Devoship Journal

Devoship Journal Myanmar Christian Journal Devoship Journal is one of the Myanmar Christian Journal started in COVID-19 period.

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMမာတင် (အဆန်ရှင်းမှ) သည် စတင်၍ "ဣသရေလူ...
21/02/2026

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

မာတင် (အဆန်ရှင်းမှ) သည် စတင်၍ "ဣသရေလူမျိုးတို့၏ အရှင်ဘုရားသခင်သည် ဘုန်းကြီးပါစေသတည်း။ အကြောင်းမူကား ကိုယ်တော်သည် မိမိလူမျိုးကို ဆင်းကြွ၍ ရွေးနှုတ်တော်မူပြီ" ဟု ချီးမွမ်းထော်မနာပြု၍ အော်ဟစ်လေသည်။ ငယ်ရွယ်သူများ (ငါးဦးသည် အသက်နှစ်ဆယ်အောက်) သည် ဆာလံကျမ်းကို ရွတ်ဆိုကြသည်။ "လူမျိုးအပေါင်းတို့ ထာဝရဘုရားကို ချီးမွမ်းကြလော့။ နာမတော်ကို ထောမနာပြုကြလော့။ နေထွက်ရာမှ နေဝင်ရာတိုင်အောင် ဘုရားရှင်၏ နာမတော်ကို ချီးမွမ်းကြလော့"

ဂိုတိုသား ဂျွန် (၁၉ နှစ်) သည် ထိုမနက်ခင်းတွင် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးဘဝကို ခံယူရုံသာရှိသေးသည်။ လူအုပ်ထဲမှ ဘုန်းတော်ကြီးတပါးက ဂျွန်ထံတွင် ကောင်းကင်ဘုံသည် နီးလုပြီဖြစ်ကြောင်း ပြောဆိုသောအခါတွင် ဂျွန်သည် ရွှင်လန်းစွာဖြင့် "မစိုးရိမ်ပါနဲ့ အဖ၊ ကျနော် အဲဒါအရာကို ကောင်းကောင်းကြီးသိပါတယ်" ဟု ပြန်ဖြေလေသည်။

ဂျွန်ဘေးတွင် လူးဝစ် အီဘာကီသည် ကောင်းကင်ဘုံအကြောင်း ကြားရသောအခါတွင် မိမိ၏ ကယ်တင်ရှင် လက်ထဲသို့ ခုန်ဆင်းလိုသကဲ့သို့ ကြိုးများကို ဖိကာ "ပရဒိသုဘုံ၊ ပရဒိသုဘုံ၊ ယေရှု၊ မာရိယား" ဟု ကျူးဧလေသည်။ ထိုနေ့က ကားစင်တင်ခံရသူများကို မှတ်တမ်းတင်ရာတွင် ဆယ့်နှစ်နှစ်သာ ရှိသေးသော လူးဝစ်သည် တိုက်တွန်းခွန်အားပေးသူ ဖြစ်ကြောင်း ဖော်ညွှန်းထားလေသည်။ နားရွက်ကို ဖြတ်တောက်ချိန်တွင်ပင် ရယ်ရယ်မောမောဖြင့် သီချင်းဆိုလျက်ရှိပြီး ကျိုတိုမှ စစ်ချီရာလမ်းတလျှောက်လုံးတွင် အားမာန်အပြည့်ဖြင့် ချီတက်ကျူးရင့်လေသည်။ ကားစင်တင်ခြင်းမတိုင်မီ တညအလိုမှာ "ကျနော်တို့နဲ့အတူ လူးဝစ်လေး ပါလာတယ်"ဟု ဖရန်စစ် ဘလန်ကိုက ဆောင်းပါးတပုဒ်ရေးသားလေသည်။
"လူးဝစ်က အရမ်းကိုမှ ရဲရင့်ပြီး စိတ်ဓာတ်လည်း အရမ်းတက်ကြွနေတော့ လူတိုင်း အံ့ဩကုန်ကြတယ်" ဟု သူ၏ ဆောင်းပါးတွင် ဖော်ပြလေသည်။

တရာဇဝါ ဟာဇာဘူရိုသည် စီရင်ခြင်းကိစ္စကို အဆုံးသတ်လို၍ ရှေ့သို့တက်ကာ တိုက်ကိုဆာမာ၏ အမိန့်နှင့် ပြစ်ဒဏ်ကို ဖတ်ကြားလေသည်။ "ဤလူများသည် ဖိလစ်ပိုင်နိုင်ငံမှ သံတမန်အဖြစ် ယောင်ဆောင်ကာ ဂျပန်နိုင်ငံ၏ နှစ်ပေါင်းများစွာ တားမြစ်ထားသော ခရစ်ယာန်တရားဒေသနာကို မိယာကို၌ ဟောပြောရန် ရွေးချယ်ကြသည့်အတွက် ဤပုဂ္ဂိုလ်သူများနှင့် ခရစ်ယာန်တရားကို လက်ခံသော ဂျပန်လူမျိုးများကို သေဒဏ်ပေးရန် အမိန့်ချမှတ်လိုက်သည်။"

သို့သော်လည်း ယုံကြည်ချက်အတွက် အသက်စွန့်သူများသည် ဤမျှနှင့် ပြီးဆုံးမသွားပေ။ ကားစင်ထက်မှာ အော်သံတခု ထွက်ပေါ်လာပြီး အမိန့်ပြန်တမ်းဖတ်ကြားသူ တရာဇဝါကို မင်သက်သွားစေသည်။ "ဒီမှာရှိတဲ့လူတွေအားလုံး ကျနော့်စကားကို သေချာအာရုံစိုက်ပြီး နားထောင်ပေးပါ။"
ပေါလ်မီကီ၏ အသံဖြစ်လေသည်။ လူတိုင်း တိတ်ဆိတ်စွာဖြင့် မလှုပ်မယှက် နားထောင်နေကြသည်။

"ကျနော် ဖိလစ်ပိုင်က လာတာမဟုတ်ပါဘူး။ မွေးရာပါ ဂျပန်လူမျိုးဖြစ်ပြီး ယေရှုအသင်းတော်ရဲ့ သင်းဝင်တဦးပါ။ ကျနော် ဘာပြစ်မှုမှ ကျူးလွန်ခြင်း မရှိပါဘူး။ ကျနော့်ကို သေဒဏ်ပေးရတဲ့ တခုတည်းသော အကြောင်းရင်းက သခင်ယေရှုခရစ်ရဲ့ အဆုံးအမကို သင်ကြားပေးနေလို့ဖြစ်ပါတယ်။ အဲဒီအကြောင်းရင်းကြောင့် သေရတာကို ပျော်ရွှင်ပြီး အဲဒီသေခြင်းတရားက သခင်ဘုရားထံကနေ အကြီးမြတ်ဆုံးသော ကောင်းချီးမင်္ဂလာတခုအဖြစ် ရှုမြင်ပါတယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျနော် ခင်ဗျားတို့ကို လှည့်ဖြားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ အဲဒါကို ယုံကြည်စိတ်ချနိုင်ပါတယ်။ လူသားတွေဟာ ခရစ်တော်ရဲ့ ကယ်တင်ခြင်းတရားကလွဲပြီး ကယ်တင်ခြင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူးဆိုတာကို အတိအလင်း ပြောကြားလိုပါတယ်။"

မီကီ၏စကားကို ရှင်းလင်းပြတ်သားစွာကြားရန် စစ်သားအချို့ ရှေ့သို့ တိုးလာကြသည်။ တရာဇဝါသည် မလှုပ်မယှက် ရပ်လျက်ရှိနေသည်။ ကွပ်မျက်သူများမှာ လှံကိုယ်စီ ကိုင်ဆောင်လျက် ကွပ်မျက်သူအားလုံးကို တိတ်ဆိတ်ငြိမ်သက်သွားရန် ပြင်ဆင်လျက်ရှိနေသည်။ မီကီသည် တခဏမျှ ပြုံးလိုက်ပြီးနောက် သူ၏သူငယ်ချင်း တရာဇဝါ၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ "ခရစ်ယာန်တရားက ကျနော်တို့ရဲ့ ရန်သူနဲ့ ကျနော်တို့ကို ပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့ အမိန့်ပေးထားပါတယ်။ ဒါကြောင့် ကျနော် တိုက်ကိုဆာမာကို ခွင့်လွှတ်ပါတယ်။ ဂျပန်လူမျိုးတိုင်းကို ခရစ်ယာန်ဖြစ်စေချင်တယ်။"

ပေါလ် တိတ်ဆိတ်သွားသည်။ ပြောချင်သည်များကို ပြောပြီးသွားပြီဖြစ်၍ ဘဝနိဂုံးအတွက် အသင့်ဖြစ်နေပြီ။ သူနှင့်အတူ ကားစင်တင်ခံရသူများကို စောင်းငဲ့ပြီး နှစ်သိမ့်စကား ဆိုလေသည်။ ပြီးနောက် ကောင်းကင်ဘုံသို့ မျှော်ကြည့်ရင်း "သခင်ဘုရား၊ ကျွန်ုပ်၏ ဝိညာဉ်ကို ကိုယ်တော်၏ လက်တော်သို့ အပ်နှင်းပါ၏။ ဘုရားသခင်၏ သန့်ရှင်းသူတို့၊ ကျွန်ုပ်ကို ကြိုဆိုကြပါ" ဟု ဟစ်ကြွေးလေသည်။

အပိုင်း (၁၂) ဆက်ရန်


#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMလမ်းတဝက်တွင်၊ ဘဝတလျှောက်လုံး ခရစ်ယာန်...
17/02/2026

