အတွင်း FX Trading Platform ကနေ တရုတ်ယွမ် (၁၆၃၄.၄၇) သန်းနဲ့ ထိုင်းဘတ် (၁၆၀၄၇.၁၃) သန်း ရောင်းချပေးခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ရောင်းချပေးမှုအနေနဲ့ တရုတ်ယွမ် (၁၂၆.၅၃) သန်းနဲ့ ထိုင်းဘတ် (၃၂၂) သန်းခန့် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ သွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို Online Trading Platform မှတစ်ဆင့် ရောင်းချပေးခြင်း၊ နိုင်ငံခြားမှာ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်တွေနဲ့ ထွက်ခွာမယ့်သူများအတွက် အသေးသုံး နိုင်ငံခြားငွေတွေကို ပုဂ္ဂလိကဘဏ်တွေရဲ့ ငွေလွှဲကောင်တာတွေမှာ ရောင်းချပေးလျက်ရှိပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/
#နိုင်ငံခြားငွေ #ဗဟိုဘဏ် #အမေရိကန်ဒေါ်လာ #တရုတ်ယွမ် #ထိုင်းဘတ်

အမေရိကန်ဒေါ်လာ ၂.၃၀၇ သန်း ဗဟိုဘဏ် ရောင်းပေးရန်ကုန်၊ ဇန်နဝါရီ ၁၇CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိက...
17/01/2026

အမေရိကန်ဒေါ်လာ ၂.၃၀၇ သန်း ဗဟိုဘဏ် ရောင်းပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၇

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၈၃၇ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာ ၄၇၀,၅၀၀ ကိုလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းပေးခဲ့ပါတယ်။

FX Trading မှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်၊ ကတ္တရာ တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။
ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/

ဇန်နဝါရီလ (၁၇) ရက်နေ့  ရွှေဈေးနှုန်း +++++ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၄,၅၉၆ ဈေးရှိနေချိန...
17/01/2026

ဇန်နဝါရီလ (၁၇) ရက်နေ့ ရွှေဈေးနှုန်း +++++

ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၄,၅၉၆ ဈေးရှိနေချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၆,၀၀၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။

သတင်း - BETV Business
▶BETV Business News Youtube: https://www.youtube.com/

"Welcome to BETV Business News! We bring you the latest updates on local business trends, trade insights, and daily price information you can trust. Stay inf...

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး။January 17, 2026.
17/01/2026

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး။
January 17, 2026.

PJ နှင့် CI ကိုင်ထားသူများ ပြည်ဝင်ပါက လေဆိပ်ဆိုက်ရောက်ကောင်တာကို အကြောင်းကြားရမည်- သတင်းပို့ခဲ့သူများကိုသာ ပြည်ပထွက်ခွင့...
16/01/2026

PJ နှင့် CI ကိုင်ထားသူများ ပြည်ဝင်ပါက လေဆိပ်ဆိုက်ရောက်ကောင်တာကို အကြောင်းကြားရမည်

- သတင်းပို့ခဲ့သူများကိုသာ ပြည်ပထွက်ခွင့်ပြုမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၆

နိုင်ငံကူးလက်မှတ် PJ ကိုင်ဆောင်သူတွေနဲ့ CI ကိုင်ဆောင်ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနမှ ဖွင့်လှစ်ထားတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ကောင်တာကို မဖြစ်မနေ သတင်းပေးပို့ဖို့ လိုအပ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်မှာ Safe Migration က ထုတ်ပြန်ပါတယ်။

ခွင့်ပြန်အလုပ်သမားတွေ ပြည်ပထွက်ခွာခွင့် တင်ပြရာမှာ ဆိုက်ရောက်ကောင်တာတွေမှာ သတင်းပေးပို့ခဲ့သူတွေကိုပဲ ခွင့်ပြုသွားမှာဖြစ်လို့ ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ မဖြစ်မနေ သတင်းပေးပို့ကြဖို့လည်း အသိပေးပါတယ်။

OWIC လျှောက်ထားမှုတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်ဖြစ်စေ၊ ခွင့်ပြန်ဖြစ်စေ အလုပ်ရှင် သိုမဟုတ် HR တို့ထံ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတွေ ထည့်ပေးဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။

မိမိတင်ပြခဲ့တဲ့ လျှောက်လွှာတွေမှာ အဆိုပါအချက်တွေ မပါရှိပါက ပြန်လည်ပေးပိုဖို့ လိုအပ်မှာဖြစ်ပြီး ပေးပိုလာတဲ့ အချက်အလက်တွေကို ဦးစီးဌာနမှာ ယခင်မှတ်ပုံတင်ထားတဲ့ တန်းစီဇယားအတိုင်း အချက်အလက်တွေဖြစ်ကာ စိစစ်ခြင်းတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။

