MM Xpace

MM Xpace Space and Science News
(1)

❤️ အချစ်က တကယ် အိပ်ပျော်စေပါတယ်ကိုယ်အရမ်းချစ်ရတဲ့သူ တစ်ယောက်နဲ့ အနီးအနားမှာ ရှိနေတဲ့အခါ ပုံမှန်မဟုတ်ဘဲ စိတ်ထဲ လုံခြုံပြီ...
03/12/2025

❤️ အချစ်က တကယ် အိပ်ပျော်စေပါတယ်

ကိုယ်အရမ်းချစ်ရတဲ့သူ တစ်ယောက်နဲ့ အနီးအနားမှာ ရှိနေတဲ့အခါ ပုံမှန်မဟုတ်ဘဲ စိတ်ထဲ လုံခြုံပြီး ငြိမ်သက်သွားတာ၊ ဒါမှမဟုတ် အိပ်ချင်စိတ်ပါ ပိုဖြစ်လာတာမျိုးကို သတိထားမိဖူးလား?

သိပ္ပံပညာရှင်တွေက အချစ်ရဲ့ ခံစားချက်တွေဟာ ကျွန်တော်တို့ရဲ့ ဇီဝကမ္မဗေဒ (biology) ကို သိမ်မွေ့ပေမဲ့ အစွမ်းထက်တဲ့နည်းလမ်းတွေနဲ့ သက်ရောက်မှု ရှိတယ်ဆိုတာ တွေ့ရှိထားပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့သူနဲ့ နီးနီးကပ်ကပ်ရှိနေတဲ့အခါ ဦးနှောက်က Oxytocin (တစ်ခါတလေ "အချစ်ဟော်မုန်း" လို့ ခေါ်ကြတယ်) နဲ့ Dopamine လို ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပါတယ်။ ဒီဓာတုပစ္စည်းတွေက သက်သောင့်သက်သာဖြစ်ခြင်း၊ လုံခြုံမှုရှိခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုကို ခံစားရစေပါတယ်။
ဒီဟော်မုန်းတွေဟာ သင့်နှလုံးသားနဲ့ စိတ်ခံစားချက်အပေါ်ကိုပဲ သက်ရောက်တာ မဟုတ်ပါဘူး—သင့်ခန္ဓာကိုယ်ကို အနားယူဖို့ ဘေးကင်းတယ်လို့ အချက်ပြလိုက်သလိုမျိုး ဖြစ်စေပြီး၊ အိပ်ချင်စိတ် ပိုဖြစ်လာအောင် လုပ်နိုင်ပါတယ်။

ဒါက အချစ်ဆိုတာ စိတ်ခံစားမှုသက်သက် မဟုတ်ဘူး—ရုပ်ပိုင်းဆိုင်ရာ ခံစားမှုတစ်ခုပါပဲဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်တွေဟာ စိတ်တည်ငြိမ်ရာ ပတ်ဝန်းကျင် ဒါမှမဟုတ် တရားထိုင်တာလိုမျိုး စိတ်ကိုပြေလျော့စေတဲ့ တခြားအရာတွေလိုပဲ၊ စိတ်ခံစားမှုဆိုင်ရာ ချည်နှောင်မှုတွေအပေါ်မှာ တုံ့ပြန်တတ်ပါတယ်။ စိတ်ငြိမ်သက်တဲ့နေ့ရက်တစ်ခုအပြီးမှာ သင့်အနေနဲ့ သမ်းဝေတာ ဒါမှမဟုတ် မူးဝေလာသလိုမျိုး၊ သင်ချစ်ခင်ရသူရဲ့ ရှိနေမှုကလည်း ဒီလို ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အချုပ်အားဖြင့် ပြောရရင် အချစ်ဟာ သင့်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း လှုပ်ရှားစေပြီး အနားယူဖို့ တောင်းဆိုနေတာပါ။

အချစ်နဲ့ အိပ်ချင်စိတ်ကြားက ဒီဆက်နွယ်မှုကို နားလည်ထားတာဟာ ရိုမန်းတစ်ဆန်ရုံသာမက လက်တွေ့ကျတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိပါတယ်။ ဥပမာ- ဒါက စိတ်ကျန်းမာရေးကို မြှင့်တင်ရာ၊ စိတ်ဖိစီးမှုလျှော့ချရာနဲ့ အိပ်စက်မှုအရည်အသွေးကိုပါ တိုးတက်ကောင်းမွန်စေရာမှာ စိတ်ပိုင်းဆိုင်ရာ ချည်နှောင်မှုတွေရဲ့ အရေးပါပုံကို မီးမောင်းထိုးပြနေပါတယ်။ လူသားချင်း ဆက်နွယ်မှုတွေဟာ ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံးအပေါ် ဘယ်လောက် အကျိုးသက်ရောက်မှု ကြီးမားတယ်ဆိုတာကို သတိရစေပြီး၊ တစ်ခါတလေ သတိမထားမိလောက်အောင် သိမ်မွေ့တဲ့ နည်းလမ်းတွေနဲ့ သက်ရောက်နေတတ်ပါတယ်။

နောက်တစ်ကြိမ် သင်ချစ်ရတဲ့သူတစ်ယောက်နဲ့ ကွေးကွေးလေး ဖက်အိပ်နေရင်း ခေါင်းငိုက်စိုက်ကျသွားတာမျိုး ဖြစ်တဲ့အခါ၊ သင့်ခန္ဓာကိုယ်ဟာ အချစ်ကို သဘာဝအတိုင်း တုံ့ပြန်နေတာပါလို့ သတိရလိုက်ပါ။ ကျွန်တော်တို့ တခြားသူတွေနဲ့ မျှဝေထားတဲ့ ဆက်ဆံရေးတွေဟာ ကျွန်တော်တို့ရဲ့ နှလုံးသားကိုသာမက၊ ခန္ဓာကိုယ်တစ်ခုလုံးကိုပါ လွှမ်းမိုးနေတယ်ဆိုတဲ့ လှပတဲ့ သတိပေးချက်တစ်ခုပါပဲ။

ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှုကို တိုးတက်ကောင်းမွန်လာစေဖို့ စိတ်ခံစားမှုဆိုင်ရာ ဆက်နွယ်မှုတွေကို ပိုကောင်းအောင် ဘယ်လို အသုံးချနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါဦး။

#အာကာသ #လူသား #အချစ် #သိပ္ပံနည်းကျ #အိပ်စက်ခြင်း

လက်ဗွေရာပါတဲ့ နှစ် ၃,၀၀၀ ကျော် ရုပ်တုအီတလီနိုင်ငံ အလယ်ပိုင်းက Bolsena ရေကန် အောက်ခြေမှာ နှစ်ပေါင်း ၃,၀၀၀ ကျော် သက်တမ်းရှ...
29/11/2025

လက်ဗွေရာပါတဲ့ နှစ် ၃,၀၀၀ ကျော် ရုပ်တု

အီတလီနိုင်ငံ အလယ်ပိုင်းက Bolsena ရေကန် အောက်ခြေမှာ နှစ်ပေါင်း ၃,၀၀၀ ကျော် သက်တမ်းရှိတဲ့ ရုပ်တုတစ်ခုကို ရှာတွေ့ခဲ့တာပါ။ အံ့ဩစရာက ရုပ်တုမျက်နှာပြင်မှာ လူ့လက်ဗွေရာတွေကိုပါ မြင်နေရတုန်းပါ။ ရေအောက်ရှေးဟောင်းသုတေသနပညာရှင်အဖွဲ့ကနေ ပြန်လည်ရရှိတဲ့ ဒီပစ္စည်းဟာ သံခေတ်အစောပိုင်းကလို့ ယူဆရပါတယ်။

အီတလီ ယဉ်ကျေးမှုအမွေအနှစ်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဘာသာပြန်ကြည့်တော့ အဲဒီ ရုပ်ထုက သေးငယ်ပြီး မပြီးပြတ်သေးတဲ့ အမျိုးသမီးရုပ်တုလေးဖြစ်ပြီး ရေကန်ဘေးရွာလေးရဲ့ လူနေထိုင်ရာနေရာမှာ တွေ့ခဲ့တာလို့ သိရပါတယ်။ တကယ်ထူးခြားတာက ရွှံ့စေးမှာ လွန်ခဲ့တဲ့ နှစ် ၃,၀၀၀ ကျော်က ဒီရုပ်တုကို ဖန်တီးခဲ့တဲ့သူရဲ့ လက်ဗွေရာတွေက ပုံစံမပျက် ကျန်နေတုန်းပဲဆိုတာပါပဲ။

