BURMA ART MEDIA

BURMA ART MEDIA This Page is " BURMA ART MEDIA ".

မြန်မာစစ်အာဏာသိမ်းမှုကို G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ  ပြစ်တင်ရှုံ့ချမြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပေါ်  ...
03/02/2021

မြန်မာစစ်အာဏာသိမ်းမှုကို G7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ပြစ်တင်ရှုံ့ချ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုအပေါ် G7 အဖွဲ့ဝင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဥရောပသမဂ္ဂရဲ့အဆင့်မြင့်ကိုယ်စားလှယ်တို့က ပြစ်တင်ရှုံ့ချကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင်နိုင်ငံရေးခေါင်းဆောင်တွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခြင်းနဲ့ မီဒီယာတွေကို ပစ်မှတ်ထားမှုတို့အပေါ် လည်း အလွန်အမင်းစိုးရိမ်ကြောင်း ဖေဖော်ဝါရီ ၃ ရက် နေ့စွဲနဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်တပ်က ကြေညာထားတဲ့ အရေးပေါ်အခြေအနေကိုချက်ချင်းရပ်တန့်ရန်၊ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးရန်၊ မတရားဖမ်းဆီးထားသူအားလုံးကိုပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာရန်၊ နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကိုလေးစားပြီး လွှတ်တော်ကို အမြန်ဆုံးခေါ်ယူကျင်းပဖို့ လည်း တိုက်တွန်းထားပါတယ်။
အဲဒီသတင်းနဲ့အတူ နောက်ဆုံးသိရသမျှသတင်းများ တိုက်ရိုက်တင်ဆက်မှု
https://www.bbc.com/burmese/live/burma-55882493

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃-၂-၂၀၂၁) ရက်နေ့၊ ည  (၈:၀၀)နာရီ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗...
03/02/2021

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃-၂-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
(၂-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၃-၂-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲ နမူနာ စုစုပေါင်း (၁၁,၁၉၆)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂၆၃) ဦး တွေ့ရှိရပါသည်။
, , , #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ
https://www.mohs.gov.mm/

🔴  #အမေစုနှင့်_သူမရဲ့ဆုများ 🔴အမေဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော  #ဂုဏ်ထူး ၊  #ဘွဲ့၊  #ဆုတံဆိပ် တွေနဲ့ သူမ ပုံပါ တံဆိပ်ခေါင...
03/02/2021

🔴 #အမေစုနှင့်_သူမရဲ့ဆုများ 🔴

အမေဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့သော #ဂုဏ်ထူး ၊ #ဘွဲ့၊ #ဆုတံဆိပ် တွေနဲ့ သူမ ပုံပါ တံဆိပ်ခေါင်းတွေ ဖြစ်ပါတယ်

(1 ). Honorary Fellow St Hugh's College ( Oxford , UK ) 1990 .
ဂုဏ်ထူးဆောင်အဖွဲ့ဝင် ။ စိန့်ဟူးကောလိပ် ( အောက်ဖို့ဒ် ယူကေ ) ၁၉၉၀

(2) . Thorolf Rafto - Human Rights Norway 1990 .
သောရိုလ်ဖ်ရက်ဖတို လူအခွင့်ရေးဆု ။ နော်ဝေ ။ ၁၉၉၀

(3) . Sakharov ( Freedom of Thought ) European Parliament 1991 .
ဆာခါရော့ဆု ( အတွေးအခေါ် လွတ်လပ်ရေး )
ဥရောပ ။ ပါလီမန် ။ ၁၉၉၁

(4 ). Nobel Peace Oslo , Norway 1991 .
ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ။ အော်စလို ။ နော်ဝေ ။
၁၉၉၁

(5) . Honorary Member International PEN ( Norwegian Center ) 1991 .
ဂုဏ်ထူးဆောင်အသင်းဝင် ။ နိုင်ငံတကာစာရေးဆရာများအသင်း ။ နော်ဝေ ။
၁၉၉၁

(6) . Humanities Human Rights Award USA 1991 .
လူသားချင်းစာနာမှုဆိုင်ရာ လူအခွင့်ရေးဆု ။
အမေရိကန်ပြည်ထောင်စု ။ ၁၉၉၁

(7) . Honorary Member International PEN ( Candian Center ) 1991 .
ဂုဏ်ထူးဆောင်အသင်းဝင် ။ နိုင်ငံတကာစာရေးဆရာများအသင်း ။ ကနေဒါ ။
၁၉၉၁

(8) . Marisa Bellisario Price Italy 1992 .
မာရိဆာ ဘယ်လ်ဆာရိယိုဆု ။ အီတလီ ။ ၁၉၉၂

(9) . Annual Award of the international Human
Rights Law Group , USA 1992 .
နိုင်ငံတကာ လူအခွင့်ရေးဆု ။ ဥပဒေပညာရှင်များအဖွဲ့ ။ အမေရိကန်ပြည်ထောင်စု ။ ၁၉၉၂

(10) . Honorary President Students' Union London School of Economics and Political
Science , UK 1992 .
ဂုဏ်ထူးဆောင်ဥက္ကဌ ။ ကျောင်းသားသမဂ္ဂအဖွဲ့ ။
လန်ဒန်စီးပွားရေး နှင့် နိုင်ငံရေးသိပ္ပံကျောင်း ။
ယူကေ ။ ၁၉၉၂

(11) . Honorary Member International PEN ( English Center ) 1992 .
ဂုဏ်ထူးဆောင်အသင်းဝင် ။ နိုင်ငံတကာစာရေးဆရာများအသင်းဝင် ။ လန်ဒန် ။
၁၉၉၂

(12) . Honorary Life Member University of London Union , UK 1992 .
ဂုဏ်ထူးဆောင်ရာသက်ပန်အသင်းဝင် ။ လန်ဒန် တက္ကသိုလ်သမဂ္ဂ ။ ယူကေ ။ ၁၉၉၂

(13) . Honorary Professional Fellowship Law and Society Trust , Sri Lanka 1992 .
ဂုဏ်ထူးဆောင်ပညာရှင်အဖွဲ့ဝင် ။ ဥပဒေပညာရှင်အသင်း ။ သီရိလင်္ကာ ။ ၁၉၉၂

(14 ).
နိုင်ငံရေးသိပ္ပံ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ။ သမ္မာဆက် တက္ကသိုလ် ။ ထိုင်းနိုင်ငံ ။ ၁၉၉၂

(15) .
နိုင်ငံတကာ ဆီမွန် ဘိုလိဗာဆု ။ ယူနက်စကို ။ ၁၉၉၂

(16) .
လူအခွင့်အရေးဆု ။ လူအခွင့်အရေးအဖွဲ့ ။ ပြင်သစ် ။
၁၉၉၂

(17) .
ဂုဏ်ထူးဆောင်အသင်းဝင် ။ ယဉ်ကျေးမှု နှင့် ဖွံဖြိုးရေးဆိုင်ရာ ကမ်ဘာကော်မရှင်အဖွဲ့ ။ ယူနက်စကို ။
၁၉၉၂

