EPIC Videos

EPIC Videos Growth with Us!

03/07/2025

“It’s not always loud storms that change us.Sometimes it’s quiet rain, a window seat, and a moment that asks nothing from us.Tonight, I found peace in the pause. 🌧️🪟What’s your version of this calm?”

03/07/2025
ဘီသွေးပိုင်ရှင်လေးတွေကအရင်ဆုံး သူ့စိတ်ကို နားလည်ပေးဖို့ လိုတယ်မဟုတ်လား ... အရင်ဆုံး သူ့ပုံစံလေးကို သိထားဖို့ လိုတယ် မဟုတ...
03/07/2025

ဘီသွေးပိုင်ရှင်လေးတွေက

အရင်ဆုံး သူ့စိတ်ကို နားလည်ပေးဖို့ လိုတယ်မဟုတ်လား ... အရင်ဆုံး သူ့ပုံစံလေးကို သိထားဖို့ လိုတယ် မဟုတ်လား ... ဘီသွေးပိုင်ရှင်လေးတွေကလေ ခရုလေးတွေနဲ့ တူတယ် အပေါ်ယံ မာကျောချင်ယောင် ဆောင်ထားသလောက် တကယ်တမ်းကျတော့ အရမ်းကို နူးညံ့တတ်တာမျိုးလေ ။ သူ့အကြောင်းကို မသိရင် အရမ်းကို သန်မာနေသလိုမျိုး ပြီးတော့ အရမ်းကို ရင့်ကျက်နေသလိုမျိုးပေါ့ တကယ်တမ်းကျတော့ သိပ်အားငယ်တတ်တာ ။

ဘာမှ မဖြစ်ပါဘူးဆိုတဲ့ စကားတွေ သုံးတတ်သလောက် ဘယ်အရာကိုမဆို စိတ်ထဲ နှစ်ထားတတ်တဲ့ လူစားမျိုးပေါ့ ။ သေးသေးလေးကအစ အရာအားလုံးကို နှလုံးသားနဲ့ ခံစားလိုက်တာမျိုးပေါ့ ။ ပြီးတော့ ဟင့်အင်း မတွေးပါဘူး ဘာမှ ဖြစ်မနေပါဘူးဆိုတဲ့ စကားကို သုံးတယ် ။ သူတို့က အမှတ်သိပ်ကြီးတာနော် လက်စားချေဖို့လည်း မဟုတ်ဘူး အငြိုးထားတတ်လို့လည်း မဟုတ်ဘူး ဒီအတိုင်းပဲ ဘယ်အရာကိုမဆို လွယ်လွယ်လေး မေ့မသွားတတ်ကြတာ များသောအားဖြင့် ပျော်စရာ အမှတ်တရကိုပဲဖြစ်ဖြစ် နာကျင်စရာ အတိတ်ကိုပဲ ဖြစ်ဖြစ် ဘယ်တုန်းကလေဆိုပြီး အစအဆုံးပြန်ပြောပြနိုင်တဲ့အထိကို သူတို့ရဲ့ အမှတ်သင်္ညာက ကြီးလွန်းတယ် ။

တကယ်လို့ သူသိပ်ချစ်မိသွားရင် ... ဘယ်အရာကိုမဆို ဂရုစိုက်တတ်သလောက် သေးသေးမွှားမွှားလေးတွေကအစ နာကျင်ကောင်းနာကျင်နေတတ်လိမ့်မယ် ။ အများကြီး နားလည်ပေးချင်သလောက် အများကြီးလည်း သ၀န်တိုတတ်သေးတာလေ ။ ဒါပေမယ့် နားလည်မပေးနိုင်ဘူးဆိုပြီး အထင်ခံရမှာလည်း သိပ်ကြောက်တော့ များသောအားဖြင့် နားလည်ပေးဖြစ်တာများပါတယ် ။ နောက်မှ ဘယ်သူမှ မသိအောင် ကြေကွဲတတ်တယ် ဆိုပါတော့ ။

အဲ့ဒီဘီသွေးပိုင်ရှင်လေးကလေ ... သိပ်အားငယ်တတ်တာကော သိရဲ့လား ... သူငယ်ချင်းတွေကြားမှာ အပေါင်းအသင်းတွေကြားမှာ အလုပ်ခွင်မှာ ဘယ်ပြဿနာကိုမဆို သူ့ဆီပဲ ရင်လာဖွင့်တတ်ကြတယ် သူ့ကိုပဲ တိုင်ပင်တတ်ကြတယ် ။ ဒါပေမယ့် သူကိုယ်တိုင်ကျ ဘာမှ သိပ်ပြီးမပြောပြတတ်ဘူး ။ တကယ်လို့ မင်းကို ချစ်မိသွားပြီဆိုရင်တော့ အဲ့ဒီ ရင့်ကျက်တာတွေ သန်မာတာတွေ အားလုံးကို အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ခဝါချပြီး မင်းရှေ့မှာ ကလေးဆန်ချင် ဆန်နေမှာ ။ နားလည်ပေးနိုင်မှာလား ဒါမှမဟုတ် အပြစ်တင်နေမှာလား ။ တခြားသူအမြင်မှာ ရင့်ကျက်တယ်လို့ ထင်ခံရသလောက် သူကိုယ်တိုင်က တကယ်တမ်းကျတော့ ပျော့ညံ့ပါတယ် မြိုသိပ်တတ်တယ်ဆိုရုံလောက်ပဲရှိတာ ။

