Fate Book Publishing

Fate Book Publishing အပြစ်အနာအဆာမရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်တွေလိုမျိုး

အမျိုးသမီး စာရေးဆရာတွေက ရေးသားခဲ့ကြတဲ့ အမျိုးသမီး ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းပြန်ပြောပြနေပုံမျိုးနဲ့ အမျိုးသား စာရေးဆရာတ...
16/09/2026

အမျိုးသမီး စာရေးဆရာတွေက ရေးသားခဲ့ကြတဲ့ အမျိုးသမီး ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းပြန်ပြောပြနေပုံမျိုးနဲ့ အမျိုးသား စာရေးဆရာတွေက ရေးသားခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ ဇာတ်ကြောင်း ပြန်လည်ပြောဆိုနေပုံမျိုးနဲ့ကို သေသေချာချာ ယှဉ်ကြည့်ရင် ဘာတွေကွာခြားတယ် ဆိုတဲ့ အချက်ကို စာတမ်းလို ရေးလို့ ရမယ် ထင်တယ်။

ခုတလော ဆရာကျော်လှိုင်ဦးရဲ့ တစ်ထောင့်တစ်ည ပုံပြင်များ ပြန်ထွက်လာတော့ အဲ့စာအုပ်ဖတ်လိုက်၊ သခင်ဘသောင်းရဲ့ မူကို ပြန်ထပ်ဖတ်လိုက်၊ မူရင်း ဆာရစ်ချက်ဘာတွန်ရဲ့ မူတွေကို ရှာဖတ်လိုက် လုပ်ကြည့်နေတာ။

ပုံပြင်တွေအားလုံးရဲ့ main frame ကြီး တစ်ခုလုံးက ယှာဠိယ ဘုရင်က မင်းသမီး ခီဟာရာဇာ (ယှာဠာဇတ်) ကို မနက်မိုးလင်းရင် သတ်တော့မှာမို့လို့ ခီဟာရာဇာက ညတိုင်း ပုံပြင်တွေ ပြောပြရသလိုမျိုး။ သူ ပြောပြတာက တစ်ညကို ပုံပြင် တစ်ပုဒ်ကျ ပြောတာမျိုးတော့ မဟုတ်။ တချို့ပုံပြင်တွေကို ဇာတ်လမ်းထဲက ဇာတ်လမ်း (story within story) ပုံပြင်မျိုးနဲ့ တစ်ပုဒ်ကို လေးငါးဆယ်ညလောက် ဆက်သွားရတာမျိုးလည်း ရှိ။ ညပေါင်း နှစ်ဆယ်လောက် ပြောမှ ပုံပြင်တစ်ပုဒ်က ဆုံးသွားတာမျိုးလည်း ရှိ။

ဒီပုံပြင်တွေအားလုံးရဲ့ နောက်ခံဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ ကောင်းတယ်။ အကုန်လုံးက အာရေဗျ၊ ပါရှား နောက်ခံ အတိအကျလို့လည်း ဆိုလို့ မရပြန်ဘူး။ ဥပမာ ဆိုပါတော့၊ ကိုယ်တွေအားလုံး သိကြတဲ့ အာလာဒင်တို့၊ အလီ‌ဗာဗာနဲ့ ခိုးသားလေးဆယ် ပုံပြင်လိုမျိုးဆိုရင် ဆာရစ်ချက်ဘာတွန်ရဲ့ အင်္ဂလိပ်ဘာသာပြန်အစအဆုံး ဆယ်တွဲထဲမှာ မပါဘူး။

အကြမ်းရှင်းပြရရင်‌တော့ ဒီပုံပြင်တွေရဲ့ မူရင်းအစက ၁၈ ရာစု အစပိုင်းလောက်မှာ တစ်ထောင့်တစ်ညပုံပြင်တွေကို အစောဆုံး ဥရောပ ဘာသာစကား ပြင်သစ်လို ပြန်ခဲ့တဲ့ Antoine Galland က သူနဲ့ လမ်းမှာတွေ့တဲ့ မိန်းမတစ်ယောက်က သူ့က်ို လာပြောကြတဲ့ ပုံပြင်တွေကို ထည့်ရေးထားတာ။ မူရင်းအာရေဗျစာအုပ်တွေထဲမှာ ဒီပုံပြင်တွေ တစ်လုံးမှတောင် မပါဘူး။ ဒါပေမဲ့ အဲဒီမူကနေစပြီး အာလာဒင်နဲ့ အလီဗာဗာတို့ကလည်း တစ်ထောင့်တစ်ည ပုံပြင်တွေထဲ ရောက်လာရော ဆိုပါတော့။

နောက်ပိုင်းမှာ ဘာတွန်က ဒီပုံပြင်တွေကို ဘာသာပြန်တော့ သူ့ မူရင်း ဆယ်တွဲထဲမှာ မထည့်ထားပေမဲ့ အပိုဖြည့်စွက်အတွဲ ခြောက်တွဲထဲမှာ မှတ်စုတွေ၊ ရှင်းလင်းချက်တွေနဲ့ ထည့်ပြန်ပေးထားတယ်။ နောက်ပိုင်းမှာ မူရင်းဘာသာစကားနဲ့ သန့်စင်တည်းဖြတ်ထုတ်ဝေတဲ့ တစ်ထောင့်တစ်ညမူထဲမှာလည်း Galland ရဲ့ အာလာဒင်နဲ့ အလီဗာဗာတို့လို ပုံပြင်တွေကို ပြင်သစ်ကနေမှ တစ်ခါ ဘာသာပြန်ပြီး ပြန်ထည့်ထားတယ်လို့ ဆိုကြတယ်။