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

လမ်းတဝက်တွင်၊ ဘဝတလျှောက်လုံး ခရစ်ယာန်တဦးပမာ နေထိုင်သော အသက် ၂၄ နှစ်အရွယ် မက္ကဆီကန်လူမျိုး ဘရာသာ ဖီးလစ် အော့ဖ် ဂျီးဆပ်သည် သူ၏ သူငယ်ချင်းကို ဤသို့ စနောက်လေသည်။ "ဘရာသာ ဖီးလစ် ကယ်တင်ခြင်းရဖို့အတွက် ဆန် ဖိလစ် ဂယ်လီယွန်သင်္ဘော ပျက်စီးသွားတာပဲ။" ဘရာသာ ဖီးလစ်သည် ကိုယ့်လက်ဝါးကားတိုင်ကို ထမ်းသောသူ ဖြစ်သည်။ ယခုတွင် သူ၏ ရုန်းကန်မှုမှာ ဆုံးခန်းတိုင်လေပြီ။ ယုံကြည်ချက်ကိုကား စွန့်ပယ်မည့်သူမဟုတ်။

ခရစ်ယာန်များကို ကားစင်တင်ရာတွင် သံမှိုများကို မသုံးဘဲ ခြေ၊ လက်၊ လည်ပင်းများကို သံကွင်းစွပ်ကာ ခါးကို တုတ်ခိုင်သော ကြိုးဖြင့် ချည်နှောင်ထားလေသည်။ ထိုအချိန်တွင် "အကုန်လုံးကို သံမှိုဖြင့် ရိုက်ပါ။" ဟု ကားတိုင်ပေါ်တွင် လက်ဆန့်တန်းလျက်ရှိနေသော ပီတာ ဘတ်တစ္စတာသည် ကွပ်မျက်သူများ တောင်းဆိုလေသည်။

တာရာဇာဝါ၏ သူငယ်ချင်းအရင်းဖြစ်သူ ပေါလ်မီကီသည် ရဲရင့်သော ဂျပန်စစ်သား၏ မျိုးဆက်ဆံသူတဦး ဖြစ်သော်လည်း ကယ်တင်ခြင်း ဧဝံဂေလိသတင်းကောင်းကို ဟောကြားရန် စစ်ဘက်လုပ်ငန်းကို စွန့်လွှတ်သူဖြစ်လေသည်။ ထိုအချိန်က ဂျပန်နိုင်ငံတွင် ပေါလ်မီကီသည် ဧဝံဂေလိတရားကို ဟောကြားသော တရားဟောဆရာ ဖြစ်သည်ဟု အများက ယူဆကြလေသည်။ အသက်သုံးဆယ် ရှိပြီဖြစ်သော ပေါလ်သည် အရပ်ပုသောကြောင့် ခြေထောက်များက အောက်ခြေကွင်းကို မမီသောကြောင့် စစ်သားတဦးက သူ့ရင်ဘတ်တွင် ပိတ်စတခုကို ချည်နှောင်ထားပေးရလေသည်။ ထိုစစ်သားက ပိတ်ထုံးကို တင်းကျပ်ရန် ပေါလ်ကို နင်းခြေသောအခါတွင် ပရိသတ်ထဲမှ ဘုန်းတော်ကြီးတပါးက ကန့်ကွက်ရန် ရှေ့သို့ တိုးလာသည်။ ပေါလ်က စိတ်အေးလက်အေးဖြင့် "ဖာသာ၊ သူ့အလုပ်ကို သူ လုပ်ပါစေ။ မနာကျင်ပါဘူး။"

ကားစင် ၂၆ခု တင်ပြီးချိန်တွင် တပြိုင်တည်း မြှောက်တင်ချိန်တွင် ကွပ်မျက်ရာ တောင်ကုန်းတွင် ပဲ့တင်ထပ်သွားကာ မကောင်းသော လက္ခဏာသဘောဆန်သည့် ဒုန်းခနဲမြည်သံသည် နေရာကျသွားလေတော့သည်။ ရုတ်တရက် လှုပ်ရှားမှုကြောင့် ကားစင်တင်ခံရသူတိုင်း၏ ခန္ဓာကိုယ်တလျှောက်လုံးတွင် နာကျင်မှုလှိုင်း ဖြတ်ပြေးသွားလေသည်။

နာဂါဆာကီမှ အန်တိုနီသည် အာဇာနည်တဦးအဖြစ် အသေခံရန် နေရပ်သို့ ပြန်ရောက်လာသည်။ မိဘနှစ်ပါးမှာ ကွပ်မျက်ခံရမည့် သူနှင့် အနီးဆုံးရှေ့ဆုံးတန်းတွင် ရှိနေသည်။ မိခင်ဖြစ်သူ ငိုကြွေးချိန်သောအခါတွင် အန်တိုနီမှာ ပြန်လည်၍ နှစ်သိမ့်လေသည်။ ပြီးနောက်တွင် သူ့ကို သီးခြားကွပ်မျက်ခြင်းကို မလိုလား၍ အခြားသော ခရစ်ယာန်များနှင့်အတူ ရောနှောကာ ကွပ်မျက်ခြင်းခံယူရန် သွားရောက်ပါဝင်လေသည်။ ထိုအချိန်တွင် သူ၏ အသက်မှာ ဆယ့်သုံးနှစ် ဖြစ်လေသည်။

အပိုင်း (၁၁) ဆက်ရန်


#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့၁၅၉၇ဖေဖော်...
15/01/2026

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

ဂျပန်နိုင်ငံ၊ နာဂါဆာကီမြို့
၁၅၉၇

ဖေဖော်ဝါရီလ ၅ ရက်၊ ကွပ်မျက်မည့်နေ့ မနက်ခင်းတွင် တီရာဇာဝါ ဟာဇာဘူရိုသည် သူ့ငယ်သားများ လက်ဝါးကပ်တိုင်ကို ပြင်ဆင်နေစဉ်တွင် မြို့ပြင်ရှိ ဂျုံခင်းသို့ တရွေ့ရွေ့ လျှောက်သွားလာသည်။ အချိန်မှာ ဆယ်နာရီဝန်းကျင် ဖြစ်သည်။ မြူများကျနေသည့် မနက်ခင်းတွင် ကွပ်မျက်မည့်သူကို လာရောက်ကြည့်ရှုရန်ရောက်လာသော ပရိသတ်မှာလည်း ရောက်လာကြပြီဖြစ်ပြီး နာဂါဆာကီကို အုပ်မိုးထားသည့် ကွန်ပီရာတောင်ဘက်မှ မိုးခြိမ်းသံမှာလည်း ခပ်လှမ်းလှမ်းမှ ခြောက်ခြားဖွယ်ကောင်းအောင် ထွက်ပေါ်လာနေသည်။

တီရာဇာဝါသည် အုပ်ချုပ်ရေးမှူး၏ ညီဖြစ်သောကြောင့် ကွပ်မျက်မှုတွင် အဓိကတာဝန်ယူရသော်လည်း ဤအလုပ်ကို မနှစ်သက်ပေ။ ကွပ်မျက်ခံရမည့် ပေါလ် မီကီသည် သူ၏ မိတ်ဆွေရင်းတဦးဖြစ်သည့်အပြင် ၎င်း၏ တရားဟောချက်များကိုလည်း မကြာခဏ နားယူလေ့ရှိသည်။ တိုက်ကိုဆာမာကို ကြောက်ရွံ့သောကြောင့်သာ ကွပ်မျက်ရမည့် အစီအစဉ်ကို လက်ခံလိုက်ရခြင်းဖြစ်သည်။ သို့သော် တီရာဇာဝါ၏ စာနာမှုဖြင့် အကျဉ်းသားများ မကွပ်မျက်မီ ဝတ်ပြုခြင်းအမှုပြုနိုင်ရန် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးနှစ်ပါးကို ခွင့်ပြုလေသည်။

ဆယ်နာရီခွဲခန့်တွင် စောင့်မျှော်နေသော လူတန်းကြီးသည် ကွပ်မျက်ရာ လွင်ပြင်တွင် ပြည့်နှက်စုရုံးလာသည်။ စစ်သားများသည်လည်း လူအုပ်ထဲမှ အတင်းတွန်းတိုက်သွားကြသည်။ တီရာဇာဝါသည် ကွပ်မျက်ခံရမည့် အကျဉ်းသားများကို အာရုံစိုက်ကာ ကြည့်ရှုနေသည်။ အကျဉ်းသားများ၏ လက်များကို စည်းနှောင်ထားသည်။ ခြေထောက်များသည်လည်း သွေးထွက်သံယိုဖြစ်ကာ ပေါက်ပြဲနေသည်။ ဆီးနှင်းကြားတွင် သွေးရောင်သန်းနေသော ခြေရာများမှာ နောက်တွင် ထင်ကျန်လျက်။ အကျဉ်းသားအများစုမှာ ဖြူဖျော့ပိန်လှီနေသည်။ အကျဉ်းသားများကို အုပ်စုသုံးခုခွဲကာ အုပ်စုတခုစီတွင် ဖရန်စစ္စကန်ဘုန်းတော်ကြီးတပါးစီက ရှေ့မှဆုတောင်းရင်း ရှေ့ဆက်ကြသည်။ ရုပ်ပိုင်းဆိုင်ရာအရ နွမ်းနယ်သည့် လက္ခဏာများကို ဖော်ပြနေသော်လည်း ၎င်းတို့၏မျက်နှာများတွင်မူ ရွှင်ပြနေသော၊ စိတ်အားထက်သန်နေသော အမူအရာများဖြစ်နေ၍ တီရာဇာဝါ နားမလည်နိုင်ဖြစ်နေသည်။