နောက်ပြီး သိပ်အားနာတတ်တာ ။ အဲ့ဒီဒဏ်တွေကိုကော ခံနိုင်ရည်ရှိပါ့မလား ... ပြောရမယ်ဆိုရင် သူ့ဆီမှာ အပူတွေအများကြီး ရှိနေလိမ့်မယ် ပြဿနာတွေ အများကြီးရှိနေလိမ့်မယ် ဒါပေမယ့် အဲ့တာတွေကလေ သူဖန်တီးခဲ့တာ တစ်ခုမှ မပါဘူးနော် ။ သူက ဓားခုတ်ရာကို လက်၀င်လျှိုမိလိုက်သလိုမျိုး ပြဿနာက သူ့ကို တကူးတက မီးထွန်းရှာခံရတဲ့ လူစားမျိုးပေါ့ ။ အဲ့ဒီ အားနာတတ်တဲ့စိတ် သနားတတ်တဲ့စိတ် ငဲ့ညှာတတ်လွန်းတဲ့ စိတ်တွေကြောင့် မကြာခဏဆိုသလို သူ့မှာ ခက်ခဲနေရတာ သူချည်းသက်သက်ဆို သူက အဆင်ပြေအောင် သေချာပေါက် နေတတ်ပါတယ် ။ မင်း သည်းခံနိုင်ပါ့မလား ။

ဘီသွေးပိုင်ရှင်လေးကို ချစ်မိပြီဆိုရင်လေ ... လူနှစ်ယောက်ကို တစ်ပြိုင်တည်းချစ်နေရသလိုမျိုး ဖြစ်နေလိမ့်မယ် ။ တစ်ခါတစ်လေ အရမ်းကလေးဆန်နေလိမ့်မယ် အရမ်းချွဲနေလိမ့်မယ် အရမ်းပျော့ညံ့နေလိမ့်မယ် တကယ့်ကလေးလေးတစ်ယောက်လိုမျိုးပေါ့ ။ တကယ်လို့ ကိုယ်တစ်ခုခုဖြစ်ရင် သူက ကိုယ့်ထက်ပိုပြီး ရင့်ကျက်နေလိမ့်မယ် လူကြီးတစ်ယောက်လိုမျိုး လမ်းပြပေးလိမ့်မယ် ။ ပြီးတော့ ဆုံးမသြဝါဒတွေ အများကြီး ချွေလိမ့်မယ် ။ စဥ်းစားနော် ... ဘီသွေးပိုင်ရှင်လေးကို ချစ်မယ်ဆိုရင် သေချာလေး စဥ်းစားနော် ။

သေချာပေါက် အများကြီး ချစ်ခံရမယ် အများကြီး ဂရုစိုက်ခံရမယ် ဂရုစိုက်လွန်းလို့ တစ်ခါတစ်လေကျ နေရတောင် ကျပ်ချင် ကျပ်နေဦးမှာ ။ တစ်ခုတော့ ... စိတ်ပူရတယ် သူက နာကျင်စရာတွေကို အများကြီးသိမ်းထားတဲ့လူမို့ တစ်ခါတစ်လေကျ အများကြီး မြိုသိပ်ထားလိမ့်မယ် လျှို့၀ှက်ချက်တွေ အများကြီး ရှိလိမ့်မယ် ဒါပေမယ့်အဲ့ဒါဟာ လိမ်ညာချင်လို့ဆိုတာမျိုး မဟုတ်ဘူးနော် မနာကျင်စေချင်လို့ ဖွင့်မပြောတာလောက်ပဲ ။ မလွယ်ဘူး အဲ့ဒီ ဘီသွေးပိုင်ရှင်လေးက ... သူ့ကို ချစ်ဖို့ဆို အများကြီး နားလည်ပေးနိုင်မှပဲ ဖြစ်လိမ့်မယ် ။

credit #ကျေးကို

2025 July မှာရေအောက်မီးတောင်ကြီးတွေပေါက်ကွဲလာနိုင်တာ၊ငလျင်ကြီးတွေလှုပ်ပြီးဆူနာမီလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာနိုင်စရာ(လော...
03/07/2025

