Beezent - Entertainment

Beezent - Entertainment Beezent Entertainment page and blog.

21/02/2022

❤️❤️

20/02/2022
19/02/2022

Page အသစ်လေးပါဗျ

သူမနှင့်အတိတ်ဘ၀....
25/10/2021

သူမနှင့်အတိတ်ဘ၀....

Dorothy Louise Eady

21/10/2021

Beezent- Entertainment မှနောက်နောင်တွင် Articles များအား website မှတစ်ဆင့်သာတင်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း။

လေးစားစွာဖြင့် Admin

David Stone
20/10/2021

David Stone

David Stone September 19, 2021 ( Unicode Version )David Stone1980 ခု နှစ် များ မှာ အောင် မြင် ထင် ရှား တဲ့ ဈေး ကွက် ရှယ် ယာ ကျွမ်း ကျင် သူ တစ် ယောက် ဖြစ် တဲ.....

ဒုတိယကမ္ဘာစစ်ကြီးမစတင်သေးခင်အချိန် 1932 ခုနှစ်မှာသတင်းထောက်နှစ်ဦးဖြစ်ကြတဲ့ဂျေဘနာ့ဒ်ဟက်တန် ( J Bernard Hutton ) နဲ့ဟာခင်း...
08/08/2021

ဒုတိယကမ္ဘာစစ်ကြီးမစတင်သေးခင်အချိန် 1932 ခုနှစ်မှာသတင်းထောက်နှစ်ဦးဖြစ်ကြတဲ့
ဂျေဘနာ့ဒ်ဟက်တန် ( J Bernard Hutton ) နဲ့
ဟာခင်းမ်ဘရန့်ဒ် ( Joachim Brandt ) တို့နှစ်ဦးဟာဂျာမနီနိုင်ငံဟမ်းဘတ်မြို့မှာရှိတဲ့သင်္ဘောဆိပ်တစ်ခုကိုသတင်းဆောင်းပါးတစ်ပုဒ်ရေးဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ သတင်းဆောင်းပါးအတွက်သင်္ဘောကျင်းပိုင်ရှင်တွေအလုပ်သမားတွေနဲ့အင်တာဗျူးပြီးတဲ့အချိန်မှာပြန်ဖို့အတွက်နှစ်ဦးသားကားဆီလမ်းလျှောက်လာချိန်မှာတော့မထင်ထားတာတွေဖြစ်လာခဲ့ပါတယ်။

ရုတ်တရက်ဆိုသလိုလေယာဉ်သံတွေကြားလာရပြီးသူတို့ရှိတဲ့ဆိပ်ကမ်းမြို့လေးကိုဗုံးတွေအဆတ်မပြတ်ကြဲချလာတာပါ။ ဟမ်းဘတ်မြို့ကောင်းကင်ယံတစ်ခုလုံးမှာလဲလေယာဉ်တွေအပြည့်ပျံသန်းသွားနေကြပြီးသင်္ဘောဆိပ်အနောက်ဘက်ခြမ်းတစ်ဝိုက်ကဆီ‌သိုလှောင်ကန်တွေပေါက်ကွဲမှုကြောင့်သင်္ဘောကျင်းတစ်ခုလုံးဟာလဲမီးလောင်ပြင်ကြီးလိုဖြစ်သွားခဲ့တာပါ။

သူတို့နှစ်ဦးသားကားဆီကိုတက်သုတ်ရိုက်ပြေးသွားခဲ့ပြီးဆိပ်ကမ်းအပြင်ဘက်ဆီတစ်ရှိန်ထိုးမောင်းထွက်လာခဲ့ပါတယ်။ ဆိပ်ကမ်းဂိတ်ရောက်တဲ့အချိန်မှာတော့ဂိတ်လုံခြုံရေးတွေကိုဒီနေရာကအမြန်ဆုံးစွန့်ခွာကြဖို့နဲ့အသက်အန္တရာယ်ကြည့်ရှောင်ကြဖို့ပြောခဲ့ချိန်မှာတော့ဆိပ်ကမ်းလုံခြုံရေးတွေဟာသူတို့နှစ်ဦးအပေါ်နားလည်ရခက်သွားခဲ့ပါတယ်။ ကောင််းကင်ယံတစ်ခုလုံးကြည်လင်နေပြီးလေယာဉ်ဗုံးကြဲတယ်ဆိုတဲ့ကိစ္စကြီးကလုံးဝကိုမဖြစ်သွားတာပါ။ လေယာဉ်သံတွေလဲမကြားရတဲ့အပြင်ဆိပ်ကမ်းတစ်ခုလုံးဟာလဲသာမန်နေ့ရက်တွေလိုသာလည်ပတ်နေခဲ့တာပါ။

