Peti Network

Peti Network Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peti Network, Digital creator, Yangon.

Quote of the day 💌
26/02/2026

Quote of the day 💌

26/02/2026
26/02/2026

Management ပိုင်းကို စပြီး run တော့မယ်ဆိုရင်
No.1 - Operation
No.2 - System
No.3 - Service
No.4 - Risk
ဒီအချက်တွေက တော့ အဓိက မရှိမဖြစ်သိထားဖို့လိုအပ်ပါတယ်။
အများကြီးတော့ကျန်ပါသေးတယ်
ကျန်နေတဲ့အချက်လေးများရှိခဲ့ရင်လဲဖြေပေးသွားခဲ့ပါဦးရှင်

😊

NSFW ဆိုတာဘာလဲ? လူမြင်ကွင်းမှာ ပေါက်ကရတွေမဖွင့်မိအောင်ဘယ်လို ကာကွယ်ကြမလဲ? NSFW ဆိုတဲ့စကားလုံးကို Internet အသုံးပြုသူတွေတ...
04/01/2022

NSFW ဆိုတာဘာလဲ? လူမြင်ကွင်းမှာ ပေါက်ကရတွေမဖွင့်မိအောင်ဘယ်လို ကာကွယ်ကြမလဲ?

NSFW ဆိုတဲ့စကားလုံးကို Internet အသုံးပြုသူတွေတနေရာမဟုတ်တနေရာမှာတော့တွေ့ဖူးကြမှာပါ။ Reddit အသုံးပြုသူတွေဆိုပိုပြီးရင်းနှီးကြပါလိမ့်မယ်။ NSFW ဆိုတာ Not Safe For Work ရဲ့အတိုကောက်ဖြစ်ပြီး Internet Slung တခုဖြစ်ပါတယ်။ သူ့ရဲ့အဓိပ္ပါယ်က Public သို့မဟုတ် Formal Controlled area စတဲ့ လူမြင်ကွင်းတွေမှာကြည့်ဖို့မသင့်တော်တဲ့ Content တွေကိုသတိပေးစာအဖြစ်သုံးရာမှာ NSFW ကို အသုံးပြုပြီးသတိပေးလေ့ရှိပါတယ်။ NSFW လို့ပြောလိုက်တာနဲ့ လိင်ပိုင်းဆိုင်ရာ ပုံသို့မဟုတ် Video, ညစ်ညမ်းသောစကား၊ အကြမ်းဖက်မှုတွေနဲ့ညတခြားကြည့်ရှုရန်မသင့်တဲ့အကြောင်းအရာတွေနဲ့တခြားရည်ရွယ်ချက်ရှိရှိဖန်တီးထားတဲ့ စိတ်အနှောင့်အယှက်ဖြစ်စေမဲ့ အကြောင်းအရာတွေပါဝင်ပါတယ်။ တခါတလေမှာနိုင်ငံရေးနဲ့ဆိုင်တဲ့အတည်မပြုနိုင်တဲ့ကောလဟာလတွေသတင်းတွေနဲ့ပက်သက်ပြီး ပြောချင်တဲ့အခါမှာလည်းအသုံးပြုလို့ရပါတယ်။အပြန်အလှန်အနေနဲ့ အထက်ကဖော်ပြထားတဲ့အကြောင်းအရာတွေမပါဝင်တာကို SFW (Safe For Work) လို့သုံးပါတယ်။ ဒါပေမယ့်ရုတ်တရက်ကြည့်လိုက်ရင် NSFW နဲ့ SFW ရယ်လို့ကွဲကွဲပြားပြားဖြစ်နေဖို့အတွက် SFW ဆိုပြီးသီးသန့် ဖော်ပြတာတော့လုပ်လေ့မရှိပါဘူး။
NSFW နဲ့အလားတူ NSFL (Not Safe For Life) ဆိုပြီး အသုံးပြုတာမျိုးလည်းရှိပါတယ်။ ဥပမာ သမရိုးကျမဟုတ်တဲ့ ညစ်ညမ်း Video တွေ၊ သွေးထွက်သံယို ကိစ္စတွေနဲ့ သေစေနိုင်လောက်တဲ့ အကြမ်းဖက်မှု ရုပ်သံပြကွက်တွေ ကိုဖော်ပြချင်တဲ့အခါ NSFL ကိုအသုံးပြုကြပါတယ်။