(18) .
ဂုဏ်ထူးဆောင်အသင်းဝင် ။ ကမ်ဘာလုံးဆိုင်ရာယဉ်ကျေးမှု အကယ်ဒမီအဖွဲ့ ။ ပါရီ ။
ပြင်သစ် ။ ၁၉၉၃

(19) .
ရို့စ်ပရိုက်ဇ်ဆု ။ ဒင်းနစ် အလုပ်သမားလှုပ်ရှားမှုအဖွဲ့ ။ ကိုပင်ဟေဂင် ။ ဒိန်းမတ် ။ ၁၉၉၃

(20) .
ဗစ်တာ ဂျာရာ နိုင်ငံတကာ လူအခွင့်အရေးဆု ။
လူအခွင့်ရေး နှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးရာအဖွဲ့ ။ လော့အိန်ဂျယ်လိစ် ။ အမေရိကန်ပြည်ထောင်စု ။ ၁၉၉၃

(21) .
အကြံပေးအဖွဲ့ဝင် ။ ကျန်းမာရေးနှင့်လူအခွင့်အရေးဆိုင်ရာ ဖရန်စွာ ဇာဗီယား ဘာဂနော့ဒ် ဗဟိုဌာန ။ ဟားဗတ်တက္ကသိုလ် ။ အမေရိကန်ပြည်ထောင်စု ။
၁၉၉၃

(22) .
နိုင်ငံရေးသိပ္ပံဂုဏ်ထူးဆောင် ဥပဒေပါရဂူအဖွဲ့ ။ တိုရွန်တို တက္ကသိုလ် ။ ကနေဒါ ။ ၁၉၉၃

(23 ).
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ ဂီဂလီယာနို မြို့တော် ။
အီတလီ ။ ၁၉၉၃

(24 ).
ဘရီမင် မြို့တော်စည်းလုံးညီညွှတ်ရေးဆု ။ ဘရီမင် မြို့တော် ။ ဂျာမဏီ ။ ၁၉၉၃

(25) .
တိုးတတ်သောအမျိုးသမီးဆု ။ စပိန်နိုင်ငံ တိုးတတ်သောအမျိုးသမီးများအဖွဲ့ချုပ် ။ မဒရပ် ။
၁၉၉၃

(26) .
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ။ ဘရက်ဆဲလ် တက္ကသိုလ် ။
ဘယ်ဂျီယံ ။ ၁၉၉၄

(27) .
ဂုဏ်ထူးဆောင်အကြံပေးအဖွဲ့ဝင် ။ အာရှပစိဖိတ်ဆိုင်ရာ ဒီမိုကရက်တစ် ခေါင်းဆောင်များ ဖိုရမ်အဖွဲ့ ။ ၁၉၉၄

(28) .
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ အဗာဆာမြို့တော် ။
အီတလီ ။ ၁၉၉၅

(29) .
လွတ်လပ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာဆု ။
ဗြိတိသျှ လစ်ဘရယ် ဒီမိုကရေစီပါတီ ။ ယူကေ ။
၁၉၉၅

(30) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူအဖွဲ့ ။ ကွင်းစ် တက္ကသိုလ် ။ ကနေဒါ ။ ၁၉၉၅

(31) .
၁၉၉၃ ခုနှစ်အတွက် ဂျာဝါဟာလာ နေရှုးဆု ။ အိန္ဒိယ ။ ၁၉၉၅

(32 ).
ဂန္ဒီဆု ။ ဆီမွန် ဖရေဆာ တက္ကသိုလ် ။ ကနေဒါ ။ ၁၉၉၅

(33) .
ဂုဏ်ထူးဆောင်မြို့ပြဥပဒေပါရဂူအဖွဲ့ ။ အောက်စ်ဖို့ဒ် တက္ကသိုလ် ။၁၉၉၅

(34).
လွတ်မြောက်ရေးဆု ။ နိုင်ငံတကာကယ်တင်ရေးကော်မတီ ။ ၁၉၉၅

(35) .
သြစတြေးလျဘွဲ့တံဆိပ် ။ ၾသစေၾတးလ် ။ ၁၉၉၆

(36) .
လွတ်မြောက်ရေးဆိုင်ရာ နိုင်ငံတကာဆု ။ ယူကေ ။
၁၉၉၆

(37) .
အာရှ လူအခွင့်အရေးဆု ။ ဂျပန် ။ ၁၉၉၆

(38) .
ဒဗလျူ အာဗာရယ် ဟာရီမင်န် ဒီမိုကရေစီဆု ။
အမေရိကန်ပြည်ထောင်စု ။ ၁၉၉၆

(39) .
ရာဂျစ်ဂန္ဒီ အထိမ်းအမှတ်ဆု ။ အိန္ဒိယ ။ ၁၉၉၆

(40) .
အထူးဂုဏ်ပြုဆု ။ လန်ဒန် ။ ၁၉၉၆

(41).
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ချက်နိုင်ငံ ။ ၁၉၉၇

(42) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ၾသစေၾတးလ် ။
၁၉၉၇

(43) .
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ။ အမေရိကန်ပြည်ထောင်ဆု ။ ၁၉၉၇

(44) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ တောင်အာဖရိက ။
၁၉၉၇

(45) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ အမေရိကန်ပြည်ထောင်စု ။ ၁၉၉၇

(46) .
ထင်ရှားကျော်ကြားသူများဆု ။ အိန္ဒိယ ။ ၁၉၉၇

(47) .
ဂုဏ်ထူးဆောင် ရောမမြို့တော်ဆု ။ အီတလီ ။ ၁၉၉၇

(48) .
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ။ ယူကေ ။ ၁၉၉၇

(49) .
ပါး အက်စ် ဘတ် အမျိုးသမီးဆု ။ အမေရိကန်ပြည်ထောင်စု ။ ၁၉၉၇

(50) .
ဂုဏ်ထူးဆောင် နိုင်ငံတကာဆု ။

(51) .
ရဲရင့်သူဆု ။ ဒိန်းမတ် ။ ၁၉၉၇

(52) .
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ။ ၁၉၉၈

(53) .
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ အောက်စ်ဖို့ဒ် ။ ယူကေ ။ ၁၉၉၈

(54 ).
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ၁၉၉၈

(55) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ယူကေ ။ ၁၉၉၈

(56) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ၾသစေၾတးလ် ။
၁၉၉၈

(57) .
ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ။ ဘယ်ဂျီယမ် ။ ၁၉၉၈

(58) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ၁၉၉၈

(59) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ၁၉၉၉

(60) .
လွတ်မြောက်ရေးဆု ။ ၁၉၉၉

(61) .
ဒဗ္ဗလင်မြို့တော် ဂုဏ်ထူးဆောင်ဆု ။ အိုင်ယာလန် ။
၁၉၉၉

(62) .
နယ်လ်ဆင် မင်ဒဲလား လူအခွင့်အရေးဆု ။ ကနေဒါ ။
၂၀၀၀

(63) .
လွတ်မြောက်ရေးဆု ။ အမေရိကန်ပြည်ထောင်စု ။
၂၀၀၀

(64) .
ကုလသမဂ္ဂ ကောလိပ်ဆု ။ ဂျာမနီ ။ ၂၀၀၁

(65) .
နိုင်ငံတကာ လူမှုဝန်ထမ်းဆု ။ ၂၀၀၁

(66) .
မဒန်ဂျက် ဆင်း ဆု ။ ယူနက်စကို ။ ၂၀၀၂

(67 ).
လွတ်မြောက်ရေးစိတ်ဓာတ်ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၀၃