ဂွန်ဇိုလို ဂါစီယာ ရောက်လာချိန်တွင် အကျဉ်းသားများကို ဆုတောင်းဝတ်ပြုပေးရန် ရောက်ရှိသည့် ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီး ဖရန်စစ် ရိုဒရီဂွက် ပင်တိုကို နှုတ်ဆက်ရန် ရှေ့သို့ တက်လာသည်။ "အင်္ဂါချင်းတို့၊ ဘုရားသခင် သင်တို့နဲ့အတူ ရှိပါစေ။ ဒီနေ့မှာ အထက်ကောင်းကင်ရွှေနန်းကို သွားတော့မယ်။ ဂွန်ဇာလက်စ်ဘုန်းတော်ကြီးကိုများ နောက်တကြိမ် တွေ့ဆုံခဲ့ရင် ကျွန်ုပ်ကိုယ်စား ပွေ့ဖက်ပေးပါ။” ပြီးနောက်တွင် ဘရာသာ ဂါစီယာသည် အနီးရှိ လက်ဝါးကပ်တိုင်ဘက်သို့ မျက်နှာမူလိုက်လိုက်သည်။ “ဒါ ကျွန်ုပ်ဟာလား?” ဟု စစ်သားတဦးအား မေးလိုက်သည်။ မဟုတ်။ စစ်သားသည် ခပ်လှမ်းလှမ်းရှိ နေရာတခုဆီသို့ ထပ်မံခေါ်ဆောင်သွားသည်။ ခေါ်ဆောင်ရာသို့ ရောက်ချိန်တွင် ဂါစီယာသည် ဒူးထောက်၍ လက်ဝါးကပ်တိုင်ကို ပွေ့ဖက်လိုက်သည်။

အပိုင်း (၁၀) ဆက်ရန်


#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

ခရစ္မမတ် ဝေစာ (ကဗျာ)Print ထုတ်ကာ ဝေစာဝေလိုပါက09256116162 (Viber) သို့မဟုတ် Messenger box ကို ဆက်သွယ်နိုင်ပါတယ်  #ခရစ္စမတ...
24/12/2025

ခရစ္မမတ် ဝေစာ (ကဗျာ)
Print ထုတ်ကာ ဝေစာဝေလိုပါက

09256116162 (Viber)
သို့မဟုတ် Messenger box ကို ဆက်သွယ်နိုင်ပါတယ်


#ခရစ္စမတ်_ဝေစာ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiM၁၅၄၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် ဖရန်စ...
24/12/2025

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

၁၅၄၉ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်တွင် ဖရန်စစ် ဇေဗီယာနှင့် ယေရှုဂိုဏ်းဝင် (Society of Jesus – the Jesuits) မှ ဘုန်းတော်ကြီးနှစ်ပါးသည် ဂျပန်နိုင်ငံသို့ ခရစ်တော်၏ ဓမ္မအလင်းကို သယ်ဆောင်ရန် ရောက်ရှိလာသည်။ ဂျပန်နိုင်ငံကို "အကျွန်ုပ်နှလုံးသား နှစ်သက်ရာ ... ခရစ်ယာန်သာသနာနှင့် အလိုက်ဖက်ဆုံးသော အရှေ့ပြည်"ဟုလည်း ခေါ်ကြလေသည်။

ထိုအချိန်မှစ၍ နှစ်ပေါင်း ၅၀နီးပါးမျှ သင်းဝင်များနှင့် သာသနာပြုများ (အများအားဖြင့် ပေါ်တူဂီမှ ယေရှုဂိုဏ်းဝင်များနှင့် စပိန်မှ ဖရန်စစ်ကန် ဂိုဏ်းဝင်များ) အား ဂျပန်နိုင်ငံတွင် လွတ်လပ်စွာ နေထိုင်ခွင့်ပြုလေသည်။ သို့ရာတွင် အုပ်ချုပ်သူများအနေဖြင့် ခရစ်ယာန်သာသနာသည် ဂျပန်နိုင်ငံ၏ နိုင်ငံတော်ဘာသာနှင့် ယဉ်ကျေးမှုအတွက် ခြိမ်းခြောက်မှုတခုဖြစ်နေပြီး အုပ်ချုပ်ရေးနှင့် လုံခြုံရေးကိုပင် ထိခိုက်စေနိုင်သည်ဟု ယူဆကြလေသည်။ ၁၅၈၇ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ယေရှုဂိုဏ်းဝင်အားလုံး ဂျပန်နိုင်ငံမှ ရက်နှစ်ဆယ်အတွင်း ထွက်ခွာရမည်ဟု ဂျပန်နိုင်ငံက အမိန့်ထုတ်ပြန်လေသည်။ ထိုအချိန်တွင် ဘုရားရှိခိုးကျောင်းအချို့မှာ ဖျက်ဆီးခံရသော်လည်း သာသနာပြုများမှာ ဂျပန်နိုင်ငံမှ ထွက်ခွာခြင်းမပြုပေ။

ကုန်တင်သင်္ဘော ဆန်ဖဲလစ်ကိစ္စသည် သာသနာလုပ်ငန်းကို ဆိုးရွားစေသည်။ ၁၅၉၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် ဆန်ဖဲလစ်သည် ဂျပန်မြေပေါ်တွင် မှားယွင်းစွာ ကျောက်ချမိလေသည်။ ထိုအခါတွင် ဒေသခံ စစ်ခေါင်းဆောင် ရှိုးဂန်းက သင်္ဘောပေါ်ရှိ ကုန်ပစ္စည်း မှန်သမျှကို သိမ်းယူလိုက်သောကြောင့် ကပ္ပတိန်မှာ ကုန်ပစ္စည်းများကို ပြန်မအပ်ပါက စပိန်မှ လာရောက်တိုက်ခိုက်မည်ဟု ခြိမ်းခြောက်စကားဆိုလေသည်။ (ကပ္ပတိန်တွင် ထိုသို့ခြိမ်းခြောက်နိုင်သော အာဏာမရှိပါ)။ ဖရန်စစ်ကန် ဘုန်းတော်ကြီးများထံက ရရှိသော အချက်အလက်များကို ကိုးကား၍ စပိန်က ဂျပန်ကို အလွယ်တကူ သိမ်းပိုက်နိုင်မည်ဟု ခြိမ်းခြောက်နေခြင်းသာ ဖြစ်လေသည်။ အဆိုပါစကားကြောင့် ဂျပန်အာဏာပိုင်များသည် ဖရန်စစ်ကန် ဂိုဏ်းဝင်များကို သူလျှိုအဖြစ် သတ်မှတ်၍ ခရစ်ယာန်များကို ချေမှုန်းရန် စတင်ဦးတည်လေတော့သည်။

ဂျပန်နိုင်ငံ၏ အကြွင်းမဲ့အာဏာရှင် တိုက်ကိုးဆာမာဟု လူသိများသော တိုယိုတိုမီ ဟီဒီယိုရှီသည် ၁၅၉၆ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်တွင် ကျိုတိုမှ ခရစ်ယာန်များကို ဖမ်းဆီးရန် အမိန့်ပေးလေသည်။ ယုံကြည်ချက်ကြောင့် အသတ်ခံရမည့် သင်းဝင် ၁သန်းနီးပါးရှိသော "ကီရီရှီတန် လူမျိုးတုံးသတ်ဖြတ်မှု" စတင်ချိန် ဖြစ်လေသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း ၂၆၀ ကျော်အတွင်း ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခြင်းသည် ထိုမျှလောက် ကြီးကျယ်ခြင်း မရှိတော့ပေ။

ထိုနေ့တွင် ဖရန်စစ်ကန် ဘုန်းတော်ကြီးများ၊ ယေရှုဂိုဏ်းဝင် ဘုန်းတော်ကြီးများနှင့် သင်းဝင်စုစုပေါင်း ၂၆ဦး ပါဝင်ပြီး ၁၂နှစ်မှ ၆၄နှစ်အထိ ပါဝင်သည်။ ဂျပန် အယောက် ၂၀၊ စပိန် ၄ယောက်၊ ပေါ်တူဂီ ၁ယောက် (ပေါ်တူဂီဖခင်နှင့် အိန္ဒိယမိခင်မှ အိန္ဒိယတွင် မွေးဖွားသူ) နှင့် မက္ကဆီကန် ၁ယောက် စုစုပေါင်း ၂၆ယောက်ရှိပါသည်။ ဖမ်းဆီးခံရသူများသည် ရာဇဝတ်မှု ကျူးလွန်ထားခြင်းမရှိသော်လည်း ခြေလျင်ခရီး ရက်၃၀ခန့် သွားရမည့် နာဂါဆာကီအနီးတွင် ခရစ်တော်ကဲ့သို့ ကားတိုင်တင်ကာ အသတ်ခံရမည်ဟု ဂျပန်အာဏာပိုင်များက ဆုံးဖြတ်ကြလေသည်။ အဖမ်းခံရသူများကို နာဂါဆာကီသို့ မပို့ဆောင်မီတွင် ဘယ်ဘက်နားရွက်ကို ဖြတ်တောက်လေသည် (မူလပြစ်ဒဏ်မှာ နှာခေါင်းနှင့် နားရွက်နှစ်ဖက်စလုံး ဖြတ်တောက်ရန် ဖြစ်သည်)။

အပိုင်း (၉) ဆက်ရန်



#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

ခရစ္မမတ် ဝေစာ (ကဗျာ)Print ထုတ်ကာ ဝေစာဝေလိုပါက09256116162 (Viber) သို့မဟုတ် Messenger box, ကို ဆက်သွယ်နိုင်ပါတယ်  #ခရစ္စမ...
15/12/2025

ခရစ္မမတ် ဝေစာ (ကဗျာ)
Print ထုတ်ကာ ဝေစာဝေလိုပါက

09256116162 (Viber)
သို့မဟုတ် Messenger box, ကို ဆက်သွယ်နိုင်ပါတယ်


#ခရစ္စမတ်_ဝေစာ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMရောမပြည်ကို အုပ်စိုးသော ဆယ်ကြိမ်မြောက...
11/12/2025

