18/02/2022
COLOR CORRECTION
ပထမဦးဆုံးအနေနဲ့ Color ချိန်ခြင်းမှာ လူတွေယခုအချိန်ထိရောထွေးနေတဲ့ Title နှစ်ခုဖြစ်တဲ့ Color Correction နဲ့ Color Grading ကိုရှေ့ပြေးအနေနဲ့ရှင်းပြချင်ပါတယ်။ Color Correction ကတော့ ရိုက်ကူးပြီး Edit ထားတဲ့ Footage တွေကို Netural state ကို ရောက်အောင်ချိန်ညှိပေးခြင်းဖြစ်ပြီး Normalizing လုပ်ခြင်းဟုလည်းပြောနိုင်ပါတယ်။ Technical Terms နဲ့ ရှင်းပြပေးရရင်တော့ Technical Re-Fixing လို့ပြောနိင်ပါတယ်။Footage တွေရဲ့ Camera Manufacture များရဲ့ Color Science ပေါ်မူတည်ပြီး Exposure အမှားများပြင်ဆင်ခြင်း၊ Color balance ပြုလုပ်ပြီး မှန်ကန်သော color temperature အဆင့်ရအောင်ပြုလုပ်ခြင်း၊ မှားနေသောအရောင်များနှင့် အလင်းများသောနေရာများကို ပြင်ဆင်ခြင်းစသော အချက်များပါဝင်ပါတယ်။Color Correction ကတော့ သာမန် Normal level ရောက်အောင်း Exposure များနှင့် Color temperature, Color cast များကို ပြင်ဆင်ပေးခြင်းမျှသာဖြစ်ပါတယ်။ နိင်ငံခြား Cinematic ဆန်သော Film များလို အရောင်များနှင့် Color information များပါဝင်မည်မဟုတ်။
COLOR GRADING
Color Grading ကတော့ Color Correction လုပ်ပြီးသား footage တွေကို Video ရဲ့ Story telling, Scene များရဲ့ Emotion များအပေါ်မူတည်ပြီး သင်တော်တဲ့ အရောင်တွေထည်ပြီး Color Grading လုပ်ရမှာဖြစ်ပါတယ်။Color Grading လုပ်ခြင်းအဆင့်သည် Color correction ပြင်ဆင်ခြင်းများလုပ်ပြီးမှသာ ပြုလုပ်သင့်သောStage တစ်ခုဖြစ်ပါတယ်။Color Correction မလုပ်ဘဲ Color Grading တန်းလုပ်ရင်တော့ Footage များရဲ့ Lighting ,Multi Camera,Color Space ကွဲပြားချက်များ White balance, Exposure, Color temperature တွေ မတူညီတာတွေရှိခဲ့ရင် Video ရဲ့ Visual Story Telling ကိုထိခိုက်စေမှာဖြစ်ပါတယ်။ Color Grading ချိန်မည်ဆိုလျင် ချိန်မည့်သူသည် Color Psychology နှင့် color Scheme နှင့် color circle ကိုအနည်းငယ် အခြေခံအနေနှင့် နားလည်ထားရမှာဖြစ်ပြီး Camera's Color Scienceနှင့် Camera codes များကိုပါသိထားလျင် Image quality ကို Color process လုပ်ငန်းစဉ် တစ်လျောက်လုံး ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါတယ်။Color Grading လုပ်ခြင်းသည် Color grading လုပ်သူရဲ့ အတွေးအမြင်ကိုသာအခြေခံပြီး လုပ်ရခြင်းမဟုတ်ပါ။ Cinematography ပေါ်များစွာအခြေခံသလို director,DOP ရဲ့Vision ပေါ်မူတည်ပြီးချိန်ညှိပေးရခြင်းဖြစ်ပါတယ်။ အများသိထားကြတဲ့ orange and teal လို ကာလာရဲရဲ ကြည်ကြည် Joker လို Teal+Cyan စိမ်း ကာလာ များ PFE color များ စိတ်ကြိုက်သွင်းနိုင်သောအဆင့်ဖြစ်ပါတယ်။ ဒါပေမဲ့ color LUT တိုင်းကတော့ သင့်အတွက် စိတ်တိုင်းကျ ဖြစ်စေနိုင်မည်မဟုတ်ပါ။ Interior အတွက် design ထားတဲ့ LUT ကို outdoor အတွက်သုံးရင်တော့ အဆင်မပြေသော အရောင်များထွက်လာနိုင်ပါတယ်။