ဖေ့စ်ဘွတ်ခ်ပိုစ့်မှာ "ဒါဟာ ထူးခြားတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်ပြီး ဒီအရေးကြီးတဲ့ ရှေးဟောင်းသုတေသနနေရာကနေ အီထရူးရီးယားတောင်ပိုင်းမှာ သိပ်မသိရသေးတဲ့ သံခေတ်အစောပိုင်း (ဘီစီ ၁၀ ရာစုနှောင်းပိုင်း-ဘီစီ ၉ ရာစုအစောပိုင်း) နေ့စဉ်ဘဝပုံစံတွေကို ပြန်ပေးနေပါတယ်" လို့ ရေးထားတာကို တွေ့ရတယ်။

ရုပ်တုလေးရဲ့ ရင်ဘတ်မှာလည်း အထည်အလိပ် အမှတ်အသားတစ်ခုကို သုတေသီတွေ တွေ့ခဲ့ရတာကြောင့် စွန့်ပစ်မခံရခင်က ဝတ်ဆင်ထားတာ ဒါမှမဟုတ် အလှဆင်ထားတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆရတယ်။ ဒီအပိုင်းဟာ သင်္ချိုင်းတွေမှာ ပုံမှန်တွေ့ရလေ့ရှိတဲ့ ပုံစံမျိုးတွေနဲ့ မတူတဲ့အတွက် ဘာသာရေးဆိုင်ရာ အရာဝတ္ထုတွေဟာ နေ့စဉ်ဘဝ ဒါမှမဟုတ် အိမ်တွင်းမှာ ဘယ်လိုပါဝင်ခဲ့သလဲဆိုတဲ့ မေးခွန်းအသစ်တွေ ထွက်ပေါ်လာစေတယ်။

Bolsena ရေကန်ဟာ ရှေးဟောင်းသုတေသနပညာရှင်တွေ စိတ်ဝင်စားတဲ့ နေရာဖြစ်လာ

Gran Carro di Bolsena ကို ၁၉၉၁ ခုနှစ်အထိ အဓိကရှေးဟောင်းသုတေသနနေရာအဖြစ် မသတ်မှတ်ခဲ့ကြပါဘူး။ ဒါပေမဲ့ အဲဒီနောက် ရေအောက်က ပုံသဏ္ဌာန်တွေကို လူတွေရဲ့ လုပ်ဆောင်ချက်နဲ့ ပထမဆုံး ဆက်စပ်ခဲ့ကြတယ်။ Popular Mechanics က ဖော်ပြတာက သုတေသီတွေဟာ သစ်သားတိုင်တွေ၊ ကြွေထည်ပစ္စည်းတွေ၊ နဲ့ အပူချိန် 40°C လောက်အထိ ရောက်နိုင်တဲ့ အပူစမ်းတွေနဲ့ ဆက်စပ်နေတဲ့ ကျောက်ပုံတွေကို တွေ့ခဲ့ရပြီး ဒါတွေက ဒီနေရာကို ထိန်းသိမ်းရာမှာ အထောက်အကူ ဖြစ်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။

#ကမ္ဘာ့သိပ္ပံ #အာကာသ #ဗဟုသုတ #သိပ္ပံ #ရာသီဥတုသတိပေးချက် #သင်သိပါသလား

လူသားတွေရဲ့ သမိုင်းတစ်လျှောက်မှာဆိုရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာက အရမ်းနှေးကွေးလွန်းတော့၊ လူ့ယဉ်ကျေးမှုကြီးတွေတော...
29/11/2025

လူသားတွေရဲ့ သမိုင်းတစ်လျှောက်မှာဆိုရင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာက အရမ်းနှေးကွေးလွန်းတော့၊ လူ့ယဉ်ကျေးမှုကြီးတွေတောင်မှ ပြောင်းလဲမှုတစ်ခုမှ မခံစားရဘဲ ပေါ်ပေါက်ခဲ့၊ ပျောက်ကွယ်ခဲ့ကြရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ သိပ္ပံပညာရှင်တွေ မြင်နေရတာက လွန်ခဲ့တဲ့ နှစ်ပေါင်း လေးထောင်အတွင်းမှာ မမြင်ခဲ့ဖူးတဲ့အရာပါပဲ။ ပင်လယ်ရေတွေက ရှေးဟောင်းသုတေသနနဲ့ ဘူမိဗေဒ မှတ်တမ်းနှစ်ခုစလုံးမှာ မရှိခဲ့ဖူးတဲ့နှုန်းနဲ့ မြင့်တက်လာနေပါတယ်။

အခုခေတ် ဂြိုဟ်တုတွေနဲ့ ကမ်းရိုးတန်းတိုင်းတာတဲ့ ကိရိယာတွေအရ ကမ္ဘာ့ရေထုဟာ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကထက် နှစ်ဆကျော် ပိုမြန်တဲ့နှုန်းနဲ့ တက်နေတာကို ဖော်ပြနေပါတယ်။

ဂရင်းလန်နဲ့ အန္တာတိကက ရေခဲထုကြီးတွေ အရည်ပျော်ဆုံးရှုံးမှုတွေကြောင့် ပင်လယ်ထဲကို နေ့တိုင်း ရေပမာဏ ဘီလီယံနဲ့ချီပြီး ထပ်ဖြည့်ပေးနေသလို၊ ပူနွေးလာတဲ့ ပင်လယ်တွေကလည်း ထုထည်ကျယ်ပြန့်လာတာကြောင့် မြင့်တက်မှုကို ပိုပြီး အရှိန်မြှင့်တင်ပေးနေပါတယ်။ ဒါက လက်ရှိအချိန်နဲ့အမျှ ဖြစ်နေတဲ့ အပြောင်းအလဲတစ်ခု ဖြစ်ပြီး၊ ကမ္ဘာမြေရဲ့ ရာသီဥတုစနစ်က ဘိုးဘွားတွေ ကြုံခဲ့ရတဲ့ ဘယ်အရာထက်မဆို ပိုမြန်အောင် ပြောင်းလဲနေပြီ ဆိုတဲ့ သတိပေးချက်ပါပဲ။

#ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှု
#ရာသီဥတုသတိပေးချက်
#ကမ္ဘာ့သိပ္ပံ
#အနာဂတ်သက်ရောက်မှု

#အာကာသ
#သိပ္ပံ
#ဗဟုသုတ

ဒီမီးတောင်ကြီးဟာ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲပြီး ပြာမှုန်တွေက တိုက်ကြီးအနှံ့ ပျံ့သွားပါတယ်အီသီယိုးပီ...
26/11/2025

ဒီမီးတောင်ကြီးဟာ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲပြီး ပြာမှုန်တွေက တိုက်ကြီးအနှံ့ ပျံ့သွားပါတယ်

အီသီယိုးပီးယားနိုင်ငံက မီးတောင်တစ်ခုဟာ နှစ်ပေါင်း ၁၀,၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲတယ်လို့ သိရပြီး မီးခိုးလုံးတွေ၊ ပြာတွေ အများကြီး အပေါ်ကို ထိုးတက်နေလို့ မိုင်ထောင်ချီဝေးတဲ့ အိန္ဒိယက လေကြောင်းခရီးသွားလာရေးကိုပါ ထိခိုက်စေခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ငုပ်နေခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံ အရှေ့မြောက်ဘက်က Afar ဒေသမှာရှိတဲ့ Hayli Gubbi မီးတောင်ဟာ တနင်္ဂနွေနေ့က စပြီး ပြန်နိုးထလာရာ အနီးနားက ကျေးရွာတွေမှာ ဖုန်မှုန်တွေ ဖုံးလွှမ်းသွားပြီး လယ်သမားတွေအတွက် အခက်အခဲတွေ ဖြစ်စေခဲ့ပါတယ်။

