The Ethics News Agency

The Ethics News Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Ethics News Agency, Media/News Company, Yagon.

The Ethicsသတင်းဌာနသည် ပြည်တွင်း၌ဖြစ်ပေါ်နေသောသတင်းများ ၊ ပြည်ပတွင်ဖြစ်ပေါ်နေသောသတင်းများနှင့် နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ပညာရေးကဏ္ဍများပါဝင်သော သတင်းမှန်များအား ကျင့်ဝတ်နှင့်အညီ ပြည်သူများထံတင်ဆက်ပေးသွားပါမည်။

ဘားအံ၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား---------------------ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘားအံ-ကော့ကရိတ် ...
28/10/2025

ဘားအံ၌ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား
---------------------
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ဘားအံ-ကော့ကရိတ် လမ်းပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ဆိုင်မှာ အောက်တိုဘာ ၂၈ ရက်၊ မွန်းလွဲ ၁ နာရီအချိန်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်၊၊
မီးလောင်ရာနေရာကို ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးနဲ့ ဘားအံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁၅)စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ လူမှုကူညီရေးအသင်းတွေနဲ့အတူ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၁၅ မိနစ် အချိန်မှာ မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ ဆိုပါတယ်၊၊
စက်သုံးဆီဆိုင် မီးလောင်မှုကြောင့် စက်သုံးဆီဆိုင်နဲ့ ဆီဘောက်ဆာကားတချို့အပြင် အနီးရှိ ဆိုင်ခန်းတချို့လည်း မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့် ယနေ့စတင်ဒီဇင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက်  မဲဆွယ်စည်းရုံးရေး...
28/10/2025

ရွေးကောက်ပွဲအတွက် တရားဝင် မဲဆွယ်စည်းရုံးခွင့် ယနေ့စတင်

ဒီဇင်ဘာတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလသည် ယနေ့ အောက်တိုဘာ (၂၈) ရက်တွင် စတင်ပြီ ဖြစ်သည်။

တရားဝင် မဲဆွယ်ခွင့်စတင်သည့် ယနေ့တွင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအချို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ပြုလုပ်လာသည်ကို တွေ့ရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် လူမှုကွန်ယက်စာမျက်နှာများတွင် စတင်စည်းရုံးနေကြသည်ကိုလည်း တွေ့ရသည်။

"profile တွေ အကုန်ဆင်တူ ချိန်းထားကြတယ်။မဲဆွယ် ကတိကဝတ်တွေ ထွက်ပြောလာတာတွေ တွေ့တယ်" ဟု လူမှုကွန်ရက်အသုံးပြုသူတစ်ဦးက ပြောသည်။

ထို့ပြင် ယနေ့ မနက်ပိုင်းတွင်လည်း နေပြည်တော်ရှိ USDP ပါတီဌာနချုပ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ပြည်သူ့ပါတီသည်လည်း ယနေ့တွင် ရွေးကောက်ပွဲ ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာထားသည်ကို တွေ့ရသည်။

ထိုနည်းတူ ပြည်သူ့ရှေ့ဆောင်ပါတီသည်လည်း ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်များကို ရန်ကုန်မြို့နယ်များတွင် စိုက်ထူရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့ပြင် ပါတီအများစုသည် လူမှုကွန်ရက်ကို ပိုမိုအသုံးပြုလာကြသလို မဲဆွယ်စည်းရုံးရေးဟောပြောပွဲပြုလုပ်ရန်အ တွက်လည်း သက်ဆိုင်ရာဌာနများနှင့် ရဲတပ်ဖွဲ့ကို ခွင့်ပြုမိန့်တင်ပြီး ဆောင်ရွက်ရန် စီစဉ်ထားကြကြောင်းလည်း သိရသည်။

Photo - Credit

အောက်တိုဘာ ၂၈ ရက်နေ့မှစတင်ကာ ရွေးကောက်ပွဲဝင်ပါတီများ မဲဆွယ်ခွင့် UEC ခွင့်ပြုလာမယ့် ဒီဇင်ဘာလ 28ရက်န့တွင် ပြုလုပ်ကျင်းပမယ...
15/10/2025