ဒါကြောင့်မို့လို့ ဆရာကျော်လှိုင်ဦးက တစ်ထောင့်တစ်ညကို ဘာတွန်ရဲ့ မူထဲကနေ ယူပြန်တော့ သူ့ပေါင်းချုပ်ကြီးထဲမှာ အာလာဒင်နဲ့ အလီဗာဗာတို့ ပုံပြင်တွေ မပါလာတာ။ သခင်ဘသောင်းကတော့ ဘာတွန်ရဲ့ ဖြည့်စွက်အတွဲကိုပါ ဖတ်ထားလို့ ဖြစ်မယ် ထင်ပါတယ်၊ သူ့ထဲမှာတော့ အာလာဒင်ကိုပါ ထည့်ပြန်ခဲ့တာ တွေ့မိတယ်။

ထားပါတော့၊ ဆိုလိုချင်တာကတော့ ပုံပြင်တွေရဲ့ မူရင်းနောက်ခံဇာတ်လမ်းတွေက ဟိုပညာရှင်တစ်ယောက်က ဖြည့်စွက်လိုက်၊ ဒီတစ်ယောက်က ဖြည့်စွက်လိုက် ဖြစ်နေတယ် ဆိုတာကို ပြောချင်တာ။ ဒါပေမဲ့ ဒီပုံပြင်တွေကို ဘယ်သူက ဘယ်လောက်ပဲ ဘယ်လို အရေးအသားမျိုးနဲ့ ဖြည့်စွက်လိုက်စေဦးတော့၊ ခီဟာရာဇာက ဒီပုံပြင် ပြောပြနေတယ်ဆိုတဲ့ main frame ကြီးကိုတော့ ပြောင်းလဲပစ်လို့ မရတော့ဘူး။

အမျိုးသမီး ဇာတ်ကြောင်းပြောသူ narrator တစ်ယောက်က ပြန်ပြောနေပုံမျိုးကို အမျိုးသား စာရေးဆရာ တစ်ယောက်ယောက်က ပြန်လည်ရေးသားပြတဲ့အခါမျိုးမှာ ခုနေလို s*x and gender ရှုထောင့်တွေကနေ ကြည့်ရင်တော့ အများကြီး ဝေဖန်စရာတွေ ရှိလာမယ် ထင်တယ်။ တစ်ထောင့်တစ်ညကနေ စလို့ ခုလို မူယာကာမိတို့ရဲ့ အရေးအသားတွေအထိပေါ့။

အဲဒီလို ဝေဖန်ကြတာတွေကိုလည်း မှားတယ်လို့မှ ပြောလို့ မရတာ။ ခုနေ တစ်ထောင့်တစ်ညပုံပြင်တွေကို အဲ့လို ရှုထောင့်ကနေသာ ဝေဖန်မယ်ဆိုရင် ဘာတွန်ရဲ့ အင်္ဂလိပ်ဘာသာပြန်မူကြီး တစ်ခုလုံးက ရစရာတောင် ရှိတော့မှာ မဟုတ်ဘူး။ သူက အဲဒါကိုပဲ အဓိက အသားပေး ရေးထားတာ။

ဒါပေမဲ့ ဇာတ်လမ်း၊ စတိုရီ (narrative) သဘောဆိုတာက ဘယ်လို မှန်ကန်တဲ့ ရှု့ထောင့်တစ်ခုတည်းကနေပဲ ရေးရမယ်လို့ ကန့်သတ်ချက်မျိုးမှ မရှိတာ။ ဇာတ်လမ်း (story) တစ်ပုဒ်ဆိုတာ အပြင်မှာ ရှိဖူးတဲ့ အဖြစ်အပျက်၊ နောက်ပိုင်းမှာ အမျိုးမျိုး ဖွင့်ဆိုကြမယ့် ကိုယ့်ကျင့်တရား အကြောင်းတွေကိုပဲ အခြေခံပြီး ရေးရမယ်လို့မှ မရှိတာ။ ကြည့်ကြတဲ့ပုံ၊ ဖွင့်ဆိုကြတဲ့ အနက်တွေအပေါ် မူတည်ပြီး သူတို့ရဲ့ ဆိုလိုရင်းတွေကလည်း အများကြီး ဖြာထွက်သွားတာမျိုး ဖြစ်နိုင်တာပဲ။ အခုအချိန်မှာ အားလုံး လက်ခံထားတဲ့ အမှန်တရား၊ ဖွင့်ဆိုချက်တွေက နောက်တချိန်ချိန်ကျ ပြန်ကြည့်ရင် မှားယွင်းနေတာမျိုးလည်း ဖြစ်နိုင်တာပဲလေ။

ပြီးတော့ အဲဒါတွေကို ရေးသားခဲ့ကြတဲ့ စာရေးဆရာတွေ၊ ဇာတ်ကြောင်းပြောသူတွေဆိုတာလည်း အားလုံး ခြောက်ပြစ်ကင်း၊ သဲလဲစင် ဖြစ်နိုင်မှာမှ မဟုတ်တာ။ ဘယ်လိုနည်းမျိုးနဲ့မှလည်း အဲ့လို ဖြစ်နိုင်မှာ မဟုတ်ဘူးလေ။ ဒီတော့ အဲဒါတွေကို အများကြီး ရှင်းပြနေတာမျိုးထက်စာရင် “ကြိုက်ရင် ဖတ်၊ မကြိုက်ရင် မဖတ်နဲ့” ဆိုတဲ့ ခပ်ပြတ်ပြတ် စကားဆီကိုပဲ ပြန်ရောက်သွားလိမ့်မယ် ထင်တယ်။