သူရဲ့အသုံးပြုပုံ....
NSFW တို့ NSFL တို့ကို Content ရဲ့ Caption လိုမြင်သာတဲ့နေရာတွေမှာ အသုံးများပြီး အချင်းချင်း တစုံတခုကိုပေးပို့ရာမှာလည်းသုံးလို့ရပါတယ်။ဥပမာ- သားကြီးရေ ငါမင်းကို Video linkတခုပို့လိုက်မယ်။ အဲ့Video ကအရမ်းရယ်ရတယိကွာ ဒါပေမယ့် NSFW နော်။
ယခုလိုသတိပေးခြင်းဖြင့် တခါတရံ လူတိုင်းနီးပါးကြုံရတဲ့ Video အဆုံးမှာ သရဲရုတ်တရက်ထွက်လာတာတွေ ညစ်ညမ်းကားတွေထဲကလိုအော်သံတွေ လူမြင်ကွင်းမှာ မသိလိုက်ဘဲ ဖွင့်မိတာတွေကို တားဆီးပြီးသားဖြစ်ပါလိမ့်မယ်။ ဒါက Internet အသုံးပြုတဲ့ netizen တွေကြားက slung တမျိုးဖြစ်ပြီး မဖြစ်မနေအသုံးပြုရမယ်လို့ဆိုလိုတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယခုလိုအသုံးပြုခြင်းဖြင့် မလိုလားအပ်တဲ့ပြသနာတွေကိုကာကွယ်ပြီးသားဖြစ်သလို ပိုမိုကောင်းမွန်တဲ့အင်တာနက်အသိုင်းအဝိုင်းတခုကိုဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။



Merry Christmas 🎄🎄🎄 & Happy New Year
24/12/2021

Merry Christmas 🎄🎄🎄 & Happy New Year

Body Mass Index သို့မဟုတ် ပိန်ခြင်း ဝခြင်းကိုအကောင်းဆုံးဖော်ပြနိုင်မဲ့အတိုင်းအတာ၀ တယ် ပိန် တယ် ဆိုတာ ရုပ်သ‌ဘောတရားသာ ဖြစ...
24/12/2021

Body Mass Index သို့မဟုတ် ပိန်ခြင်း ဝခြင်းကိုအကောင်းဆုံးဖော်ပြနိုင်မဲ့အတိုင်းအတာ

၀ တယ် ပိန် တယ် ဆိုတာ ရုပ်သ‌ဘောတရားသာ ဖြစ်ပြီး ၀၀ ပိန်ပိန် သူ့အလှ နဲ့ သူ ရှိတယ်ဆိုတာ မှန်ပါတယ် ။ ဒါပေမယ့် ဆေးပညာ ရှူထောင့်က ကြည့်မယ်ဆိုရင်တော့ အ၀လွန်ခြင်းဟာ မကောင်းတဲ့ ရောဂါတွေ ဖြစ်ဖို့ အလားအလာပိုများနေတာ အထင်ရှားပဲဖြစ်ပါတယ်။
လူတစ်ယောက် ၀ခြင်း ပိန်ခြင်း ကို အမြင် နဲ့ ဆုံးဖြတ်ခြင်းထက် သိပ္ပံ နည်းကျ ဆုံးဖြတ်လို့ရတဲ့အတိုင်းအတာ တစ်ခုရှိပါတယ်။ ဒါကို BMI ( Body Mass Index ) လို့ခေါ်ပါတယ်။ တွက်ချက်ပုံကတော့ ခန္ဓာကိုယ်အလေးချိန် ကို kilograms ယူနစ် နဲ့ အရင် တိုင်းတာရပါမယ် ။ ပြီးလျှင် အရပ်အမြင့်ကို Meter ယူနစ် နဲ့ တိုင်းတာရပါမယ် ၊ ထို့နောက် နှစ်ထပ်ကိန်းတင်၍ တွက်ထားရပါမယ် ။ ထို့နောက်မှာ အလေးချိန် ကီလိုဂရမ်ကို တည်ပြီး အရပ်အမြင့် Meter ၏ နှစ်ထပ်ကိန်းဖြင့် စားရပါမယ် ။ အဖြေမှာတော့ kilograms per meter squared နဲ့ ရပါမယ်။