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

ရောမပြည်ကို အုပ်စိုးသော ဆယ်ကြိမ်မြောက်နှင့် နောက်ဆုံးဧကရာဇ်ဖြစ်သော ဒိုင်အိုကလေရှန် နှင့် မက်ဇီမီယန်တို့ အုပ်စိုးချိန်တွင် ခရစ်ယာန်များကို ပြင်းထန်စွာ ညှဉ်းဆဲနှိပ်စက်မှုကြီး ဖြစ်ပွားလေသည်။ ထိုကာလတွင် ဂုဏ်သိက္ခာနှင့် ရဲစွမ်းသတ္တိကို လေးမြတ်သည့် အရာရှိတဦးသည် ခရစ်ယာန်များကို နှိမ်နင်းရာတွင် ရောမပြည်၏ ညွှန်ကြားချက်အတိုင်း လိုက်နာသောကြောင့် ဖိနှိပ်ညှင်းဆဲမှုမှာ ထိရောက်အောင်မြင်၍ ထင်ပေါ်ကျော်ကြားလေသည်။ ထိုပုဂ္ဂိုလ်မှာ စစ်တိုက်ရာတွင်လည်းကောင်း၊ ခရစ်ယာန်များကို ဖိနှိပ်ရာတွင်လည်းကောင်း ကျွမ်းကျင်မှုရှိသောကြောင့် ချီးမြှင့်မြှောက်စားခြင်းကို ခံရလေသည်။

တနေ့သောအခါတွင် ခရစ်ယာန်များကို နှိပ်စက်ညှဉ်းပန်းရာတွင် စိတ်အားထက်သန်လေ့ရှိသည့် အေဒရီယန်သည် သောကရောက်ရလေသည်။ နာကျင်မှုခြင်း ဆင်းရဲဒုက္ခနှင့် သေခြင်းတရားကို ရင်ဆိုင်နေရချိန်တွင်ပင် ခရစ်ယာန်များသည် သူတို့၏ အရှင်သခင်ကိုသာ သစ္စာစောင့်သိ၍ ငြိမ်သက်ခြင်းကို ရရှိခံစားလျက် ရှိနေသည်။ ဤတွင် အေဒရီယန်သည် စစ်ပွဲတိုင်းတွင် မြင်ရလေ့ရှိသော ရဲစွမ်းသတ္တိထက် ကြီးမြတ်သော ခွန်အားဗလကို မြင်တွေ့လိုက်လေသည်။

ထိုအဖြစ်အပျက်က အေဒရီယန်၏ စိတ်နှလုံးကို တို့ထိသွားလေသည်။ တနေ့တွင် ခရစ်ယာန်များကို စီရင်ချက်ချမည့် တရားသူကြီးထံသွားကာ လူအုပ်ထဲမှတဦးကို "အခုလိုမျိုး ဆင်းရဲဒုက္ခတွေ ခံစားနေရတဲ့ ကြားကနေ ဘယ်အရာကများ ခင်ဗျားတို့ကို ရဲစွမ်းသတ္တိနဲ့ ဝမ်းမြောက်ခြင်းကို ပေးနိုင်ရတာလဲ။" ဟူ၍ မေးခွန်းထုတ်လိုက်သည်။ "အကျွန်ုပ်တို့ ယုံကြည်ကိုးစားသော အရှင်ယေရှုခရစ်တော်က အဲဒီအရာတွေကို ပေးစွမ်းပါတယ်"ဟု စီရင်ချက်ချခံရမယ့်သူတဦးက ရိုးသားစွာ ပြန်လည်ဖြေကြားသည်။

အေဒရီယန်အနေဖြင့် ရုတ်တရက်ဆိုပင် တကြိမ်မျှ မမြင်ဖူးသည့် အရာကို မြင်တွေ့လိုက်ရသောကြောင့် အံ့ဩတုန်လှုပ်လေသည်။ ရောမများကို ကာကွယ်စောင့်ရှောက်နေသော နတ်ဘုရားများသည်ပင်လျှင် ဤသို့သော ရဲစွမ်းသတ္တိ၊ ခွန်အားမျိုးကို ပေးအပ်နိုင်စွမ်း မရှိချေ။ ယခုတွင် စီရင်ချက်ချခံရမည့် ခရစ်ယာန်များ ကိုးကွယ်သော ဘုရားသခင်နှင့် နှိုင်းစာလျှင် ရောမနတ်ဘုရားများမှာ အရာမဝင်တော့ပါချေ။

အေဒရီယန်သည် ချက်ချင်းဆိုသလိုပင် တန်းစီထားသော အကျဉ်းသားများ၏ ရှေ့ဆုံးသို့ သွားကာ တရားသူကြီးရှေ့၌ ရပ်လိုက်သည်။ "ကျွန်ုပ်ရဲ့ နာမည်ကိုလည်း အပြစ်ပေးခံရမယ့်စာရင်းထဲမှာ ထည့်လိုက်ပါ။ ကျွန်ုပ်လည်း ခရစ်ယာန် ဖြစ်သွားပါပြီ။" ထိုအချိန်တွင် ဧကရာဇ် ဒိုင်အိုကလေရှန်နှင့် တွဲဖက်ဧကရာဇ်အဖြစ် အမှုထမ်းနေသည့် သားတော် ဂါလေယုသည် စီရင်ခြင်းလုပ်ငန်းတွင် တက်ကြွစွာ ပါဝင်လျက်ရှိနေလေသည်။ ဂါလေယုသည် အေဒရီယန်အား ခရစ်ယာန်အဖြစ်မှ ပယ်ဖျက်ရန်နှင့် သူ၏ ယုံကြည်ချက်အတွက် ခွင့်လွှတ်ပေးရန်နှင့် တောင်းပန်စကားဆိုရန် တိုက်တွန်းသော်လည်း အေဒရီယန်အနေဖြင့် လက်ခံခြင်းမပြုပေ။ အေဒရီယန်အနေဖြင့် ရူးသွားခြင်း မဟုတ်ဘဲ မိမိ၏ ယုံကြည်ချက်အတိုင်း ပြုမူခြင်းသာဖြစ်ကြောင်း ဂါလေယုကို ပန်ကြားလေသည်။

အေဒရီယန် မသိသည်မှာ ဇနီးသည် နာတာလီယာသည် လျှို့ဝှက်စွာဖြင့် ခရစ်ယာန် ဖြစ်နေသည်မှာ အတန်ကြာပြီဖြစ်သည်။ နာတာလီယာသည် အေဒရီယန်အတွက် အမြဲစဉ် ဆုတောင်းပေးနေလေသည်။ ယခုတွင် နာတာလီယာသည် အကျဉ်းချခံရသော ခင်ပွန်းသည်ကို ကယ်တင်ခြင်းတရားနှင့် သူချစ်မြတ်နိုးသော ဘုရားသခင်အကြောင်းကို ဝေငှသက်သေခံကာ အားပေးနှစ်သိမ့်နေလေသည်။

အေဒရီယန်အမည်ဖြင့် စာရင်းသွင်းထားသော ခရစ်ယာန်စာရင်းကို မကြာမီတွင် သေဒဏ်စီရင်ချက် ချတော့မည်ဖြစ်သည်။ စီရင်ခြင်း မတိုင်မီတွင် မင်းမှုထမ်းဟောင်းတဦး ဖြစ်ဖူးသောကြောင့် နောက်ဆုံးအကြိမ် ဇနီးသည်နှင့် တွေ့ဆုံခွင့်ပြုလေသည်။ အေဒရီယန်သည် အိမ်တံခါးဝသို့ လျှောက်လာချိန်တွင် နာတာလီယာသည် ခင်ပွန်းသည်ကို သေဒဏ်မှ လွတ်မြောက်လို၍ ခရစ်တော်ကို စွန့်လွှတ်လိုက်သည်ဟု မှတ်ထင်နေသည်။ ထို့ကြောင့်လည်း အိမ်တွင်းသို့ အဝင်မခံပေ။

အေဒရီယန်အနေဖြင့် ထွက်ပြေးနိုင်သော်လည်း စီရင်ခြင်းအမှုကိုသာ ထိပ်တိုက်ရင်ဆိုင်လေသည်။ အကျဉ်းထောင်သို့ ပြန်ရောက်ချိန်တွင် ခရစ်ယာန်များမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံနေကြရသည်ကို မြင်တွေ့ရလေသည်။ လက်နှင့်ခြေကို ရောမတူများဖြင့် ရိုက်ချိုးကြလေသည်။ နှိပ်စက်ခံရသူများမှာ ဒဏ်ရာပြင်းထန်၍ သွေးထွက်လွန်ကာ သေဆုံးကုန်ကြသည်။ အေဒရီယန်အလှည့်ရောက်ချိန်တွင် ဇနီးသည်မှာ အေဒရီယန်အနေဖြင့် စိတ်အားငယ်၍ ခရစ်တော်ကို စွန့်ပယ်မိမည်ကို စိုးရွံ့မိလေသည်။ သို့သော် အေဒရီယန်သည် ခရစ်ယာန်များသာ ပိုင်ဆိုင်သည့် အစွမ်းသတ္တိဖြင့် ဆုံးခန်းတိုင်အောင် ရှင်သန်သွားလေသည်။ အေဒရီယန်အား တူဖြင့် ရိုက်နှပ်ချိန်တွင် နာတာလီယာသည် ခင်ပွန်းသည်၏ လက်နှင့် ခြေထောက်များကို တင်းတင်းကြပ် ဆုပ်ကိုင်ထားလေသည်။ နောက်ဆုံးတွင် အေဒရီယန်သည် ခရစ်ယာန်အားလုံးနှင့်အတူ အသက်စွန့်သွားလေပြီ။