ခု မူယာကာမိ ရေးထားတဲ့ "ခီဟာရာဇာ" ဝတ္ထုထဲမှာတော့ ဇာတ်ကောင် အမျိုးသမီးက သူနဲ့ လိင်ဆက််ဆံဖြစ်နေတဲ့ အမျိုးသားတစ်ယောက်ကို သူတို့ ပြီးမြောက်သွားတဲ့အခါတိုင်း ပုံပြင်တွေ ပြန်ပြောပြရင်း နောက်ဆုံးမှာ သူကိုယ်တိုင် ကြုံတွေ့ဖူးတယ်လို့ ဆိုထားတဲ့ (ဒါပေမဲ့ ဒါတွေကလည်း သူ့စိတ်ကူးနဲ့ လုပ်ကြံပြောတာလည်း ဖြစ်ရင်ဖြစ်မယ်) ဇာတ်ကြောင်းတွေဆီ ရောက်သွားတာ။

ဒီဇာတ်ကြောင်းတွေက ဇာတ်ကြောင်းပြောသူ ဆယ်ကျော်သက် အရွယ် ကောင်မလေးဘဝက အရူးအမူး ဖြစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်း ဇာတ်ကြောင်းကို ပြန်ပြောပြနေတာလို့ ခပ်လွယ်လွယ် အဓိပ္ပာယ် ကောက်လိုက်လို့လည်း ရတယ် ဆိုပေမဲ့ ဒီဇာတ်ကြောင်းတွေကို နားထောင်နေရတဲ့သူ အမျိုးသားတစ်ယောက်ရဲ့ အခြေအနေကိုလည်း ထည့်တွက်ရဦးမယ်။

ဇာတ်လမ်းထဲမှာ အမျိုးသမီးက ပြောတဲ့ ဇာတ်လမ်းကို သူက နားထောင်နေရတာဆိုပေမဲ့ ဒီဇာတ်လမ်းတွေပေါ် အခြေခံပြီး သူ့ရဲ့ အမြင်တွေ၊ သူ့ခံစားချက်တွေကိုလည်း အမျိုးသားက ပြန်ပြောပြနေတာ။ ဇာတ်လမ်းအဆုံးသတ်မှာ နိဂုံးချက်၊ မှတ်ချက်စကားလို ထုတ်ပြောလိုက်တာကလည်း အမျိုးသားက ထုတ်ပြောတာ။ ဇာတ်ကြောင်းပြောနေတဲ့ ခီဟာရာဇာလို အမျိုးသမီးကို သူ ဆုံးရှုံးလိုက်ရမယ်၊ သူတို့ကြားထဲမှာ ချည်နှောင်ထားတဲ့ နှောင်ကြိုးလေးက ပြတ်တောက်သွားခဲ့မယ်ဆိုရင် အရာအားလုံးထက် ပိုဝမ်းနည်းစရာ ကောင်းလိမ့်မယ်တဲ့။ ခီဟာရာဇာ ပြောပြခဲ့တဲ့ ပုံပြင်တွေကလည်း သူ့ဆီမှာပဲ ပျောက်ဆုံးသွားလိမ့်မယ်တဲ့။

ဒီလိုအခြေအနေမျိုးတွေမှာ s*x and gender မျိုးတွေကို ထည့်စဉ်းစားပြီး အမျိုးသမီးက အမျိုးသားရဲ့ အသုံးချခံလား၊ အမျိုးသားက အမျိုးသမီးရဲ့ အသုံးချခံလား ဆိုတာကို စဉ်းစားနေလို့ မရဘူးလားဆိုတော့ ရတယ်။ ဒါပေမဲ့ ဒါက ရှုထောင့်တစ်ခုတည်းကနေ မြင်တာမျိုးပဲ ရှိသေးတယ်ဆိုတာကို ပြောချင်တာ။ အဲဒါကို မကြိုက်လို့ မဖတ်ချင်တော့ဘူးဆိုလည်း ဖြစ်တာပဲ။ misogynist ဖြစ်တယ်တို့၊ Patriarchy သမားတို့ဆိုပြီး ရှုံ့ချချင််လည်း ရှုံံချလို့ ရတာမျိုးပေါ့။

အဲဒါကြောင့် အပေါ်ဆုံးမှာ အမျိုးသမီး စာရေးဆရာတွေက ရေးသားခဲ့ကြတဲ့ အမျိုးသမီး ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းပြန်ပြောပြနေပုံမျိုးနဲ့ အမျိုးသား စာရေးဆရာတွေက ရေးသားခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ ဇာတ်ကြောင်း ပြန်လည်ပြောဆိုနေပုံမျိုး ဘာတွေ ကွာခြားကြသလဲ ဆိုတာကို သေချာခွဲခြားပြီး စာတမ်းရေးလို့ ရတယ်ပြောတာ။ အမျိုးသား ဖြစ်သူက ရေးထားတာ တစ်ခုတည်း အတွက်ကြောင့်မို့လို့နဲ့ စောစောကလို စကားလုံးတွေနဲ့ အလွယ် ရှုံ့ချလိုက်တာမျိုးကျတော့ မဖြစ်သင့်ဘူးပေါ့။

စောစောကလို စကားလုံးတွေမှာက အမျိုးသမီးတွေကို အထင်အမြင်သေးတာ၊ မုန်းတီးတာ၊ တန်းတူ အခွင့်အရေး မပေးချင်တာ၊ အိမ်တွင်းအကြမ်းဖက်တာမျိုးတွေကိုက အစ ထောက်ခံချင်တာမျိုး အနက်တွေပါ တွဲပါလာမယ် ထင်တယ်။ ဒါမျိုးတွေကိုမှ တမင်တကာ ထောက်ခံလို့၊ သဘောကျလို့ သူ့ဘာသာ ရေးသားနေကြသူတွေက သက်သက် ရှိကြပါလိမ့်မယ်။