စိစစ်လို့ မှန်ကန်သူတွေကိုပဲ တန်းစီဇယားအလိုက် SOP နဲ့အညီ ခွင့်ပြုနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အသိပေးပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/
#ပြည်ဝင် #အလုပ်သမားဝန်ကြီးဌာန

မော်လမြိုင်မြို့ ကျိုက္ခမီအဝရှိ နေရာတွင် ယာယီစက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်မည်ရန်ကုန်၊ ဇန်နဝါရီ ၁၆မော်လမြိုင်မြို့၊ ကျို...
16/01/2026

မော်လမြိုင်မြို့ ကျိုက္ခမီအဝရှိ နေရာတွင် ယာယီစက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

မော်လမြိုင်မြို့၊ ကျိုက္ခမီအဝရှိ တည်နေရာတစ်ခုမှာ ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်း ပြုလုပ်သွားမယ်လို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနရဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့ အကြောင်းကြားစာမှာ ဖော်ပြထားပါတယ်။

မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၀၃.၀၅၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၇ ဒီဂရီ ၃၂.၁၈၇ မိနစ်မှာ တည်ရှိတဲ့ နေရာကို Ship to Ship Transfer နဲ့ စက်သုံးဆီတင်ချလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်းနေရာအဖြစ် သတ်မှတ်ထားပါတယ်။

အဆိုပါနေရာကို ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၁ မှာ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီး ယာယီအပြည်ပြည်ဆိုင်ရာ စက်သုံးဆီတင်ချဆိပ်ကမ်းနေရာအဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့အထိ အသုံးပြုသွားမယ်လို့လည်း အကောက်ခွန်ဦးစီးဌာနကနေ သိရပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/
#စက်သုံးဆီတင်ချဆိပ်ကမ်း #မော်လမြိုင်မြို့ #ကျိုက္ခမီ #အကောက်ခွန်ဦးစီးဌာန

ရန်ကုန်အထိုင် စားအုန်းဆီလက်ကားဈေး ၆၁၅၀ ကျပ် သတ်မှတ်ရန်ကုန်၊ ဇန်နဝါရီ ၁၆ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်အထိုင် စား...
16/01/2026

ရန်ကုန်အထိုင် စားအုန်းဆီလက်ကားဈေး ၆၁၅၀ ကျပ် သတ်မှတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ဇန်နဝါရီလ ၁၆ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်အထိုင် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးအဖြစ် တစ်ပိဿာ ၆၁၅၀ ကျပ် သတ်မှတ်လိုက်ပါတယ်။

မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဉ်စောင့်ကြည့်ပြီး သယ်ယူခ၊ ဘဏ်စရိတ်၊ အခွန်အခတွေ ထည့်သွင်းတွက်ချက်ပြီး ဈေးသတ်မှတ်တာပါ။

ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/

အမေရိကန်ဒေါ်လာ ၃.၅၄၂ သန်း ဗဟိုဘဏ် ရောင်းပေးရန်ကုန်၊ ဇန်နဝါရီ ၁၆CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိက...
16/01/2026

အမေရိကန်ဒေါ်လာ ၃.၅၄၂ သန်း ဗဟိုဘဏ် ရောင်းပေး

ရန်ကုန်၊ ဇန်နဝါရီ ၁၆

CMP ကုမ္ပဏီတွေဆီက ဝယ်ယူထားတဲ့ နိုင်ငံခြားငွေတွေထဲက အမေရိကန်ဒေါ်လာ ၁.၅၄၂ သန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စားသုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ထုတ်ရောင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာ ၂ သန်းကိုလည်း စက်သုံးဆီတင်သွင်းတဲ့ ကုမ္ပဏီတွေထံ ရောင်းပေးခဲ့ပါတယ်။

FX Trading မှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေသြဇာ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်၊ ကတ္တရာ တင်သွင်းတဲ့ Importer များမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့၊ FX Trading Platform မှာတော့ အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့ပါတယ်။

သတင်း - BETV Business
▶BETV Youtube: https://www.youtube.com/

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး။January 16, 2026.
16/01/2026

ယနေ့ ရန်ကုန်အခြေစိုက် စက်သုံး‌ဆီဈေး။
January 16, 2026.