သေဆုံးသူတော့ မရှိပေမယ့် အဲဒီမီးတောင်ပေါက်ကွဲမှုက ဒေသခံ တိရစ္ဆာန်မွေးမြူရေး လုပ်ကိုင်သူတွေအတွက် အရေးကြီးတဲ့ မြက်စားကွင်းတွေကို ပြာတွေ ဖုံးလွှမ်းသွားစေလို့ ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ ဒေသအုပ်ချုပ်ရေးမှူး Mohammed Seid က AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။
ဒေသခံတွေက မီးတောင်ပေါက်ကွဲတဲ့အချိန်မှာ ကြောက်စရာကောင်းတဲ့ ပေါက်ကွဲသံကို ကြားခဲ့ရတယ်လို့ ပြောကြပါတယ်။

ဒေသခံတစ်ဦးဖြစ်တဲ့ Ahmed Abdela က “ရုတ်တရက် ဗုံးတစ်လုံး ပစ်ချလိုက်သလိုမျိုး ခံစားရပြီး မီးခိုးတွေ၊ ပြာတွေပါ ပါလာတယ်” လို့ သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ပေါက်ကွဲမှုက ဂြိုဟ်တုတွေကနေ မြင်ရတဲ့အထိ ဖြစ်ပြီး NASA ရဲ့ ဓာတ်ပုံတွေမှာ မီးခိုးလုံးတွေ အများကြီး ကောင်းကင်ကို တက်လာပြီး ပင်လယ်နီအနှံ့ လွင့်ပျံနေတာကို ပြသနေပါတယ်။
Toulouse Volcanic Ash Advisory Center အရ မီးတောင်ကထွက်တဲ့ ပြာမှုန်တွေဟာ ယီမင်၊ အိုမန်ပေါ်ကနေ ပါကစ္စတန်နဲ့ အိန္ဒိယဘက်အထိပါ ရောက်ရှိသွားပါတယ်။

ပါကစ္စတန် မိုးလေဝသဌာနက တနင်္လာနေ့ နှောင်းပိုင်းမှာ သူတို့ရဲ့ လေပိုင်နက်ထဲကို ပြာတွေ ရောက်လာပြီးနောက် သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယမှာတော့ နိုင်ငံပိုင်လေကြောင်းလိုင်း Air India ဟာ “Hayli Gubbi မီးတောင်ပေါက်ကွဲပြီးနောက် သတ်မှတ်ထားတဲ့ ပထဝီဝင်ဒေသတွေပေါ်ကနေ ပျံသန်းခဲ့တဲ့ လေယာဉ်တွေကို ကြိုတင်စစ်ဆေးမှုတွေ လုပ်ဖို့” ပြည်တွင်းနဲ့ နိုင်ငံတကာ ခရီးစဉ်အချို့ကို ဖျက်သိမ်းခဲ့တယ်လို့ X (ယခင် Twitter) မှာ ဖော်ပြခဲ့ပါတယ်။

လေထုညစ်ညမ်းမှု ဆိုးရွားနေတဲ့ ဒေလီမြို့ဟာ ပြာတွေက အမြင့်ပေမှာ လွင့်နေတာကြောင့် သိသိသာသာ ထိခိုက်မှုရှိလာမှာ မဟုတ်ဘူးလို့ အိန္ဒိယ မိုးလေဝသဌာန (IMD) က ပြောပါတယ်။

ပြာမှုန်တွေက အရှေ့ဘက်ကို လျင်မြန်စွာ ရွေ့လျားသွားမယ်လို့ IMD က ထပ်ပြောခဲ့ပါတယ်။
မြို့တော် အဒစ်အဘာဘာရဲ့ အရှေ့မြောက်ဘက် ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) လောက်အကွာမှာ တည်ရှိတဲ့ Hayli Gubbi မီးတောင်ဟာ အီသီယိုးပီးယားရဲ့ Afar ဒေသက Erta Ale Range မီးတောင်ကွင်းဆက်ရဲ့ တောင်ဘက်အစွန်ဆုံး မီးတောင်ပဲ ဖြစ်ပါတယ်။
အဲဒီမီးတောင်က အမြင့် မီတာ ၅၀၀ လောက်ရှိပြီး မြေလွှာပြားနှစ်ခု ဆုံတဲ့ ပထဝီဝင်ဆိုင်ရာ လှုပ်ရှားမှု ပြင်းထန်တဲ့ ဇုန်ထဲမှာ တည်ရှိပါတယ်။

#အာကာသ #မီးတောင် #ကမ္ဘာ

ကြယ်တာရာကြားက ဧည့်သည် 3i/Atlasကို NASA ရဲ့ အင်္ဂါဂြိုဟ်မစ်ရှင်တွေက ပုံအသစ်တွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်၊NASAရဲ့ Live ထ...
20/11/2025

ကြယ်တာရာကြားက ဧည့်သည် 3i/Atlasကို NASA ရဲ့ အင်္ဂါဂြိုဟ်မစ်ရှင်တွေက ပုံအသစ်တွေနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်၊NASAရဲ့ Live ထုတ်လွှင့်ခြင်းမှ ကောက်နုတ်ချက်

NASA ကနေ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ 3i/Atlas ရဲ့ ပုံအသစ်တွေဟာ အာကာသယာဉ်တွေ ဘယ်လိုမျိုး ဒီကြယ်တံခွန်ကို စောင့်ကြည့် မှတ်တမ်းတင်နိုင်ခဲ့လဲဆိုတာကို ဖော်ပြနေပါတယ်။ တခြားဂြိုဟ်စနစ်တခုက‌ ရောက်လာတဲ့ 3i/Atlasရဲ့ ဖြတ်သန်းသွားပုံက တကယ်ကို အံ့ဩစရာကောင်းပြီး၊ သူ့ရဲ့ ပါဝင်ပစ္စည်းတွေအကြောင်း အချက်အလက်သစ်တွေကိုလည်း ဖော်ထုတ်ပေးခဲ့ပါတယ်။
နက္ခတ်ဗေဒပညာရှင်တွေက ဒီရှားပါးကြယ်တံခွန်ကို 3I/ATLAS လို့ သိထားပြီး၊ ဇူလိုင်လ ၁ ရက်နေ့မှာ ပထမဆုံး စတွေ့ခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ နေအဖွဲ့အစည်း (solar system) ကနေ ဖြတ်သန်းသွားတဲ့ တတိယမြောက် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဂြိုဟ်ကြားက အရာဝတ္ထု (Interstellar Object - ISO) ပဲ ဖြစ်ပါတယ်။

ဒီကြယ်တံခွန်ဟာ အင်္ဂါဂြိုဟ်နားကို အောက်တိုဘာလမှာ ဖြတ်သွားတုန်းက NASA ရဲ့ မစ်ရှင်ပေါင်းများစွာဟာ သူတို့လုပ်နေတဲ့ အလုပ်တွေကို ခဏရပ်ပြီး ဒီအရာဝတ္ထုကြီးရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပုံတွေကို ဖမ်းယူခဲ့ကြပါတယ်။

အမေရိကန် အာကာသအေဂျင်စီ- NASA က ပုံအသစ်တွေကို ဒီနေ့မနက် မြန်မာစံတော်ချိန် ၂နာရီ ခွဲမှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး၊ အစိုးရ ရုံးပိတ်ရက်ကြောင့် အရင်က မထုတ်ပြန်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ဘယ်အာကာသယာဉ်ရဲ့ ကင်မရာမှ တစ်နာရီကို မိုင် ၁၅၃,၀၀၀ (ကီလိုမီတာ ၂၄၆,၀၀၀) နှုန်းလောက်နဲ့ ဖြတ်သွား‌ နေတဲ့ ကြယ်တံခွန်တွေကို အတိအကျ ရိုက်ဖို့ ဒီဇိုင်းထုတ်ထားတာမျိုး မဟုတ်ပေမဲ့၊ နက္ခတ်ဗေဒပညာရှင်တွေက ဒီလိုမျိုး ဘဝမှာ တစ်ခါသာ ကြုံရနိုင်တဲ့ အခွင့်အရေးကို လက်လွတ်မခံချင်ကြပါဘူး။