2025 July မှာရေအောက်မီးတောင်ကြီးတွေပေါက်ကွဲလာနိုင်တာ၊ငလျင်ကြီးတွေလှုပ်ပြီးဆူနာမီလှိုင်းလုံးကြီးတွေဖြစ်ပေါ်လာနိုင်စရာ(လောလာဆယ်အားဖြင့်)အစိုးရိမ်ရဆုံးနေရာနှစ်ခုရှိနေပါတယ်။
-
(1)ပထမတစ်ခုကတော့၊ပုံမှာပြထားသည့်အတိုင်း၊ဂျပန်နိုင်ငံတောင်ပိုင်းပစိဖိတ်သမုဒ္ဒရာအတွင်းမှာဖြစ်ပါတယ်။အဆိုပါနေရာမှာဒီရက်ပိုင်းတွေအတွင်းမှာ(Earthquake Clusters, Earthquake Swarms)တွေမြောက်များစွာလှုပ်ခတ်နေတဲ့ရှေ့ပြေးလက္ခဏာတွေတွေ့နေရပါပြီ။လွန်ခဲ့တဲ့(48)နာရီအတွင်းမှာတင်ဂျပန်ကျွန်းတောင်ဖက်ပစိဖိတ်သမုဒ္ဒရာထဲကနေရာတစ်နေရာတည်းမှာတင်ငလျင်ငယ်ပေါင်း(200+)လောက်လှုပ်ခတ်သွားတာဟာလုံးဝပုံမှန်မဟုတ်တော့ပါဘူး။
-
ကျွန်တော့်အထင်ပြောရမယ်ဆိုရင်၊မကြာခင်ရက်တွေမှာအဲဒီနေရာမှာမီးတောင်ကြီးတွေပေါက်ကွဲပြီး(9+)ထက်ပိုကြီးတဲ့(မဟာ)ငလျင်ကြီးဖြစ်ပေါ်လာနိုင်ပါတယ်။မဟာငလျင်ကြီးရဲ့နောက်မှာ(8+, 7+,6+)အင်အားရှိတဲ့ Aftershock တွေဒါဇင်နဲ့ချီပြီးမြောက်များစွာကပ်လိုက်လာနိုင်ပါတယ်။ဆူနာမီကြီးတွေဖြစ်မယ်ဆိုရင်ပင်လယ်ထဲမှာ(200 ft)ခန့်အထိဖြစ်နိုင်ခြေရှိပြီး၊(Land fall 150 ft)လောက်အထိဖြစ်နိုင်ပါတယ်။ဂျပန်ရဲ့သုံးပုံတစ်ပုံအထိရေလွမ်းမိုးသွားနိုင်ပါတယ်။တစ်ခြားသောပစိဖိတ်သမုဒ္ဒရာပါတ်ဝန်းကျင်မှာတည်ရှိနေတဲ့နိုင်ငံတွေအားလုံးနီးပါးလဲထိခိုက်မှု့တွေရှိနိုင်ပါတယ်။အဆိုးဆုံးအထိတွက်ချက်ထားပြီးကြိုတင်ပြင်ဆင်ထားရပါမယ်။
----------
(2)နောက်ထပ်အစိုးရိမ်ရဆုံးနေရာကတော့၊ပုံမှာပြထားတဲ့အတိုင်းမြန်မာနိုင်ငံတောင်ပိုင်းကပ္ပလီပင်လယ်ပြင်ထဲမှာပဲဖြစ်ပါတယ်။အဆိုပါနေရာမှာလဲ(Earthquake Clusters, Earthquake Swarms)တွေမြောက်များစွာလှုပ်ခတ်နေတဲ့ရှေးပြေးလက္ခဏာတွေတွေ့နေရပါပြီ။လွန်ခဲ့တဲ့(48)နာရီအတွင်းကပ္ပလီပင်လယ်ပြင်ထဲကနေရာတစ်ခုတည်းမှာတင်ငလျင်ငယ်ပေါင်းတစ်ဒါဇင်လောက်လှုပ်ခတ်သွားတာဟာလဲပုံမှန်လုံးဝမဟုတ်ပြန်ပါဘူး။
-
ကျွန်တော့်အထင်ပြောရမယ်ဆိုရင်၊အဲဒီနေရာမှာလဲမီးတောင်ကြီးတွေပေါက်ကွဲပြီး(8+)ထက်ပိုကြီးတဲ့ငလျင်ကြီးတွေဖြစ်ပေါ်လာနိုင်ပါတယ်။ကံဆိုးရင်(9+)လဲဖြစ်သွားနိုင်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုတော့(2004)ခုနှစ်တုံးကဆူမားတြားကျွန်းအနီးမှာ(Mw 9.3)အထိမဟာငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးဆူနာမီ(167)ပေအထိဖြစ်ပေါ်ခဲ့ဖူးတဲ့သမိုင်းရှိခဲ့လို့ဖြစ်ပါတယ်။