အောက်တိုဘာ ၂၈ ရက်နေ့မှစတင်ကာ ရွေးကောက်ပွဲဝင်ပါတီများ မဲဆွယ်ခွင့် UEC ခွင့်ပြု

လာမယ့် ဒီဇင်ဘာလ 28ရက်န့တွင် ပြုလုပ်ကျင်းပမယ့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်‌ပြိုင်ကြမည့် နိုင်ငံရေး ပါတီများ နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်များအနေဖြင့် လာမယ့် ‌ေ 28ရက်နေ့မှစတင်ကာ ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကိုပြုလုပ်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အောက်တိုဘာလ 15ရက်နေ့ ထုတ်ပြန်ကြေညာချက်အရသိရသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၇၄ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၅ နယ်၊ အချိုးကျ ကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၆၆ နယ်၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ် တို့တွင် ရွေးကောက်ပွဲများကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ နိုင်ငံရေးပါတီများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာစုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းကို လာမည့် ဒီဇင်ဘာလ 26ရက်နေ့ ည(၁၂)နာရီအချိန်ထိ ရက်ပေါင်း (၆၀)ခွင့်ပြုပေးထားသည်။

2008 ဖွဲ့စည်းပုံအခြေခံဥပဒေမှအချက်(၄၃) ချက်ကို ပြင်ဆင်ရန်သဘောတူညီခဲ့ပြီးဖြစ်ဟုဆိုဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှအချက...
15/10/2025

2008 ဖွဲ့စည်းပုံအခြေခံဥပဒေမှအချက်(၄၃) ချက်ကို ပြင်ဆင်ရန်သဘောတူညီခဲ့ပြီးဖြစ်ဟုဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှအချက်(၄၃) ချက်ကိုပြင်ဆင်ရန် သဘောတူညီခဲ့ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေးပါတီများနှင့်အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ပြောသည်။

ထိုသို့ ဆွေးနွေးရာ၌ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ်ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှ အချက်(၄၃)ချက်ကိုပြင်ဆင်နိုင်ရန်တို့အား သဘောတူညီခဲ့ကြသည်ဟု ပြောသည်။

" အဲဒီသဘောတူညီချက်တွေကို မကြာမှီပေါ်ပေါက်လာတော့မယ့်လွှတ်တော်ကိုတင်ပြပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမှာပါ။ အဲဒီလိုဘဲ ၂၀၁၇ ခုနှစ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(ဒုတိယအစည်းအဝေး)မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ၃၇ ချက်၊ ၂၀၁၈ ခုနှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း(၂) ၁၄ ချက်၊ ၂၀၂၀ ပြည့်နှစ်မှာသဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၃) ၂၁ ချက်တွေကိုလည်း ကိုယ်စားလှယ်အသီးသီးကလက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုထားပြီးဖြစ်ပါတယ်"ဟု ယာယီသမ္မတက ပြောသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးမှုများသည် ဒီမိုကရေစီ၏ကျင့်စဉ်တစ်ခုပဲဖြစ်သည့်ပြင် အချင်းချင်းယုံကြည်မှု၊ တွေ့ ဆုံဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက်များရယူပြီး တိုးမြှင့်တည်ဆောက်သွားနိုင်မည်ဖြစ်ကာ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးရရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်နိုင်ရန် အစိုးရနှင့် EAO များကြားစိတ်ရင်းစေတနာမှန်ကန်စွာဖြင့် အကျေအလည်ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ရမည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။

KNU အဖွဲ့အား မတရားအသင်းအဖြစ် ကြေညာ-----------------------ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာလို...
28/08/2025