NASA ရဲ့ နေအဖွဲ့အစည်းအတွင်းက အရာဝတ္ထုငယ်တွေဆိုင်ရာ အဓိကသိပ္ပံပညာရှင်ဖြစ်တဲ့ Tom Statler က "ဒီအခြေအနေက NASA ရဲ့ အာကာသယာဉ်တွေဟာ ဘေ့စ်ဘောပွဲကို ကွင်းထဲက နေရာအသီးသီးကနေ ကြည့်နေကြတဲ့ပုံစံမျိုးပါပဲ။ လူတိုင်းက ကင်မရာကိုယ်စီနဲ့ ဘောလုံးကို ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေကြပေမဲ့ ဘယ်သူမှတော့ ပြီးပြည့်စုံတဲ့ ရှုထောင့်ကို မရကြသလို၊ လူတိုင်းကလည်း ကင်မရာအမျိုးမျိုးနဲ့ ရိုက်နေကြတာပါပဲ" လို့ ပြောပါတယ်။

NASA ရဲ့ သိပ္ပံမစ်ရှင်ဌာနခွဲရဲ့ တွဲဖက်အုပ်ချုပ်ရေးမှူး Nicky Fox က မစ်ရှင်အဖွဲ့ပေါင်း ၂၀ နီးပါးက 3i/Atlas ရဲ့ ပုံတွေကို ဖမ်းယူဖို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ Fox က “ဥက္ကာခဲအကြောင်း ကျွန်တော်တို့ သိရသမျှ အရာအားလုံးဟာ ကျွန်တော်တို့ရဲ့ အာကာသယာဉ်တွေပေါ်က မတူညီတဲ့ စွမ်းရည်တွေရှိတဲ့ ကိရိယာတွေအားလုံး ဖြန့်ကျက်ထားမှုကြောင့် ဖြစ်လာနိုင်တာပါ။ ကျွန်တော်တို့က ဒီဂြိုဟ်ကြားက ခရီးသွားကြီးကို အံ့သြစရာကောင်းလောက်အောင် တစ်ချက်လေး မြင်ခွင့်ရဖို့အတွက် သိပ္ပံပစ္စည်းတွေကို သူတို့ ဒီဇိုင်းထုတ်ထားတဲ့ အတိုင်းအတာထက်တောင် ကျော်လွန်ပြီး အသုံးပြုခဲ့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

အင်္ဂါဂြိုဟ်ကို 3i/Atlas ဖြတ်မသွားခင် စက်တင်ဘာလတုန်းက ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို လေ့လာဖို့ သွားနေတဲ့ Lucy နဲ့ Psyche အာကာသယာဉ်တွေအပြင် နေကို အဓိကထား လေ့လာတဲ့ Parker Solar Probe၊ SOHO နဲ့ PUNCH လို မစ်ရှင်တွေကလည်း 3i/Atlas ကို မြင်တွေ့ခဲ့ရပါတယ်။
Statler ရဲ့ ပြောကြားချက်အရ Lucy နဲ့ Psyche က ရတဲ့ အချက်အလက်တွေကို ကမ္ဘာမြေပေါ်က အဝေးကြည့်မှန်ပြောင်းတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် 3i/Atlasရဲ့ သုံးဖက်မြင် ပုံစံနဲ့ နေအပူကြောင့် ထွက်လာတဲ့ ဖုန်မှုန့်တွေရဲ့ သဘာဝကို ပိုပြီး သိလာနိုင်ပါတယ်။သူက "ဒါဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းက ဖုန်မှုန့်တွေနဲ့ တခြားဝေးလံတဲ့ နေအဖွဲ့အစည်းက ရှေးဟောင်းဖုန်မှုန့်တွေကို နှိုင်းယှဉ်ဖို့ ရှားရှားပါးပါး အခွင့်အရေးပါပဲ" လို့ ဆိုပါတယ်။

Mars Reconnaissance Orbiter နဲ့ Perseverance ရိုဗာတို့ကလည်း အင်္ဂါဂြိုဟ်ကို 3i/Atlas ဖြတ်သွားတုန်းက ခြေရာခံခဲ့ကြပါတယ်။ Fox ရဲ့ အဆိုအရ Orbiter ဟာ 3i/Atlasနဲ့ ရုပ်ပိုင်းဆိုင်ရာအရ အနီးဆုံး အာကာသယာဉ် ဖြစ်ပါတယ်။

Statler ရဲ့ ပြောကြားချက်အရ 3i/Atlasဟာ နေနဲ့ အနီးဆုံးကို ရောက်တဲ့အခါ ကမ္ဘာမြေပေါ်က အဝေးကြည့်မှန်ပြောင်းတွေအတွက် ကြည့်ဖို့ အဆင်မပြေတဲ့ အခြမ်းမှာ ရှိနေခဲ့ပေမဲ့၊ အင်္ဂါဂြိုဟ်မှာတော့ အကောင်းဆုံး မြင်နိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ “ကျွန်တော်တို့ရဲ့ အင်္ဂါဂြိုဟ်ပေါ်က ပစ္စည်းတွေဟာ 3i/Atlasကို စောင့်ကြည့်နိုင်ခဲ့ပြီး တခြား အာကာသယာဉ်တချို့ကလည်း နေရဲ့ မှန်ကန်တဲ့ဘက်မှာ ရှိနေခဲ့ပါတယ်။ ဒီမြင်ကွင်းကို ကမ္ဘာမြေကနေ ဘယ်လိုမှ ရယူလို့ မရနိုင်ပါဘူး” လို့ သူက ပြောပါတယ်။

ကြာသပတေးဂြိုဟ်နဲ့ သူ့ရဲ့ ဂြိုဟ်ရံလတွေကို လေ့လာမယ့် Europa Clipper နဲ့ ဥရောပ အာကာသအေဂျင်စီရဲ့ Jupiter Icy Moons Explorer (Juice) အာကာသယာဉ်တွေကလည်း 3i/Atlasဟာ နွေဦးမှာ ကြာသပတေးဂြိုဟ်(Jupiter)ပတ်လမ်းနားကို ရောက်လာချိန်မှာ သူ့ရဲ့ ရွေ့လျားမှုတွေကို မှတ်တမ်းတင်ဖို့ ရည်ရွယ်ထားပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ 3i/Atlasဟာ အင်္ဂါဂြိုဟ်နဲ့ မိုင် ၁၈ သန်း (ကီလိုမီတာ ၂၉ သန်း) အတွင်းကို ရောက်ရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက အင်္ဂါဂြိုဟ်ပတ်လမ်းမှာ လှည့်ပတ်နေတဲ့ ESA ရဲ့ ExoMars Trace Gas Orbiter ဟာ ကမ္ဘာပေါ်က အဝေးကြည့်မှန်ပြောင်းတွေထက် 3i/Atlasနဲ့ ၁၀ ဆ ပိုနီးခဲ့ပြီး၊ ကမ္ဘာမြေပေါ်က မှန်ပြောင်းတွေ မမြင်နိုင်တဲ့ ထောင့်ကနေ ပုံတွေ ဖမ်းယူနိုင်ခဲ့ပါတယ်။ 3I/ATLAS ကို ဒီလို ရှုထောင့်သစ်ကနေ မြင်ရတာကြောင့် သိပ္ပံပညာရှင်တွေဟာ 3i/Atlasရဲ့ နောက်လာမယ့် လမ်းကြောင်းကို အရင်ထက် ၁၀ ဆ ပိုတိကျအောင် ကြိုတင်ခန့်မှန်းနိုင်ခဲ့ပါတယ်။