ဒီအတိုင်း ယောက်ျားနဲ့ မိန်းမ ဆက်ဆံရေးကြားထဲက ရှုပ်ထွေးမှုတွေ၊ ရှုပ်နေတဲ့ အရာတွေကျ အပြင်လူက ဘေးကနေ ကြည့်ပြီး စောကလို စကားလုံးတွေနဲ့ စွပ်စွဲကြည့်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး ထင်တာပဲ။ ဥပမာ ပြောရရင် ဟဲမင်းဝေးရဲ့ Cat in the Rain လို Hills Like White Elephants လို ဝတ္ထုတိုတွေထဲမှာ ပါဝင်နေတဲ့ ဇာတ်ကောင် အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဆက်ဆံရေးတွေ၊ ရေမွန်ကာဗာရဲ့ ဝတ္ထုတွေထဲက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ဆက်ဆံရေးတွေကို ကြည့်ရင် ပိုသိသာလိမ့်မယ်။

ဒီလို စာရေးဆရာတွေ ရေးသားခဲ့ပုံကလည်း မိန်းမတွေကို မုန်းတီးလို့ ဆိုတာမျိုးထက် ဒီလိုနှစ်ယောက်ကြားထဲက ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေကို ဖော်ပြချင်တာမျိုးပဲ။ သူတို့ဘာသာတောင် နဂိုကတည်းက ရှုပ်နေကြတဲ့ကိစ္စကို s*x and gender ဘက်ကနေ သွားကြည့်ရင် ပိုတောင် ရူးချင်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာလိမ့်မယ် ထင်တယ်။ ဥပမာ နှစ်ယောက်သား အပြန်အလှန် toxic ဖြစ်နေတဲ့ relationship တစ်ခုမှာ ဘေးကလူက ဝင်ပြောနေပေမဲ့ ကာယကံရှင် နှစ်ယောက်လုံးက ကိုယ်ပြောတာကို မြင်ချင်မှ မြင်မှာမျိုး၊ ဝင်ပြောတဲ့သူကိုတောင် မကောင်းထင်တတ်ကြတာမျိုးလည်း ဖြစ်လာနိုင်တာပဲ။

ယောက်ျားက မိန်းမအပေါ် ကျုးလွန်တဲ့ DV လို ကိစ္စမျိုးတွေမှာတော့ ကိုယ်ထိလက်ရောက် ဖြစ်တာမို့လို့ ဒီလို ပြောလို့ ရပြီ။ မဖြစ်လာခင် ကြိုကာကွယ်ဖို့၊ ကြိုအသိပေးဖို့ နေရာကျတော့ ဒီလူ၊ ဒီလူရဲ့ (စောကလို အစကတည်းက မုန်းတီးလို့ တမင်တကာ နှိမ့်ချ ရေးသားနေကြသူတွေကလွဲလို့) ဒီလို အရေးအသားတွေ ရှိနေတာမို့လို့ ဒီလို ဖြစ်ရတယ်လို့ တထစ်ချ ပြောဖို့ ခက်တာမျိုးပဲ။ အဲဒါမျိုး ပြောရမယ်ဆိုရင် ပွန်းဗီဒီယိုတွေကြောင့် r*pe case တွေ ရှိနေတာလို့ စွပ်စွဲကြသလို ဖြစ်နေမယ် ထင်။

ထားပါတော့၊ ဒါက အခုထက် အများကြီး ပို research လုပ်ပြီးမှ ပြောရမယ့် ကိစ္စတွေ ဖြစ်သွားပြီ။ ကိုယ်တွေးတာတွေလည်း မှားကောင်း မှားပါလိမ့်မယ်။ ဒါက လောလောဆယ် ကိုယ် တွေးမိသလို ရေးတာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် မသိ၊ မမြင်ဖူး၊ မသိကျွမ်းဖူးဘဲ အသားလွတ်ကြီး မုန်းတီးနေတာမျိုးတွေတော့ ကိုယ်လည်း နားမလည်နိုင်ပါဘူး။ လက်တွေ့ကိစ္စတွေ တကယ်တမ်း ဖြစ်လာကြပြီဆိုရင် ထိုးဇာတ် (narrative) သဘောတွေက အသုံးမှ မဝင်တော့တာ။ အချက်အလက်တွေကို အခြေခံပြီး ဆုံးဖြတ်ရတာမျိုးလောက်ပဲ ရှိတော့မှာ။

ဘာနေနေပေါ့လေ၊ အခုထိတော့ တစ်ထောင့်တစ်ညထဲက ခီဟာရာဇာရဲ့ အဆုံးမသတ်နိုင်တဲ့၊ တစ်ညပြီး တစ်ည နားဆင်တော်မူပါဆိုပြီး ဆက်ပြောပြနေတဲ့ ပုံပြင်ဇာတ်လမ်းတွေ၊ မဖြစ်ချင်ကြပေမဲ့လို့လည်း သူ့အလိုလို ဖြစ်လာကြတဲ့ ရှုပ်ထွေးနေတဲ့ ဆက်ဆံရေးတွေရဲ့ narrative တွေကိုတော့ ခုထိ သဘောကျမိနေဆဲပါပဲ။

- မိုးရဲ -

PS. ဒါမျိုး topic တွေက အကဲဆတ်မှန်းတော့ သိပါတယ်။ ဒါပေမဲ့ ရှေ့လထဲမှာ ကိုယ် ဘာသာပြန်ထားတဲ့ အန်တွန်ချက်ကော့ဗ်ရဲ့ အန်ကယ်ဗန်ညာ ပြဇာတ် စာအုပ်နဲ့ (ကို) တေဇာ(လရောင်လမ်း) ဘာသာပြန်ထားတဲ့ မူရာကာမိရဲ့ ယာဉ်မောင်းသူ (Drive My Car) နဲ့ ခီဟာရာဇာ (Scheherazade) ဝတ္ထုတိုနှစ်ပုဒ်ကို ပေါင်းထုတ်ထားတဲ့ စာအုပ်လေး ထွက်လာဖို့ ရှိပါတယ်။ အဲဒါတွေ လုပ်နေရင်း ခုအပေါ်ကလို တွေးမိတာတွေ ပေါ်လာလို့ စာအရှည်ကြီး ရေးမိသွားတာ။