-
တစ်ကယ်လို့ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်လာပြီးမြန်မာပြည်ကိုတိုက်ရိုက်၊ရိုက်ခတ်လာမယ်ဆိုရင်(Land fall 100 ft)အထိအများဆုံးဖြစ်နိုင်ချေရှိပြီး၊တစ်ချို့နေရာတွေမှာထွက်ပြေးချိန်နာရီဝက်ထက်ပိုပြီးမရနိုင်ပါဘူး။ကိုယ်ကပင်လယ်ရေမျက်နာပြင်အထက်ပေ(100)အောက်မှာနေထိုင်ပြီးသတင်းရတာမိနစ်ပိုင်းလေးနောက်ကျသွားမယ်၊သို့မဟုတ်၊သတင်းရတာစောရင်တောင်ပြေးတက်စရာကုန်းမြင့်တွေကိုကြိုတင်ပြင်ဆင်ပြီးရှာဖွေမထားဘူးဆိုရင်အန္တရာယ်အလွန်များပါတယ်။ဒါကြောင့်အဆိုးဆုံးအတွက်ကြိုတင်ပြင်ဆင်ထားကြဖို့အကြိမ်ကြိမ်သတိပေးနေရခြင်းဖြစ်ပါတယ်။
-
တစ်ကယ်လို့ကပ္ပလီပင်လယ်ပြင်မှာဖြစ်မယ်ဆိုရင်တနင်္သာရီတိုင်းအောက်ပိုင်းမှာ(100 ft land fall)ဖြစ်နိုင်ပြီး၊ဘီးလူးကျွန်းမှာ(80 ft land fall)နဲ့မော်လမြိုင်မြို့မှာ(70 ft land fall)ဖြစ်နိုင်ပါတယ်။ပင်လယ်နဲ့နီးတဲ့ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ(land fall 60 ft)အထိဖြစ်နိုင်ပါတယ်။ရန်ကုန်မှာ(land fall)ကတော့ပင်လယ်ဝနဲ့နီးရင်(50 ft)ပင်လယ်ဝနဲ့ဝေးရင်(40 ft)အထိမြင့်တက်နိုင်ပါတယ်။ပဲခူးအထိတော့ရောက်မယ်မထင်ပါ။ကိုယ်ကရန်ကုန်မှာနေရင်မိမိရဲ့နေအိမ်ဟာပင်လယ်ရေမျက်နာပြင်အထက်အနည်းဆုံးပေ(50)ရှိဖို့လိုအပ်ပါတယ်။ရန်ကုန်မှာပေ(50)အောက်ဆိုရင်တော့ပြေးတက်ဖို့ကုန်းမြင့်ကြိုတင်ပြီးရှာထားကြပါ။ကိုယ့်ရဲ့အမြင့်ပေကိုတိတိကျကျသိချင်ရင် Elevation app တစ်ခုခုမှာရှာကြည့်လို့ရနိုင်ပါတယ်။
-
မြန်မာနိုင်ငံတောင်ဖက်မှာအရင်ဆုံးဖြစ်လာမလား၊ဂျပန်နိုင်ငံတောင်ဖက်မှာအရင်ဦးဆုံးဖြစ်လာမလား၊နှစ်ခုမရှေးမနှောင်းတစ်ပြိုင်နက်တည်းဖြစ်လာမလား၊နှစ်ခုတည်းကတစ်ခုတည်းဖြစ်ပြီးကျန်တစ်ခုကပျောက်ပျက်သွားမလားဆိုတာကတော့ဘယ်သူမှတိတိတိကျကျကြိုတင်ပြီးမပြောနိုင်ပါဘူး။ဘာပဲဖြစ်ဖြစ်ပါနှစ်နေရာစလုံးမှာကြိုတင်လက္ခဏာတွေပြနေပြီဖြစ်လို့ကြိုတင်ပြင်ဆင်ထားရမယ့်အချိန်ကိုတော့ရောက်နေပါပြီ။
-
ခြိမ်းခြောက်နေတာမဟုတ်ပါ။လက်ရှိဖြစ်ပေါ်နေတဲ့သဘာဝရှေးပြေးလက္ခဏာတွေနဲ့အခြေအနေအကြောင်းအကျိုးသဘောတရားတွေကို၊အရှိကိုအရှိအတိုင်းမြင်တတ်ဖို့တော့လိုအပ်ပါတယ်။
-
တစ်ကမ္ဘာလုံးဘေးကင်းကြပါစေ။
Kelvin Albert Power