ဇန်နဝါရီလ (၁၆) ရက်နေ့  ရွှေဈေးနှုန်း +++++ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၄,၅၉၆ ဈေးရှိနေချိန...
16/01/2026

ဇန်နဝါရီလ (၁၆) ရက်နေ့ ရွှေဈေးနှုန်း +++++

ကမ္ဘာ့ရွှေဈေးနှုန်း (Spot Gold) ဟာ တစ်အောင်စ အမေရိကန်ဒေါ်လာ ၄,၅၉၆ ဈေးရှိနေချိန် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ အထက်ရှိတဲ့ စံချိန်မီရွှေတစ်ကျပ်သားဈေး ၆,၀၀၀,၀၀၀ ကျပ် သတ်မှတ်ထုတ်ပြန်ပါတယ်။

သတင်း - BETV Business
▶BETV Business News Youtube: https://www.youtube.com/

"Welcome to BETV Business News! We bring you the latest updates on local business trends, trade insights, and daily price information you can trust. Stay inf...

16/01/2026

ယခုလအတွင်း ရန်ကုန်-ဒလတံတား ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေ +++++

ယခုလအတွင်း ကိုရီးယား-မြန်မာချစ်ကြည်ရေး ရန်ကုန်-ဒလတံတားကို ဖွင့်လှစ်နိုင်ရေး ပြင်ဆင်နေကြောင်း တံတားတည်ဆောက်ရေးစီမံကိန်းနဲ့ နီးစပ်သူတွေကို ကိုးကားပြီး Myanmar Property Dealer က ဖော်ပြပါတယ်။

တံတားတည်ဆောက်ရေး လုပ်ငန်းစဉ်တွေဟာ ရာခိုင်နှုန်းပြည့် ပြီးစီးနေပြီဖြစ်လို့ တံတားဖွင့်ပွဲအတွက် သင့်တော်မယ့်ရက်ကို သက်ဆိုင်ရာအကြီးအကဲတွေကနေ ရွေးချယ်စိစစ်နေတယ်လို့ ဆိုပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)
▶BETV Youtube: https://www.youtube.com/
#ဒလတံတား #တောင်ကိုရီးယား #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

15/01/2026

စံချိန်မီရွှေ ၁ ကျပ်သားဈေး ကျပ်သိန်း ၆၀ သတ်မှတ်ထားဟု ရန်ကုန်ရွှေအသင်း ထုတ်ပြန် +++++

ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက စံချိန်မီရွှေ ၁ ကျပ်သားဈေး ကျပ်သိန်း ၆၀ သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၄၅၉၈.၄၃ ပေါက်ဈေး ရှိနေချိန်မှာ သိပ်သည်းဆ ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာနဲ့ အထက်ရှိတဲ့ စံချိန်မီ ၁ ကျပ်သားဈေးကို အထက်ပါအတိုင်း သတ်မှတ်ထားတာပါ။

YGEA ပြင်ပ လေပတ်ကားမှာတော့ ၁၆ ပဲရည် ရွှေ ၁ ကျပ်သားဈေးက ကျပ်သိန်း ၁၀၀ နီးပါးအထိ စံချိန်တင် မြင့်တက်လာတာကိုလည်း ဈေးကွက်ဖော်ပြချက်တွေအရ သိရပါတယ်။

(သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ)
▶BETV Youtube: https://www.youtube.com/
#ရွှေဈေး #ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ #အမေရိကန်ဒေါ်လာ

Address

Pyay Road
Yagon
11111

Telephone

+959977065696

Website

Alerts

Be the first to know and let us send you an email when BETV Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BETV Business:

Share

မြန်မာပြည်စီးပွားရေးကဏ္ဍသတင်းအချက်အလက် ဖွံ့ဖြိုးတိုးတက်စေရေး အလေးပေး

မြန်မာနိုင်ငံ၏ စီးပွားရေးသတင်းမီဒီယာကဏ္ဍကို အစိုးရ၊ ပြည်တွင်းပြည်ပအစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပစီးပွားရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံသားများနှင့် မူဝါဒရေး ဆွဲသူများ စသည် တို့ကို ပိုမိုစိတ်ချယုံကြည်စေရန်နှင့် ယင်းတို့၏ မိတ်ဘက်မီဒီယာအဖြစ် ကိုးကားလေ့လာသုံးသပ် နိုင်စေရန် ရည်ရွယ်ပါသည်။

BETV and BETV team also attempt the improvement of the capacity of Myanmar’s business news to be more reliable to the union government, regional government, NGOs, INGOs, entities from local and international, policy makers and so on.