KNU အဖွဲ့အား မတရားအသင်းအဖြစ် ကြေညာ
-----------------------
ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာလိုက်ကြောင်း ပြည်ထဲရေး ဝန်ကြီး ဌာနက ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော်ယာယီသမ္မတက ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ အဖွဲ့ဝင်တွေ အဖွဲ့အစည်းတွေ နဲ့ ဆက်နွယ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက် နဲ့ လုပ်ရပ်တွေဟာ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ အများ ပြည်သူတွေရဲ့ အေးချမ်းသာယာရေးကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ယုံကြည်ယူဆတဲ့အတွက် မတရား အသင်းအဖြစ် ကြေညာလိုက်တာလို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။

မတရားအသင်းများ အက်ဥပဒေပုဒ်မ ၁၆ အရ KNU နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းများ အက်ဥပ ဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ (၂) ပါ အဓိပ္ပာယ် ဖော်ပြချက်တွေနဲ့အညီ မတရားအသင်းအဖြစ် ကြေညာလိုက်တယ်လို့လည်း အမိန့် ကြော်ငြာစာအရ သိရပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ် ကြေညာလိုက်တယ်လို့ ဩဂုတ် ၂၈ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။

KNU အဖွဲ့ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အကြမ်းဖက်မှုဖြစ်တဲ့ အများပြည်သူရဲ့ လုံခြုံရေး၊ အသက်အိုး အိမ် စည်းစိမ်၊ အများပြည်သူ ဒါမှမဟုတ် တစ်ဦးတစ်ယောက်အတွက် အရေးကြီးတဲ့ အခြေခံအဆောက်အအုံတွေကို ဖြစ် စေ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်း ကိရိယာ နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖြစ်စေ ပြင်းထန်စွာ ထိခိုက် ဆုံးရှုံးစေဖို့ ပြုလုပ်မှုတွေ ဖြစ်တဲ့ လမ်း၊ တံတားတွေကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးတာ လူနေထူထပ်တဲ့ မြို့ရွာတွေကို အဝေးကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ Drop Bomb တွေချပြီး တိုက်ခိုက်တာ အပြစ်မဲ့ပြည်သူတွေ ကို သတ်ဖြတ်တာ အတင်းအဓမ္မလူသစ်စုဆောင်းတာ နဲ့ နိုင်ငံပိုင်အဆောက်အအုံ၊ စက်ပစ္စည်းကိရိယာ နဲ့ အသုံးအ ဆောင် ပစ္စည်းတွေကို ဖျက်ဆီးတာ စတဲ့ လုပ်ရပ်တွေ ကျူးလွန်တယ်လို့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်

လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ရှိနေသည့် ပါတီ (၆၁) ပါတီ စာရင်းကို UEC ထုတ်ပြန်အသိပေးလာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန...
28/08/2025

လာမည့်ရွေးကောက်ပွဲတွင် ဝင်ပြိုင်ရန် ရှိနေသည့် ပါတီ (၆၁) ပါတီ စာရင်းကို UEC ထုတ်ပြန်အသိပေး

လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် ကျင်းပရန် ရှိနေသည့် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံမည့် ပါတီ(၉)ခုနှင့် တိုင်းနှင့် ပြည်နယ်တစ်ခုတည်း၌ စည်းရုံမည့်ပါတီ (၅၂)ပါတီ ရှိကြောင်း UEC ထံမှ သိရသည်။

ပြည်တွင်းသတင်းဌာနတစ်ခု၏ မေးမြန်းချက်ကို ပြည်ထော င်စု ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် တည်ဆဲ နိုင်ငံရေးပါတီ (၆၁)ပါတီ၏ စာရင်းအား ဇယားနှင့်တကွ ပြန်လည်ဖြေကြားထားခြင်းလည်း ဖြစ်သည်။

UEC ၏ ဖြေကြားချက်အရ ပြည်ထောင်စုတစ်ဝန်းလုံးစည်း ရုံးမည့် ပါတီများတွင် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ ၊ ပြည်သူ့ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၊ ကျားဖြူပါတီစသည့် အင်အားကြီး ပါတီများ အပါအဝင် ပါတီ(၉) ခုကို တွေ့ရသည်။

