26/07/2025
မိုးရာသီမှာ လေတိုးသံတွေဟာ ဆံပင်တွေကြားကနေ ကြားနေရ
ဆံပင်တွေကို နားရွက်နောက်ကိုသပ်တင်ထားလိုက်တယ်
နှာသီးဖျားလေးတွေ နားရွက်အဖျားလေးတွေဟာအေးစက်လို့ တစ်ခုခုကို ဆုံးရှုံးလိုက်တဲ့အချိန်မှာ အေးအေးဆေးဆေးနေနိုင်တယ်လို့လည်းဘယ်ဟုတ်ပမလည်း ဆုံးရှုံးမှုတွေဟာ အများဆိုင်နာမ်တွေဖြစ်လာတယ် မတော်တဆဆိုတာ ဖယောင်းတိုင်မီးလေးထွန်းထားရင်းနဲ့ လှပတဲ့ညနေခင်းကို မီးရှို့လိုက်နိုင်သလိုမျိုးညနေတွေကို သယ်ဆောင်လာကြလို့ ကိုယ်ကလည်း စာနာပေးရ ကိုယ်တိုင်လည်း စာနာခံရတဲ့ နေ့တွေအဖြစ်ကူးပြောင်းသွားကြတာပေါ့။
အချစ်တွေလည်း အတူတူဖြစ်ကြတယ်
စစ်တွေလည်း အတူတူဖြစ်ကြတယ်
နားနားကို တိုးပြီး ရောက်လာတဲ့ လေညှင်းကို
ထိတွေကြည့်လိုက်တယ်
အပူအအေး မျှမျှတတ ဖြစ်ဖို့
ဆံပင်တွေကို လက်နဲ့ ခပ်ကြမ်းကြမ်းထိုးဖွရင်း
နောက်ထပ် ဖယောင်းတိုင်တွေကို
ထွန်းညှိလိုက်ကြတယ်။
26