Hubble နဲ့ James Webb အာကာသမှန်ပြောင်းတွေ အပါအဝင် တခြား အာကာသယာဉ်များစွာကလည်း ဒီအရာဝတ္ထုကို စောင့်ကြည့်ခဲ့ကြပါတယ်။
ကမ္ဘာတစ်ဝန်းက သိပ္ပံပညာရှင်တွေဟာ 3I/ATLAS ကို လေ့လာဖို့ အဝေးကြည့်မှန်ပြောင်းတွေ သုံးနေကြပေမဲ့၊ အာကာသယာဉ် မစ်ရှင်တွေက အဓိက စောင့်ကြည့်လေ့လာမှုဆိုင်ရာ အားသာချက်တချို့ကို ပေးနိုင်တယ်လို့ Pennsylvania ပြည်နယ် Villanova တက္ကသိုလ်ရဲ့ နက္ခတ်ရူပဗေဒဌာနက ဂြိုဟ်နက္ခတ်ပညာရှင်နဲ့ လက်ထောက်ပါမောက္ခ ဒေါက်တာ Theodore Kareta က ပြောပါတယ်။
ကင်မရာတွေနဲ့ ကိရိယာတွေဟာ မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ တိုင်းတာမှုတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး၊ မဖြစ်နိုင်တဲ့ ထူးခြားတဲ့ ရှုထောင့်တွေကိုလည်း ပေးစွမ်းနိုင်တယ်လို့ သူက ဆိုပါတယ်။
Kareta က "ကြယ်တံခွန်တွေက သုံးဖက်မြင် အရာဝတ္ထုတွေဖြစ်ပြီး သူတို့ကို ထောင့်အမျိုးမျိုးကနေ ကြည့်တာက သူတို့ ဘယ်မှာရှိလဲ၊ ဘယ်လမ်းကြောင်းပေါ် ရောက်နေလဲဆိုတာအပြင် သူ့ရဲ့ ဗဟိုထု ဘယ်လောက်ကြီးလဲ၊ သူ့ရဲ့ လေထုထဲမှာ မြင်နိုင်တဲ့ အဆောက်အအုံ ဒါမှမဟုတ် ပုံစံတွေရဲ့ သဘာဝကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါတယ်" လို့ ပြောခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက လက်ရှိမှာ 3i/Atlasဟာ အကျယ်အားဖြင့် ပေ ထောင်ချီကနေ မိုင်အနည်းငယ်အထိ ရှိမယ်လို့ ထင်နေကြပေမဲ့ သူတို့ရဲ့ တိုင်းတာမှုတွေကိုတော့ ဆက်လက် ပြုပြင်နေတုန်းပဲလို့ Statler က ပြောပါတယ်။

NASA အရာရှိတွေက 3i/Atlasနဲ့ ပတ်သတ်ပြီး ထွက်ပေါ်နေတဲ့ ကောလာဟလတွေ၊ ဥပမာ - ဒါဟာ ဂြိုဟ်သားတွေရဲ့ အာကာသယာဉ်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးတွေကိုလည်း ချက်ချင်းပဲ ဖြေရှင်းပေးခဲ့ကြပါတယ်။
NASA တွဲဖက်အုပ်ချုပ်ရေးမှူး Amit Kshatriya က “ဒါဟာ ကြယ်တံခွန်တစ်လုံးလို ပုံစံရှိပြီး ကြယ်တံခွန်တစ်လုံးလိုပဲ ပြုမူနေပါတယ်။ ဒါဟာ ကြယ်တံခွန်ဆိုတဲ့ အထောက်အထားတွေအားလုံးကို ညွှန်ပြနေပါတယ်။ ဒါပေမဲ့ 3i/Atlas က နေအဖွဲ့အစည်း အပြင်ဘက်ကနေ ရောက်လာတာဖြစ်လို့ စိတ်ဝင်စားစရာကောင်းသလို၊ စိတ်လှုပ်ရှားစရာလည်း ဖြစ်ပြီး၊ သိပ္ပံပညာအရ အရမ်း အရေးကြီးပါတယ်” လို့ ပြောပါတယ်။
Fox က 3i/Atlasကို စတွေ့ကတည်းက NASA ရဲ့ အနီးကပ် စောင့်ကြည့်မှုတွေအရ ဒါဟာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ နက္ခတ္တဗေဒဆိုင်ရာ အရာဝတ္ထုတစ်ခုကလွဲလို့ တခြားဟာတစ်ခုခု ဖြစ်နိုင်တယ်လို့ ယူဆစရာ အထောက်အထား (ဥပမာ- ဂြိုဟ်သားတွေရဲ့ သက်ရှိလက္ခဏာ ဖော်ပြတဲ့ အချက်ပြမှုမျိုး) မတွေ့ရဘူးလို့ ပြောပါတယ်။
Fox က “ဒါပေမဲ့ တကယ်ကို အံ့မခန်းကောင်းတာကတော့ ဒါဟာ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲက ကြယ်တံခွန်တွေနဲ့ အတိအကျ တူနေလို့ မဟုတ်ပါဘူး။ 3i/Atlasရဲ့ ထူးခြားမှုတွေကပဲ ကျွန်တော်တို့အတွက် အရမ်းကို စိတ်ဝင်စားစရာကောင်းနေတာပါ” လို့ ဆိုပါတယ်။

Kshatriya က မကြာသေးခင်က ရုံးပိတ်ရက်ရဲ့ ကန့်သတ်ချက်တွေကြောင့် NASA က ဒီအကြောင်းကို မှတ်ချက်မပေးနိုင်ခဲ့ချိန်မှာ ကမ္ဘာကြီးရဲ့ အများစုက 3i/Atlasအကြောင်းကို ထင်ကြေးပေးနေတာကို သူက တကယ်ကို စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။ သူက "ဒါဟာ စကြာဝဠာကြီးက ဘယ်လောက်တောင် အံ့သြစရာကောင်းနိုင်လဲဆိုတာကို လူတွေရဲ့ ဦးနှောက်တွေကို ကျယ်ပြန့်အောင် တွေးခေါ်စေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ စကြာဝဠာထဲမှာ သက်ရှိလက္ခဏာတွေကို အရမ်းတွေ့ချင်ပါတယ်။ ဒါပေမဲ့ 3I/ Atlas ကတော့ ကြယ်တံခွန်တစ်လုံးပါပဲ" လို့ ပြောခဲ့ပါတယ်။

NASA ရဲ့ အဆိုအရ 3i/Atlasဟာ အောက်တိုဘာလ ၃၀ ရက်နေ့မှာ နေနဲ့ အနီးဆုံးကို ရောက်ခဲ့ပြီး မိုင် ၁၃၀ သန်း (ကီလိုမီတာ ၂၁၀ သန်း) အတွင်းကို ရောက်ရှိခဲ့ပါတယ်။
ကျွန်တော်တို့ နေအဖွဲ့အစည်းက စတင်ခဲ့တဲ့ ကြယ်တံခွန်ဆိုတာကတော့ ညစ်ပတ်နေတဲ့ ဆီးနှင်းလုံးကြီးလိုပါပဲ။ သူ့ရဲ့ နျူကလီးယပ်စ် ဒါမှမဟုတ် အခဲဗဟိုထုကတော့ ကြယ်တွေ၊ ဂြိုဟ်တွေနဲ့ တခြား နက္ခတ်တာရာတွေ ဖြစ်ပေါ်တုန်းက ကျန်ခဲ့တဲ့ ကျောက်တုံး၊ ဓာတ်ငွေ့၊ ဖုန်မှုန့်နဲ့ ရေခဲတွေ ရောထားတဲ့ အေးခဲနေတဲ့ အရာတစ်ခုပါ။ ကြယ်တံခွန်တွေဟာ ကျွန်တော်တို့ နေလို ကြယ်တွေနားကို ရောက်လာတဲ့အခါ အပူတက်လာပြီး အငွေ့ပျံတဲ့ အရာဝတ္ထုတွေရဲ့ အမြီးတွေ ဖြစ်ပေါ်လာကာ သူတို့နောက်မှာ အစင်းကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။