(68 ).
လူသားချင်း စာနာထောက်ထားမှုဆု ။ ယူကေ ။
၂၀၀၃

(69) .
ကမ်ဘာ့သြဇာ အရှိဆုံးပုဂ္ဂိုလ် ၁၀၀ ။ တိုင်းမ်းမဂ္ဂဇင်း ။
၂၀၀၄

(70) .
ကွမ်ဂျူ လူအခွင့်အရေးဆု ။ တောင်ကိုရီးယား ။
၂၀၀၄

(71) .
အာရှသူရဲကောင်းများ စာရင်းဝင် ။ တိုင်းမ်းမဂ္ဂဇင်း ။
၂၀၀၄

(72 ).
ပါရီမြို့တော် ဂုဏ်ထူးဆောင်ဆု ။ ပါရီ ။ ၂၀၀၄

(73) .
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ။ ထိုင်းနိုင်ငံ ။ ၂၀၀၄

(74 ).
ထူးချွန်သော ဗုဒ္ဓဘာသာဝင်အမျိုးသမီးဆု ( ဒီမိုကရေစီတိုက်ပွဲဝင်ဆု ) ကုလသမဂ္ဂ ။ ၂၀၀၅

(75 ).
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ထိုင်းနိုင်ငံ ။ ၂၀၀၅

(76 ).
မြို့တော် ဂုဏ်ထူးဆောင်ဆု ။ စကော့တလန် ။ ၂၀၀၅

(77) .
မြို့တော် ဂုဏ်ထူးဆောင်ဆု ။ အိုင်ယာလန် ။ ၂၀၀၅

(78) .
ဂုဏ်ထူးဆောင် အသင်းဝင် ။ ဗြတိန် ။ ၂၀၀၅

(79) .
အိုလော့ဖ်ပမ်းလ် ဆု ။ ဆွီဒင် ။ ၂၀၀၆

(80) .
ကြောက်ရွံ့ခြင်းမှ လွတ်ကင်းသောဆု ။ နယူးယောက်
။ ၂၀၀၆

(81) .
ကြှနျုပျတို့ခတျေ၏ သူရဲကောင်းများစာရင်းဝင် ။
နယူးစတိတ်မဲန် သတင်စာ ။ ၂၀၀၆

(82) .
နေတာဂျီ ဆူဘာ့ ဆု ။ အိန္ဒိယ ။ ၂၀၀၇

(83) .
ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့ ။ တောင်အာဖရိက ။
၂၀၀၇

(84) .
ဂလပ်စကိုမြို့တော် ဂုဏ်ထူးဆောင်ဆု ။ စကော့တလန် ။ ၂၀၀၇

(85) .
ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆောင်ရွက်ခြင်း ဆု ။ အီတလီ ။ ၂၀၀၇

(86) .
နိုင်ငံရေးတွင် ဘဝတာအောင်မြင်မှု ။ ယူကေ ။ ၂၀၀၇

(87) .
အာဘိုဂါဒို ဒေ အတိုချာ ဥပဒေဆု ။ စပိန် ။ ၂၀၀၈

(88) .
ကွန်ဂရက်လွတ်တော်၏ ရွှေတံဆိပ်ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၀၈

(89) .
ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ။ ကနေဒါ ။ ၂၀၀၈

(90)
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ စကော့တလန် ။ ၂၀၀၈

(91) .
ကာတိုလိုနီယာ နိုင်ငံတကာဆု ။ စပိန် ။ ၂၀၀၈

(92) .
ဂုဏ်ထူးဆောင်အသင်းဝင် ။ စပိန် ။ ၂၀၀၈

(93) .
ဂုဏ်ထူးဆောင်အသင်းဝင် ။ ဝါရှင်တန် ဒီစီ ။ ၂၀၀၈

(94) .
အသိစိတ်ဓာတ်ရှိမှု ဆု ။ ဝါရှင်တန် ဒီစီ ။ ၂၀၀၉

(95) .
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ စကော့တလန် ။ ၂၀၀၉

(96) .
မဟတ္တမဂန္ဒီ နိုင်ငံတကာဆု ။ တောင်အာဖရိက ။
၂၀၀၉

(97 ).
ဒီမိုကရေစီရေး နှင့် ငြိမ်းချမ်းရေး ဆု ။ ဂျပန် ။ ၂၀၀၉

(98 ).
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ အိုင်ယာလန် ။ ၂၀၀၉

(99 ).
အသိစိတ်ဓာတ်ရှိမှု ဆု ။ အိုင်ယာလန် ။ ၂၀၀၉

(100 ).
ဘင်နာဇီဘူတိုဆု ။ ပါကစ္စတန် ။ ၂၀၁၀

(101) .
ဂုဏ်ထူးဆောင်အသင်းဝင် ။ ၂၀၁၀

(102) .
မြန်မာဒီမိုကရေစီရေး နှင့် လူအခွင့်အရေး ဘုရင်မဘွဲ့
။ အိန္ဒိယ ။ ၂၀၁၀

(103) .
ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ။ ကနေဒါ ။ ၂၀၁၁

(104) .
ကမ်ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှု ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၁၁

(105) .
ကမ်ဘာသြဇာအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းဝင် ။ တိုင်းမ်မဂ္ဂဇင်း ။ ၂၀၁၁

(106) .
အယ်လီနာ ရူစဗဲလ် ဆု ။ အမေရိကန်ပြည်ထောင်စု ။
၂၀၁၁

(107) .
မြို့တော်ဂုဏ်ထူးဆောင်ဆု ။ ယူကေ ။ ၂၀၁၁

(108) .
ကို့ စိန့်လု မြို့တော် လူအခွင့်အရေး ဂုဏ်ထူးဆောင်ဆု ။ ကနေဒါ ။ ၂၀၁၁

(109) .
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ။ တောင်အာဖရိက ။ ၂၀၁၁

(110) .
ချာသမ် ဟောက်စ် ဂုဏ်ထူးဆောင်ဆု ။ ယူကေ ။
၂၀၁၁

(111) .
အောက်ဆီဒေး ခရိတ် တိုက်ပွဲ ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၁၁

(112) .
လွတ်မြောက်ရေး ဂုဏ်ထူးဆောင်ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၁၁

(113) .
ဝဲလ်လန်းဘတ် ဂုဏ်ထူးဆောင်ဆု ။ အမေရိကန်ပြည်ထောင်စု ။ ၂၀၁၁

(114 ).
ဂုဏ်ထူးဆောင်ဆု ။ နယူးယောက်မြို့ ။ ၂၀၁၂

(115) .
အမြင့်မြတ်ဆုံး ဂုဏ်ထူးဆောင်ဆု ။ ပြင်သစ် ။ ၂၀၁၂

(116) .
ကမ်ဘာအကြီးကျယ်ဆုံး အခမ်းနားဆုံး ခေါင်းဆောင် ၅၀ ဦးဝင် ။ အဆင့် ၆ ဆဌမနေရာ စာရင်းဝင် ။