ဘနာ့ဒ်နဲ့ဟာခင်းမ်တို့နှစ်ဦးသတင်းစာတိုက်ကိုပြန်ရောက်လာခဲ့ချိန်မှာဆိပ်ကမ်းမြို့တစ်ခုလုံးကို‌ ဆောင်းပါးအတွက်ကောင်းကင်ဓာတ်ပုံရိုက်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ကောင်းကင်ဓာတ်ပုံထဲမှာလဲဟမ်းဘတ်မြို့ဟာဘာထူးခြားမှုမှမရှိပဲပုံမှန်လည်ပတ်နေခဲ့တာပါ။ သတင်းစာတိုက်အနေနဲ့လဲသာမန်ဆောင်းပါးအနေနဲ့သာရေးဖို့ခွင့်ပြုခဲ့ပြီးကြောင်တောင်တောင်ဗုံးကြဲခံရတယ်ဆိုတာကိုထည့်ရေးဖို့ပိတ်ပင်ခဲ့ပါတယ်။ သူတို့နှစ်ဦးသားမြင်ခဲ့ကြားခဲ့ရတာတွေနဲ့ပတ်သတ်ပြီးတော့လဲဘယ်သူကမှအသိအမှတ်ပြုလက်မခံနိုင်ကြပါဘူး။ အလျဉ်းသင့်သလိုဟမ်းဘတ်မြို့ကြီးဗုံးကြဲခံရတဲ့အကြောင်းထုတ်ဖော်ပြောဆိုခဲ့ဖူးပေမယ့်စစ်မဖြစ်ခင်အခြေအနေမျိုးကြီးထဲမှာသူတို့နှစ်ဦးသားစကားတွေကလဲအရာမဝင်ဖြစ်ခဲ့ရတာပါ။

ဒုတိယကမ္ဘာစစ်ကြီးမစတင်သေးခင်မှာသတင်းထောက်တစ်ဦးဖြစ်တဲ့ဘနာ့ဒ်ဟာလန်ဒန်မြို့မှာပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ စစ်ကြီးဖြစ်နေချိန်မှာလဲဘနာ့ဒ်ဟာလန်ဒန်မှာပဲဆက်လက်နေထိုင်ခဲ့ပါတယ်။ 1943 ခုနှစ် July 25 ရက် တင်္နလာနေ့မနက်မှာဘနာ့ဒ်တစ်ယောက်သတင်းစာခေါင်းကြီးပိုင်းမှာဗြိတိသျှတော်ဝင်လေတပ် RAF
ဟာဂျာမနီနိုင်ငံဟမ်းဘတ်မြို့ကိုအကြီးအကျယ်ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်းပါလာတဲ့အချိန်မှာတော့စိတ်ထိခိုက်သွားခဲ့ရပါတယ်။ RAF ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဟမ်းဘတ်မြို့လူဦးရေလေးသောင်းခန့်သေဆုံးခဲ့ရပြီးမြို့ကလဲမြို့ပျက်ကြီးလိုနေ့တွင်းချင်းဖြစ်သွားခဲ့ရတာပါ။ ပိုဆိုးတာတစ်ခုကသူ့မျက်စိထဲမှတ်မိနေတဲ့အတိုင်းအတိအကျကိုပျက်စီးနေခဲ့တဲ့သင်္ဘောဆိပ်ဓာတ်ပုံတွေမြင်ရတဲ့အချိန်မှာဘနာ့ဒ်တစ်ယောက်ဖြေမဆည်နိုင်အောင်ကိုဖြစ်ခဲ့ရတာပါ။