3I/ATLAS ဟာ တခြားနေအဖွဲ့အစည်းက ရောက်လာတာဖြစ်လို့ နက္ခတ်ဗေဒပညာရှင်တွေက သူတို့ မြင်နေကျ ကြယ်တံခွန်တွေနဲ့ သူ့ရဲ့ ပါဝင်ပစ္စည်းတွေ ဘယ်လောက် ကွာခြားလဲ ဒါမှမဟုတ် တူညီလဲဆိုတာကို သိချင်နေကြပါတယ်။
Statler က 3I/ATLAS ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းက ကြယ်တံခွန်တွေနဲ့ နှိုင်းယှဉ်ရင် ရေထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ပိုထွက်နေသလို၊ သံထက် နီကယ် ပိုထွက်နေပြီး ဒါကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ပြောပါတယ်။
3i/Atlasဟာ လှုပ်ရှားမှု ပိုများလာတယ်လို့လည်း ပြသနေတဲ့အတွက် စောင့်ကြည့်သူတချို့က နေကို အနီးကပ် ဖြတ်သွားတုန်းက အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသလားဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
3i/Atlasကနေ ထွက်နေခဲ့တဲ့ "ဂျက်လေယာဉ်သဏ္ဌာန် အရှိန်ပြင်း ဓာတ်ငွေ့ပန်းထွက်မှု" တွေက သူ့ရဲ့ မျက်နှာပြင်မှာ တခြားနေရာတွေထက် အရာဝတ္ထုတွေ ပိုပြီး အငွေ့ပျံနေတဲ့ အပိုင်းတွေ ရှိနေတယ်လို့ ဆိုလိုနိုင်တယ်လို့ Statler က ပြောပါတယ်။
Kareta က "ကြယ်တံခွန်တွေဟာ သူတို့ မျက်နှာပြင်ရဲ့ ဘယ်အပိုင်းတွေက လှုပ်ရှားမှုရှိလဲ၊ ဓာတ်ငွေ့နဲ့ ဖုန်မှုန့်တွေ ထုတ်လွှတ်နေလဲဆိုတာနဲ့ ဆက်စပ်နေတဲ့ 'ဂျက်လေယာဉ်သဏ္ဌာန်' ဒါမှမဟုတ် 'ခရုပတ်' ပုံစံတွေကို သူတို့ရဲ့ အတွင်းလေထုထဲမှာ မကြာခဏ ပြသတတ်ပါတယ်။ ဒါကြောင့် သူတို့ကို ထောင့်တစ်မျိုးတည်းကနေ ဓာတ်ပုံရိုက်တာက အဓိပ္ပာယ်ဖွင့်ဆိုဖို့ ခက်ခဲစေပါတယ်" လို့ ထပ်ပြောခဲ့ပါတယ်။
အခုဆိုရင် ဒီအရာဝတ္ထုဟာ ကမ္ဘာမြေပေါ်က အဝေးကြည့်မှန်ပြောင်းတွေအတွက် နေရဲ့ နောက်တစ်ဖက်ကနေ စပြီး ပြန်ပေါ်လာနေပါပြီ။ ဒီအရာဝတ္ထုဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကမ္ဘာနဲ့ မိုင် ၁၆၈ သန်း (ကီလိုမီတာ ၂၇၀ သန်း) အတွင်းကို ဖြတ်သန်းပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းကနေ ထွက်ခွာဖို့ စတင်တော့မှာပါ။

Kareta က “NASA မစ်ရှင် အများကြီးက ဒီဂြိုဟ်ကြားက ဧည့်သည်ကြီးကို စောင့်ကြည့်ဖို့ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ အချက်က ဒီအခွင့်အရေးကို ကျွန်တော်တို့အားလုံး ဘယ်လောက် အလေးအနက်ထားလဲဆိုတာကို ပြောပြနေပါတယ်။ 3I/ATLAS လို ကြယ်တာရာကြားက အရာဝတ္ထုတွေက အခြေခံအားဖြင့် ရှားပါးပြီး 3I/Atlasလို လင်းတဲ့ ISO မျိုးကတော့ ပိုပြီး ရှားပါးပါလိမ့်မယ်။ ဒီအရာဝတ္ထုက နောက်နှစ်ပေါင်းများစွာအထိ ကျွန်တော်တို့ အများဆုံး လေ့လာခွင့်ရမယ့် ISO ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

3i/Atlasရဲ့ သက်တမ်း အတိအကျကို မသိရသေးပေမဲ့၊ သူ့ရဲ့ အရှိန်နှုန်းအရ ကျွန်တော်တို့ နေအဖွဲ့အစည်းထဲက ဘယ်အရာထက်မဆို အများကြီး ပိုအသက်ကြီးတယ်လို့ Statler က ပြောပါတယ်။
Statler က “3I/ATLAS ဟာ တခြားနေအဖွဲ့အစည်းတစ်ခုကို မြင်ရတဲ့ ပြတင်းပေါက်တစ်ခုတည်း မဟုတ်ပါဘူး၊ ဒါဟာ အတိတ်ကာလ အတော်ဝေးဝေးကို မြင်ရတဲ့ ပြတင်းပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာနဲ့ နေမဖြစ်ပေါ်ခင်ကတည်းက ရှိနေခဲ့တဲ့ အတိတ်ကို ပြော‌ နေတာပါ” လို့ ဆိုပါတယ်။

NASAရဲ့ 3i/Atlasနဲ့ ပတ်သတ်ပြီး Live ထုတ်လွှတ်ခြင်းမှ အဓိက ရှင်းလင်းပြောဆိုချက်တွေကို မြန်မာဘာသာပြန်ထားခြင်းဖြစ်ပါတယ်။

ဒီနေ့ မနက်၁၀နာရီက  အီတလီနိုင်ငံ အခြေစိုက် The Virtual Telescope Project က ရိုက်ယူပြီး youtubeက တိုက်ရိုက်ထုတ်လွင့်ခဲ့တဲ့...
19/11/2025

ဒီနေ့ မနက်၁၀နာရီက အီတလီနိုင်ငံ အခြေစိုက် The Virtual Telescope Project က ရိုက်ယူပြီး youtubeက တိုက်ရိုက်ထုတ်လွင့်ခဲ့တဲ့ 3i/Atlas ရဲ့ ပုံဖြစ်ပါတယ်။

#အာကာသ #သင်သိပါသလား

🤩 ဂလက်ဆီအပြင်က ဧည့်သည် 3I/ATLAS ရဲ့ အမိုက်စားပုံတွေ နာဆာက ပြသတော့မယ်!နိုဝင်ဘာလ ၁၂ရက်နေ့က စပြီး အလုပ်ပြန်လုပ်နေပြီဖြစ်တဲ့...
18/11/2025

🤩 ဂလက်ဆီအပြင်က ဧည့်သည် 3I/ATLAS ရဲ့ အမိုက်စားပုံတွေ နာဆာက ပြသတော့မယ်!

နိုဝင်ဘာလ ၁၂ရက်နေ့က စပြီး အလုပ်ပြန်လုပ်နေပြီဖြစ်တဲ့ NASAဟာ 3i/atlas နေအဖွဲ့အစည်းထဲ ဖြတ်သွားတဲ့ပုံတွေကို မကြာခင်မှာ တိုက်ရိုက်ထုတ်လွှင့်ပြီး ပြသတော့မှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုကြပါ။

နာဆာရဲ့ မစ်ရှင်အသီးသီးက စုဆောင်းထားတဲ့ 3I/ATLAS ကြယ်တံခွန်ပုံတွေကို နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့ညသန်း​ခေါင်ယံ(ကြာသပတေးမနက််အာရုံချိန်) ၂နာရီခွဲ မှာ ပြသမှာပါ။ (အမေရိကန် စံတော်ချိန် ညနေ ၃ နာရီ)

မေရီလန်းပြည်နယ်၊ ဂရင်းဘဲ့လ် ရှိ နာဆာ ဂေါဒတ် ဗဟိုဌာနကနေ တိုက်ရိုက်ပြသမှာ ဖြစ်ပါတယ်။

NASA+၊ NASA App၊ နာဆာရဲ့ ဝက်ဘ်ဆိုဒ်၊ YouTube နဲ့ Amazon Prime တို့ကနေ တိုက်ရိုက် ကြည့်ရှုနိုင်ပါတယ်။

🛰️ ဒီကြယ်တံခွန်က ဘယ်လောက် အရေးပါလဲ?