၎င်းဆုများမှာ ၂၀၁၂ အထိ စာရင်း
ဖြစ်ပါတယ် ၂၀၁၂ မှ ၂၀၁၆ အထိ
ထပ်မံရ ရှိတဲ့ ဆု တွေ မပါသေးပါ
Edit လုပ်၍ ထပ်မံ ဖော်ပြပါအုံးမည်။

နိုင်ငံတကာမှာဂုဏ်ပြုထုတ်ဝေခဲ့သောဒေါ်အောင်ဆန်းစုကြည်ပုံပါ
တံဆိပ်ခေါင်းများ

၁။Gabonဂါဘွန်နိုင်ငံ၁၉၉၅

၂။ဆီယာရာလီယွန်နိုင်ငံ၁၉၉၅

၃။နီကာရာဂွာနိုင်ငံ၁၉၉၆

၎။နော်ဝေနိုင်ငံ၂၀၀၁

၅။နော်ဝေနိုင်ငံ၏ဒေါ်အောင်ဆန်းစုကြည်မျက်လုံးအစုံနှင့်ထိုးမြဲလက်မှတ်တံဆိပ်ခေါင်း
မှတ်တမ်းလွှာ၂၀၀၁

၆။ဆူရနမ်နိုင်ငံ၂၀၀၆

၇။ဂီနီနိုင်ငံ၂၀၀၈

၈။ကိုမိုရို့စ်ကျွန်းနိုင်ငံ၂၀၀၉

၉။မာလီနိုင်ငံ၂၀၀၉

၁၀။တိုဂိုနိုင်ငံ၂၀၁၁

၁၁။ဂီနီနိုင်ငံ၊ဒေါ်အောင်ဆန်းစုကြည်နှင့်ခမောက်၊ဒေါ်အောင်ဆန်းစုကြည်နှင့်ရဟန်းငယ်တံဆိပ်ခေါင်းများ၂၀၁၂

၁၂။ဂီနီနိုင်ငံ၏ဒေါ်အောင်ဆန်းစုကြည်နှင့်ပုဂံရူခင်းတံဆိပ်ခေါင်း၂၀၁၂

၁၃။စတိုမေးနှင့်ပရီဆီမေးနိုင်ငံ......

"အိန္ဒိယ နိုင်ငံတွင်ဒေါ်အောင်ဆန်းစုကြည်လမ်း ' ဒေါ်အောင်ဆန်း
စုကြည်ရပ်ကွက်" ဟု ဂုဏ်ပြု အမည် ပေးထားသည်။

" နော်ဝေ နိုင်ငံတွင်
ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ ဟု
ဂုဏ်ပြု အမည်ပေးထားသည်။


" အမေရီကန် နိုင်ငံက စက်တင်ဘာ ၂၅ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်နေ့ဟု ဂုဏ်ပြု ပေးထားသည်။

" စင်္ကာပူ နိုင်ငံက သစ်ခွမျိုး
စိပ် အမည်တစ်ခုကို
ဒေါ်အောင်ဆန်းစုကြည် သစ်ခွလို့
ဂုဏ်ယူ အမည် ပေးထားသည်။

" အင်ဒီးယန်းတွင်ဒေါ်အောင်ဆန်းစုကြည် ရွာဟု ဂုဏ်ပြု အမည်
ပေးထားသည်။

တောင်ကိုရီးယား/ ထိုင်း/ နီပေါ/
ဂျပန် စတဲ့ နိုင်ငံများတွင် အမေစု
အကြောင်းကို နိုင်ငံ ပညာရေးသင်
ရိုးညွှန်များ မှာ ထည့်သွင်း ဖော်ပြ
သင်ကြားပေးလျှက် ရှိနေ ပါသည်။

ပြီးတော့ အမေစုက

မြန်မာနိုင်ငံ ရဲ့ ၀င်ငွေအေကာင်းဆုံး အမ်ိဳးသမီး စာရေးဆရာမပါ

သူမ ရေးသားထားတဲ့ စာအုပ်တွေဟာ ကမ်ဘာ့စာပေလောကမှာ
အကြိမ်ကြိမ် ထပ်မံပုံနှိပ်ထုတ်ဝေခဲ့ရတဲ့ စာအုပ်တွေဖြစ်ကြပါတယ်။

from Burma (၅) ကြိမ်မြောက်
from Fear (၉) ကြိမ်မြောက်
voice of Hope (၁၅) ကြိမ်မြောက် ထုတ်ဝေခဲ့ကြတာပါ။

ဒီစာရင်းဟာ Amazon.com လိုမျိုး
အွန်လိုင်းမှာ ရောင်းချတဲ့ အွန်လိုင်းဈေးကွက်မပါဝင်သေးပါဘူး။

ပြည်ပ Printed Media တွေဟာ တစ်ခါထုတ်ရင်အုပ်ရေ (၅) သောင်း ၊ (၁) သိန်း ထုတ်လေ့ရှိကြပါတယ်။
စာမူခကို ပထမဦးဆုံးအကြိမ် ဒေါ်လာ ၄,၀၀၀ မှဒေါ်လာ ၁၀,၀၀၀ ပတ်ဝန်းကျင် ပေးလေ့ရှိပြီး၊
စာအုပ်တစ်အုပ် ကို royalties ၁၀% ထပ်ပေးပါတယ်။

စာအုပ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၂၀ ဖြစ်မယ်ဆိုရင်တစ်အုပ်ရောင်းရတိုင်း ၂ ဒေါ်လာ ရရှိမှာပါ။

နမူနာ အနေနဲ့ တွက်ချက်ပြရမယ် ဆိုရင် ..
Freedom from Fear
၂ ဒေါ်လာ x ၅၀,၀၀၀ အုပ်ရေ x ၉ ကြိမ်= ဒေါ်လာ ၉၀၀,၀၀၀ (၉ သိန်း) ၀င်ငွေရွိပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရေးသားတည်းဖြတ်ခဲ့သော စာအုပ် စာရင်းမှာ

#ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး

#မျှော်လင့်ခြင်း၏ အသံများ

#မြန်မာပြည်မှ ပေးစာများ

#ဗမာ့ အောင်ဆန်း

#အောင်ဆန်း၊ အာရှနိုင်ငံမှ ခေါင်းဆောင်များ

#ဘူတန်သို့ သွားလည်ကြစို့

#မြန်မာပြည်သို့ အလည်တစ်ခေါက်

#နီပေါသို့ သွားလည်ကြစို့

#မျက်နှာဖုံး နောက်ကွယ်ရှိ မြန်မာပြည်

#မြန်မာနှင့် အိန္ဒိယ ကိုလိုနီလက်အောက်ဘ၀များ၏ ရှုထောင့်များ

#စစ်မှန်သော ခိုကိုးရာ ဆီသို့ တို့ဖြစ်ပါတယ်။

သူမ အကြောင်းကို အထုပ္ပတ္တိ
အဖြစ် ကမ်ဘာ ကျော် စာရေး ဆရာ
အချို့ မှ ရေသား ထုတ်ဝေ သော
စာအုပ်တွေ လည်း ရှိပါတယ်။