ဘယ်လိုအကြောင်းတွေကြောင့်များဘနာ့ဒ်နဲ့ဟာခင်းမ်တို့နှစ်ယောက်ဒီအဖြစ်အပျက်တွေကိုမဖြစ်ခင်ထဲကမြင်ခဲ့ကြားခဲ့ရလဲဆိုတာရယ်စစ်ပွဲဖြစ်စဉ်ထဲကအဖြစ်အပျက်တွေကလက်တွေ့မှာဘာကြောင့်များမှန်ကန်နေရသလဲဆိုတာကိုတော့အဖြေမထုတ်ပေးနိုင်ကြပါဘူး။ အချို့သောပညာရှင်တွေရဲ့ကိုးကားချက်တွေအရတော့ဒါဟာ Time Slip ဖြစ်စဉ်တစ်ခုလို့ထောက်ခံခဲ့ကြပြီးလက်တွေ့မှာသက်သေပြနိုင်ဖို့ခက်ခဲတယ်ဆိုတာကိုဝန်ခံထားခဲ့ကြပါတယ်။

စကားချပ်
°°°°°°°°°°°°
J Bernard Hutton ရဲ့ဓာတ်ပုံကိုတင်ပေးချင်ပေမယ့်လဲ Wikipedia မှာစာရင်းသွင်းဖို့သူ့အကြောင်းဟာလျာထားရုံသက်သက်ပဲရှိပါသေးတယ်။ အခြားသော internet source တွေမှာလဲ biography data တွေသူ့ရဲ့ဆောင်းပါးတွေစာအုပ်တွေကိုအကျဉ်းချုံးတင်ပြဖို့ရနိုင်ပေမယ့်လဲမပြည့်မစုံဖြစ်နေမှာစိုးတဲ့အတွက်မတင်ပြပေးနိုင်ခဲ့ပါဘူး။ ဒါလေးကိုတော့နားလည်ပေးစေချင်ပါ‌တယ်။

နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးတွေကိုတင်ပြပေးသွားမှာဖြစ်လို့ Beezent - Entertainment page လေးကို Like and Follow လုပ်ထားနိုင်ပါတယ်။






ဗြိတိသျှတော်ဝင်လေတပ် RAF ရဲ့လေတပ်ဗိုလ်ချုပ်ကြီးဗစ်တာဂေါ့ဒက်ရဲ့အရာရှိငယ်ဘဝ 1935 ခုနှစ်မှာအင်္ဂလန်နိုင်ငံ Andover မြို့ကနေ...
04/08/2021