ဆင်းရဲလို့----------လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဖတ်ခဲ့ဖူးသော တူရကီပုံပြင်ဇာတ်လမ်းလေး တစ်ခုဖြစ်သည်။မှတ်မိသမျှပြန်ရေးပြ...
27/06/2025

ဆင်းရဲလို့
----------
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က ဖတ်ခဲ့ဖူးသော တူရကီပုံပြင်ဇာတ်လမ်းလေး တစ်ခုဖြစ်သည်။

မှတ်မိသမျှပြန်ရေးပြရလျှင်

မိသားစုတစ်စုရှိသည်။ လင်မယားနှစ်ယောက်နှင့် သူတို့၏ ကလေးသုံးယောက်ဖြစ်သည်။ ဆင်းရဲသဖြင့် ဘဝအတွက် ခက်ခဲစွာ ရုန်းကန်နေကြရသူများလည်းဖြစ်သည်။

ဖခင်ဖြစ်သူမှာ ကျန်းမာရေးမကောင်းသဖြင့် သူ့ကိုဆေးကုသနေရသည်နှင့် ဝင်ငွေမှာ လုံလောက်သည်မရှိ။ လူမမာကလည်း အိပ်ရာက မထနိုင်သည့် အခြေအနေဖြစ်လာသည်။ နောက်ဆုံးသူသည် မိသားစုကို ခွဲခွာပြီး ဆင်းရဲခြင်းဝဋ်ကပါ ကျွတ်သွားလေတော့သည်။ သားသမီးသုံးယောက် ဖခင်မဲ့ဖြစ်ခဲ့ရပြီ၊

သူတို့လူမျိုး ဓလေ့ထုံးစံအရ ကွယ်လွန်သွားသူအိမ်ကို ရွာထဲရှိရွာသားတွေက အစားအစာများ သုံးရက် တိုင်အောင် ပို့ပေးလေ့ရှိကြသည်။ သုံးရက်လုံး ရွာထဲကပို့ပေးသော အစားအသောက်များဖြင့် ကျန်ရစ်သူ မိသားစုသည် ဝလင်လုံလောက်စွာ စားသောက်နိုင်ကြသည်။

လေးရက်မြောက်သောနေ့တွင် သူတို့တဲလေးဆီကို အစားအစာများ လာပို့သူ တစ်ဦးမျှ ရောက်မလာတော့ပေ။ ကလေးတွေက တဲဝတွင်ထိုင်ကာ ရွာထဲမှ မည်သူတွေ အစားအစာလာပို့မည်နည်းဟု မျှော်နေကြသည်။ သို့သော် သတ်မှတ်ထားသောရက်ပြည့်သွားပြီဖြစ်သောကြောင့် မည်သူမျှရောက်မလာတော့ပေ။

ကလေးသုံးယောက်က အိမ်ပြင်ကိုထွက်ပြီး အိမ်တိုင်း၏ စားဖိုဆောင်တွေက မီးခိုးလေးတွေ ထွက်နေသည်ကို ငေးကြည့်နေကြသည်။ ထိုအိမ်တွေက သူတို့အိမ်ကို အစားအစာများ လာပို့ရန် ချက်ပြုတ်နေသည်ဟုပဲ ထင်ကြသည်။ သူတို့တဲရှေ့က ဖြတ်သွားသည့် ခြေသံကို ကြားတိုင်းလည်း ငါတို့ဆီကို အစားအစာတွေ လာပို့ပြီလားဟု ထွက်ကြည့်ကြသည်။ သို့သော် သူတို့အိမ်တံခါးကို လာခေါက်သူ တစ်ဦးမျှ မရှိပြီ။

မိခင်က ရက်လွန်ပေါင်မုန့်အစအနလေးတွေကို လိုက်လံစုဆောင်းပြီး မျှဝေကျွေးလိုက်ကာ ကလေးတွေကို အိပ်စေလိုက်သည်။ နောက်တစ်နေ့တွင်လည်း ကလေးတွေက မိုးလင်းသည်နှင့် ဆာလွန်းသောကြောင့် အစာတောင်းတော့သည်။

အခြေအနေ အချိန်အခါက ခက်ခဲကျပ်တည်းသောကာလဖြစ်နေသဖြင့် သူတို့အိမ်ကို အလွယ်တကူနှင့် ရောင်းချ ရန်လည်း မဖြစ်နိုင်သေး။ မိခင်ဖြစ်သူက အိမ်ထဲတွင် ရောင်းချနိုင်မည့် ပစ္စည်းလေးတွေကို လိုက်စုရင်း သူ့ကလေးတွေအတွက် ရောင်းချကျွေးကာ ပစ္စည်းတွေလည်း ကုန်သွားသည့် အနေအထားကို ရောက်သွား သည်။

ရောင်းချစားစရာ အားလုံးကုန်သွားသောအခါ သူတို့ သားအမိတွေမှာ စားသောက်ရန် အခက်အခဲတွေနှင့် ရင်ဆိုင်ရပြန်သည်။ ကလေးတွေလည်း ဆာလွန်းသဖြင့် ဖြူဖျော့ပိန်လှီလာကြသည်။ ခုနစ်ရက်မြောက်နေ့တွင် မိခင်သည် ချမ်းအေးလှသော ရာသီကိုဖြတ်ကာ ရွာကုန်စုံဆိုင်ကို စောင်လေးပတ်ပြီးရောက်လာသည်။

သူကဆိုင်ရှင်ထံသွားပြီး သူကလေးတွေ ဆာလောင်နေသောကြောင့် စားစရာတစ်ခုခု အကြွေးရောင်းပါရန် တောင်းပန်သည်။ ဆိုင်ရှင်က အကြွေးမရောင်းသည့်အပြင် သူ့ကိုပါ ဆိုင်ထဲက ထွက်သွားရန် နှင်ထုတ်လိုက် သေးသည်။ မိခင်ဖြစ်သူမှာ လက်ဗလာနှင့် အိမ်ကိုပြန်ရောက်လာသည်။