မာတုရများ၏ ရုပ်ကလာပ်ကို မီးရှို့ရန် စတင်ချိန်တွင် ရုတ်တရက်ဆိုသလိုပင် မုန်တိုင်းကျကာ မွှေးထားသော မီးများမှာလည်း ငြိမ်းသွားလေသည်။ ကွပ်မျက်သူအချို့မှာလည်း မုန်တိုင်းကြားတွင် သေဆုံးကုန်သည်။ ထို့ကြောင့် မီးရှို့မည့် အစီအစဉ်ကို ဖျက်သိမ်းကာ ရုပ်အလောင်းများကို မိသားစုဝင်များထံ ပြန်လည် အပ်နှံကြသည်။ အေဒရီယန်၏ ရုပ်ကလာပ်ကို ဘိုင်ဇန်တီယမ်မြို့သို့ ရွှေ့ပြောင်းပြီး အချိန်အနည်းငယ်တွင် နာတာလီယာ၏ ရုပ်အလောင်းကိုလည်း ခင်ပွန်း၏ ဂူဗိမာန်ထက်တွင် လဲလျောင်းနေသည်ကို တွေ့ရှိကြရသည်။ နာတာလီယာသည် ခင်ပွန်းသည်၏ ဂူဗိမာန်ကို စောင့်ရှောက်ရင်း သေဆုံးသွားခြင်း ဖြစ်လေသည်။

အေဒရီယန်၏ စွန့်လွှတ်ပေးဆပ်မှုသည် ၁၈ ရာစုတည်းကပင်ရှိ၍ ယနေ့တိုင်အောင် စံနမူနာထားခြင်း ခံရသည်။ ထိုကာလများတွင် အေဒရီယန်ကို စစ်သည်တော်များကို စောင့်ရှောက်သည့် သူတော်စင် (patron saint) ဟူ၍ ခေါ်ဆိုကြလေသည်။

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ (၁ကော ၁၃း၄-၇)

အပိုင်း (၈) ဆက်ရန်



#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

အမေ့အိမ်အလွမ်းခရစ္စမတ်ကာလသည် ကမ္ဘာတဝန်းလုံး ပျော်ရွှင်ခြင်း၊ ဆုတောင်းခြင်းနှင့် မိသားစုများ ပြန်လည်ဆုံဆည်းခြင်းတို့ဖြင့်...
11/12/2025

အမေ့အိမ်အလွမ်း
ခရစ္စမတ်ကာလသည် ကမ္ဘာတဝန်းလုံး ပျော်ရွှင်ခြင်း၊ ဆုတောင်းခြင်းနှင့် မိသားစုများ ပြန်လည်ဆုံဆည်းခြင်းတို့ဖြင့် ပြည့်နှက်နေသည့် အချိန်အခါ ဖြစ်ပါသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ချစ်ရသောသူများနှင့် ဝေးကွာနေရသူများ၊ အမေ့အိမ်အလွမ်း ဓာတ်ခံရှိနေသူများအတွက်မူ ဤပွဲတော်ကာလသည် ရင်ထဲတွင် လွမ်းဆွတ်ခြင်း၊ အထီးကျန်ခြင်းဟူသည့် ခံစားချက်ကိုလည်း တပြိုင်နက် သယ်ဆောင်လာတတ်ပါသည်။ ဤသို့ ရင်ထဲမှာ ဟာတာတာနှင့် တခုခု လိုနေသလို ခံစားနေရသော ညီအစ်ကိုမောင်နှမများအတွက် သခင်ဘုရား၏ နှစ်သိမ့်ခြင်းစကားတော်ကို ခံယူကြပါစို့။

ဘုန်းတော်ကို စွန့်ခွာခဲ့သူ
ကျွန်ုပ်တို့၏ မြေကြီးအိမ်ကို လွမ်းဆွတ်စိတ်နှင့် ဝေးကွာနေရခြင်းကို အပြည့်အဝ နားလည်နိုင်သူမှာ သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပင် ဖြစ်ပါသည်။ ကိုယ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအိမ်တော်ကို စွန့်ခွာပြီး၊ ကျွန်ုပ်တို့ကဲ့သို့သော လူသားများနှင့် အတူရှိရန် နှိမ့်ချစွာ ဤယာယီကမ္ဘာမြေသို့ မွေးဖွားခြင်း ခံယူခဲ့ရသူ ဖြစ်ပါသည်။
ဗက်လင်မြို့၏ တည်းခိုခန်းမရှိသည့် ည၊ အစာခွက်ထဲတွင် မွေးဖွားရသည့် အဖြစ်သည် ခမည်းတော်နှင့် ခဏတာ ဝေးကွာခြင်း၊ ဘုန်းအသရေကို စွန့်လွှတ်ခြင်းဟူသည့် အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ အိမ်လွမ်းစိတ်၊ လမ်းပျောက်နေသလို ခံစားရခြင်းတို့ကို နားလည်ကာ၊ ထိုခံစားချက်များမှ ကျွန်ုပ်တို့ကို ရွေးနှုတ်ကယ်တင်ရန် အိမ်နှင့်ဝေးသည့် လမ်းကို ဦးစွာ လျှောက်လှမ်းခဲ့သူ ဖြစ်ပါသည်။

ထာဝရအိမ်တော်၏ ကတိတော်
ကျွန်ုပ်တို့၏ ဤမြေကြီးပေါ်က 'အိမ်လွမ်းခြင်း' ခံစားချက်သည် ကျွန်ုပ်တို့၏ စိတ်ဝိညာဉ်က အမှန်တကယ် ထာဝရအိမ်တော်ကို တမ်းတနေခြင်း၏ သက်သေပင် ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤလောကတွင် အမြဲနေထိုင်ရန် ဖန်ဆင်းထားခြင်းမဟုတ်ဘဲ၊ ကိုယ်တော်နှင့်အတူ ထာဝရအသက်ရှင်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
သခင်ယေရှုက "သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ခြင်း​ငှာ ငါ​သွား​ရ၏။ ငါ​သည်​သွား၍ သင်​တို့​နေ​စ​ရာ​အ​ရပ်​ကို ပြင်​ဆင်​ပြီး​မှ တစ်​ဖန်​လာ​ပြန်၍၊ ငါ​ရှိ​ရာ​အ​ရပ်၌ သင်​တို့​ရှိ​စေ​ခြင်း​ငှာ သင်​တို့​ကို ငါ့​ထံ​သို့ သိမ်း​ဆည်း​မည်။" (ယောဟန် ၁၄:၂-၃) ဟု ရှင်းရှင်းလင်းလင်း ကတိပြုခဲ့ပါသည်။
ခရစ္စမတ်သည် ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့အတွက် အမေ့အိမ်၏ နွေးထွေးမှုထက် သာလွန်သော၊ ထာဝရခမည်းတော်၏ မေတ္တာနှင့် ပြည့်စုံသည့် အိမ်တော်တခု ရှိနေကြောင်း အာမခံချက်ပေးသော နေ့ရက် ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာမြေပေါ်က ယာယီခရီးသည်များ ဖြစ်သည်ကို သတိရပါ။

ယနေ့ ည ခရစ္စမတ်ကာလတွင် အိမ်နှင့်ဝေးနေသူ၊ စိတ်အားငယ်နေသူ အားလုံးကို ကွယ်ကာနှစ်သိမ့်ပေးတော်မူပါ အဖဘုရား။
အို အဖဘုရား၊ ကျွန်ုပ်တို့၏ လွမ်းဆွတ်စိတ်ဖြင့် မျက်ရည်ကျသံကို ငဲ့စောင်းကြည့်ပါ။ ကိုယ်တော်သည် ငြိမ်သက်ခြင်းအရှင်ဖြစ်ပါသည်။ ကိုယ်တော်၌ ခိုလှုံသူသည် လုံခြုံခြင်းအခွင့်ကို ရရှိပါသည်။ ကိုယ်တော်၏ ကျွန်ုပ်တို့၏ အိမ်ဖြစ်ပါသည်။ ကိုယ်တော်၏ ဖွားမြင်ခြင်းအားဖြင့် ခံစားရသော ငြိမ်သက်ခြင်း ဆုကျေးဇူးမင်္ဂလာ၊ ပျော်ရွှင်ခြ မင်္ဂလာအပေါင်းတို့သည် ကျွန်ုပ်တို့၏ ဝိညာဉ်ကို မြဲမြံစေပါသော်။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။


#အမေ့အိမ်အလွမ်း

ခရစ္စမတ်ခေါင်းလောင်းသံခရစ္စမတ်လရဲ့ အေးမြတဲ့လေညင်းနဲ့အတူ ကြားနေရတဲ့ ခေါင်းလောင်းသံဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်ပ...
10/12/2025

ခရစ္စမတ်ခေါင်းလောင်းသံ
ခရစ္စမတ်လရဲ့ အေးမြတဲ့လေညင်းနဲ့အတူ ကြားနေရတဲ့ ခေါင်းလောင်းသံဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်ပါသလဲ။ ရင်ထဲမှာ ငြိမ်းချမ်းခြင်းနဲ့ ဝမ်းမြောက်ခြင်းကို ဖိတ်ခေါ်နေတဲ့ ဒီအသံဟာ ရိုးရိုးပွဲတော်အသံမဟုတ်ဘဲ၊ ကမ္ဘာမြေကို ဘုရားသခင်ရဲ့မေတ္တာတော် ဆင်းသက်လာကြောင်း ကြေညာနေတဲ့ ဝိညာဉ်ရေးရာ ပဲ့တင်သံပဲ ဖြစ်ပါတယ်။ ဤခေါင်းလောင်းသံတိုင်းဟာ ကျွန်ုပ်တို့အတွက် ဘုရားရှင်ရဲ့ မကြုံစဖူးသော စွန့်လွှတ်အနစ်နာခံမှုကို အမြဲသတိပေးနေပါသည်။