ဗြိတိသျှတော်ဝင်လေတပ် RAF ရဲ့လေတပ်ဗိုလ်ချုပ်ကြီးဗစ်တာဂေါ့ဒက်ရဲ့အရာရှိငယ်ဘဝ 1935 ခုနှစ်မှာအင်္ဂလန်နိုင်ငံ Andover မြို့ကနေစကော့တလန်မှာရှိတဲ့ Edinburgh လေတပ်စခန်းထိကင်းလှည့်တာဝန်ထမ်းဆောင်ဖို့ညွှန်ကြားခံခဲ့ရဖူးပါတယ်။ ကင်းလှည့်တာဝန်ထမ်းဆောင်အပြီးသူ့ရဲ့နားရက်မှာသူဟာ Edinburgh လေတပ်စခန်းအနီးမှာရှိတဲ့ Drem လေတပ်စခန်းကိုကောင်းကင်မြင်ကွင်းကနေကြည့်ဖို့အလည်အပတ်သဘောမျိုးပျံသန်းသွားခဲ့ပါတယ်။ သူပျံသန်းနေစဉ်မှာရာသီဥတုအ‌ခြေအနေကမိုးသည်းထန်နေပြီး Drem လေတပ်စခန်းနားရောက်ရှိခါနီးမှာကောင်းကင်ဟာရုတ်တရတ်တိမ်တွေကင်းစင်ပြီးမိုးသည်းထန်နေတာလဲမရှိတော့သလိုနေရောင်ခြည်ပါထွက်လာပြီးအရာအားလုံးဟာမြင်ကွင်းရှင်းရှင်းအခြေအနေဖြစ်သွားပါတယ်။ ဗစ်တာဂေါ့ဒက်ကိုယ်တိုင်စိတ်ထဲတစ်ခုခုထူးခြားသလိုခံစားရပြီး Drem လေတပ်စခန်းကိုကောင်းကင်ယံကနေလှည့်ပတ်ကြည့်ရှူချိန်မှာတော့သူဇဝေဇဝါဖြစ်သွားရပါတယ်။ လေယာဉ်ပြေးလမ်းဘေးမှာတိုက်ပွဲဝင်လေယာဉ်အမျိုးအစားလေးစီးရပ်ထားပြီးသုံးစီးကတော့သူသိတဲ့Avro အမျိုးအစား 540N ဖြစ်ပြီးတစ်စီးကတော့သူလုံးဝမမြင်ဖူးတဲ့တိုက်ပွဲဝင်လေယာဉ်အမျိုးအစားဖြစ်နေတာပါ။ ဒါ့အပြင်လေယာဉ်လေးစီးလုံးကအဝါရောင်တွေဖြစ်နေတာရယ်လေတပ်စခန်းကစက်ပြင်သမားတွေဟာအပြာရောင်ဝတ်စုံဝတ်ဆင်ထားတာရယ်ကြောင့်သူ့စိတ်ထဲဇဝေဇဝါဖြစ်နေရတာပါ။ ဗြိတိသျှတော်ဝင်လေတပ်အနေနဲ့ 1935 ခုနှစ်အထိတိုက်ပွဲဝင်လေယာဉ်အားလုံးကိုမီးခိုးရောင်တစ်မျိုးသာသတ်မှတ်ထားခဲ့တာဖြစ်ပြီးလေတပ်စက်ပြင်ဝတ်စုံအတွက်အညိုရောင်ကိုသာသတ်မှတ်ထားတာပါ။ သူမြင်ခဲ့ရတဲ့အတိုင်းစိတ်ထဲမှာမှတ်ထားပြီးသူ့မိခင်လေတပ်စခန်းဖြစ်တဲ့ Andover ဆီပြန်ရောက်တဲ့အချိန်မှာတော့သူ့ရဲ့အထက်အရာရှိတွေကိုဒီအကြောင်းမေးမြန်းခဲ့ပါတယ်။

သူ့ရဲ့အထက်အရာရှိတစ်ဦးကတော့ပျံသန်းနေချိန်
“ မင်း အရက်သောက်ထားလား ” လို့ပြောခဲ့ပြီး
ဗစ်တာဂေါ့ဒက်ကိုဒိုက်အကြိမ် ၅၀၀ ဒဏ်ပေးခဲ့ပါတယ်။ ဗစ်တာဂေါ့ဒက်လဲသူ့မျက်စိနဲ့မြင်ခဲ့ရတာကိုသူယုံကြည်တာကြောင့်နောက်ထပ်တစ်ကြိမ် Drem လေတပ်စခန်းကိုတိုက်ရိုက်ပျံသန်းခဲ့ပါတယ်။ ဒီတစ်ခါမှာတော့ Drem လေတပ်စခန်းဟာစွန့်ပစ်စခန်းဟောင်းတစ်ခုသာဖြစ်ပြီးလေတပ်စခန်းထဲမှာကျွဲနွားတွေနေရာအနှံ့စားကျက်လာလွှတ်ထားတာကိုတွေ့လိုက်ရပါတယ်။ စခန်းဂိုထောင်တွေဟာလဲဟောင်းနွမ်းပျက်စီးနေပြီးလေယာဉ်ပြေးလမ်းမှာကတ္တရာတွေတောင်မရှိတော့ပါဘူး။ သံဆူးကြိုးတွေနဲ့ခြံစည်းရိုးတွေဟာပြိုလဲနေတဲ့အပြင်သူမနေ့ကတွေ့ခဲ့ရတဲ့ Drem လေတပ်စခန်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတာကိုသူမယုံနိုင်ဖြစ်သွားရပါတယ်။ Drem လေတပ်စခန်းကိစ္စနဲ့ပတ်သတ်လို့သူဟာအချိန်အတော်ကြာအလှောင်ပြောင်ခံခဲ့ရတာပါ။ ဒီကိစ္စတွေဖြစ်အပြီးလေးနှစ်အကြာ 1939 ခုနှစ်မှာဗစ်တာဂေါ့ဒက်ဟာစစ်ရေးပြအခမ်းအနားတစ်ခုအတွက် Drem လေတပ်စခန်းကိုသွားရောက်ဖို့ဖြစ်လာပါတယ်။