ဖခင်ဖြစ်သူကွယ်လွန်ပြီး တစ်ပတ်အကြာတွင် ကလေးတွေမှာ မျက်နှာငယ်လေးတွေနှင့် ဆာလောင်ခြင်း ဒဏ်ကို အပြင်းအထန်ခံစားနေကြရသည်။ နောက်ဆုံး ၈ နှစ်သားဖြစ်သူမှာ အပြင်အထန် ဖျားပါလေတော့ သည်။

ဆေးလည်းမရှိ။ ဆရာဝန်လည်းမပြနိုင်။ ဆာတယ်ပြော၍လည်း ပါးစပ်ထဲကို အစာလေးတစ်ဖဲ့မျှပင် မထည့် ပေးနိုင်လောက်အောင်ဖြစ်ကာ အဖျားအရှိန်တက်နေသော သားဖြစ်သူကို ကျန်မိသားစုမှာ အိမ်ထောင့် လေးတွင်ထိုင်ကာ ငုတ်တုတ်ကြည့်ကြရသည့်ဘဝဖြစ်သည်။

မိခင်ဖြစ်သူက သားဖြစ်သူနဖူးပေါ်တွင် ရေအေးအဝတ်လေးတင်ပေးပြီး အဖျားကျစေရန် လုပ်ပေးရုံမှတစ်ပါး ဘာမျှမတတ်နိုင်သည့် ဘဝ။ ငါးနှစ်အရွယ်သမီးငယ်လေးက ဖျားနေသော သူ့အစ်ကိုခြေရင်းတွင် ထိုင်ကာ သူ့အစ်ကို ခြေထောက်လေးကို ကိုင်ပြီးနှိပ်ပေးနေသည်။

သမီးလေးက ရုတ်တရက် သူ့မိခင်အနားကို တိုးလိုက်ပြီး နားအနီးကပ်ကာ တိုးတိုးလေး မေးလိုက်သည်။

“မေမေ”

“ဘာလဲသမီးလေး”

“ကိုကိုဘယ်တော့သေမှာလဲဟင်”

မိခင်ဖြစ်သူမှာ သမီးလေး၏ မေးလိုက်သောစကားကြောင့် တုန်လှုပ်သွားသည်။ သမီးလေးကို ဖက်လိုက်ပြီး

“ဘာဖြစ်လို့လဲသမီး။ ဘာဖြစ်လို့ အဲဒီလိုမေးရတာလဲ”

သမီးလေးက အပြစ်ကင်းမဲ့သော မျက်လုံးလေးနှင့် သူ့မိခင်ကိုမော့ကြည့်ကာ

“မေမေ … ကိုကိုသေသွားရင် အစားအစာတွေ ရောက်လာမှာလေ” ဟု ပြောလိုက်သည်။

ကျွန်တော် ဤပုံပြင်လေးကို အဘယ်ကြောင့် သတိပြန်ရသွားသနည်းဆိုသော် ဟောပြောပွဲခရီးထွက်စဉ် ပြောဖော်များနှင့် စကားပြောရာ၌ တစ်ဦးက

“ဆင်းရဲတာမကောင်းဘူးဆရာ။ မဆင်းရဲအောင် ကျွန်တော်တို့ကလေးတွေကို အားပေးရမယ်” ဟုပြောသည်။

သူက ဆင်းရဲတွင်းကလွတ်ကင်းအောင် ဘဝကိုမနည်းရုန်းကန်ရင်း ယခုတော့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေသူ။

သို့သော် ကိုယ်တစ်ယောက်တည်းဆင်းရဲတွင်းကလွတ်လည်း ကိုယ့်ပတ်ဝန်းကျင်ကဆင်းရဲနေလျှင်၊ ကိုယ့်လူမျိုးက ဆင်းရဲနေလျှင်၊ ကိုယ့်နိုင်ငံကဆင်းရဲနေလျှင် ကျွန်တော်တို့ ဆင်းရဲတွင်းကလွတ်မြောက်ရန် အများကြီး ကြိုးစားရပေဦးမည်။

ကျွန်တော့်မိတ်ဆွေ ကျောင်းဆရာလေးတစ်ယောက် ကွယ်လွန်သွားစဉ်က ကျွန်တော် ပဲခူးကိုပြန်ကာ သူ့ အသုဘကို လိုက်ပို့ခဲ့ပါသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော်ကျော်ကဖြစ်သည်။ ကျွန်တော်က သူ့ဇနီးဖြစ်သူကို

“ကိုသန်း ဘာဖြစ်လို့ ဆုံးသွားတာလဲ” ဟု မေးလိုက်မိသည်။

သူ့ဇနီးက မျက်ရည်တွေသုတ်ကာ တစ်ခွန်းတည်း ပြန်ဖြေလိုက်သည်

“ဆင်းရဲလို့ပေါ့ဆရာရယ်”

ကျွန်တော့်ရင်ထဲတွင် လှိုက်ခနဲဖြစ်ကာ မျက်ရည်ကျလာသည်ကို ချွေးသုတ်သလိုနှင့် လက်ကိုင်ပုဝါကိုထုတ်ပြီး အမြန်သုတ်လိုက်ရသည်။