လူသားအားလုံးအတွက် အကြီးမြတ်ဆုံးသောသတင်းကောင်းကို ကောင်းကင်တမန်က "လူ​အ​ပေါင်း​တို့​သည် အ​လွန်​ဝမ်း​မြောက်​ဝမ်း​သာ​စ​ရာ သ​တင်း​ကို ငါ​သည်​သင်​တို့​အား ကြား​ပြော​ရ၏။ ယ​နေ့​တွင် ဒါ​ဝိဒ်၏​မြို့၌ သ​ခင်​ခ​ရစ်​တော်​တည်း​ဟူ​သော ကယ်​တင်​သော​အ​ရှင်​သည် သင်​တို့​အ​ဖို့​အ​လို​ငှာ ဖွား​မြင်​ခြင်း​ကို ခံ​တော်​မူ​ပြီ။" ရှင်လုကာခရစ်ဝင်ကျမ်း ၂:၁၀-၁၁ မှာ ကြေညာခဲ့ပါတယ်။ ဘုရားသခင်ကိုယ်တိုင် လူ့ဇာတိခံယူပြီး ကျွန်ုပ်တို့ကြားမှာ နေထိုင်ခဲ့တဲ့အတွက်၊ အထီးကျန်ခြင်းနဲ့ စိုးရိမ်ပူပန်ခြင်းတို့ကြားမှာ မျှော်လင့်ခြင်းအသစ်ကို ပေးစွမ်းခဲ့ပါတယ်။ ခေါင်းလောင်းသံတွေဟာ ကောင်းကင်ဘုံနဲ့ မြေကြီးဆက်သွယ်သွားတဲ့ ဒီအံ့ဖွယ်ဖြစ်ရပ်ကို ဂုဏ်ပြုနေကြခြင်း ဖြစ်ပါတယ်။ ကျွန်ုပ်တို့ကို ချစ်လွန်းလို့ ကိုယ်တော်တိုင် ဆင်းကြွလာတယ်ဆိုတဲ့ အသက်တာကို ပြောင်းလဲစေနိုင်တဲ့ အမှန်တရားကို ခရစ္စမတ်ခေါင်းလောင်းသံက အမြဲထပ်လောင်း အတည်ပြုပေးနေခြင်းဖြစ်ပါတယ်။

ဒီဇင်ဘာရဲ့ ဘဝခရီးကြမ်းမှာ ခရစ္စမတ်ရဲ့ အပြင်ပန်း ဆူညံခြင်းထက် ဘုရားသခင်ပေးတဲ့ ငြိမ်သက်ခြင်းကို အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးထဲမှာလည်း ငြိမ်သက်ခြင်း ကျေးဇူးတော်ရဲ့ ခေါင်းလောင်းသံကို ကြားနိုင်ဖို့ ဆန္ဒပြုရပါမယ်။ အမှန်တကယ် ခရစ္စမတ်စိတ်ထား ရှိတယ်ဆိုရင် ခရစ်တော်ပေးသနားတော်မူတဲ့ မေတ္တာတော်ကို အခြားသူတွေကို ဆက်လက်ဖြန့်ဝေရပါမယ်။ ခွင့်လွှတ်ခြင်း၊ ဖေးမကူညီခြင်းတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့သားသမီးတွေအနေနဲ့ ခရစ်တော်ရဲ့ ကယ်တင်ခြင်းသတင်းကောင်းကို ကြားပြောရမှာဖြစ်ပါတယ်။

မေတ္တာရှင် အဖဘုရား... ခရစ္စမတ်ရဲ့ အလှတရား၊ ခေါင်းလောင်းသံနဲ့ သင့်ရဲ့ အံ့ဖွယ်ကယ်တင်ခြင်းတို့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးဟာ ကိုယ်တော်ရဲ့ မွေးဖွားခြင်းသတင်းကြောင့် အမြဲတမ်း ဝမ်းမြောက်ခြင်းနဲ့ ငြိမ်သက်ခြင်းကို ခံစားနေရပါစေ။ ကျွန်ုပ်တို့ကြားမှာ ပဲ့တင်ထပ်နေတဲ့ ခေါင်းလောင်းသံကဲ့သို့ ကျွန်ုပ်တို့ရဲ့ အသက်တာကို အခြားသူတွေအတွက် ချစ်ခြင်းမေတ္တာပြနိုင်ဖို့ လမ်းပြပေးနိုင်တဲ့သူ ဖြစ်စေပါအဖ။ သခင်ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမင်။


#ခရစ္စမတ်ခေါင်းလောင်းသံ

အကောင်းဆုံး လက်ဆောင်ထုပ်လေးလို ဖွင့်ကြည့်ရမယ့်ဒီနှစ်ရဲ့ အနွေးထွေးဆုံး ခရစ္စမတ် ပျော်ရွှင်မှုတွေကို ရယူလိုက်ပါဟေး... ဒီဇင...
09/12/2025

အကောင်းဆုံး လက်ဆောင်ထုပ်လေးလို ဖွင့်ကြည့်ရမယ့်
ဒီနှစ်ရဲ့ အနွေးထွေးဆုံး ခရစ္စမတ် ပျော်ရွှင်မှုတွေကို ရယူလိုက်ပါ

ဟေး... ဒီဇင်ဘာလရဲ့ အေးစက်စက် လေညှင်းလေးတွေ တိုက်ခတ်လာပြီဆိုတော့ ခရစ္စမတ်အချိန် ရောက်လာပြီနော်။ လမ်းမပေါ်မှာ မီးရောင်စုံလေးတွေ တဖျတ်ဖျတ်လက်၊ ချိုသာတဲ့ သီချင်းသံလေးတွေ ကြားရတော့ တကယ်ကို စိတ်ကြည်နူးစရာကောင်းတယ်။
အိမ်တိုင်းမှာ ခရစ္စမတ်သစ်ပင်လေးတွေ တည်ဆင်နေကြပြီ။ ကိုယ်တို့ရဲ့ နှလုံးသားထဲမှာလည်း ပျော်ရွှင်စရာ ခံစားမှုအပြည့်နဲ့ နွေးထွေးနေပြီပေါ့။

ခရစ္စမတ်ဆိုတာ လက်ဆောင်ပစ္စည်းတွေ ဖလှယ်တာထက် ပိုပါတယ်။
အဲဒါဟာ မျှော်လင့်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတရားကို ဝေမျှပေးဖို့ အကောင်းဆုံး အချိန်လေးပါ။
ဒီနှစ်ရဲ့ အကောင်းဆုံး ခရစ္စမတ်သတင်းကောင်းက ဘာလဲသိလား။
အဲဒါက ပျော်ရွှင်မှုဟာ ကိုယ်တို့ရဲ့ အနီးဆုံးမှာ အမြဲရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

ဒီလို အားလပ်ရက် အချိန်အခါမျိုးမှာ ကိုယ့်အနားက ချစ်ရတဲ့သူတွေကို ပိုပြီး အချိန်ပေးကြည့်ပါ။
အလုပ်များနေတဲ့ကြားကနေ ဖုန်းလေးတစ်ချက်ခေါ်ပြီး "ချစ်တယ်နော်" လို့ ပြောကြည့်ပါ။
အရင်က အမှတ်တရတွေ များခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းလေးတွေကို သတိရပေးပါ။
ခရစ္စမတ်ရဲ့ အနှစ်သာရဟာ ပေးကမ်းခြင်းဖြစ်သလို၊ ကိုယ့်ရဲ့ စေတနာနဲ့ ချစ်ခြင်းမေတ္တာကို ပေးဆပ်ခြင်းက အကောင်းဆုံး လက်ဆောင်ဖြစ်ကြောင်း ယုံကြည်စေချင်ပါတယ်။
ကိုယ့်ရဲ့ ရိုးသားတဲ့ မေတ္တာစကားလေး တခွန်းဟာ တဖက်လူအတွက် ကြီးမားတဲ့ အားအင်နဲ့ နွေးထွေးမှုကို ဖန်တီးပေးနိုင်ပါတယ်။

ကဲ... ကိုယ့်ဘဝရဲ့ အနွေးထွေးဆုံး၊ အချိုမြိန်ဆုံး ခရစ္စမတ် အမှတ်တရတွေကို အတူတူ ဖန်တီးလိုက်ရအောင်နော်။
ခရစ္စမတ်ရဲ့ အလင်းရောင်နဲ့ ငြိမ်းချမ်းရေးက ကိုယ့်ရဲ့ နှလုံးသားထဲမှာ အမြဲတမ်း တောက်ပနေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ပျော်ရွှင်စရာ ခရစ္စမတ်ပွဲတော်လေး ဖြစ်ပါစေ။


#မေတ္တာမီးအိမ်_ထွန်းညှိကာ_နှလုံးသားများ_နွေးထွေးစေပါ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMဗာနဗသည် အများအကြိုက် လိုက်သူမဟုတ်ပေ။ ...
06/12/2025