ဒီတစ်ကြိမ်မှာတော့ဗြိတိသျှတော်ဝင်လေတပ်ရဲ့အသစ်မွမ်းမံဖွဲ့စည်းပုံအရတိုက်ပွဲဝင်လေယာဉ်များကိုအဝါရောင်အဖြစ်ပြောင်းလဲသတ်မှတ်ခဲ့ပြီးလေတပ်စက်ပြင်ဝတ်စုံအတွက်လဲအပြာရောင်ကိုပြောင်းလဲခဲ့ပါတယ်။ စစ်ရေးပြအခမ်းအနားမှာလဲလေတပ်ရဲ့နောက်ဆုံးအမျိုးအစားဖြစ်တဲ့တိုက်ပွဲဝင်အမျိုးအစားအသစ် Magister ကိုလဲစတင်မိတ်ဆက်ခဲ့ပြီးဒီလေယာဉ်ဟာဗစ်တာဂေါ့ဒက်တစ်ခါကသူ့မျက်စိနဲ့ထင်ထင်ရှားရှားမြင်ဖူးခဲ့တဲ့လေယာဉ်ဆိုတာတပ်အပ်သိလိုက်ပါတော့တယ်။ အဝါရောင်တိုက်ပွဲဝင်လေယာဉ်တွေလေတပ်စက်ပြင်ဝတ်စုံအပြာတွေကလဲသူတစ်ခါက Drem လေတပ်စခန်းမှာတွေ့ခဲ့ရတဲ့အတိုင်းပါပဲ။ ဗစ်တာဂေါ့ဒက်လေတပ်ဗိုလ်ချုပ်ကြီးဖြစ်လာခဲ့ချိန်မှာတော့သူဟာဒီအကြောင်းကိုဖွင့်ဟဝန်ခံခဲ့ဖူးပြီးမျက်စိနဲ့မြင်တွေ့ခဲ့ရပေမယ့်လက်ဆုပ်လက်ကိုင်မပြနိုင်တာဟာသူ့အတွက်နေရခက်ကြောင်းပြောပြခဲ့ဖူးပါတယ်။






1950 ခုနှစ်အမေရိကန်နိုင်ငံနယူးယော့ခ်ပြည်နယ် Time Square ရင်ပြင်မှာ 1800 ခုနှစ်ကအဝတ်အစားတွေနဲ့လူတစ်ယောက်လမ်းလယ်ခေါင်မှာကျ...
02/08/2021