တင်ညွန့်

၂၉.၄.၂၀၂၅





#𝗠𝘆𝗮𝗻𝗺𝗮𝗿𝗕𝗼𝗼𝗸𝗦𝗵𝗲𝗹𝗳

25/06/2025

ဖုန်းအစိမ်းတစ်လုံးးဝင်လာပြီး သမီးကျောင်းကဆရာမပါ သမီးကအူအတက်ပေါက်လို့ ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ဌာနကို သွားနေတယ် မေမေကို အကြောင်းကြားပေးတာပါဆိုပြီး ပြောပါတယ်
ကိုယ်ကလည်း သားသမီးဇောမို့ ထင်ပါတယ် ဘာမှတောင် ထပ်မမေးနိုင်ပဲ ခုချက်ချင်း ဆေးရုံကို လိုက်ခဲ့ပါမယ် ပြောလိုက်ပါတယ် ချက်ချင်း သူ့အပါးဆီလည်း ဆက်သွယ်ပြီး ကလေးဆီလိုက်လာဖို့ ပြောလိုက်ပါတယ်
ဆရာမဆိုသူက ထပ်ခါ ထပ်ခါ ဖုန်းဆက်ပြီး ကလေး အ‌ခြေအနေက စိတ်ပူရတယ် ချက်ချင်း ခွဲခန်းဝင်ရမယ် ဆေးဝယ်ဖို့ ဆေးဖိုးငါးသိန်း လိုနေတယ် ပြောပါတယ်
ကိုယ်ကလည်း ဆရာမ ခဏ စိုက်ထားပေးပါ ကျွန်မ ခုရောက်တော့မယ် ပြောတာတောင် မရပဲ ချက်ချင်း လွှဲပါအရေးပေါ်အခြေအနေလို့ ပြောပါတယ်
ဆရာမကို မယုံလို့လား ကလေးက နာနေလို့ မပြောနိုင်ပေမယ့် ဖြေပေးနိုင်လောက်တယ် ဖုန်းပြောမလား
ကလေးက အရေးကြီးနေပါတယ် ထပ်ခါ ထပ်ခါ ပြောပါတယ်
ကိုယ်ကလည်း ဆေးရုံကြီးဆိုတာ မစိမ်းခဲ့တဲ့အပြင် အကူအညီတောင်းလို့ရမယ့် သူငယ်ချင်းလည်းရှိနေတာမို့ အရေးပေါ်ကို သွားပြီး ကြည့်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်
သူငယ်ချင်း အကူအညီနဲ့ ကလေးက ဆေးရုံမှာ မရှိဖူးသိသိချင်း ကလေးကျောင်းကို ဆက်သွယ်ကြည့်တော့ ကလေးက ကျောင်းမှာရှိနေတာပါ ကျိန်းသေအောင် ကလေးအပါးကိုယ်တိုင် ကျောင်းကိုသွားကြည့်ပြီး ကျောင်းကိုလည်း ထပ်ပြီး သေချာပြောပြီး ကလေးကို အပ်ထားခဲ့ပါတယ်
# # # ခု ခေတ် အခြေအနေမှာ မေမေတွေ သတိထားနိုင်ဖို့ တင်ပေးတာပါရှင် # # #
- မသဲစုမွန်

24/06/2025

24/06/2025

လုပ်ရက်လိုက်တာ လူတွေရယ်

14/06/2025

“The chaos didn’t disappear. But I changed how I meet it.Finding calm isn’t about running away.It’s about learning to breathe — right in the middle of it all.💭 What brings you back to center?”

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း ...
13/06/2025

ခွင့်မလွှတ်နိုင်ရင် အဲဒီခံစားချက်က လွှမ်းမိုးနေလို့ ကိုယ့်ဘဝဟာ ပုံပျက်ပန်းပျက် ဖြစ်သွားတယ်။ ကိုယ့်ဘဝဟာ ရှေ့သွားမယ့်လမ်း မဖြောင့်ဖြူးတော့ဘူး။ လောကီရေးမှာလည်း တိုးတက်မှု ကြီးပွားမှုဖြစ်ဖို့ ခဲယဉ်းသွားတယ်။ ပိုပြီးတော့ အရေးကြီးတာက တရားဖက်မှာလည်း တိုးတက်းမှု ကြီးပွားမှုဖြစ်ဖို့ အင်မတန်ခဲယဉ်းသွားတယ်။

ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်း မဟုတ်ဘူး။ အရှုံးပေးလိုက်တာလည်း မဟုတ်ဘူး။ အထက်စီးက နေတာလည်း မဟုတ်ဘူး။ အောက်ကျို့တာလည်း မဟုတ်ဘူး။ ခွင့်လွှတ်လိုက်တာ ကိုယ့်ကိုယ်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပဲ။ ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့် ပေးလိုက်တာပဲ။
ခွင့်လွှတ်တယ်ဆိုတာ ဘေးလူမြင်ကောင်း ကြားကောင်အောင် လုပ်တဲ့အလုပ် မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာတကယ် လွတ်လပ်မှု ရသွားအောင် တကယ် ငြိမ်းချမ်းသွားအောင် လုပ်တဲ့အလုပ် ဖြစ်တယ်။