ဒီကြယ်တံခွန်ကို ဇူလိုင်လ ၁ ရက်နေ့မှာ ATLAS (Asteroid Terrestrial-impact Last Alert System) စောင့်ကြည့်ရေး စခန်းကနေ ရှာတွေ့ခဲ့တာပါ။ ဒါဟာ ဂလက်ဆီရဲ့ တခြားနေရာကနေ ကိုယ့်နေအဖွဲ့အစည်းထဲကို ဝင်လာတယ်လို့ တရားဝင် သတ်မှတ်ထားတဲ့ တတိယမြောက် အရာဝတ္ထုပါ။ ဒါကြောင့် သိပ္ပံပညာရှင်တွေအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အချက်အလက်တွေ ရနိုင်ပါတယ်။

သူက ကမ္ဘာနဲ့ အနီးဆုံးရောက်ရင်တောင် မိုင် ၁၇၀ သန်း ဝေးမှာမို့ ဘာအန္တရာယ်မှ မပေးပါဘူး။

ဒါပေမဲ့ အောက်တိုဘာလ အစောပိုင်းတုန်းကတော့ အင်္ဂါဂြိုဟ်နဲ့ မိုင် ၁၉ သန်း အကွာကနေ ကပ်ပြီး ဖြတ်သွားခဲ့ဖူးပါတယ်။

> 💬အများပြည်သူအနေနဲ့လည်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်မှာ ဆိုတဲ့ Hashtag ကို သုံးပြီး ဆိုရှယ်မီဒီယာကနေ မေးခွန်းတွေ မေးနိုင်ပါတယ်တဲ့။

နာဆာက ကိုယ့်ရဲ့ သိပ္ပံမစ်ရှင်တွေ၊ အာကာသယာဉ်တွေနဲ့ ကမ္ဘာမြေပေါ်က တယ်လီစကုပ်တွေ အစုံအလင်ကို သုံးပြီး ဒီထူးခြားတဲ့ ဧည့်သည် ကြယ်တံခွန်လေး နေအဖွဲ့အစည်းထဲမှာ ဘယ်လို ပြုမူနေလဲဆိုတာကို အသေးစိတ် လေ့လာနေတာဖြစ်ပါတယ်။

#သင်သိပါသလား #သိပ္ပံ #အာကာသ

၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ Learjet 35 လေယာဉ်တစ်စင်းဟာ ပုံမှန်အတိုင်းပဲ Orlando ကနေ Dallas ကို ပျံသန်းဖို့ ထွက်...
18/11/2025

၁၉၉၉ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်နေ့မှာ Learjet 35 လေယာဉ်တစ်စင်းဟာ ပုံမှန်အတိုင်းပဲ Orlando ကနေ Dallas ကို ပျံသန်းဖို့ ထွက်ခွာခဲ့ပါတယ်။ ဒါပေမဲ့ အမြင့်ရောက်ပြီး ခဏအကြာမှာ လေယာဉ်ခန်းထဲက ဖိအားရုတ်တရက် ကျသွားတော့တာပဲ။
Hypoxia (အောက်စီဂျင်ပြတ်လပ်မှု) ကြောင့် စက္ကန့်ပိုင်းအတွင်း သတိလစ်သွားပြီး လေယာဉ်ပေါ်ပါသူအားလုံး ပြန်နိုးမလာတော့ဘဲ သေဆုံး သွားခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီဂျက်လေယာဉ်ကြီးကတော့ ဆက်ပျံသန်းနေတုန်းပါပဲ။ သူ့ရဲ့ အော်တိုမောင်းစနစ် (Autopilot) က လေယာဉ်ကို နာရီလေးနာရီနီးပါး နိုင်ငံတစ်ဝက်လောက်အထိ ကောင်းကင်ပေါ်က သရဲ လေယာဥ်ကြီး လိုမျိုး အရှိန်မှန်မှန်နဲ့ ဆက်ထိန်းသွားခဲ့တယ်။ တိုက်လေယာဉ်တွေက လိုက်လံစစ်ဆေးတဲ့အခါမှာလည်း မှန်တွေ အေးခဲနေတာ၊ အတွင်းမှာ ဘာလှုပ်ရှားမှုမှ မရှိဘဲ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေတာကိုပဲ သတင်းပို့ခဲ့ကြတယ်။

နောက်ဆုံးမှာတော့ ဆီကုန်သွားပြီးတဲ့နောက် လေယာဉ်ဟာ ထိန်းမနိုင်သိမ်းမနိုင် ဖြည်းဖြည်းချင်းကျလာရာကနေ South Dakota ပြည်နယ်၊ Mina မြို့နားမှာ ဝဲလည်ပြီး ပျက်ကျခဲ့ရတယ်။

ဒီကြေကွဲစရာ အဖြစ်ဆိုးက လေယာဥ်ပေါ်ပါသွားသူ လူ ၆ ဦးရဲ့ အသက်ကို ဆုံးရှုံးခဲ့ရသလို၊ ပုံမှန်ပျံသန်းမှုတစ်ခုကို လေကြောင်းလောကရဲ့ အနက်နဲဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုဖြစ်အောင် ဖန်တီးခဲ့တဲ့ ဖိအားကျမှုက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ မေးခွန်းကြီးတစ်ခုကိုလည်း လေကြောင်းကျွမ်းကျင်သူတွေက ဒီနေ့အထိ အဖြေရှာမရ ဆွေးနွေးနေကြဆဲပါ။

#သင်သိပါသလား #သိပ္ပံ

🌿 တောင်ကိုရီးယားမှာ တကယ်ကို ဘာမှ မလုပ်ရတဲ့ အားကစား ရှိပါတယ်! 🇰🇷အလုပ်ချိန်တွေ ရှည်လျားတာ၊ စာကျက်တာ၊အရှိန်အဟုန်မြန်တဲ့ နေထ...
18/11/2025

🌿 တောင်ကိုရီးယားမှာ တကယ်ကို ဘာမှ မလုပ်ရတဲ့ အားကစား ရှိပါတယ်! 🇰🇷

အလုပ်ချိန်တွေ ရှည်လျားတာ၊ စာကျက်တာ၊အရှိန်အဟုန်မြန်တဲ့ နေထိုင်မှုပုံစံနဲ့ နာမည်ကြီးတဲ့ နိုင်ငံမှာ တောင်ကိုရီးယားက လန်းဆန်းပြီး မမျှော်လင့်ထားတဲ့ ပြိုင်ပွဲတစ်ခုကို ဖန်တီးခဲ့ပါတယ် — ဒါက တကယ်ကို ဘာမှမလုပ်ဖို့ သီးသန့်ရည်ရွယ်တဲ့ “Space-Out Competition” (ခေါ်) ဘာမှ မလုပ်ခြင်း ပြိုင်ပွဲ ပါ။

ဒီပြိုင်ပွဲကို ကိုရီးယားအနုပညာရှင် Woopsyang က လူတွေကို စိတ်ဖိစီးမှုတွေ ဖြေလျှော့ပြီး စိတ်ငြိမ်သက်ခြင်းရဲ့ စွမ်းအားကို ပြန်လည်ရှာဖွေနိုင်အောင် ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာပါ။
အခုဆိုရင် ဒါဟာ နှစ်စဉ်ကျင်းပတဲ့ လူကြိုက်များတဲ့ ပွဲတစ်ပွဲ ဖြစ်လာပြီး ဟောင်ကောင်၊ တိုကျို၊ မဲလ်ဘုန်းနဲ့ ရော့တာဒမ်လို မြို့တွေအထိတောင် ပျံ့နှံ့နေပါပြီ။

🧘‍♂️ ဘယ်လို ပြိုင်ရလဲ။

ပြိုင်ပွဲဝင်တွေက မိနစ်၉၀ကြာ ငြိမ်ငြိမ်လေး ထိုင်နေရမယ် ဒါမှမဟုတ် လဲလျောင်းနေရမယ်။

ဖုန်းသုံးလို့မရ၊ စကားပြောလို့မရ၊ အိပ်လို့မရဘူး။

နှလုံးခုန်နှုန်းတိုင်း ကိရိယာတွေက ဘယ်သူက အတည်ငြိမ်ဆုံးလဲဆိုတာကို စောင့်ကြည့်တယ်။

ပရိသတ်တွေက "အအေးချမ်းဆုံး တည်တည်ငြိမ်ငြိမ်" ရှိသူကို မဲပေးကြတယ်။

အစိတ်အသက် အအေးချမ်းဆုံးလူက အနိုင်ရမယ် 🏆။

ဒါဟာ ပိုပြီး ကြိုးစားဖို့ ရည်မှန်းတာမဟုတ်ဘဲ... အရှိန်လျှော့၊ အသက်ရှူပြီး၊ ရိုးရိုးရှင်းရှင်းပဲ နေဖို့ ရည်မှန်းတဲ့ တစ်ခုတည်းသော ပြိုင်ပွဲပါပဲ။

ဒီ မိနစ်၉၀ကြာ တည်ငြိမ်မှုအပြည့်နဲ့ ငြိမ်သက်ခြင်းကို သင် ရှင်သန်နိုင်ပါ့မလား။ 👀✨

#တောင်ကိုရီးယား #စိတ်ပိုင်းဆိုင်ရာကျန်းမာရေး #စိတ်ဖိစီးမှုဖြေလျှော့ခြင်း #စိတ်ကျန်းမာရေး #စိတ်ဝင်စားစရာအချက်အလက် #သင်သိပါသလား #အပန်းဖြေပါ