1950 ခုနှစ်အမေရိကန်နိုင်ငံနယူးယော့ခ်ပြည်နယ် Time Square ရင်ပြင်မှာ 1800 ခုနှစ်ကအဝတ်အစားတွေနဲ့လူတစ်ယောက်လမ်းလယ်ခေါင်မှာကျီးကြည့်ကြောင်ကြည့်ဖြစ်နေတာကိုလူတစ်ချို့ကသတိထားမိကြပါတယ်။ ဇဝေဇဝါဖြစ်နေပုံရတဲ့အဲသည့်လူဟာလမ်းဖြတ်အကူးမှာကားတိုက်ခံရပြီးနေရာမှာတင်သေဆုံးသွားခဲ့ပါတယ်။
ရဲတွေရောက်လာပြီးမတော်တဆမှုဖြစ်တဲ့နေရာကိုကွင်းဆင်းစစ်ဆေးကြည့်ရာမှာတော့သေဆုံးသွားသူဟာ Rudolf Fenz Senior ဖြစ်တဲ့အကြောင်းသူ့ရဲ့မှတ်ပုံတင်အရသိရပေမယ့်သူကိုင်ဆောင်ထားတဲ့မှတ်ပုံတင်ဟာလက်ရှိအမေရိကန်အစိုးရသတ်မှတ်ပေးတဲ့မှတ်ပုံတင်မျိုးမဟုတ်တဲ့အပြင်ခတ်ဟောင်းပုံစံမှတ်ပုံတင်အမျိုးအစားဖြစ်နေတာပါ။ သူ့ရဲ့ရုပ်အလောင်းကိုရှာဖွေကြည့်ရာမှာတော့ အမျိုးအမည်မသိရတဲ့ငွေအကြွေစေ့တစ်ချို့၊ မြင်းရထားတွဲစီးထားတဲ့ဖြတ်ပိုင်းတစ်ခု၊ ခေတ်ဟောင်းပုံစံ business card တစ်ခု၊ 1870 ခုနှစ်ထုတ်ပိုက်ဆံတစ်ချို့နဲ့1870 ရက်စွဲတပ်ထားတဲ့စာတစ်စောင်တို့ကိုတွေ့ရပါတော့တယ်။ ပြဿနာကသေဆုံးသူဖြစ်တဲ့ Rudolf Fenz Senior ကိုသေစာရင်းသွင်းဖို့မိသားစုတွေကိုဆက်သွယ်မယ့်ကိစ္စမှာသူ့နာမည်နဲ့လက်ရှိအိမ်ထောင်စုစာရင်းမှာတစ်ယောက်မှမရှိတာပါ။ အမေရိကန်နိုင်ငံလူဝင်မှုကြီးကြပ်ရေးမှာ Rudolf Fenz Senior ဆိုတဲ့နာမည် 1950 ခုနှစ်မှာမပါပါဘူး။ ရဲတွေအကြပ်ရိုက်ပြီး 1800 ခုနှစ်ဝန်းကျင်ကဖိုင်တွဲအဟောင်းတွေမှာရှာပေးကြည့်ဖို့တောင်းဆိုခဲ့ရာမှာတော့ Rudolf Fenz Senior ဆိုတဲ့နာမည်နဲ့လူတစ်ယောက်ဟာ 1876 ခုနှစ်မှာအလုပ်ကနေအိမ်အပြန်လမ်းမှာပျောက်သွားလို့မိသားစုဝင်တွေကလူပျောက်တိုင်ထားတဲ့ case တစ်ခုကိုသာတွေ့ရပါတယ်။ အဲသည့် case ကလွဲပြီး Rudolf Fenz Senior ဆိုတဲ့နာမည်ကိုမတွေ့ရတာကြောင့်ရဲတွေအနေနဲ့လက်လျှော့ပြီးဈာပနကိုရဲဌာနကိုယ်တိုင်ဦးစီးပြီးပြုလုပ်ပေးခဲ့ရပါတယ်။
1950 ခုနှစ်ကို 1876 ခုနှစ်ကလူတစ်ယောက်လိုဘယ်ကဘယ်လိုရောက်လာရသလဲဆိုတာကိုတော့လက်ရှိအချိန်ထိဘယ်သူကမှဖြေရှင်းနိုင်ချင်းမရှိသေးပါကြောင်း။

နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးတွေကိုတင်ပြပေးသွားမှာဖြစ်လို့ Beezent - Entertainment page လေးကို Like and Follow လုပ်ထားနိုင်ပါတယ်။




1670 ခုနှစ်မှာပန်းချီဆရာ Pieter De H***h ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ရှိခဲ့ဖူးပါတယ်။ ပန်းချီကားနာမည်ကတော့ “ Man Handing...
01/08/2021