သာမန်လူတစ်ယောက်ဟာ BMI - 18.5 မှ 24.9 အတွင်းရှိပါမယ် ။
• 18.5 အောက် ဆိုလျှင် Underweight (သို့) အရပ်အခေါ် ဆို ပိန်တယ်လို့ သုံးနှုန်းလို့ရပါတယ်။
• 25 - 29.9 အထိ ဆိုလျှင်တော့ Overweight ဖြစ်ရုံလို့ပြောလို့ရပါတယ်။
• 30-34.9 အတွင်းဆိုလျှင်တော့ အ၀လွန် ( Obese ) တယ်လို့ ပြောလို့ရပါတယ်။
• 35 နှင့် အထက်ဆိုလျှင်တော့ အသက်အန္တရာယ် အချိန်မရွေး ဖြစ်နိုင်တဲ့ အ၀လွန်ခြင်းမျိုးလို့ပြောလို့ရပါတယ်။

၀ခြင်း ပိန်ခြင်း ဟာ လူတစ်ယောက်ရဲ့ အပေါ်ယံ ပုံပန်းသွင်ပြင်မျှသာဆိုပေမယ့် ဆေးပညာရှူထောင့်က ကြည့်ရင်တော့ ကျန်းမာစွာ ၀ခြင်း ၊ ကျန်းမာစွာ ပိန်ခြင်းမျိုး ဖြစ်သင့်ပါတယ်။ သွေးတိုး ၊ နှလုံးရောဂါ ၊ ဆီးချိုရောဂါ ၊ လေဖြတ်ရောဂါ တို့ဟာ အ၀လွန်တဲ့သူ‌တွေမှာ ပိုဖြစ်တတ်ပါတယ်။ ထို့အတူပင် Anorexia Nervosa လို့ခေါ်တဲ့ အလွန်ပိန်ချုံးချိနဲ့ တဲ့ ရောဂါ အခြေအနေမျိုးလည်းရှိပြီး ကိုယ်ခံအားနည်းခြင်း ၊ သွေးအားနည်းခြင်း စတဲ့ ရောဂါများက သာမန်သူတွေထက် ပိန်တဲ့သူတွေမှာ အဖြစ်များပါတယ်။

ဒါ့ကြောင့် အာဟာရအုပ်စု (၃)စု လုံးကို မျှမျှတတ စားသုံးပြီး သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို အစားအသောက် အနေအထိုင် အားကစား အဖက်ဖက် မျှတစွာဖြင့် ထိန်းသိမ်းဖို့ရာ အလွန်အရေးကြီးလှပါတယ်။ ကျန်းမာတဲ့ BMI ရှိခြင်းဟာ အသက်ရှည်ရာ အနာမဲ့ကြောင်း ရဲ့ အခြေခံ အုတ်မြစ်တစ်ခုပင် ဖြစ်ပါတော့တယ်။

Dr.Wunna Min Htet

စိတ်ကြောင့်ဖြစ်သော အရေပြားယားနာ (သို့) Anxiety Rash
09/12/2021

စိတ်ကြောင့်ဖြစ်သော အရေပြားယားနာ (သို့) Anxiety Rash

တစ်ခါတစ်ရံ သင့် အရည်ပြားပေါ်မှာ နီရဲ ပြီး ယားယံတဲ့ အင်ပြင်တွေ ၊ အဖု ‌တွေ ‌ပေါ်ပေါ်လာတတ်တာ သတိထားမိမှာပါ။ဒီအ....

Covid ရဲ့မျိုးကွဲအသစ်ဖြစ်တဲ့ Omicron ဆိုတာဘယ်လိုမျိုးလဲ ?😱 လက်ရှိကာကွယ်ဆေးတွေကရော မျိုးကွဲအသစ်ကို တားဆီးနိုင်ပါ့မလား? 🤔D...
29/11/2021

Covid ရဲ့မျိုးကွဲအသစ်ဖြစ်တဲ့ Omicron ဆိုတာဘယ်လိုမျိုးလဲ ?😱 လက်ရှိကာကွယ်ဆေးတွေကရော မျိုးကွဲအသစ်ကို တားဆီးနိုင်ပါ့မလား? 🤔

Dr Wunna Min Htet ရေးသားသည်။.......................................................
လွန်ခဲ့တဲ့ အပတ်က ကမ္ဘာကြီးကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ သတင်း တစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ COVID ရောဂါပိုး ရဲ့ နောက်ဆုံးမျိုးကွဲသစ် တစ်ခုကို တောင်အာဖရိက နိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီ ဆိုတဲ့သတင်း ပါပဲ ။ Omicron လို့ နာမည်ပေးထားတဲ့ ဒီမျိုးကွဲသစ်ကို တစ်ချိန်တည်းမှာ ဘော့ဆွာနာ ၊ ဟောင်ကောင် ၊ အစ္စရေး တို့၌ ရောက်ရှိနေခဲ့ပြီလို့ ထပ်မံသိရှိခဲ့ရပြန်ပါတယ်။ ဒီတော့ ဒီရောဂါပိုးမျိုးကွဲ အကြောင်း အနည်းငယ် ရှင်းပြလိုပါတယ် ။