ထင်ရှားတဲ့ စာအုပ်ကတော့ PETER
POPHAN ရေးတဲ့ THE LADY AND
THE PEACOCK(The Life of
AUNG SAN SUU KYI )ဆိုတဲ့ စာ
အုပ်ပါပဲ။(ထိုစာအုပ်ထဲမှ ထုတ်နှုတ်
ကိုးကား၍ postအဖြစ် အချို့အကြောင်းအရာတွေကို ကျနော် တင်ထားပါသည်။ စိတ်ဝင်စားဖွယ် အဖြစ်ပျက်အချို့ကိုလည်းနောင် အလျင်းသင့်သလို ထုတ်နှုတ်ဖော်ပြပါအုံးမည် )

ကမ်ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုမှ
ဆုငွေဒေါ်လာ ၁.၃ သန်း၏ ငွေကြေးအားလုံးကိုမြန်မာနိုင်ငံ ကျန်းမာရေးနှင့် ပညာရေးများအတွက်
ရံပုံငွေ အဖြစ် ထူထောင်ခဲ့ပါတယ်။

သူမ ဝင်ငွေ မှန်သမျှကို
ဒေါ်ခင်ကြည် ဖောင်လ်ဒေးရှင်း မှာ
အများဆုံး အသုံးပြုထားပြီး ပြည်
သူ့ အကျိုးပြု လုပ်ငန်းများတွင်
ဆောင်ရွက် လုပ်ကိုင်နေတာ ယနေ့
အထိပင် ဖြစ်သည်။

လက်လှမ်းမ မှီတဲ့ အချက်အလက်
တွေ ရှာဖွေ တွေ့ရှိခဲ့ရင် ထပ်မံ ဖော်
ပြပါမည်။

. I A T & Appointment book. နှင့် အခြားသော မှတ်စုများ
မှ အချက်အလက်များကို လက်
လှမ်းမှီသလောက် စုစည်း ဖော်ပြ
ခြင်းပင် ဖြစ်ပါသည်။

"အမေဒေါ်အောင်ဆန်းစုကြည် "ရဲ့ အရည်အချင်း အချို့"