နောက်ထပ် ညွှန်းချင်တဲ့ app တစ်ခုကတော့ Storygraph ပါ။ သူက Goodreads လို Book Tracker app တစ်ခုပဲ။ app မသုံးချင်ရင် https:...
13/09/2026

နောက်ထပ် ညွှန်းချင်တဲ့ app တစ်ခုကတော့ Storygraph ပါ။ သူက Goodreads လို Book Tracker app တစ်ခုပဲ။ app မသုံးချင်ရင် https://app.thestorygraph.com/ အဲ့ကနေ ဝင်ကြည့်လို့လည်း ရတယ်။ Goodreads က အရင်ကတည်းက ရှိခဲ့တာ ဆိုပေမဲ့ သူ့အထဲကဟာတွေက သုံးရတာ အရမ်းရှူပ်နေသလိုမျိုး အမြဲခံစားရ။ အမြဲတမ်း သုံးချင်စိတ် မရှိ။

ခုနောက်ပိုင်း စာဖတ်ကြသူ အများစုက ကိုယ့်ဖုန်းထဲမှာ Bookmory လို app မျိုး ထည့်ထားပြီး တစ်လကို စာအုပ် ဘယ်နှစ်အုပ် ဖတ်တယ်၊ ဘယ်နှစ်မျက်နှာ ပြီးတယ်လို့ တင်ကြတာတွေ တွေ့ရတာ များလာ။ ကိုယ့်ဘာသာဆိုလည်း အဲ့လို ကိုယ် ဖတ်တဲ့ စာအုပ်တွေကို track လုပ်နေရတာ သဘောကျ။ ပြီးတော့ တစ်နှစ်ကို ဘယ်နှစ်အုပ် ဖတ်မယ်တို့ goal ထားပြီး ဖတ်ရတာမျိုးတွေကိုရော။

Bookmory လို app တွေကျ မြန်မာစာအုပ်တွေကို ဖတ်ရင်း track လုပ်ရတာ အဆင်ပြေ။ ကိုယ် ဖတ်မယ့် စာအုပ်ကို အဖုံးပုံ ရိုက်ထည့်၊ စာမျက်နှာတွေ ဘာတွေ ကိုယ့်ဘာသာ ထည့်လိုက်လို့ ရတာဆိုတော့။ Goodreads မှာလည်း တချို့ မြန်မာစာအုပ်တွေကိုတော့ ထည့်ထားတာ တွေ့မိပါတယ်။ ဒါပေမဲ့ စောကပြောသလို သုံးရတာ ရှူပ်တယ် ခံစားရလို့ မသုံးမိတာ။

Storygraph ကတော့ English စာအုပ်တွေ ဖတ်ရင်း track လုပ်ရတာ အဆင်ပြေလို့ အခု သုံးဖြစ်နေတာ။ ပြီးတော့ kindle reader တွေမှာ goodreads ကို သုံးလို့ ရသလို ခုနောက်ပိုင်း kobo reader တွေမှာလည်း storygraph နဲ့ official partner ဖြစ်သွားတယ် ဆိုတာ တွေ့မိ။ kobo reader တစ်ခုခု ရှိတယ်/ဝယ်ဖို့ စဉ်းစားနေတယ်ဆိုရင် storygraph က သုံးရတာ အဆင်ပိုပြေ။ စာအုပ်တစ်အုပ်ကို Editions မျိုးစုံလည်း သူ့ထဲမှာ ရှိတယ်။

Bookmory လို app မျိုး ရှိနေတာပဲ၊ ဘာလို့ storygraph လိုဟာကို သုံးရမှာလဲ ဆိုတာကျ Bookmory လိုမှာက ကိုယ့်ဒေတာတွေကို သက်သက်ကြီး export သိမ်းရတာမျိုး ရှိတယ်လေ။

မဟုတ်ရင် app ကို uninstall လုပ်မိတာမျိုးဆို အဲ့ထဲက စာအုပ်ဒေတာတွေက အကုန် ပျက်သွားတာမျိုး ရှိနိုင်တာပေါ့။ Goodreads တို့ Storygraph တို့မှာတော့ အဲ့လို ဒုက္ခမျိုး မရှိ။ သူက တစ်ခါတည်း ဆေ့ပေးထားတာဆိုတော့။

သုံးချင်တဲ့သူတွေ စမ်းသုံးကြည့်ချင် သုံးရအောင်လို့ ညွှန်းပေးတာပါ။ ဒါက ကျနော့် အကောင့်ပါ။ ပုံထဲက ဒေတာတွေကလည်း ကျနော် ဖတ်ထားတာတွေ။

https://app.thestorygraph.com/profile/yeyintmy

- မိုးရဲ -

အရင်က webpage articles ဆောင်းပါးတွေကို offline save ပြီး ဖတ်ဖို့အတွက် အမြဲ သုံးဖြစ်တဲ့ app တစ်ခု ရှိဖူးတယ်။ Pocket Read ...
09/09/2026

အရင်က webpage articles ဆောင်းပါးတွေကို offline save ပြီး ဖတ်ဖို့အတွက် အမြဲ သုံးဖြစ်တဲ့ app တစ်ခု ရှိဖူးတယ်။ Pocket Read It Later လို့ ခေါ်တယ်။ ၂၀၂၂ လောက်က သူတို့ နားသွားတာ။