၂၀၁၉ မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့တဲ့ ‌ဒီရောဂါပိုးက UK နိုင်ငံအရောက်မှာ ဗီဇပြောင်းလဲပြီး Alpha မျိုးကွဲသစ်ကို စတင် တွေ့ရှိခဲ့ပါတယ်။
အဲ့လိုနဲ့ ပြောင်းလဲခဲ့ရာကနေ မြန်မာပြည်ရဲ့ COVID တတိယလှိုင်းမှာ အဆိုးဆုံးဒုက္ခပေးခဲ့တဲ့ Delta မျိုးကွဲသစ် အထိ ပြောင်းလဲခဲ့ပါတယ်။ Delta မျိုးကွဲသစ်ကတော့ အိန္ဒိယ နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဆိုးဆုံး ဖြစ်ခဲ့တဲ့ Delta မျိုးကွဲ ဟာ အစောပိုင်းက တွေ့ရှိခဲ့တဲ့ Alpha မျိုးကွဲထက် အဆ ၆၀ ပိုပြီး ကူးစက်နိုင်စွမ်းမြင့်ပါတယ်။ ယခု နောက်ဆုံး တွေ့ရှိခဲ့တဲ့ Omicron မျိုးကွဲသစ်ကတော့ Delta မျိုးကွဲထက်ပင် အဆ ၅၀၀ ခန့် ပိုပြီး ကူးစက်နိုင်စွမ်းရှိနေပြန်ပါတယ်။ သူ့ရဲ့ ကူးစက်နိုင်စွမ်းကတော့ ကြောက်ခမန်းလိလိ ပါပဲ။ ဒါ့ကြောင့်လည်း WHO က ဒီမျိုးကွဲသစ်ကို အထူးသတိပြုဖွယ်မျိုးကွဲသစ် (Variant of Concern) အဖြစ် သတ်မှတ်ထားပြီး အနောက်နိုင်ငံတွေကတော့ Omicron မျိုးကွဲ စတင်ဖြစ်ပွားရာ နိုင်ငံတွေက လူအ၀င်ကို လုံး၀ ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။

COVID - 19 ရောဂါဟာ SARS-CoV-2 လို့ခေါ်တဲ့ Virus တစ်ခုကြောင့် ဖြစ်ရတာပါ ။ Virus တစ်ခုရဲ့ ဖွဲ့စည်းပုံထဲမှာ Spike Protein ဆိုတာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ကာကွယ်ဆေးထုတ်ဖော်ရာမှာ ဒီနေရာကို Target ထားပြီး ထုတ်ဖော်လေ့ရှိကြလို့ဖြစ်ပါတယ်။ Omicron မျိုးကွဲမှာတော့ သူ့ရဲ့ Spike Protein ဟာ ၃၂ နေရာအထိ အသွင်ပြောင်းလဲမှု ရှိနေတာပဲဖြစ်ပါတယ်။ ဒါဟာ ယခုလက်ရှိ ကာကွယ်ဆေး ထိုးနှံပြီးသား သူတွေမှာတောင် ကာကွယ်နိုင်ဖို့ အလားအလာ နည်းပါးတာကို ဖော်ပြနေပါတယ်။

ရောဂါ လက္ခဏာပိုင်း နဲ့ ပတ်သက်ရင်တော့ မှန်ကန်တိကျ တဲ့ Data များစွာကို စုဆောင်းဖို့လိုအပ်နေပါသေးတယ်။ ကနဦး အရတော့ စတင်ဖြစ်ပွားခဲ့တဲ့ တောင်အာဖရိက မှာ Omicron မျိုးကွဲ ကူးစက်ခံနေရသူအများစုက နုံးချိခြင်း ၊ ဖျားခြင်း စတဲ့ မပြင်းထန်တဲ့ လက္ခဏာများကိုသာ ပြ‌သသေးကြောင်း သိရပါတယ်။ သို့ပေမယ့် ဒါဟာလည်း ရောဂါရဲ့ အစောပိုင်း နေ့ရက်များသာ ဖြစ်နေသေးတော့ ဆက်လက်စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။