🌠 လီယွန်နစ် ဥက္ကာပျံများ မိုးရွာခြင်း ☄️✨ဒီည နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လီယွန်နစ် ဥက္ကာပျံ မိုး ရွာသွန်းမှုဟာ အထွတ်အထိပ်သို့...
17/11/2025

🌠 လီယွန်နစ် ဥက္ကာပျံများ မိုးရွာခြင်း ☄️✨

ဒီည နိုဝင်ဘာလ ၁၇ ရက်နေ့မှာ လီယွန်နစ် ဥက္ကာပျံ မိုး ရွာသွန်းမှုဟာ အထွတ်အထိပ်သို့ ရောက်ရှိလာမည်ဖြစ်ပြီး တစ်နာရီကို ဥက္ကာပျံ ၁၅ လုံးအထိ ဒီညလို မှောင်မိုက်တဲ့ ကောင်းကင်ထဲ ဖြတ်သန်းသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ လကွယ်စလခြမ်းသာ ကျန်ရှိတော့သည့်အတွက် မိုးကုတ်စက်ဝိုင်း အလွန်မှောင်မဲနေပြီး ကောင်းကင်ယံ တောက်ပရှင်သန်လာတာကို ကြည့်ရှုလိုသူများအတွက် အလွန်ကောင်းမွန်တဲ့ အခြေအနေဖြစ်ပါတယ်။

စောင့်ကြည့်ရန် အကောင်းဆုံးအချိန်ဟာ သန်းခေါင်ကျော်မှ မိုးမလင်းမီအထိ ဖြစ်ပြီး၊ Leo ကြယ်စုဟာ အရှေ့ဘက်ကောင်းကင်မှာ မြင့်မြင့်မားမား ထွက်ပေါ်လာကာ ဥက္ကာပျံ နှုန်းထားများ တက်လာချိန်ဖြစ်ပါတယ်။ ကြည့်ရှုရန် မည်သည့် ကိရိယာမှ မလိုအပ်ပါ။ မြို့မီးများမှ ဝေးရာ အမှောင်ထုနေရာတစ်ခုကို ရှာပါ။

လီယွန်နစ် ဥက္ကာပျံများဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ မြင်ရနိုင်ပေမယ့် အိန္ဒိယ၊ မြောက်အမေရိက၊ ဥရောပနှင့် ရှင်းလင်းတဲ့ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းရှိတဲ့နေရာတိုင်းမှာ ကောင်းကောင်းမွန်မွန် မြင်တွေ့နိုင်ပါတယ်။ဒါကြောင့် အနွေးထည်ယူ၍ ညကောင်းကင်အောက်မှာ တိတ်ဆိတ်တဲ့နေရာတစ်ခုကို ရှာပြီး အပေါ်ကို ကြည့်လိုက်ပါ။

ဒီညလို အခိုက်အတန့်မျိုးဟာ ကျွန်ုပ်တို့ နှစ်စဉ် ရရှိသည့် ရိုးရှင်းတဲ့ စကြဝဠာဆိုင်ရာ ပျော်ရွှင်မှုများထဲမှ တစ်ခုပင် ဖြစ်ပါတယ်။

"ကောင်းကင် ကြယ်တာရာ ကြည့်ရှုခြင်းဖြင့် ပျော်ရွှင်ပါစေ။ 🌌✨"

#အာကာသ #သိပ္ပံ #ညကောင်းကင် #ဥက္ကာပျံ

🚨 နက္ခတ်ပညာရှင်တွေက ဂြိုဟ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး စံချိန်တွေ ချိုးနေပါတယ်။TOI-2431 b လို့ခေါ်တဲ့ ဂြိုဟ်နဲ့ မ...
16/11/2025

🚨 နက္ခတ်ပညာရှင်တွေက ဂြိုဟ်အသစ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး စံချိန်တွေ ချိုးနေပါတယ်။

TOI-2431 b လို့ခေါ်တဲ့ ဂြိုဟ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဂြိုဟ်က ကျောက်သားနဲ့ဖွဲ့စည်းထားတဲ့ဂြိုဟ် ဖြစ်ပြီး ကမ္ဘာ့အရွယ်အစားရဲ့ ၁.၅ ဆ လောက်ရှိကာ သူ့ရဲ့ ကြယ်ကို တစ်ပတ်ပြည့်ဖို့ ၅.၄ နာရီ ပဲ ကြာပါတယ်။ ဆိုလိုတာက ကမ္ဘာက တစ်နှစ်ကြာမယ့်အချိန်မှာ ဒီဂြိုဟ်က "နှစ်ပေါင်း" ၁,၆၀၀ ကျော် ပတ်နေတာပါ။

ဒီဂြိုဟ်ဟာ အလင်းနှစ် ၁၁၇ နှစ် လောက်ဝေးတဲ့နေရာမှာ တည်ရှိပြီး သူ့ရဲ့ မိခင်ကြယ်နဲ့ အရမ်းနီးနီးကပ်ကပ် ပတ်နေတာပါ။ ၀.၀၀၆၃ AU လောက်ပဲ ဝေးပြီး အဲဒါက ကီလိုမီတာ ၉၃၃,၀၀၀ (မိုင် ၅၈၀,၀၀၀) လောက်ပဲ ရှိပါတယ်။

ဒါကြောင့် သူ့ရဲ့ မျက်နှာပြင် အပူချိန်က 1,727° C ဒါမှမဟုတ် 3,140 °F လောက်အထိ ပူပြင်းလောင်ကျွမ်းနေပြီး ကျောက်တွေနဲ့ သတ္တုတွေ အရည်ပျော်ဖို့လောက် ပူပါတယ်။ သိပ္ပံပညာရှင်တွေက သူ့ရဲ့ မျက်နှာပြင်ဟာ အရည်ပျော်နေတဲ့ ချော်ရည်နဲ့ သံရေအိုင်ကြီး ဖြစ်နေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

TOI-2431 b ဟာ သိပ်သည်းဆလည်း မတန်တဆများ ပါတယ်။ ကမ္ဘာ့ထက် ၆ ဆကျော် ပိုလေးပြီး သိပ်သည်းဆ(density)က 9.4 ရှိတာကြောင့် သတ္တုဓာတ်ကြွယ်ဝတဲ့ ဖွဲ့စည်းပုံ ရှိကြောင်း ဖော်ပြနေပါတယ်။ ဒီဂြိုဟ်ဟာ သူ့ရဲ့ ကြယ်နဲ့အရမ်းနီးလွန်းပြီး ဆွဲငင်အားရဲ့ သက်ရောက်မှုကြောင့် ပုံသဏ္ဌာန်ပျက်နေကာ ဘောလုံးပုံစံမျိုး မဟုတ်ဘဲ ဘဲဥလိုမျိုး ဆန့်ထွက်နေ ပါတယ်။

ဒါပေမဲ့ ဒီဂြိုဟ်ကြီးဟာ အချိန်အတိုင်းအတာတစ်ခုထိပဲ အသက်ရှင်နိုင်မှာပါ။ ဆွဲငင်အားတွေက သူ့ကို ဖြည်းဖြည်းချင်း အတွင်းဘက်ကို ဆွဲယူနေ ပါတယ်။ နှစ်ပေါင်း သန်း ၃၁ လောက်ကြာရင် သူ့ရဲ့ ကြယ်ထဲကို တရွေ့ရွေ့ဝင်ရောက် ပျက်စီးသွားမယ် လို့ ခန့်မှန်းရပါတယ်။

NASA ရဲ့ TESS နဲ့ မြေပြင်အခြေစိုက် တယ်လီစကုပ်တွေကို အသုံးပြုပြီး ရှာဖွေတွေ့ရှိခဲ့တဲ့ TOI-2431 b ဟာ ဂြိုဟ်တွေဖြစ်ပေါ်မှုရဲ့ အခြေအနေတွေနဲ့ ဂြိုဟ်တစ်လုံးဟာ သူ့ရဲ့ကြယ်နဲ့ အရမ်းနီးကပ်သွားတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ရှားရှားပါးပါး မြင်တွေ့ခွင့် ပေးနေပါတယ်။

#အာကာသ #အာကာသလျှို့ဝှက်ချက် #ကျန်းမာရေး

Address

Yangon

Alerts

Be the first to know and let us send you an email when MM Xpace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MM Xpace:

Share

Category