ထို့ပြင် တိုင်းဒေကြီးနှင့် ပြည်နယ်တစ်ခုချင်း၌ စည်းရုံးမည့်ပါတီ များအနေဖြင့် မြန်မာပြည်သူ့ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) ၊ ရခိုင့်ဦးဆောင်ပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ စသည်တို့ အပါအဝင် ပါတီ (၅၂)ပါတီ ရှိကြောင်း သိရသည်။

အဆိုပါ ပါတီများ၏ ပါတီအမည်စာရင်း အပြည့်အစုံကို အ များပြည်သူ သိရှိနိုင်စေရန် ယခုလို ပြန်လည်ဖော်ပြ ပေးလိုက် ရပါသည်။

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ပုံစံ ၁၅ စတင် ထုတ်ယူနိုင်--------------------------------ပြည်ပရောက် မဲဆန္ဒရှင်တ...
22/08/2025

ပြည်ပရောက်မဲဆန္ဒရှင်များ ကြိုတင်မဲပေးရန် ပုံစံ ၁၅ စတင် ထုတ်ယူနိုင်
--------------------------------

ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ (၁၅) တွေကို သက်ဆိုင်ရာ သံရုံးတွေမှာ ဩဂုတ် ၂၁ရက်က စတင် ထုတ်ယူနိုင်ပြီ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။

အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

ပြည်ပရောက်မဲဆန္ဒရှင်တွေအနေနဲ့ ကြိုတင် ဆန္ဒမဲလက်မှတ်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ပုံစံ (၁၅) ကို သက်ဆိုင်ရာ သံရုံးတွေမှာ ဩဂုတ် ၂၁ ရက်စပြီး ထုတ်ယူနိုင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကြိုတင်ဆန္ဒမဲလက်မှတ်နဲ့ မဲပေးနိုင်ရေးအတွက် အချက်အလက် ဖြည့်ပြီးတဲ့ ပုံစံ (၁၅) ကို သက်ဆိုင်ရာ သံရုံးတွေထံ ဩဂုတ် ၂၁ ရက်ကနေ စက်တင်ဘာ ၈ ရက်အတွင်း ပြန်လည် ပေးပို့ ရမှာ ဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

ပုံစံ (၁၅) ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဝက်ဆိုက်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဆိုက် နဲ့ သက်ဆိုင်ရာ သံရုံး ဝက်ဆိုက်တွေက လည်း Download ရယူနိုင်တယ်လို့ သိရပါတယ်။
///////////////

2025 ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) သို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများ ၊ ကိုယ်စားလှ...
22/08/2025

2025 ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) သို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့်ပါတီများ ၊ ကိုယ်စားလှယ်လာင်းများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များ ၊ ရည်ရွယ်ချက် ၊ ရည်မှန်းချက်များကို ပြည်သူသို့ အသိပေးခြင်း ၊ ကတိကဝတ် ပေးခြင်း များ ပြုလုပ်လိုပါက the ethics news agency သို့ တရားဝင် ပေးပို့နိုင်ပြီဖြစ်ကြာင်း အသိပေးအပ်ပါသည်။

[email protected]
သို့ပေးပို့ ကာ မဲဆွယ်စည်းရုံးခြင်းများပြုလုပ်နိုင်ပြီလဲ ဖြစ်ပါတယ်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဒုဝန်ကြီးများအနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများအား ဩဂုတ်၁၈ရက်မှစ၍ ဆောင်ရွက်...
21/08/2025

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ ဒုဝန်ကြီးများအနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများအား ဩဂုတ်၁၈ရက်မှစ၍ ဆောင်ရွက်နိုင်ပြီဟုထုတ်ပြန်