၁။ ဘာသာစကား
~~~~~~~~~~~~
မြန်မာလူဦးရေ သန်း ၆၀ စလုံး အင်္ဂလိပ်စာ ကျွမ်းကျင်နေဖို့ မလိုပါဘူး။ ဂျပန် ထိုင်း တရုတ် တို့မှာလည်း ပြည်သူတိုင်း အင်္ဂလိပ်စာ မကျွမ်းကြပါဘူး ။ သို့သော် နိုင်ငံအုပ်ချုပ်သူ ခေါင်းဆောင်များ လူကြီးများ ကတော့ vocabulary, pronunciation, intonation, tone, grammar, usage, က အစ ကျွမ်းကျင်နေရမှာပါ။ ဒါမှ နိုင်ငံတကာနဲ့ ဆက်ဆံလို့ အဆင်ပြေမှာပါ။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၂။ ဗသုသုတ
~~~~~~~~~
.... something special, everything normal ဆိုတဲ့ စကားလို အရာရာသော ရှုတ်ထွေး ကျယ်ဝန်းလှသော ပြသနာ ကိစ္စကြီးငယ်တွေကို အကြမ်းဖျဉ်း (မှန်ကန်စွာ) ခြုံငုံ ဆင်ခြင်နိုင်သော အထွေထွေ ဗဟုသုတနဲ့ အရေးကြီးသော အကြောင်းအရာတွေကို အဂတိတရား မပါ အမြင် ကြည်လင် မတိမ်း မစောင်း စေ့ငုသေချာ ဂဃနဏ သိဖို့လိုပါတယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၃။ ရုပ်ရည်
~~~~~~~~...လူတိုင်းဟာ ရုပ်ရှင်မင်းသား မင်းသမီးလို ချောမော လှပ နေစရာ မလိုပါဘူး။ သို့သော် နိုင်ငံခေါင်းဆောင် ဆိုတာ လူဘုံအလယ်မှာ တင့်တယ် ခန့်ငြား ကျက်သရေ ရှိသော မျက်နှာမြင် ချစ်ခင် လေးစား
လောက်သော (ဒီခေါင်းဆောင်ဟာ အတွင်းစိတ် ကောင်းပါ့မလား..ဟု သံသယ လုံးဝ မရှိနိုင်လောက်သော) မျက်လုံး နှုတ်ခမ်း နဲ့ မျက်နှာ သွင်ပြင်ရှိရပါမယ်။ အ၀တ်အစား အရောင် ဒီဇိုင်း ရွေးချယ်မှု ကိုယ်နေ လှုပ်ရှားဟန်များ ကလည်း ခန့်ငြား တည်ငြိမ် မ ဟော့ရမ်း မ ကလက်ပဲ အဆင့်အတန်း ရှိ နန်းဆန်ရပါမယ်။ ဒီအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။ ဒါတောင် အသက်ကြီးသွား လို့။
ခုနေများ ၅၀ ကျော်လောက်ဆို ကောင်းလေစွ။
၎။ ပညာ
~~~~~~~.....တက္ကသိုလ်က ရတဲ့ဘွဲ့မှ ပညာလို့မပြောနိုင်ပါဘူး။ လူမှာ အတတ်ပညာ အသိပညာ နှစ်မျိုး မျှတစွာ ရောစပ်နေဖို့လိုအပ်တဲ့ နေရာမှာ နာမည်ကျော် ကမ်ဘာ့တက္ကသိုလ်ကြီးက နိုငျငံေ၇း ဆိုင်ရာ ဘာသာရပ်မှာ ရခဲ့တဲ့ ဘွဲ့အပြင် နိုင်ငံတကာမှာ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံများနဲ့ ရေးသားခဲ့တဲ့ စာအုပ်များစွာ၊ ရောက်လေရာမှာ လေ့လာ ဆည်းပူးတတ်တဲ့ အကျင့်၊ အိမ်မှာ အကျဉ်းကျနေစဉ် ဖတ်ရှုခဲ့တဲ စာအုပ်များစွာကြောင့် ဒီ အရည်အချင်းလည်း ဒေါ်စုမှာ ၁၀၀% ရှိတယ်။
၅။ သီလ သမာဓိ
~~~~~~~~~~နိုင့်ငံခေါင်းဆောင် ဆိုတာ သာမန်ပြည်သူလို သီလ မလုံ တရား မရှိ နေချင်သလို နေ မရပါ။ ကြံဖန်ပြောရရင် ဒေါ်စုဟာ လူမျိုးခြားကို လက်ထပ်ခဲ့ခြင်းက လွဲလို့ ဘာမှ အပြစ်ပြောစရာ မရှိအောင် ဘ၀တလျှောက်လုံး နေထိုင်ခဲ့သူ ဖြစ်ခြင်း ၊ (လူမျိုးခြား ဆိုပေမဲ့ ဒေါ်စုအား ချစ်ခင်လေးစား တန်ဘိုးထား နားလည်ပေးတတ်တဲ့ ပညာရှိတဲ့ မိမိနှင့် သားများ ကိုပါ ဗုဒဘာသာသို့ ပြောင်းလဲခဲ့နိုင်တဲ့ ခင်ပွန်းကောင်း ဖြစ်ပါတယ်။) အိမ်တွင်း အကျဉ်းကျစဉ် ဝိပသနာ တရားအားထုတ်မှုကို မပြတ် လေ့ကျင့်ပွားများခဲ့ခြင်း ဆရာတော်ကြီးများရဲ့ အဆုံးအမကို မပြတ်ခံယူခြင်း တို့ကြောင့် ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။

၆။ သတိ
~~~~~~~~..သာမန်လူတိုင်းဟာ မနော ၀စီ ကာယကံများကို အချိန်နဲ့အမျှ ပြုနေကြရာမှာ အမှတ်တမဲ့ သတိ ကင်းမဲ့လျက်နဲ့ အမှားများစွာ ပြုပြော တွေးနေမိတတ် ပါတယ်။ ဒေါ်စုရဲ့ အမူအရာ စကားလုံး ကိုယ်နေ ဟန်ပန် တို့ကို ကြည့်ပါ။ ထိုင်နေလျှင် ခါးစန့် ခါးမတ် ၊ ဦးခေါင်းကို မတ် ၊ ပျင်းပျင်း ရိရိ ကျောကို မမှီ ၊ ဒူးကို ဘယ်တော့မှ မချိတ် ၊ မိန့်ခွန်းများ ပြောရာမှာ မည်သည့် ဘာသာစကားကို ပြော ပြော လေသံ အတက်အကျက မမြင့်လွန်း မနိမ့်လွန်း မနှေးလွန်း မမြန်လွန်း ၊ ပျာယာမခတ် ။ ရှူးရှူး ရှဲရှဲ မရှိ ။ မှားလို့ပြန်ပြောရသည် ဆိုသည် မရှိသလောက်ရှား ။ ဒါက သတိကပ်နေခြင်းရဲ့ သက်သေ ။ အသံကလည်း ပီသ ၊ မျက်နှာ အမူအရာက တည်သင့်လျှင် တည် ရီသင့်လျှင် ရီ ပြုံးတန်ပြုး ထုံပေပေ ပေါတောတော စပ်ဖြဲဖြဲ ဘယ်ခါမှ မရှိ ။ သည်လောက် မအားသည့်ကြားက အ၀တ်အစား ဘိုသီ ဘတ်သီ မရှိ။ ဒါကြောင့် သတိ ဟူသော...ထိုအရည်အချင်း ဒေါ်စုမှာ
၁၀၀% ရှိပြန်ပါတယ်။
၇။ အသံ
~~~~~~~.... အဆိုတော်များ တမျိုးစီ အသံကောင်းကြပါတယ်။ သီချင်း မဆိုလည်း အသံကောင်းသူ များစွာ ရှိပါတယ်။ ဒါပေမဲ့ လူတိုင်းရဲ့ အသံများမှာ အရောင်လေးတွေ ပါကြပါတယ် ။ အားငယ်သံ မောက်မာသံ အထက်စီးသံ မာနသံ ကြွားဝါသံ ပညာရှိသံ ပညာမဲ့သံ ရိုးသားသံ မြို့ပြသံ ကျေးလက်သံ ဟန်ဆောင်သံ တရားသံ ဆရာကြီးသံ...ပွဲစားသံ ..ထုံထိုင်းသံ..ပျင်းရိသံ...စသဖြင့်။ နိုင်ငံခေါင်းဆောင်၏ အသံကတော့ ပညာရှိသံ ပြတ်သား တိကျသံ ရိုးသားဖြူစင်သံနဲ့ တိုင်းသားပြည်သူများ အပေါ် မေတ္တာ စေတနာငွေ့ လွှမ်းခြုံနေတဲ့ အသံဖြစ်ရပါမယ်။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိပြန်ပါတယ်။
၈။ မျိုးရိုး.
~~~~~~~..ဘယ်လောကမှာမဆို အောင်မြင်လာမဲ့သူဟာ ရှေ့က မျိုးရိုးရှိချင်မှ ရှိမှာပါ။ မျိုးရိုးရှိတိုင်းလည်း ဆက်ခံတဲ့ သား သမီး မြေး မြစ် က အဖြစ် ရှိချင်မှ
ရှိမှာပါ။ ဗိုလ်မင်းရောင် ဗိုလ်ချုပ်အောင်ဆန်း စတဲ့ သတ္တိပြောင်တဲ့ မျိုးရိုးကို ထိန်းသိမ်းနိုင်တဲ့ သွေးနဲ့ မျိုးရိုး အရည်အချင်းမျိုး အကိုမှာတောင် မရှိဘဲ
ဒေါ်စုမှာသာလျှင် ၁၀၀% ရှိပြန်ပါတယ်။ အင်မတန် မြန်မာဆန်ပြီး အနေအထိုင် လိမ်မာ ကျစ်လျစ်တဲ့မိခင် ဒေါ်ခင်ကြည့်ရဲ့ သွန်သင် ဆုံးမမှု ဟာလည်း မြန်မာဆန်တဲ့ သတ္တိရှိ ရဲရင့်တဲ့ သမီးကောင်းလေးကို ပေါ်ထွန်းစေခဲ့တာဟာ ငြင်းမရပါဘူး။
၉။ စွန့်လွှတ်အနစ်နာခံသော စိတ်
-~~~~~~~~~~~~~~~~~~~
နေက္ခမ္မ ပါရမီ လို့ပြောရင် လွန်မလား မသိ။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူဟာ ပုဂ္ဂိုလ်ရေးရာ family / personal ခံစားချက်တွေကို အတတ်နိုင်ဆုံး လျစ်လှူရှုနိုင်ရပါမယ်။ မိမိဘ၀နဲ့ အချိန်တွေ စိတ်အာရုံတွေကို နိုင်ငံနဲ့ ပြည်သူအတွက် ပေးဆပ်နိုင်ရပါမယ် ။ ထိုအရည်အချင်း ဒေါ်စုမှာ ၁၀၀% ရှိကြောင်းကတော့ မိန်းမ တစ်သန်းမှာ တယောက် တွေ့ရနိုင်ခဲ့တဲ့ ခင်ပွန်းနဲ့ သားတွေရဲ့ ဘ၀ အဆင်ပြေမှုတွေကို လုံးလုံးလျားလျား လျစ်လျူရှုခဲ့တဲ့ ဒေါ်စုရဲ့ စိတ်ထားမျိုးကတော့ အထူးပြောစရာ မလိုတော့ပါဘူး။
၁၀။ မတ်တော