အဲ့လို ဆေ့ထားမယ့်အစား browser မှာပဲ webpage တွေကို bookmark လုပ်ထားပြီး သိမ်းထားလို့ ရတာပဲလို့တော့ တွေးကြမလားပဲ။ Pocket ကလည်း အဲ့လို အတွေးနဲ့ပဲ သူတို့ရဲ့ app ကို ဆက်မလုပ်တော့တာ။

ဒါမဲ့ ကိုယ့်အနေနဲ့ကျ ကိုယ် ဖတ်ချင်လို့ သီးသန့် သိမ်းထားချင်တဲ့ page တွေကို အဲ့လို bookmark ထားပြီး အင်တာနက်ဖွင့်လိုက်၊ browser ကနေ ဝင်ကြည့်လိုက် ခဏခဏ လုပ်မနေချင်။ အဲ့လို app တခုခုနဲ့ ဆေ့ထားပြီး ဝင်ဖတ်လိုက်ရုံပဲ လုပ်ချင်တာ။

ကိုယ်ကျ ဘာတွေ ဆေ့ထားဖြစ်လဲဆိုတော့ စာအုပ် reviews တွေ၊ ကိုယ် လိုချင်တဲ့ tech ပစ္စည်း ရီဗျုးတွေ၊ စာရေးဆရာတွေရဲ့ အင်တာဗျုးတွေ၊ သတင်းတွေ စသဖြင့်ပေါ့။

Pocket ကိုက သူတို့ စပေါ်လာတဲ့ ၂၀၁၅ ဝန်းကျင်ကနေ ခုနောက်ဆုံး ဆက်မလုပ်တော့တဲ့ သုံးဖြစ်တယ်။ အဲ့လို အကြာကြီး သုံးလို့လား မသိ၊ သူတို့ အလကား ပေးတဲ့ premium တစ်နှစ်စာလည်း ရဖူးလိုက်သေးတယ်။ ခုနောက်ပိုင်း သူ မရှိတော့ ဘာကို ဆက်သုံးရမလဲ မသိဖြစ်နေတာ။

မနေ့ညကမှ Instapaper ဆိုတဲ့ app တစ်ခုကို ပြန်တွေ့မိလို့။ သူလည်း Pocket လို အတူတူပဲ။ ကိုယ်ဖတ်ချင်သမျှ articles တွေ အကုန်လုံး အဲ့ထဲမှာ offline သွားစုသိမ်းထားလို့ ရတယ်။ တစ်ခါ sync လုပ်သိမ်းထားပြီးရင် ကိုယ်ဖတ်ချင်တဲ့အချိန် ဝင်ဖတ်လိုက်ရုံပဲ။

premium ဝယ်တာထက် ရိုးရိုး free version ဆိုလည်း အဆင်ပြေတာပဲ။ android အတွက်ရော ios အတွက်ရော နှစ်ခုစလုံးအတွက် ရပါတယ်။ playstore နဲ့ app store ကနေ ဝင်ဒေါင်းလို့ ရတယ်။

ပေ့မှာ content တွေ မတင်ဖြစ်ဘူး ပြောကြလို့ ဘာတင်ရမလဲ ဆိုတာလဲ မသိလို့။ နောက်ကျရင်တော့ အဲ့လို productivity tips တွေ၊ app တွေအကြောင်းနဲ့ စာအုပ်တွေအကြောင်း တင်ဖြစ်မလား မသိ။ ကိုယ့်လို စိတ်ဝင်စားကြသူတွေအတွက်လည်း နည်းနည်းပါးပါး အသုံးဝင်မလားလို့ပါ။ ကျေးဇူးပါနော်။

- my -

မင်းရဲ့ အနားမှာ ဘယ်သူမှ မရှိနေတော့အခါကောင်းကင်ရဲ့ နံဘေးမှာ ကိုယ့်ကို ရှာပါ။ကြယ်တွေဆီမှာ ကိုယ့်ကို လာတွေ့ပါ။ကိုယ်ကတော့ ကမ...
29/08/2026

မင်းရဲ့ အနားမှာ ဘယ်သူမှ မရှိနေတော့အခါ
ကောင်းကင်ရဲ့ နံဘေးမှာ ကိုယ့်ကို ရှာပါ။
ကြယ်တွေဆီမှာ ကိုယ့်ကို လာတွေ့ပါ။
ကိုယ်ကတော့ ကမ္ဘာမြေဆီ ပြန်မလာချင် ။ ။

#အပြစ်အနာအဆာမရှိတဲ့စိတ်မှာ
#ထာဝရတောက်ပနေမယ့်နေရောင်ခြည်

#မိုးရဲ

“အပြစ်အနာအဆာ မရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်” စာအုပ်လေးကို မှာယူချင်ကြသူတွေအနေနဲ့ ▪️ပန်းဆိုးတန်း BOOK TREE...
21/08/2026

“အပြစ်အနာအဆာ မရှိတဲ့ စိတ်မှာ ထာဝရ တောက်ပနေမယ့် နေရောင်ခြည်” စာအုပ်လေးကို မှာယူချင်ကြသူတွေအနေနဲ့

▪️ပန်းဆိုးတန်း BOOK TREE Book Shop
▪️Garden of Tulip - Bookstore
▪️မူးနေတဲ့ လှေ - Le bateau ivre
▪️Genius Book House
▪️ ပန်းဆိုးတန်း Yar Pyae Bookshop

တို့ကနေ တဆင့် ဝယ်ယူ၊ မှာယူနိုင်ပါပြီ။ ဒလီအပ်ပေးထားတဲ့ စာအုပ်လေးတွေလည်း အခုဆို အကုန်အစင် ရောက်ရှိသလောက် ဖြစ်သွားပါပြီ။