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်‌‌တွေ၊ဒုတိယဝန်ကြီးတွေနဲ့ ပြည်‌ထောင်စုအဆင့်အဖွဲ့အစည်းဝင်‌တွေအနေနဲ့ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဩဂုတ်၁၈ရက်ကစပြီး ဆောင်ရွက်နိုင်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဩဂုတ်၂၁ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တစ်ဦးဦး၊ ဒုတိယဝန်ကြီးတစ်ဦးဦးဟာ အပိုင်းလိုက်ကျင်းပမဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်မှာ ပါဝင်အရွေးချယ်ခံမဲ့သူဖြစ်ရင် နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(က)အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေဖို့အလို့ငှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၁၈ရက်ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀နဲ့ ၁၂၁တို့မှာပါတဲ့ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ ပြည်ထောင်စုတရားသူကြီးချုပ် သို့မဟုတ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံဆိုင်ရာအခြေခံဥပဒေခုံရုံးဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်၊ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် သို့မဟုတ် ဒုတိယစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အဖြွဲဝင်တွေအနေနဲ့လည်း သက်ဆိုင်ရာတည်ဆဲဥပဒေတွေအရ အပိုင်းလိုက်ကျင်းပမဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ရပ်မှာ ပါဝင်ရွေးချယ်ခံမဲ့သူဖြစ်ရင် နိုင်ငံသားတစ်ဦးကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈ ပုဒ်မခွဲ(က)အရ ပေးအပ်ထားတဲ့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မဆုံးရှုံးစေဖို့အလို့ငှာ ရွေးကောက်ပွဲကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ၁၈ရက်ကစပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၂၀နဲ့ ၁၂၁တို့မှာပါတဲ့ပြဋ္ဌာန်းချက်တွေနဲ့ကိုက်ညီရင် ပါတီစည်းရုံးရေးလုပ်ငန်းတွေ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခွင့်ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးခွင့်နဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုပြီးတဲ့နောက်ပိုင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

■ ရန်ကုန်မြို့တွင် အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်များမှ လူအချို့ ပြေးဆင်းခဲ့ရရန...
21/08/2025

■ ရန်ကုန်မြို့တွင် အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်များမှ လူအချို့ ပြေးဆင်းခဲ့ရ

ရန်ကုန်တွင် ယနေ့ (သြဂုတ် ၂၁ ရက်) မနက်ပိုင်းက အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်များမှ လူအချို့ ပြေးဆင်းခဲ့ရကြောင်း သိရသည်။

သြဂုတ် ၂၁ ရက် မြန်မာစံတော်ချိန် ၉ နာရီ၊ ၂၈ မိနစ်ခန့်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ တောင်ဘက် (၅၄) မိုင်ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်၊ (ကွမ်းခြံကုန်းမြို့၏ အရှေ့တောင်ဘက် (၂၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် ၁၆ ဒသမ ၀၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၂၂ ဒီဂရီ၊ အနက် ၂၈ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အဆိုပါငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့ရှိ အထပ်မြင့်နေသူများ သိသိသာသာခံစားခဲ့ရကာ မြန်မာပလာဇာရှိ နေထိုင်သူအချို့လည်း မြေညီသို့ ပြေးဆင်းခဲ့ရကြောင်း သိရသည်။

အလားတူ ငလျင်အက်ပလီကေးရှင်းအချို့တွင်လည်း ပြင်းအား ၄ ဒသမ ၅ အဆင့်ရှိသည်ဟု ဖော်ပြထားကြေငာ်း သိရသည်။

ဩဂုတ် ၂၀ ရက် ည ၇ နာရီခန့်ကလည်း ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်လှုပ်ခတ်မှုကို ရန်ကုန်မြို့နေသူတချို့လည်း သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။
#မြေငလျင်သတင်း #ရန်ကုန်

ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် (၂၃)မိုင်ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသ...
20/08/2025

ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် (၂၃)မိုင်ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား
--------------------------------------

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် (၂၃)မိုင်ခန့်အကွာ ပင်လယ်ပြင်ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ယနေ့ ဩဂုတ်လ (၂၀)ရက်နေ့ ည၇နာရီ၊၁၆ မိနစ်ခန့်ကလှုပ်ရှားသွားကြောင်း မိုး/ဇလ ၏ထုတ်ပြန်ချက်အရသိရသည်။