~~~~~~~~~.... သတ္တလောကကြီးကို ထိန်းချုပ်ပြောင်းလဲနိုင်စွမ်း ရှိသော အရာဟာ စစ်မှန်တဲ့ မေတ္တာပါပဲ။ မိမိ မိသားစုဝင် သုံးယောက် သန်းပေါင်း ၆၀ သော လူသားတွေ အတွက် မေတ္တာကြီးစွာ ထားခဲ့သူပါ။
မေတ္တာတရားနဲ့ ပြည့်ဝလွှမ်းခြုံနေတဲ့ မျက်နှာမျိုး လူတိုင်းမှာ မတွေ့နိုင်ပါဘူး။ ထို အရည်အချင်း မေတ္တာဓါတ်မျိုး ဒေါ်စုမှာသာ ၁၀၀% ရှိကြောင်း ဦးနှောက်မှန်တဲ့ လူတိုင်းရဲ့နှလုံးသားက ခံစားလို့ရပါတယ်။

ပြောခဲ့တဲ့ အချက် (၁၀) ချက်အပြင် အခြားများစွာသော ထူးခြား အရည်အချင်းများနဲ့ ပြည့်စုံတဲ့ ဒေါ်စုနဲ့ တူညီပြည့်မှီတဲ့ အခြား မြန်မာအမျိုးသမီး တဦးဦး မရှိနိုင်ပါဘူး။ တခုတူရင် တခု လိုနေမှာပါ။
ဒါ့ကြောင့်....
မြန်မာနိုင်ငံ ရှေ့ရေးအတွက် ဦးဆောင်ရမဲ့ နှစ်တရာတခါ ပေါ်ပေါက်ခဲတဲ့ မရှိမဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် သည်လောက်တောင်
သဲသဲလှုပ် ချစ်ကြ လေးစားကြ ချီးကျူးကြ တသသ တရွရွ တမမ တဖွဖွ ဖြစ်နေကြတဲ့ လူတွေ လုံးဝ မလွန်ပါဘူး ။ ကျနော်အခုလို ထင်မြင်ရေးသားမိတာလည်း မလွန်ပါဘူး... ဒေါ်စုကို ချစ်ရင်လေးစားရင် ချစ်နေယုံနဲ့ မပြီးပဲ မိမိတို့ရောက်ရာနေရာတိုင်းမှာ ပြတ်သားရဲရင့် ထက်မြက် တည်ငြိမ်စွာ မြန်မာလူမျိုး သိက္ခာ ထိန်းကြပါ လို့ ရဲရဲကြီးပြောရင်း..

ကျန်သေးတယ်အများကြီး အမေစု အကြောင်းဆိုစကားတွေဆို ပြောမကုန်နိုင်ဘူး အကြောင်းအရာတွေရေးလို့မကုန်နိုင်တာ အများကြီး ကြွားတာမဟုတ်ဘူးဒီထက်နည်းနည်းတောင်ပိုသေးတယ်



ဘုန်းတော်ဘွဲ့ ချိုးပြနေခြင်း မဟုတ်ပါ သိစေချင်တဲ့စိတ်ရင်းခံနဲ့ ဖော်ပြပေးခြင်းဖြစ်သည်။

နိုင်ငံတကာက လေးစား ပြည်သူတွေက ချစ် ကြည်တဲ့ အမေစုကိုသဘောမကျတဲ့ သူတွေရှိပါတယ် ဘယ်လို လူမျိုးတွေ သဘောမကျလဲ ဆိုတာ အထူးပြောစရာပင်
မလို တော့ပါဘူး။

၈၈ခုနှစ်ကတည်းက သူမ အတွက်ကို မကြည့်ပဲ ပြည်သူအတွကိုပဲရှေးရှု လုပ်ဆောင် နေတယ်ဆိုတာသူမ လုပ်ရပ်တွေက သက်သေပြနေပါတယ်။

ဆုတွေ ရာကျော်ရလို့ ဘဝင်မြင့်သွားတာလည်း မတွေ့မိဘူး...

ကမ္ဘာပါတ်မိန့်ခွန်း ပြော ကမ်ဘာ့အထင်ကရ နေရာတွေမှာ မိန့်ခွန်းခြွေရလို့ သူမလွတ်သွားတာ လည်း မရှိခဲ့ ဘူး

ကမ်ဘာကျော် တွေ ဝိုင်း ချီးမြှောက်လို့မာန်တက်မသွားခဲ့ဘူး

သူမနေရာမှာ မြန်မာပြည်ထဲကအဘတစ်ယောက်ယောက်ဖြစ်ကြည့်ရူးတောင်သွားအုံးမယ်။

သူမရဲ့ အသက်ကို ငါးကြိမ်လောက်လုပ်ကြံခဲ့တယ်။ အမှုဆင် ထောင်ချမှုတွေ နှစ်ပေါင်းများစွာ ပြုလုပ်ခံရတယ်။ ခြေထိုး တိုက်ခိုက်မှုတွေမကြာခန ခံရတယ် အပုတ်ချ မမှန်မကန် သတင်းတွေ အများကြီး ဖန်တီးခံရတယ်။

ဒီလို အဖြစ်အပျက် တွေက အခုမှ မဟုတ်ပါဘူး ကုလသမဂ္ဂ မှာ ဘဝ
ရပ်တည်ဖို့ အလုပ် ဝင်လုပ် နေစဉ်ကတည်းက အာဏာရှင်တွေ ဒုက္ခပေးတဲ့ အကြောင်းကို postတစ်ခု အနေနဲ့ တင်ပေးခဲ့ ဘူးပါတယ် မဖတ်ရသေးသူများ အောက်ပါ link တွင်ဖတ်ရှု နိုင်ပါတယ်

https://m.facebook.com/story.php?story_fbid=204882799988265&id=10001399639844
မူရင်း ပိုတို ဖန်းတီးရှင်များကိုလေးလေးစားစား CREDIT ပါဗျာ
ဒွယ် ဒွယ်သားလေး; ပြန်လည်ချစ်သောမေတ္တာများစွာဖြင့်မျှဝေပါသည်

03/02/2021

သံပုံးတီးကမ်ပိန်း ဒုတိယရက်လှုပ်ရှားမှု 🇲🇲

Civil Disobedience လုပ်ကြသော ပြည်သူ့ဝန်ထမ်းများနှင့်အတူ ရပ်တည်သွားပါမည်။

( မကောင်းဆိုးဝါးပြေးမပြေး‌တော့မသိဘူး ရက်ကွက်ထဲလူညီချက်က အောင်တယ် ) 🤟🏼




Photo news==========တပ်မတော်မှ တာဝန်ရှိသူအချို့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိသျှရီသျှရီ စန္ဒီမယ်တော် ဘုရားကျောင်းသိ...
02/02/2021

Photo news
==========
တပ်မတော်မှ တာဝန်ရှိသူအချို့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ
သျှရီသျှရီ စန္ဒီမယ်တော် ဘုရားကျောင်းသို့ ဖေဖော်ဝါရီလ ၂ ရက် နေ့လယ်ပိုင်းက လာရောက်ခဲ့သည့် မြင်ကွင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပဒိုမန်းငြိမ်းမောင်ပါဝင်ဖေဖော်ဝါရီ ၂ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီပြည်ထောင်...
02/02/2021

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ပဒိုမန်းငြိမ်းမောင်ပါဝင်

ဖေဖော်ဝါရီ ၂ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့ ည ထုတ်ပြန်လိုက်သော အမိန့်အရ ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပဒိုမန်းငြိမ်းမောင် အနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ကြောင်းသိရသည်။

အဆိုပါထုတ်ပြန်လိုက်သည့် အမိန့်ကြေငြာချက်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် ပဒိုမန်း ငြိမ်းမောင် အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “ သတင်းနဲ့ပတ်သက်ပြီးဘာမှမပြောချင်ဘူးလေ” ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဖွဲ့စည်းလိုက်သည့် ၁၁ ဦးပါဝင်သည့်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့်တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ပါဝင်သည်။

ထို့အပြင် အဖွဲ့ဝင် ၇ ဦးတွင် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပဒိုမန်းငြိမ်းမောင်၊ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ပါဝင်ကြောင်း ထုတ်ပြန်ထားသည့် အမိန့်ကြေငြာချက်အရသိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ်ပါဝင်လာသည့် ပဒိုမန်းငြိမ်းမောင်မှာ ယခင်က KNU -ကရင် အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီအဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကာ ပြီးခဲ့သည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ -KPP ကိုယ်စားပြုပြီး ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူလည်းဖြစ်သည်။

Photo-KIC

စစ်အာဏာသိမ်း ဒုတိယမြောက်နေ့ RFA နောက်ဆုံးရသတင်းများ (updated 09:37 PM)~~~~~■ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မေ...
02/02/2021

စစ်အာဏာသိမ်း ဒုတိယမြောက်နေ့ RFA နောက်ဆုံးရသတင်းများ (updated 09:37 PM)
~~~~~
■ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီး လက်ရှိအစိုးရနေအိမ်မှာ အကျယ်ချုပ် ချုပ်ခံထားရပါတယ်။

- နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။

- ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ကရင်ပြည်နယ် ခြေမြန်တပ်ရင်း ခမရ-၂၀၂ က ပြန်လွှတ်ပေးလိုက်ပြီး နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းထားပါတယ်။

- တပ်မတော်စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ရှုံချကြောင်းနဲ့ ဖမ်းထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကတောင်းဆိုလိုက်ပါတယ်။

- ရန်ကုန်တိုင်းမှူး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ဟာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်မှာရှိတဲ့ သျှရီသျှရီ စန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။

- မန္တလေး ဈေးချိုနား ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့ အင်အား(၅၀) ကျော်နဲ့ လုံခြုံရေး တင်းကြပ်ထားပါတယ်။

- ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းနဲ့ ပုသိမ်ခရိုင် NLD ရုံးကို စစ်တပ်က ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။

- စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေကိုပိတ်ထားပြီး ခြံဝင်းထဲမှာ တပ်မတော်နဲ့ တပ်ဖွဲ့ဝင်တချို့ လုံခြုံရေးချထားပါတယ်။

- ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ မြို့တော်ခန်းမထဲမှာ စစ်သံချပ်ကာကားတွေနဲ့ စစ်သားတွေချထားပါတယ်။

- နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စစ်တပ်က ပိတ်ဆို့ပြီး ထိန်းသိမ်းခံထားရတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကနေ့ ညနေ (၅) နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်ပါပြီး နေအိမ်မှာ အကျယ်ချုပ်နေရမလားဆိုတာကိုတော့ မသိကြသေးပါဘူး။

- ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို အစိုးရနေအိမ်မှာ အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားပါတယ်။

- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကားဟွန်းတီးကန့်ကွက်တာ ကိုယ့်အိမ်မှာကိုယ်နေပြီး သံဗုံးတီကန့်ကွက်တာတွေ လုပ်ခဲ့ကြပါတယ်။

- မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို တပ်မတော်က ကျင့်သုံးသွားမယ်လို့ စစ်အစိုးရ အာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

- RFA က နောက်ဆုံးရ သတင်းတွေကို ဒီပို့စ်မှာ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။

--------------------------

စစ်အာဏာသိမ်း ဒုတိယမြောက်နေ့ RFA နောက်ဆုံးရသတင်းများ
~~~~~
■ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဒီနေ့ မနက်ပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်ပြီး လက်ရှိအစိုးရနေအိမ်မှာ အကျယ်ချုပ် ချုပ်ခံထားရပါတယ်။

- နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်း ခံရသူ တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်တွေကို အသိအမှတ်ပြုဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီက ဒီကနေ့တိုက်တွန်းလိုက်ပါတယ်။

- ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ကရင်ပြည်နယ် ခြေမြန်တပ်ရင်း ခမရ-၂၀၂ က ပြန်လွှတ်ပေးလိုက်ပြီး နေအိမ်မှာ အကျယ်ချုပ် ထိန်းသိမ်းထားပါတယ်။

- တပ်မတော်စစ်အာဏာသိမ်းတဲ့ လုပ်ရပ်ကို ရှုံချကြောင်းနဲ့ ဖမ်းထားတဲ့သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ကတောင်းဆိုလိုက်ပါတယ်။

- ရန်ကုန်တိုင်းမှူး၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတို့ဟာ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်မှာရှိတဲ့ သျှရီသျှရီ စန္ဒီမယ်တော် ဟိန္ဒူဘုရားကျောင်းကို သွားရောက်ခဲ့ကြပါတယ်။

- မန္တလေး ဈေးချိုနား ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရဲတပ်ဖွဲ့ အင်အား(၅၀) ကျော်နဲ့ လုံခြုံရေး တင်းကြပ်ထားပါတယ်။

- ဧရာဝတီတိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံးခန်းနဲ့ ပုသိမ်ခရိုင် NLD ရုံးကို စစ်တပ်က ပြန်ဖွင့်ခွင့်ပေးလိုက်ပါတယ်။

- စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေကိုပိတ်ထားပြီး ခြံဝင်းထဲမှာ တပ်မတော်နဲ့ တပ်ဖွဲ့ဝင်တချို့ လုံခြုံရေးချထားပါတယ်။

- ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ မြို့တော်ခန်းမထဲမှာ စစ်သံချပ်ကာကားတွေနဲ့ စစ်သားတွေချထားပါတယ်။

- နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ စစ်တပ်က ပိတ်ဆို့ပြီး ထိန်းသိမ်းခံထားရတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကို ဒီကနေ့ ညနေ (၅) နာရီခွဲလောက်မှာ ပြန်လွှတ်ပေးလိုက်ပါပြီး နေအိမ်မှာ အကျယ်ချုပ်နေရမလားဆိုတာကိုတော့ မသိကြသေးပါဘူး။

- ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို အစိုးရနေအိမ်မှာ အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းထားပါတယ်။

- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ကားဟွန်းတီးကန့်ကွက်တာ ကိုယ့်အိမ်မှာကိုယ်နေပြီး သံဗုံးတီကန့်ကွက်တာတွေ လုပ်ခဲ့ကြပါတယ်။

- မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို တပ်မတော်က ကျင့်သုံးသွားမယ်လို့ စစ်အစိုးရ အာဏာသိမ်းခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

- RFA က နောက်ဆုံးရ သတင်းတွေကို ဒီပို့စ်မှာ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Photo - AFP

Address

Yangon

Telephone

+959684973959

Website

Alerts

Be the first to know and let us send you an email when BURMA ART MEDIA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share