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

ဗာနဗသည် အများအကြိုက် လိုက်သူမဟုတ်ပေ။ ခေတ်ရေစီးအတိုင်း အလျင်းသင့် မြောပါသော စိတ်ဓာတ်လည်း ရှိသူမဟုတ်ပေ။ သူ၏ လှော်တတ်ဖြင့် ကိုယ်ပိုင်ရွက်လှေကို လှော်ခတ်သူဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ရေစီးကြောင်းထဲသို့ ရောက်ရှိအောင် လှော်ခတ်သူဖြစ်လေသည်။ သာသနာခရီးအတွက်ဆိုလျှင် တကိုယ်တည်း
ရုန်းကန်နေရလျှင်ပင် နောက်မဆုတ်တမ်း လှော်ခတ်သူ ဖြစ်သည်။ သူ၏ ဘဝရပ်တည်ချက်သည် အတိတ်ဖြစ်ရပ်များပေါ်တွင် အခြေခံထားခြင်းမရှိဘဲ နှလုံးသားမှ စီးကျလာသော သက်သေခံချက်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မည်မျှ ကိုက်ညီမှုရှိသည် ဆိုခြင်းအပေါ်တွင်သာ မူတည်လေသည်။ အခြားသူများ၏ အမြင်တွင် လမ်းပျောက်သူ၊ ရန်ဘက်အဖြစ် ရှုမြင်သည့်အခါတွင်လည်း ဗာနဗသည် အားပေးတိုက်တွန်းမှု လိုအပ်နေသော ခရစ်တော်၌ ညီအစ်ကို၊ မောင်နှမအနေဖြင့်သာ ရှုမြင်သည်။ ဗာနဗသည် အပယ်ခံများဘက်တွင် ရပ်တည်၍ခြင်းအားဖြင့် သူတို့၏ ကိုယ်ပိုင်ဘဝတွင် ပိုမို အံ့ဩကြီးမားဖွယ်သော အရာများကို သိမြင်နိုင်ရန်လည်း အားပေးထောက်မတတ်လေသည်။

မိမိကိုယ်ကို အရည်အသွေးမြှင့်တင်ခြင်းဖြင့် အောင်မြင်မှုကို ဆွတ်ခူးနေသော ကမ္ဘာကြီးတွင် ဗာနဗကဲ့သို့ ပုဂ္ဂိုလ်များမှာ များမည်မထင်။ ကျွန်ုပ်တို့ထဲမှ မည်သူသည် မိမိကိုယ်တိုင်ထက် ပိုမိုကြီးမားသော အရေးအရာများကို ဆောင်ရွက်ရန် အနီးဝန်းကျင်ရှိ အခြားသူများကို ကူညီမစရန်နှင့် ခရစ်တော်၏ ဒေသနာများအား လိုက်နာကျင့်သုံးသောကြောင့် လူကြိုက်နည်းသူနှင့် မိတ်ဆွေဖွဲ့ရန် ဆန္ဒရှိပါမည်နည်း။

သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။
(၁ ပေတရု ၁း၂၂)

အပိုင်း (၇) ဆက်ရန်



#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်းယေရှုကို ကိုးစားသူ - ဒီစီ တော့ဘာသာပြန် - KiMသူတို့ ဒီမှာထို​အ​ခါ တ​ပည့်​တော်​တို့...
04/12/2025

သမ္မာတရားကို အဘယ်ကြောင့် ရှာဖွေရပါသနည်း
ယေရှုကို ကိုးစားသူ - ဒီစီ တော့
ဘာသာပြန် - KiM

သူတို့ ဒီမှာ

ထို​အ​ခါ တ​ပည့်​တော်​တို့​နှင့် ပ​ရိသတ်​များ​ကို ခေါ်​တော်​မူ​ပြီး​လျှင်၊ အ​ကြင်​သူ​သည် ငါ၌​ဆည်း​ကပ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။ အ​ကြင်​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​ခြင်း​ငှာ အ​လို​ရှိ၏။ ထို​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ အ​ကြင်​သူ​သည် ငါ့​ကြောင့်​လည်း​ကောင်း၊ ဧ​ဝံ​ဂေ​လိ​တ​ရား​ကြောင့်​လည်း​ကောင်း အ​သက်​ရှုံး၏။ ထို​သူ​သည် မိ​မိ​အ​သက်​ကို ကယ်​ဆယ်​လိမ့်​မည်။ (ရှင်မာကု ခရစ်ဝင်ကျမ်း ၈း၃၄-၃၅)

“မရူးစမ်းပါနဲ့ ယောသပ်ရ။ ဒီလူက လူသတ်သမား။ သူလျှို။ ငါတို့ဆီကိုလာပြီး သတေဖန်ကိုလုပ်သလိုမျိုး နာမည်စာရင်းလာ ကောက်မယ်။ ယေရှုနာမကိုသုံးပြီး တရားဟောတဲ့သူတိုင်းကို တရားစီရင်ဖို့ ကောင်စီကို စာရင်းသွားပေးမယ်။ ခရစ်ယာန်တိုင်းကို နှိပ်ကွပ်ဖို့ ဝန်မလေးတဲ့သူမျိုး။ ဘာပဲဖြစ်ဖြစ် သူ့ကို ဒီနေရာကို လာခွင့်မပြုနဲ့...။ ညီအစ်ကို ဗာနဗ၊ မင်းမှာ စိတ်နှလုံးကောင်းရှိတာကို သိပါတယ်။ ဒါပေမယ့် ဒီကိစ္စမှာတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ့်ကိစ္စကိုတော့ မျက်စိလျင်လျင်နဲ့ ကြည့်တတ်ရမယ်။ ဒီရိပ်မြုံကို ရှောလုခြေချခွင့် မပြုပေးနိုင်ဘူး။ ညီအစ်ကိုပေတရု၊ ဒီကိစ္စမှာ ခင်ဗျားရဲ့ ဦးဆောင်မှုကို နာခံပါ့မယ်။ ကျွန်တော်တို့ဆီကို မလိုလားအပ်တဲ့ ပြဿနာ မကြုံရလေအောင် ဗာနဗကို ပြောကူပေးပါ။”

ပေတရုသည် ယောသပ်ဘက်ကို ခေါင်းငဲ့လိုက်သည်။ ပထမဆုံးသော အသင်းတော်၏ သင်းဝင်များက ယောသပ်ကို ညီအစ်ကိုများအား အမြဲတမ်း တိုက်တွန်းအားပေးတတ်သောကြောင့် “နှစ်သိမ့်စေသူ” ဟု အမည်ပေးထားကြသည်။ ဗာနဗသည် ရှောလုကို လက်ခံခြင်းမပြုရန် အဆိုသွင်းလာသော စကားများကြောင့် စိတ်မသက်မသာ ဖြစ်နေသော်လည်း ရှောလုနှင့် ပတ်သက်သော သူ၏ ထင်မြင်ချက်ကို ဖွင့်ပြောရန် လိုအပ်နေကြောင်းကို ပေတရု သဘောပေါက်လေသည်။ "ညီအစ်ကိုဗာနဗ၊ နောက်ထပ် ပြောစရာတွေ ရှိသေးလား။"

"ကျွန်တော့်ဘဝမှာ ယေရှုကို မိမိရဲ့ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဝိညာဉ်ရေးရာ အပြောင်းအလဲကို ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ ညီအစ်ကိုပေတရု၊ ခင်ဗျားကြုံရတဲ့ အတွင်းဝိညာဉ် ပြောင်းလဲခြင်းကို ကျွန်တော်သိပါတယ်။ ညီအစ်ကိုဣဇက်၊ ခင်ဗျားရဲ့ ဘဝမှာရော၊ ဒီနေ့ ဒီနေရာမှာရှိတဲ့ ကျန်တဲ့ယုံကြည်သူတွေရဲ့ ဘဝမှာပါ ဖြစ်ပေါ်လာတဲ့ အတွင်းဝိညာဉ်ရေးရာ အပြောင်းအလဲ ဖြစ်တဲ့ကိစ္စကို ကျွန်တော် အသေအချာသိပါတယ်။ ယေရှုနာမကို အသုံးပြုရင် ဝိညာဉ်ကယ်တင်ခြင်း ရမယ်လို့ ခရစ်တော်ကိုယ်တိုင် သွန်သင်ခဲ့တယ်မလား။ ရှောလုက ဒမာသက်မြို့ကို သွားတဲ့လမ်းမှာ ထမြောက်တော်မူတဲ့ ယေရှုခရစ်နဲ့ တွေ့ဆုံခဲ့တယ်။ ယေရှုနာမကိုလည်း တိုင်တည်ခဲ့တယ်။ သတေဖန်ကို ကျောက်ခဲနဲ့ ပစ်ပေါက်ကြသူတွေရဲ့ အဝတ်ကို ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘဲ ဒီတိုင်းရပ်ကြည့်နေရတဲ့ချိန်မှာ အဝတ်ကို ကိုင်ပေးတဲ့သူကို ကျွန်တော် ကောင်းကောင်းကြီးသိတယ်။ ယေရှုဟာ မေရှိယဖြစ်ကြောင်း ဒမာသက်မြို့က ဂျူး၊ ဂရိတွေနဲ့အပြိုင် ဆွေးနွေးငြင်းခုံတဲ့သူကို ကျွန်တော်သိတယ်။ အပြင်ပန်းကတော့ အကျင့်သီလကို စောင့်စည်းရတဲ့ ဂျူး(လူဟောင်း)ပါ။ ရှောလုဟာ ညှဉ်းပန်းနှိပ်စက်သူ မဟုတ်တော့ပါဘူး။ အတွင်းသဘောမှာ လူသစ်ဖြစ်နေပါပြီ။ ခရစ်တော်၌ ညီအစ်ကိုဖြစ်နေပါပြီ။ အမှန်တော့ ရှောလုဟာ သူ့ရဲ့ သက်သေခံချက်နဲ့အတူ ခရစ်တော်အကြောင်းကို ရဲရဲရင့်ရင့် ဟောကြားတာကြောင့် မလိုလားအပ်တဲ့ အန္တရာယ်ကို စိုးရိမ်ရလို့ ဒမာသက်မြို့ကနေ ထွက်ခွာရခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော်တို့က ဇာတိသဘောထားကို မကျော်လွန်နိုင်ဘဲ ယေရှုက ရှောလုနှလုံးသားကို ဒမာသက်မြို့မှာ ပြောင်းလဲပေးခဲ့တာကိုမှ လက်မခံနိုင်ဘူးဆိုရင် ယေရှုရဲ့ အသေခံခြင်းနဲ့ သတေဖန်ရဲ့ ခွင့်လွှတ်ခြင်းက ဘာအကျိုးရှိတော့မှာလဲ"