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၅၆) မိုင်ခန့်ကွာဝေးသော မြန်မာ့ ပင်လယ်ပြင်၊ (ဖျာပုံမြို့၏ အရှေ့တောင်ဘက် (၂၃) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၆.၀၇) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၉၄) ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိသည်ဟု ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၊ မြို့နယ်အချို့တွင် ယနေ့ (ဩဂုတ်၂၀) ညဦးပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်အကြောင်းကို ရန်ကုန်မြို့ခံများက လူမှုကွန်ယက်တွင်မျှဝေနေကြသည်။

လက်ရှိ၌ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ သာကေတ၊ ပုဇွန်တောင်မြို့နယ်ရှိ ပြည်သူများက လှုပ်ခတ်မှုကို သိရှိလိုက်ရကြောင်း မျှဝေထားကြသည်။

“ငလျင် YGN ဘယ်နားတွေလှုပ်သေးလဲ၊အလုံထဲတော့လှုပ်တယ်၊ traumaရှိနေတော့ တစ်ခုခုဆိုလန့်” ဟု အလုံမြို့နယ်နေ ပြည်သူတစ်ဦးကလည်း မျှဝေသည်။
#ဖျာပုံ #ဧရာဝတီ #မြေငလျင်သတင်း

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ချန်ပီယံဆုဖလား မရခဲ့ပေမယ့် တပွဲထက်တပွဲ ပိုကောင်းလာပြီး အသင်းကို ပိုမိုကောင်းမွန်လာရန် ပြင်ဆင...
20/08/2025

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ချန်ပီယံဆုဖလား မရခဲ့ပေမယ့် တပွဲထက်တပွဲ ပိုကောင်းလာပြီး အသင်းကို ပိုမိုကောင်းမွန်လာရန် ပြင်ဆင်မည်ဟု ​နည်းပြချုပ် ပြောကြား

မြန်မာအမျိုးသမီးအသင်း နည်းပြချုပ် တက်ဆုရို ယူကီက အသင်းအနေနဲ့ ဆုဖလားနဲ့ လွဲချော်ခဲ့ရပေမယ့် ကစားပုံ တပွဲထက်တပွဲ ပိုကောင်းလာပြီး လာမယ့်ပြိုင်ပွဲတွေအတွက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်မယ်လို့ သြစတြေးလျကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအမျိုးသမီးအသင်း ကစားသမားတွေအနေနဲ့ ယခုပြိုင်ပွဲမှာ အကောင်းဆုံးကစားနိုင်ခဲ့တာကြောင့် ဂုဏ်ငယ်စရာမရှိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

" ဒီပြိုင်ပွဲမှာ မြန်မာကစားသမားတွေအနေနဲ့ အကောင်းဆုံး ကြိုးစားခဲ့ကြပါတယ်။ အသင်းသားတွေအားလုံး သူတို့တတ်နိုင်သမျှ အစွမ်းကုန် ပေးဆပ်ကစားခဲ့ကြတာပါ။ ဒါ့ကြောင့် အသင်းသားတွေအနေနဲ့ ဂုဏ်ငယ်စရာအကြောင်း မရှိပါဘူး။

ကျွန်တော်တို့အသင်းအနေနဲ့ ခြေစမ်းပွဲတွေ အများကြီး မကစားခဲ့ရပါဘူး။ ဒါ့ကြောင့် ဒီပြိုင်ပွဲက တကယ့်ကို အရေးပါပြီး အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ်။ ချန်ပီယံဆုဖလား မရခဲ့ပေမယ့် အသင်းအနေနဲ့ တပွဲထက်တပွဲ ပိုမိုတိုးတက်လာပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးစားသွားမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲတွေအတွက် အသင်းကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်သွားပါမယ်။ "

- တက်ဆုရို ယူကီ (မြန်မာအမျိုးသမီးအသင်း နည်းပြချုပ်)

Address

Yagon

Telephone

+959686336398

Website

Alerts

Be the first to know and let us send you an email when The Ethics News Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Ethics News Agency:

Share