Fate ကနေ တဆင့် မှာယူချင်တယ် ဆိုရင်လည်း မှာယူလို့ ရနိုင်ပါသေးတယ် ဆိုတာပါ။

အားလုံးကို ကျေးဇူးပါနော်။ အေးဆေးဖတ်ကြပါဦး ❤️❤️

◾️ အထီးကျန် နှစ်တစ်ရာ ကိုယ်ဟာ တချိန်တုန်းကတော့ မင်းကို ချစ်ခဲ့ဖူးပါတယ်။ ညထက် ပိုလှတဲ့အရာတွေကတော့ ဘာရှိနိုင်ဦးမှာလဲ။ မြူမ...
16/08/2026

◾️ အထီးကျန် နှစ်တစ်ရာ

ကိုယ်ဟာ တချိန်တုန်းကတော့ မင်းကို ချစ်ခဲ့ဖူးပါတယ်။ ညထက် ပိုလှတဲ့အရာတွေကတော့ ဘာရှိနိုင်ဦးမှာလဲ။ မြူမကွဲသေးတဲ့ မင်းမျက်လုံးထဲမှာတောင် အရုဏ်တက်ချိန်က နီးကပ်လို့ လာနေပြီလေ။ ကိုယ်တို့ဘဝမှာ မဆုံးနိုင်တော့တဲ့ မုန်တိုင်းတွေ တိုက်ခတ်လိမ့်မယ်လို့ ထင်ရှားတဲ့ အရိပ်လက္ခဏာ တခုတလေလေးမျှ မရှိခဲ့ဖူးဘူး။ ညမှာ လျှောက်လှမ်းခဲ့ရတဲ့ ကိုယ့်ရဲ့ခြေလှမ်းတွေကိုလည်း မင်းပဲ ပိုင်ဆိုင်။ ထာဝရဆိုတာ နှလုံးသားထဲမှာ မှတ်ဉာဏ်မျှသာဖြစ်ဖို့နဲ့ သင့်ကိုယ်သင် ဝိုင်တစ်ခွက်လို သဘောထားပြီး ကိုယ့်ကိုယ်ကိုယ် မော့သောက်ပစ်လိုက်ဖို့ပါပဲ။ တစ်စုံတစ်ယောက်ကို ကိုယ်တို့ ဆုံးရှုံးသွားပြီးတဲ့နောက်မှာတောင် အထီးကျန်စိတ်နဲ့၊ နှလုံးသားမှာ ဗလာဟင်းလင်းဖြစ်နေတဲ့ တိုးလျှိုပေါက်တစ်ခုနဲ့သာ ဆက်လက် အသက်ရှင်၊ ရှင်သန်သွားကြရုံပါပဲ။ ဘယ်သူမဆို နေရောင်ခြည်အောက်မှာ ချစ်ရသူရဲ့ လက်ကို ကိုင်ဆွဲလို့၊ မိုးဖွဲတွေအောက်မှာပဲ ချစ်ရတဲ့သူနဲ့ ခွဲခွာခဲ့ရဖူးတာပေါ့။ အရောင်အဆင်းမရှိ၊ ပန်းတို့ ပွင့်ကြတဲ့ နေရာဒေသတစ်ခုမှာ ကိုယ့်နေရောင်ခြည်နဲ့ မင်းကို နွေးထွေးစေမယ့် အိပ်မက်တစ်ခု အမြဲတစေ မြင်မက်ခဲ့ဖူးတာပေါ့။ ကိုယ်တို့ မျှော်လင့်ထားသမျှ အရာရာဆိုတာကလည်း ကောင်းမွန်တဲ့ အနာဂတ်ကို မျှော်လို့ မင်းရဲ့ ပါးကို ခပ်ဖွဖွနမ်းဖို့ ။ ။

မိုးရဲ
၂၀၊ ၁၂၊ ၂၄

Photo@ArKerKyaw

15/08/2026

ကိုယ့်အမည်ဟာ ငြိမ်းချမ်းရေး နိမိတ်ပဲ
ကိုယ့်ရင်မှာ လောကအသက် ပါတယ်
ကိုယ့်အပြင်မှာ ပြေမယ် ညှင်းမယ်
လေမုန်တိုင်း ထန်မယ်
ရူးမလောက် ချစ်ပြီး ချစ်သလောက် ရူးတဲ့
နှလုံးသားရဲ့ နယ်ပယ်က လာ
လေညာအရပ်က အချစ် ...

#စိုင်းခမ်းလိတ်

ဆရာ စိုင်းခမ်းလိတ် ရေးတဲ့ "ကိုယ့်အမည်ဟာ ငြိမ်းချမ်းရေး နိမိတ်ပဲ, ကိုယ့်ရင်မှာ လောကအသက် ပါတယ်" စာသားကို ဘယ်လို ကြိုက်လို့ ကြိုက်မှန်း မသိ။ သူတို့ အဲ့လို ရေးနိုင်ခဲ့တာကိုလည်း အားကျ။ နောက်ပိုင်းကျ ကိုယ့်အရေးအသားတွေထဲမှာလည်း အဲ့လို relate လုပ်နိုင်စရာ တစ်ခုခု ထည့်ရေးနိုင်ရင် ကောင်းမှာပဲ။ အဲ့လိုမျိုးလည်း ရေးတတ်ချင်။

မနေ့ကနေ ဒလီစအပ်ပေးပြီး စာအုပ်လေးတွေ စပို့နေတာ မနက်ဖြန် တစ်ရက် အပ်ပြီးရင်တော့ အမှာလေးတွေ ကုန်စင်သလောက် ဖြစ်သွားပါပြီ။ ဒီရ...
14/08/2026