အခန်းထဲမှာ တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ပေတရုက အားလုံးကိုယ်စား စကားဆိုလိုက်ပါသည်။ "ညီအစ်ကိုဗာနဗ၊ မင်းရဲ့စကားတွေက အမြဲတမ်း ငါ့နှလုံးသားတည့်တည့်ကို လာထိပါတယ်။ သူ့နာမကို တိုင်တည်ပြီး မိဿဟာရပြုတာကို ငြင်းဆန်မှာမဟုတ်ဘူးလို့ ယေရှုကိုယ်တိုင်မိန့်ခဲ့တဲ့အတိုင်း မင်းတို့အနေနဲ့ ရှောလုကို ငြင်းဆန်ဝံ့ကြလား။”

ပေတရုသည် ဘေးဘီဝဲယာကို ကြည့်လိုက်ချိန်တွင် မည်သူတစ်ဦးတယောက်မျှ သူနှင့်မျက်လုံးချင်း မဆိုင်ကြသော်လည်း သူ၏သဘောထားကိုမူ သဘောတူပါကြောင်း ခေါင်းညိတ်ကာ ထောက်ခံကြလေသည်။ ယေရှု၏ မိန့်မှာချက်ကို ငြင်းဆန်ခြင်းသည် အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းထက် ပို၍ အန္တရာယ်ကြီးမားကြောင်းကို ကောင်းစွာ သဘောပေါက်ကြလေသည်။

ဗာနဗ၏ အဆိုအတိုင်းပင် ပေါလုဖြစ်လာမည့် ရှောလုကို "တိုက်တွန်းခွန်အားပေးသူ" ဗာနဗက ဂျေရုရှလင်ရှိ အသင်းတော်၏ ညီအစ်ကိုတစ်ဦးအဖြစ် စ၍လက်ခံလေသည်။

ထို့နောက်တွင် ဗာနဗသည် ရှောလုနှင့်အတူ သာသနာခရီးထွက်ကာ တိုက်တွန်းခွန်အားပေးခြင်းအမှုကို ဆက်လက် လုပ်ဆောင်လေသည်။ ရှုရိပြည်၊ အန္တိအုတ်မြို့တွင် ခရစ်တော်၏ ကယ်တင်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို သွန်သင်ဆွေးနွေးကြရာ ခရစ်တော်ကို ယုံကြည်လက်ခံသူများအနေဖြင့် အန္တိအုတ်မြို့ရှိ အသင်းတော်၏ သင်းဝင်များသည် သူတို့ကိုယ်သူတို့ "ကနဦး ခရစ်ယာန်၊ ခရစ်တော်ကို မေရှိယအဖြစ် သက်ဝင်ယုံကြည်သူ” ဟု စတင်ခေါ်ဝေါ်လာကြသည်။ ရှင်ပေါလုသည် ဂျေရုရှလင်ရှိ ညီအစ်ကိုများကို ခရစ်ယာန်ဘာသာသည် ဂျူးဘာသာ၏ ဂိုဏ်းခွဲတစ်ခုအဖြစ် ဓမ္မဟောင်းကျမ်း၏ ပညတ်ချက်တိုင်းကို လိုက်နာကျင့်ကြံပြီး ယေရှုခရစ်ကို ထပ်မံဖြည့်စွက်ခြင်းသာ မဟုတ်ဘဲ ယေရှုသည် ဘုရားသခင်နှင့် တစ်လုံးတဝတည်းရှိ၍ ဂျူးတို့၏ ပဋိညာဉ်ဟောင်းကို ခရစ်တော်အားဖြင့် ပဋိညာဉ်သစ်အဖြစ် ပြောင်းလဲခြင်းဖြစ်ကြောင်း၊ ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဝိညာဉ်တော်၌ အသက်ရှင်ခြင်းတွင် ပညတ်တရားကို ကျော်လွန်သည့် အသက်တာသို့ ပြောင်းလဲခြင်းဖြစ်ကြောင်း နားချရန် ဂျေရုရှလင်သို့ ပြန်လာချိန်တွင်လည်း ဗာနဗသည် အားပေးထောက်မလေသည်။

ဗာနဗသည် အပြောအဟောကောင်းသူဖြစ်ပြီး စိတ်အားထက်သန်မှုရှိသောကြောင့် ပေါလုထက် ဦးစားပေး ရွေးချယ်ခံရသော်လည်း ဘုရားသခင်သည် ပေါလုကို ဦးစားပေး ခေါ်ဆောင်သောအခါတွင် ညည်းညူခြင်းမရှိဘဲ ကျရာနေရာတွင် ဘုရားအမှုတော်ကို ထမ်းရွက်လေသည်။ ဗာနဗသည် ရာထူးအရိုက်အရာထက် ပေါလု၏ဘဝတွင် ဘုရားသခင်၏ မဟာစေခိုင်းချက် ပြည့်စုံလာခြင်းကို မြင်တွေ့ခွင့်ရရန်သာ စိတ်စောနေလေသည်။

ဗာနဗ၏တူဖြစ်သူ ယောဟန် မာကုသည် ပထမဆုံး သာသနာပြုခရီးစဉ်တွင် အခက်အခဲ၊ အဆင်မပြေမှုများလာသောအခါတွင် ပေါလုနှင့်ဗာနဗကို စွန့်ခွာခဲ့သော်လည်း နောင်တရပြီး ဒုတိယခရီးစဉ်တွင် ပြန်လည်လိုက်ပါခွင့်ပြုရန် တောင်းဆိုရာတွင် ပေါလုသည် လက်မခံသော်လည်း ဗာနဗသည် ဂျေရုရှလင်ရှိ ညီအစ်ကိုများရှေ့တွင် ပေါလုကို ဆုပ်ကိုင်ခဲ့သကဲ့သို့ ယောဟန် မာကုကို ဆက်လက် ဆုပ်ကိုင်ထားလေသည်။ ဆက်လက်ဖက်တွယ် လေသည်။

ထို့ကြောင့်လည်း ဗာနဗနှင့်ပေါလုသည် သာသနာလုပ်ငန်းကို မတူညီသော လမ်းကြောင်းဖြင့် အစေခံကြလေသည်။ ပေါလုသည် သိလနှင့်အတူ ရှုရိပြည်နှင့် ကိလိကိပြည်သို့ ဦးတည်ပြီး၊ ဗာနဗနှင့် ယောဟန်မာကုသည် ကုပရုကျွန်းသို့ ကြွချီသည်။ ဆက်လက်၍ ဗာနဗသည် ယောဟန်မာကုကို ပေတရုနှင့်အတူ သာသနာခရီးထွက်ရန် တိုက်တွန်းအားပေးခဲ့သေးသည်။

ကုပရုကျွန်းသားဖြစ်သော ဗာနဗသည် ထိုနေရာ၌ပင် အခြေချကာ ခရစ်တော်အကြောင်းကို ဟောပြောသွန်သင်နေလေသည်။ ဗာနဗ၏ သွန်သင်ချက်အတိုင်း လိုက်နာကျင့်ကြံသူများမှာ တဖြည်းဖြည်း များလာသောကြောင့် ဂျူးနတ်ဆရာတစ်ဦးနှင့် အချင်းများရသည်။ ဗာနဗ၏ သွန်သင်ဟောပြောချက်များသည် မှော်အတတ်ကို မကြောက်ရွံ့စေခြင်းကြောင့် နတ်ဝင်သည်မှာ လုပ်ငန်းမတွင်ကျယ်တော့ဘဲ နောက်လိုက်နောက်ပါများ ဆုံးရှုံးနေတော့သည်။ ထို့ကြောင့်လည်း ခရစ်ယာန်မဟုတ်သူများကို ဗာနဗအား ဆန့်ကျင်ရန် စည်းရုံးလှုံ့ဆော်တော့သည်။ ဤသို့နှင့် ဗာနဗအား မမှန်သော စွပ်စွဲချက်တစ်ခုဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထောင်ချခိုင်းတော့သည်။

ဗာနဗကို တရားသူကြီးက အပြစ်ကင်းကြောင်း သိရှိပြီး လွှတ်ပေးမည်ကို စိုးရိမ်သောကြောင့် ဂျူးနတ်ဆရာနှင့် အပေါင်းအပါများသည် ထောင်ကို စီးနင်းဝင်ရောက်ပြီး ဗာနဗ၏ လည်ပင်းတွင် ကြိုးပတ်ကာ မြို့ပြင်သို့ တရစပ်ဆွဲ၍ မီးရှို့သတ်ဖြတ်ကြလေသည်။

အပိုင်း (၆) ဆက်ရန်



#ဘာသာပြန်_စာပေ #ခရစ်ယာန်စာပေ

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959956248876

Alerts

Be the first to know and let us send you an email when Devoship Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Devoship Journal:

Share

Devoship Journal

ပါရုံ (Vision)

ကလောင်စွမ်းရည်ဖြင့် ခရစ်တော်၏တိုင်းနိုင်ငံအကြောင်းအား သိရှိစေရန်

ရည်ရွယ်ချက် (Mission)

၁။ ၀ိညာဉ်သဘောရှိသော၊ လက်တွေ့ကျသော၊ ခံစားနားလည်နိုင်သော ခရစ်ယာန်စာစောင် ဖြစ်ထွန်းရေး