ရန်ငြိုးဖွဲ့နေရတာ မုန်တီးနေရတာ မကျက်သေးတဲ့ဒဏ်ရာဟောင်းတွေကို ပြုစုနေရတာနဲ့ ကုန်နေရတဲ့အင်အားတွေကို ပိုပြီးတော့ ကောင်းတဲ့နေရာမှာ အသုံးပြုနိုင်အောင် လွတ်လပ်အောင် လုပ်တာဟာ ခွင့်လွှတ်တာပဲ။
ခွင့်လွှတ်နိုင်တာဟာ အလွန်ကြီးမားတဲ့ စွမ်းအားတစ်မျိုး ဖြစ်တယ်၊ ကြီးမားတဲ့စွမ်းအင် ဖြစ်တယ်။ ခွင့်လွှတ်တယ်ဆိုတာ စိတ်ဓာတ်ရောအသိဥာဏ်ပါ ကြီးမားတဲ့သူရဲ့ လုပ်ရပ်ဖြစ်တယ်။ ခွင့်မလွှတ်နိုင်တာဟာ စိတ်ဓာတ်အင်အား အသိဥာဏ်အင်အား နဲသေးတဲ့သူရဲ့ အလုပ်ဖြစ်တယ်။

ခွင့်လွှတ်တယ်ဆိုတာ စာရင်းဟောင်းတွေကို ရှင်းပစ်လိုကတာဘဲ။ ငါ ဒီခွင့်မလွှတ်နိုင်ခြင်းဆိုတဲ့ ခံစားမှုထဲမှာ ထောင်ကျခံပြီးတော့ မနေတော့ဘူး။ ကိုယ့်ကိုယ်ကိုကိုယ် ထောင်ချထားတာပဲ ဆိုတာကို မြင်ဖို့လိုတယ်။ အဲဒီလို မြင်ပြီးတော့ ကိုယ့်ထောင်တံခါးကိုကိုယ် ဖွင့်ပြစ်လိုက်တာပဲ။
ဒီဒေါသစိတ်ကလေးဟာ မကျေနပ်တဲ့ အတွေးကလေးပဲ ဒေါသစိတ်ကလေးပါ ငါ မဟုတ်ဘူး သူသဘာဝနဲ့သူပဲ။ အဲဒီလိုစိတ်ကလေးကို ငါ မဟုတ်တဲ့စိတ်ကလေးအနေနဲ့ ဒေါသစိတ်ကလေးအနေနဲ့ မြင်တတ်သွားပြီဆိုရင် ခွင့်လွတ်ရတာ ပိုလွယ်သွားတယ်။

(ဆရာတော်ဦးဇောတိက - မဟာမြိုင်တောရ)

13/06/2025

အိန္ဒိယလေယာဉ်ပျက်ကျတာမှာ လေယာဉ်ပေါ် ပါသွားတဲ့သူတွေလည်း ကံဆိုးသလို ပိုပြီးကံဆိုးတာက အဆောင်မှာ နေရင်းထိုင်ရင်း ပါသွားတဲ့ ဆ...
13/06/2025

အိန္ဒိယလေယာဉ်ပျက်ကျတာမှာ လေယာဉ်ပေါ် ပါသွားတဲ့သူတွေလည်း ကံဆိုးသလို ပိုပြီးကံဆိုးတာက

အဆောင်မှာ နေရင်းထိုင်ရင်း ပါသွားတဲ့
ဆေးကျောင်းသားနဲ့ အဲဒီမှာရှိတဲ့သူတွေပဲ

စာလုပ်တဲ့နေတဲ့သူရှိသလို ထမင်းစားတဲ့သူစား၊
အိပ်တဲ့သူအိပ်၊ စကားပြောတဲ့သူတွေ ပြောနေကြမှာပဲ

သူတို့ကိုယ်တိုင်လည်း သူတို့အပေါ်လေယာဉ်ပျက်ကျ
လိမ့်မယ်လို့ ဘယ်သူမှတွေးမိမှာတွေးထားမှာမဟုတ်ဘူး

သတိရမိတာက လော"လတ် ဖြစ်သွားတဲ့ ငလျင်လှုပ်တုန်းကလိုဘဲ စက္ကန့်ပိုင်းလေးအတွင်းမှာ ဘာဖြစ်လာမလဲဆိုတာ မသိနိုင်ဘူး

အဲတာကြောင့် ချစ်တဲ့သူကို
ချစ်ကြောင်းပြောထား။
ခွင့်လွှတ်ဖို့လဲ မမေ့နဲ့
ကျေးဇူးတင်ဖို့လဲ မမေ့နဲ့ ။

ဒီကမ္ဘာဟာ မနက်ဖြန်တောင်
မသေချာဘူး ။
🥹🥹🥹

Address

Yangon

Alerts

Be the first to know and let us send you an email when EPIC Videos posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EPIC Videos:

Share