မနေ့ကနေ ဒလီစအပ်ပေးပြီး စာအုပ်လေးတွေ စပို့နေတာ မနက်ဖြန် တစ်ရက် အပ်ပြီးရင်တော့ အမှာလေးတွေ ကုန်စင်သလောက် ဖြစ်သွားပါပြီ။ ဒီရက်ပိုင်းထဲ စာအုပ်လေးတွေ ရောက်လာပါလိမ့်မယ်ဗျ။

စာအုပ်လေးတွေ ရောက်လာတဲ့အချိန်မှာ အဆင်မပြေတာ တစ်ခုခု ရှိခဲ့ရင်လည်း အားမနာတမ်း လာပြောပြပြီး ပြန်လဲလို့ ရပါတယ်။ အသစ်တစ်အုပ်နဲ့ ပြန်လဲပေးပါမယ်။

အကြာကြီး စောင့်ပေးခဲ့ကြတာကိုလည်း ကျေးဇူးတင်ရကြောင်းပါ။ စာအုပ်လေးတွေ ရောက်လာရင်လည်း အေးဆေး ဖတ်ကြပါဦး။

ရောက်ရှိလာတဲ့ စာအုပ်လေးတွေကို ပုံလှလှလေးတွေ ရိုက်ပို့ပေးခဲ့ရင်လည်း ကျေးဇူး အများကြီး တင်ရမှာပါ။


#အပြစ်အနာအဆာမရှိတဲ့စိတ်မှာ
#ထာဝရတောက်ပနေမယ့်နေရောင်ခြည်
#မိုးရဲ

photo@monshweyee

တမင်တကာ ရည်ရွယ် ပျက်ကွက်တာမျိုး မဟုတ်ပေမဲ့ မှာယူထားကြတဲ့သူတွေကို အားနာရကြောင်းပါပဲ။ စာအုပ်လေးတွေတော့ ဒီညနေ မှောင်ရီပျိုး...
12/08/2026

တမင်တကာ ရည်ရွယ် ပျက်ကွက်တာမျိုး မဟုတ်ပေမဲ့ မှာယူထားကြတဲ့သူတွေကို အားနာရကြောင်းပါပဲ။ စာအုပ်လေးတွေတော့ ဒီညနေ မှောင်ရီပျိုးစ အချိန်မှ လက်ထဲ ရောက်လာပါပြီ။ ဒီနေ့ ရလာအောင် တကူးတက ဒီဘက်အထိ ကားနဲ့ တင်ပေးလိုက်တဲ့ ပုံနှိပ်တိုက်က အစ်ကို,ကိုလည်း ကျေးဇူးတင်ရမှာပါ။

အရင်ကလိုမျိုး ပုံနှိပ်စက်က ထွက်လာခါစ စက္ကူ၊ မင်နံ့သင်းသင်းနဲ့ စာအုပ်ကလေးတွေပါပဲ။ မနက်ဖြန်၊ သဘက်ခါကနေ စလို့ မှာထားတဲ့ အမှာကလေးတွေကို စတင်ပို့ပေးပါမယ် ဆိုတဲ့အကြောင်းပါ။

ပြီးတော့ ခုလောက်အထိ စိတ်ရှည်ရှည်နဲ့ သည်းခံပေးပြီး စောင့်ဆိုင်းပေးခဲ့ကြတာကိုလည်း ကျေးဇူးအများကြီး တင်ရှိရတယ် ဆိုတာပါ။

- မိုးရဲ -

စာအုပ်အမှာလေးတွေကို သည်းခံစောင့်ဆိုင်းပေးနေကြတာ ကျေးဇူးအများကြီးပါ။ အခုတော့ စာအုပ်အဖုံးလေးတွေကို ပလက်စတစ် လောင်းတဲ့ အဆင်...
03/08/2026

စာအုပ်အမှာလေးတွေကို သည်းခံစောင့်ဆိုင်းပေးနေကြတာ ကျေးဇူးအများကြီးပါ။ အခုတော့ စာအုပ်အဖုံးလေးတွေကို ပလက်စတစ် လောင်းတဲ့ အဆင့် ရောက်နေပါပြီတဲ့။ အခုအပတ်အတွင်း ရလာနိုင်မယ် ထင်ပါတယ်။

စာအုပ်လေးတွေနဲ့ ရလာတာနဲ့ ပြင်ဆင်ထုပ်ပိုး ပို့ပေးဖို့ရာအတွက် လိပ်စာ ပြောင်းလဲပြင်ဆင်ချင်တာ၊ တစ်ခုခု ကြိုတင်မှာကြားထားချင်တာမျိုး ရှိရင်လည်း ဒီနေ့ထဲမှာ ကျနော့်ဆီ လာပြောပေးလို့ ရပါတယ်။

ဒီအတွက် အပြီးသတ် ပြင်ထားတော့မလို့ပါ။

စာအုပ်လေးတွေ စပို့တဲ့အချိန်မှာလည်း တစ်ခါပြန်လည် အကြောင်းကြားပေးပါဦးမယ်။

အားလုံးကို ကျေးဇူးပါနော်။

#အပြစ်အနာအဆာမရှိတဲ့စိတ်မှာ
#ထာဝရတောက်ပနေမယ့်နေေရောင်ခြည်
#𝘌𝘵𝘦𝘳𝘯𝘢𝘭𝘚𝘶𝘯𝘴𝘩𝘪𝘯𝘦𝘰𝘧𝘵𝘩𝘦𝘚𝘱𝘰𝘵𝘭𝘦𝘴𝘴𝘔𝘪𝘯𝘥

Address

Yangon

Telephone

+959775019756

Website

Alerts

Be the first to know and let us send you an email when Fate Book Publishing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fate Book Publishing:

Shortcuts

Share

Category