ကာကွယ်ဆေးအနေ နဲ့ တော့ Moderna ၊ Pfizer အစရှိတဲ့ ကုမ္ပဏီ ကြီးများမှ ဒီ Omicron မျိုးကွဲသစ် အတွက် သုတေသနလုပ်ငန်းများစွာကို မြန်မြန်ဆန်ဆန် ဆက်လက်လုပ်ဆောင်နေကြပြီဖြစ်ပါတယ်။

၂၀၂၁ ဟာ မြန်မာပြည်သူပြည်သားများ အဖို့ အခက်ခဲဆုံးနှစ်တစ်နှစ်ပါပဲ။ နိုင်ငံရေး ၊ စီးပွားရေး ၊ ကျန်းမာရေး အစစ အနှုတ်လက္ခဏာ ပြနေတဲ့ အချိန်မှာ ဒီလို ရောဂါပိုးမျိုးကွဲအသစ် တစ်ခု ထပ်ပေါ်လာရခြင်းက တကယ်ကို မကောင်းသတင်းတစ်ခုပါပဲ။
သို့ပေမယ့် ရောဂါတိုင်းက ကာကွယ်နိုင်မယ့် နည်းလမ်းတော့ ရှိတတ်စမြဲပါပဲ ။ ဒါ့ကြောင့် မြန်မာပြည်သူပြည်သား အားလုံး မဖြစ်ခင် ကာကွယ်ဖို့ အလွန်အရေးကြီးပါတယ်။ " Mask တပ် ၊ လက်ဆေး ၊ ရှောင်ပါ လူစုလူဝေး " ဆိုတဲ့ စကားလေးအတိုင်း လိုက်နာကျင့်သုံးပြီး ကာကွယ်ဆေးကိုလဲ တတ်နိုင်သမျှ ထိုးနှံထားဖို့ လိုအပ်ပါတယ် ။ မြန်မာပြည်သူပြည်သားများ အားလုံး COVID-19 ရောဂါဆိုး ကြီး ရဲ့ အန္တရာယ်မှ ကင်းဝေးကြပါ‌စေ။



#ကိုဗစ်မျိုးကွဲသစ်

ခေတ်အဆက်ဆက်မြန်မာလူငယ်တွေဟာ မတရားမှုမှန်သမျှကို မကြောက်မရွံ့တွန်းလှန်ခဲ့ကြပါတယ်။ယနေ့ကျရောက်တဲ့ ၁၀၁ ကြိမ်မြောက်အမျိုးသားန...
28/11/2021

ခေတ်အဆက်ဆက်မြန်မာလူငယ်တွေဟာ မတရားမှုမှန်သမျှကို မကြောက်မရွံ့တွန်းလှန်ခဲ့ကြပါတယ်။
ယနေ့ကျရောက်တဲ့ ၁၀၁ ကြိမ်မြောက်အမျိုးသားနေ့ကို ဂုဏ်ပြုရင်း မတရားမှုကိုတွန်းလှန်ရင်း ကျဆုံးသွားသောသူရဲကောင်း အပေါင်းကို ဒီနေရာကနေ ဦးညွှတ်ပါတယ်။

သင့်ပတ်ဝန်းကျင်မှာ ဒီနေ့အခေါ်အပြောလုပ်ပေမယ့်နောက်နေ့ကျရင်အကြောင်းပြချက်မရှိ မခေါ်နိုင်မပြောနိုင်တဲ့လူတွေကို တွေ့ဖူးကြမှာ...
27/11/2021

သင့်ပတ်ဝန်းကျင်မှာ ဒီနေ့အခေါ်အပြောလုပ်ပေမယ့်နောက်နေ့ကျရင်အကြောင်းပြချက်မရှိ မခေါ်နိုင်မပြောနိုင်တဲ့လူတွေကို တွေ့ဖူးကြမှာပါ။ သူတို့ဟာ Borderline Personality Disorder လို့ခေါ်တဲ့စိတ်ဝေဒနာတမျိုးနဲ့ပက်သက်ကောင်း ပက်သက်နေနိုင်ပါတယ်။ BPD က Bipolar Disorder နဲ့ဘလိုကွာခြားလဲ အောက်ကပုံလေးကိုနှိပ်ပြီးဖတ်ရှုနိုင်ပါတယ်။

Dr. Wunna Min Htet ရေးသားသည်။



တခါတရံ သင့်ပတ်ဝန်းကျင် (သို့) လုပ်ငန်းခွင်မှာ စိတ်အတက်အကျမြန်လွန်းတဲ့သူတွေ လုပ်ဖော်ကိုင်ဖက်တွေကို မြင်ဖူး....

Address

Yangon

Alerts

Be the first to know and let us send you an email when Peti Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Peti Network:

Share