1670 ခုနှစ်မှာပန်းချီဆရာ Pieter De H***h ရေးဆွဲခဲ့တဲ့ပန်းချီကားတစ်ချပ်ရှိခဲ့ဖူးပါတယ်။ ပန်းချီကားနာမည်ကတော့ “ Man Handing a Letter to a Woman in the Entrance Hall of a House ” လို့ခေါ်ပါတယ်။ ဒါပေမယ့်အခုတော့အဲ့ဒီပန်းချီကားကို “ time travel man holding an iPhone ” လို့နာမည်ပြောင်ပေးထားကြပါတော့တယ်။ Apple ရဲ့ CEO Tim Cook ကိုယ်တိုင်ကသူတို့ရဲ့ iPhone ကို 1600 ခုနှစ်များဆီကပန်းချီကားတစ်ချပ်မှာထည့်သွင်းရေးဆွဲထားတယ်ဆိုတဲ့အချက်ကတော်တော်သံသယဖြစ်စရာကောင်းတယ်ဆိုတာကို TNW ( The Next Web ) နဲ့အင်တာဗျူးတစ်ခုမှာပြောသွားခဲ့ဖူးပါတယ်။
Tim Cook ကိုယ်တိုင်က “ iPhone ကိုဘယ်အချိန်မှာစတင်ထုတ်လုပ်ခဲ့တာကိုကျွန်တော်သိပါတယ်။ ဒါပေမယ့်အခုတော့မသေချာတော့ဘူးထင်တယ် ” လို့အဲဒီအင်တာဗျူးမှာပဲပေါ့ပေါ့ပါးပါးဖြေသွားခဲ့ပါတယ်။ ပန်းချီကားထဲမှာလဲအမျိုးသားတစ်ယောက်ကစာလာပို့တယ်ဆိုပေမယ့်လက်ထဲမှာကိုင်ထားတဲ့စာက iPhone နဲ့အတော်ဆင်တူနေတာကြောင့်လဲလူတွေကဒီပန်းချီကားကိုစိတ်ဝင်တစားရှိလာကြတာလဲဖြစ်ပါတယ်။ လက်ရှိမှာဒီပန်းချီကားကိုနယ်သာလန်နိုင်ငံအမ်စတာဒမ်မြို့ Rijksmuseum မှာပြသထားရှိပါတယ်။

နောက်ထပ်လဲစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးတွေကိုတင်ပြပေးသွားမှာဖြစ်လို့ Beezent - Entertainment page လေးကို Like and Follow လုပ်ထားနိုင်ပါတယ်။




Marvel ရဲ့ Loki series episode 5 မှာ USS Eldridge ရဲ့ Montauk Project ကဖြစ်စဉ်ကိုရုပ်ရှင်သဘောအရထည့်သွင်းတင်ဆက်သွားခဲ့ပါတ...
09/07/2021

Marvel ရဲ့ Loki series episode 5 မှာ USS Eldridge ရဲ့ Montauk Project ကဖြစ်စဉ်ကိုရုပ်ရှင်သဘောအရထည့်သွင်းတင်ဆက်သွားခဲ့ပါတယ်။ episode 1 မှာဆိုရင်တော့ D.B Cooper case ပါ။ လက်ရှိအချိန်ထိကမ္ဘာပေါ်မှာယတိပြတ်ဖြေရှင်းနိုင်ခြင်းမရှိသေးတဲ့ Time Travel ဖြစ်စဉ်တွေထဲက case ‌တွေဆိုရင်လဲမမှားပါဘူး။အချိန်စီး‌ကြောင်းကွဲထွက်မှု ( Time Variant ) တွေအပေါ်အခြေခံထားတဲ့လက်ရှိ Loki စီးရီးဟာလူတွေမေးခွန်းထုတ်နေရဆဲဖြစ်တဲ့ Time Travel Case တွေကိုသူ့နည်းသူ့ဟန်နဲ့ရှင်းပြသွားတယ်လို့မြင်မိပါတယ်။ မဖတ်ရသေးတဲ့သူများအတွက်ပုံတွေမှာ Link တွေထည့်ပေးထားပါတယ်။ ဒါကတော့ Disney+ subscription အတွက်Linkပါ https://www.disneyplus.com/

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Beezent - Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share